လူရိုးလေး ကောင်းကင်နတ်အရှင်မူ
Vol. 131 Ch. 1693
ကောင်းကင်နတ်အရှင်ယွဲ့၏ စကားကြောင့် ချင်မူ အနည်းငယ် ကြောင်သွားသည်။ အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းနှင့် အရှေ့နတ်မင်း ချင်းလုံတို့အကြား ရန်ငြိုး ရှိသည်ကိူတော့ သူ နည်းနည်းပါးပါး သိထားသည်။
ထာဝရငြိမ်းချမ်းရေးအင်ပါယာကပ်ဘေးပြီးနောက် ကောင်းကင်နတ်အရှင်ဟောင်သည် သူနှင့် တွေ့ဆုံခဲ့ပြီး အရှေ့ကောင်းကင်၏ အစိမ်းရောင်နတ်မင်းအကြောင်း ပြောပြခဲ့ဖူး၏။
ကောင်းကင်နတ်ဘုံအား မတည်ထောင်ခင်တုန်းက ကောင်းကင်နတ်အရှင်ယွီသည် ညှိုးခြောက်နေသော သစ်ပင်ကြီးတစ်ပင်အောက်တွင် တာအိုကို သိမြင်နားလည်ခဲ့ရင်း ဝိညာဥ်သန္ဓေသားကောင်းကင်ရတနာ ဖွင့်လှစ်နိုင်မည့် နည်းလမ်းအား သိမြင်ခဲ့၏။ သူ တာအိုသိမြင်နားလည်ရန် ဝင်နားခိုခဲ့သော သစ်ပင်ကြီးမှာလည်း ဤအခွင့်အရေး ရခဲ့သောကြောင့် အသက်ဝင်လာခဲ့သည်။
သစ်ပင်အိုကြီးသည် အရှေ့ကောင်းကင် အစိမ်းရောင်နတ်မင်းပင် ဖြစ်လေသည်။ သို့သော် သူ အရှေ့နတ်မင်းအဖြစ်သို့ ရောက်ခဲ့သည့် ဖြစ်စဉ်မှာ မလွယ်ကူလှပေ။
သစ်ပင်အိုကြီးမှာ နတ်သစ်ပင် ဖြစ်လာသည့်အခါ ရတနာတစ်ပါး ဖန်တီးရန် ခုတ်လှဲခံခဲရသည်။ ကံကြမ္မာအပြောင်းအလဲများစွာ ကြုံတွေ့ပြီးနောက်၌ နဂါးဟန်ခေတ်အစောပိုင်း၏ နဂါးသွဲ့ရေကန်တွေ့ဆုံပွဲသို့ ရောက်လာခဲ့သည်။ ထိုအချိန်တွင် နတ်ဘုရားဖြစ်နိုင်မည့် နည်းလမ်းအား မျှဝေပေးခဲ့သော ချင်မူနှင့် ကောင်းကင်နတ်အရှင်ဟောင်တို့၏ စကားသံကို ကြားခဲ့ရသည်။
ထို့နောက် နတ်သစ်ပင်၏ ပိုင်ရှင် သေဆုံးသွားခဲ့သည့်အခါ နတ်သစ်ပင်ကြီးသည် ကမ္ဘာဦးဘုံသို့ ကျရောက်ကာ အမြစ်တွယ်လာခဲ့၏။ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်ချီကို စုပ်ယူခြင်းဖြင့် ၎င်း၏ ကျင့်ကြံခြင်းအခြေခံက ပိုပို၍ မြင့်မားလာခဲ့သည်။ သို့သော် ချိမင်ခေတ်တွင် လူသားများ၏ ခုတ်ထစ်ခြင်း ခံခဲ့ရပြီး ရတနာတစ်ပါးအဖြစ် သန့်စင်ခံခဲ့ရပြန်သည်။။ ထို့နောက် မင်ဧကရာဇ်လက်ထဲသို့ ရောက်ခဲ့ပြီး ဧကရာဇ်၏ ကောင်းကင်လက်နက်အဖြစ် သွန်းလုပ်ခံခဲ့ရသည်။ လက်နက်တစ်ပါးအနေဖြင့် အစိမ်းရောင်နတ်မင်းသည် အင်မတန် အစွမ်းကြီးမားခဲ့၏။
ချုံဧကရာဇ်ခေတ်တွင် အစိမ်းရောင်နတ်မင်းကား စွမ်းအားအကြီးဆုံး ကောင်းကင်လက်နက်ဖြစ်နေချေပြီ။ ၎င်းက ဝိညာဉ်တစ်ခု မွေးဖွားပေးခဲ့သော်လည်း အရှေ့နတ်မင်း ချင်းလုံ၏ နှောင့်ယှက်ခြင်း ခံခဲ့ရ၏။ အရှေ့နတ်မင်းကြောင့် ခန္ဓာကိုယ်ရော ဝိညာဉ်ပါ ဖျက်ဆီးခံရလုနီးပါး ဖြစ်ခဲ့သည်။
အစိမ်းရောင်ဧကရာဇ်မှာ အမှိုက်တစ်ခုသာသာာ ဖြစ်သွားသည့်အခါ စွန့်ပစ်ခံခဲ့ရ၏။ သို့သော် သူသည် ယုံကြည်ချက်တစ်ခုဖြင့် ရှင်သန်ခဲ့၏။ ရတနာ၏ ခန္ဓာကိုယ်မှ ခွဲထွက်၍ ဧကရာဇ်ပလ္လင်အဆင့်အထိ ကျင့်ကြံခဲ့သည်။ ထိုမှစ၍ ကောင်းကင်နတ်အရှင်ရှောင်၏ လေးစားခြင်းခံရကာ အစိမ်းရောင်နတ်မင်းဟူ၍ နာမည်ကြီးလာခဲ့ပြီး အရှေ့နတ်မင်းချင်းလုံကို ဖိနှိပ်ရာတွင် အသုံးပြုခံခဲ့ရ၏။
သူနှင့် အရှေ့နတ်မင်းချင်းလုံတို့အကြားရှိ ရန်ငြိုးမှာ ထိုနေရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ အရှင်နတ်မင်းသည် အရှေ့ဝင်ရိုးစွန်း၏ အုပ်ချုပ်သူ ဖြစ်ပြီး အစိမ်းနတ်မင်းကတော့ အရှေ့ကောင်းကင်၏ အုပ်ချုပ်သူ ဖြစ်၏။ အရှေ့အရပ်များ ဖြစ်သည့်အလျောက် ရှောင်လွှဲမရဘဲ ထိပ်တိုက်တွေ့ကြလေ့ရှိရာ နှစ်ယောက်အကြား ရန်ငြိုးမှာ တဖြည်းဖြည်း နက်ရှိုင်းလာခဲ့သည်။
ကောင်းကင်နတ်အရှင်ဟောင်၏ နန်းဆောင်ထဲတွင် ရုပ်ကြွပန်းချီတစ်ချပ် ရှိသည်။ ယင်းပန်းချီထဲ၌ အရှေ့နတ်မင်းချင်းလုံသည် အစိမ်းရောင်နတ်မင်း၏ ခြေဝါး၌ ဝပ်တွားခစားရင်း အသက်ချမ်းသာပေးပါရန် မြှောက်ပင့်လျှောက်လှဲနေ၏။ ထို့ကြောင့် အရှေ့နတ်မင်းချင်းလုံအနေဖြင့် အစိမ်းရောင်နတ်မင်းအပေါ် ထားသော အမုန်းတရားသည် မည်မျှနက်နဲကြောင်း သက်သေပြနေ၏။
ကောင်းကင်နတ်အရှင်ယွင်က ပြောသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာ ဧကရာဇ်အတိုင်ပင်ခံက ချင်းလုံကို ပြန်အသက်သွင်းဖို့အတွက် သူ့ရဲ့ အကြေးခွံ တောင်းနေတာ ဖြစ်မယ်… သူ့ သုံးပြီး အစိမ်းရောင်နတ်မင်းကို မျှားခေါ်ချင်နေတာပဲ… ဒီအခွင့်အရေးကို အသုံးချပြီး အရှေ့ကောင်းကင်စစ်တပ်ရဲ့ နတ်ဘုရားမိစ္ဆာတွေကို တစ်ချက်တည်းနဲ့ ရှင်းလင်းပစ်ချင်နေတာ… အဲ့ဒါမှ သူ ရွှင်ပျော်ပျော်ကျေးရွာမှာ အားဖြည့်ပေးလို့ ရနိုင်မှာမဟုတ်လား”
ချင်မူက လင်ယွိရှို့ကို ကြည့်လိုက်ရာ သူမလည်း ထရပ်၍ ချင်းလုံ၏ အကြေးခွံကို ချက်ချင်း ရှာဖွေတော့သည်။
“အရှေ့နတ်မင်းက ထိန်းသိမ်းရခက်တဲ့ ပုဂ္ဂိုလ်ပဲ…. သူက သူ့ကိုယ်သူ အထင်ကြီးပေမယ့် သူ့ရဲ့ နည်းလမ်းတွေက စက်ဆုပ်ဖို့ကောင်းတယ်…. ကောင်းကင်နတ်ဘုံဆီမှာ ပထမဦးဆုံး အညံ့ခံပြီး ကောင်းကင်နတ်အရှင် ဖြစ်လာခဲ့တာလေ…. သူ ရှင်သန်နိုင်လိမ့်မယ် ထင်ခဲ့ပေမယ့် ကောင်းကင်နတ်ဧကရာဇ်ဟောင်က သူ့လိုလူကို လွှတ်ပေးမှာတဲ့လား”
ချင်မူက ပြုံးလိုက်သည်။ “ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်နတ်အရှင်ဟွေ့ကို သတ်ဖို့ သူ့ကို စတေးခဲ့တာ… ကျွန်တော် လက်ထပ်ခဲ့တုန်းက ထိုက်ချူဟာ လူလွှတ်ပြီး ချင်းလုံရဲ့ အကြေးခွံကို လက်ဆောင်ပေးခဲ့တယ်… ကျွန်တော် တကယ်ပဲ စိတ်ဓာတ်ကျနေတာလား သူ့ကို လှည့်စားနေတာလား သိချင်ခဲ့တာပေါ့… ယန်အာနဲ့ ကောင်နတ်မင်း ကျွန်တော့်ကို လာတွေ့ခဲ့တဲ့အချိန်တုန်းက သူ့ကို ပြန်အသက်သွင်းဖို့ မပြောခဲ့တဲ့အတွက် ကျွန်တော် မေ့သွားခဲ့တာ…. အခု အရှေ့နတ်မင်းကို ပြန်အသက်သွင်းပေးလိုက်ရင် အရင်တုန်းက ကျွန်တော့်ကို ဓားသွန်းလုပ်တဲ့နေရာမှာ ကူညီပေးတဲ့ ကျေးဇူး ပြန်ဆပ်တယ်လို့ သတ်မှတ်ရမယ်”
ကောင်းကင်နတ်အရှင်ယွင်က ပြောသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ အကြွေးတင်တာ မခံစေနဲ့လို့ တခြားသူတွေ သတိပေးတာ ငါကြားဖူးတယ်…. အထူးသဖြင့် ကျေးဇူးကြွေးပေါ့”
“အဲ့ဒါတွေက နာမည်ဖျက်နေတာတွေပါဗျာ”
ချင်မူ ဘာမှ ထပ်မပြောနိုင်ခင် လင်ယွိရှို့က ချင်းလုံ၏ အကြေးခွံဖြင့် ပြန်ရောက်လာသည်။ သူမက နှာခေါင်းရှုံ့လိုက်၏။ “အဲဒါတွေ အကုန်လုံးက ကျွန်မယောက်ျားရဲ့ ဂုဏ်သတင်းကို ဖျက်ဆီးဖို့အတွက် ကောင်းကင်နတ်အရှင်ဆယ်ပါးက လျှောက် သတင်းလွှင့်ထားတာတွေပါ…. ကောင်းကင်နတ်အရှင်ယွင်တောင် ယုံနေတာဆိုတော့ ကျွန်မယောက်ျားကို တော်တော်နာမည်ဖျက်ခဲ့ကြတာပါလား”
ကောင်းကင်နတ်အရှင်ယွင်မှာ ချက်ချင်း ပြန်ပြောရသည်။ “တကယ်တော့ ငါ မယုံပါဘူး”
ချင်မူက ဆွေးမြေ့စွာ သက်ပြင်းချလိုက်သည်။ “ကျွန်တော့်အကြောင်း ကောင်းကောင်းသိတာ ကျွန်တော့်ချစ်ဇနီးလေးပဲ ရှိပါတယ်လေ..”
သူက ချင်းလုံ၏ အကြေးခွံကို ထုတ်၍ ဝိညာဉ်ဆင့်ခေါ်မန္တန်အား အသက်သွင်းလိုက်သည်။ ရုတ်တရက် ချင်မူ၏ မျက်နှာအမူအရာမှာ အံ့ဩမှင်သက်သွား၏။ “ချင်းလုံရဲ့ ဝိညာဥ်က ယိုတုမှာ မဟုတ်ဘူး… ကောင်းကင်ယင်ကမ္ဘာမှာလည်း မဟုတ်ဘူး”
ကောင်းကင်နတ်အရှင်ယွင်နှင့် အခြားသူများမှာ ကြောင်သွားကြသည်။ ချင်းလုံသည် အသတ်ခံခဲ့ရပြီး ဝိညာဉ်ရှိနေသေးခဲ့ပါက ယိုတုသို့ ကျဆင်းသွားရမည် မဟုတ်လော။ ဝိညာဉ်ပြိုလဲ၍ အနက်ရောင်သဲမှုန်များအဖြစ် ပြောင်းလဲသွားလျှင်တော့ ကောင်းကင်ယင်ကမ္ဘာသို့ ရောက်သွားရမည်။
သို့ထိတိုင် ချင်မူသည် ချင်းလုံ၏ ဝိညာဉ်မှာ ထိုနေရာနှစ်ခုလုံးတွင် မရှိဟု ပြောခဲ့သည်က ထူးဆန်းနေ၏။
“ဟုတ်တယ်”
ချင်မူ ပြုံးလိုက်သည်။ “ထိုက်ချူက ချင်းလုံကို သတ်ခဲ့တာဆိုတော့ ချင်းလုံရဲ့ ဝိညာဉ်က ထိုက်ချူလက်ထဲမှာပဲ ဖြစ်ရမယ်… သူ့ရဲ့ ဝိညာဥ်ကိုလည်း ထိုက်ချူ ဝှက်ထားတာ ဖြစ်လိမ့်မယ်”
ကောင်းကင်နတ်အရှင်ယွင်၏ နှလုံးသားမှာ လှုပ်ရှားသွားသည်။ “အန္တိမပင်လင်းပြင်၊ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံ”
ချင်မူလည်း တွေးတောနေပြီးနောက် ပြော၏။ “ထိုက်ချူရဲ့ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံသာဆိုရင် အဆင်ပြေသေးတယ်… ထိုက်ချူရဲ့ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံက ထာဝရငြိမ်းချမ်းရေးအင်ပါယာကို ခြိမ်းခြောက်ဖို့အတွက် ကမ္ဘာဦးဘုံဆီ ဆင်းသက်လာခဲ့ပြီးပြီ… ကျွန်တော် မန္တန်တစ်ခု အတင်းအသက်သွင်းပြီး ချင်းလုံရဲ့ ဝိညာဉ်ကို ပြန်ယူဖို့ မခက်ခဲဘူး… ဘိုးဘေးနန်းတော်ရဲ့ ခန်းမထဲမှာ ဖိနှိပ်ထားတာဆိုရင် ဒုက္ခများတော့မယ်”
သူက အသက်ပြင်းပြင်းတစ်ရှိုက် ရှူသွင်းလိုက်ပြီး ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။ သူ၏စိတ်လှုပ်ရှားနေမှုကို ဖုံးကွယ်ထား၍ မရနိုင်ချေ။ “ထိုက်ချူက နဂါးအကြေးခွံကို ပို့လိုက်ပြီး ချင်းလုံရဲ့ ဝိညာဉ်ကို ဖွက်ထားတယ်… ကြည့်ရတာ ကျွန်တော် မန္တန်အသက်သွင်းနေတဲ့အချိန်မှာ ကျွန်တော့်ကို အကောက်ကြံချင်တဲ့ပုံပဲ… ဒါဆိုရင်တော့ သူ့ဆန္ဒကို ဖြည့်ဆည်းပေးရတာပေါ့”
လင်ယွိရှို့မှာ ခန်းမထဲမှ အလောတကြီး လိုက်ထွက်သွားသဖြင့် ကောင်းကင်နတ်အရှင်ယွင်လည်း ထွက်လာသည်။ သူမသည် ချင်မူ နေရာလွတ်တစ်ခုတွင် ရပ်နေသည်အား တွေ့လိုက်ရ၏။ သူ၏ အသိစိတ်အလျဉ်တို့ ထွက်ပေါ်လာပြီး ဧရာမယဇ်ပလ္လင်ကြီးတစ်ခုကို ချက်ချင်း မြင်ယောင်ဖန်ဆင်းလိုက်သည်။
ယဇ်ပလ္လင်က သူ၏ခြေထောက်အောက်မှ မြောက်တက်လာပြီး သူ၏ချီစွမ်းအင်သည် အမျိုးမျိုးသော မဟာတာအိုသင်္ကေတများအဖြစ် ပြောင်းလဲ၍ တံဆိပ်ခတ်နှိပ်လိုက်ကြ၏။ သင်္ကေတများက တာအိုအမှတ်အသားများ ဖွဲ့တည်ပြီး တာအိုအမှတ်အသားများက တာအိုသံကြိုးများကို ဖွဲ့သည်ကာ အခြေခံအကျဆုံး နယ်ပယ်တစ်ခုကို ဖွဲ့စည်းလိုက်ချေပြီ။
ချင်မူ့အနောက်တွင် မဟာကောင်းကင်နတ်ဘုံ မြောလွင့်နေပြီး ကျောက်စိမ်းမြို့တော် ထွက်ပေါ်လာသည်။ ဖရိုဖရဲခန်းမအရှေ့တွင် သူ၏ မူလဝိညာဥ်က မားမားမတ်မတ် ရပ်တည်နေ၏။ သူ၏ခြေထောက်များက ရပ်တန့်လိုက်ရာ ဖရိုဖရဲခန်းမအရှေ့တွင်လည်း ယဇ်ပလ္လင်ကြီးတစ်ခု ထွက်ပေါ်လာသည်။ သို့သော် ၎င်းက ချင်မူရုပ်ခန္ဓာအောက်ရှိ ယဇ်ပလ္လင်၏ ဆန့်ကျင်ဘက် ဖြစ်၏။
ကောင်းကင်နတ်အရှင်ယွင်မှာ တစ်ခဏမျှ ကြည့်လိုက်ပြီး နားမလည်နိုင်ပေ။ “ယောင်းမလေး၊ ကောင်းကင်နတ်အရှင်မူရဲ့ နောက်ထပ်ယဇ်ပလ္လင်တစ်ခုက ဘာလုပ်ဖို့လဲ”
လင်ယွိရှို့မှာလည်း နားမလည်နိုင်ပေ။ “အသုံးဝင်တဲ့နေရာ ရှိမှာပါ”
ကောင်းကင်နတ်အရှင်ယွင်က ခေါင်းညိတ်သည်။ “အေးနော်”
ချင်မူ့ရုပ်ခန္ဓာက ပလ္လင်ပေါ်တွင် မန္တန်များ အသက်သွင်းနေသည်။ တစ်ချိန်တည်းမှာပင် သူ၏မူလဝိညာဉ်ကလည်း ဖရိုဖရဲခန်းမအရှေ့တွင် မန္တန်များ အသက်သွင်းနေ၏။ သို့သော် ချင်မူ့ရုပ်ခန္ဓာက ဝိညာဉ်ခေါ်ဆိုသည့် မန္တန်များ အသက်သွင်းနေခြင်း ဖြစ်ပြီး ချင်းလုံ ဝိညာဉ်ကို ခေါ်ထုတ်နေခြင်းဖြစ်သည်။ သူ၏မူလဝိညာဉ် အသက်သွင်းနေသည့် မန္တန်များကိုတော့ ဘယ်သူမှ နားမလည်နိုင်ပေ။
ဖော်ပြ၍မရနိုင်သော စွမ်းအားတစ်ခုက ပျံ့ထွက်လာပြီး ဟင်းလင်းပြင်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်သွားသည်။ ၎င်းက ဖော်ပြ၍မရနိုင်သော ခံစားချက်တစ်ခုကို ဖြစ်ပေါ်လာစေ၏။ နူးညံ့ညင်သာသည့်အပြင် ခမ်းနားတင့်တယ်ပြီး မမြင်တွေ့ရချေ။
ဤစွမ်းအား ပျံ့ထွက်လာ၍ ကောင်းကင်ရှိ ကမ္ဘာလောကအားလုံးသို့ ဝင်ရောက်သွားသည့်အချိန်တွင်တော့ ချင်မူသည် ချင်းလုံ၏ဝိညာဉ် တည်ရှိသည့်နေရာကို အာရုံခံမိသွားချေပြီ။
ချင်းလုံ၏ ဝိညာဉ်သည် ကောင်းကင်နတ်ဘုံ၏ စစ်စခန်းအထက် ကောင်းကင်၌ မြောလွင့်လျက် ရွှင်ပျော်ပျော်ကျေးရွာ၏ ကောင်းကင်ဘုံ ၃၃ ဘုံကို ရင်ဆိုင်နေသော ထိုက်ချူချီမဟာခြုံလွှမ်းကောင်းကင်ဘုံတွင် ပုန်းခိုနေသည်။
ချင်မူ့စွမ်းအား ထိုက်ချူချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲသို့ ဝင်ရောက်သွားသည့်အချိန်တွင် ထိုက်ချူက မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ တာအိုသစ်ပင်အောက်မှ ထရပ်လာပြီး ပြုံးလိုက်သည်။ “ကောင်းကင်နတ်အရှင်မူ၊ ရောက်လာပြီပဲ… ချင်းလုံလို စစ်သည်တော်တစ်ယောက်ကို မစွန့်လွှတ်နိုင်ဘူးမလား… မင်းအစား တစ်လောကလုံးကို အနိုင်ယူတိုက်ခိုက်ပေးဖို့ သူ့ကို လိုတယ်လေ… ဒါပေမဲ့ ငါ မင်းကို ဒီနေရာမှာ စောင့်နေခဲ့တာ ကြာပြီဆိုတာ မသိဘူးမလား”
တာအိုသစ်ပင်အောက်တွင် လူသားတစ်ယောက်၏ အရပ်အထိ မြင့်မားသော ကြေးအိုးတစ်လုံးက သစ်ပင်၏ အမြစ်များဘေးတွင် တည်ရှိနေသည်။ ကြေးအိုးအဝကို တင်းကြပ်စွာ ပိတ်ထား၏။
ထိုအခိုက်အတန့်တွင် အထဲမှ အားတစ်ရပ်က လှုပ်ခါ၍ ထွက်လာချင်နေသည့်အလား ကြေးအိုးမှာ အပြင်းအထန် တုန်ခါသွားတော့သည်။
“မင်းရဲ့စွမ်းအား ငါ့မဟာခြုံလွှမ်းကောင်းကင်ဘုံဆီ ရောက်လာကတည်းက မင်းဟာ အားနည်းနေပြီ… အဲဒီအချိန်မှာ မင်းရဲ့မူလဝိညာဉ်နဲ့ ရုပ်ခန္ဓာကို ထိခိုက်အောင် လုပ်လို့ရတယ်”
ထိုက်ချူက အော်ဟစ်လိုက်ရာ သူ၏ရုပ်ခန္ဓာသည် ပြိုင်ဘက်ကင်းအောင် ချက်ချင်း သန်မာအားကောင်းလာ၏။
ရှည်ကြာလှသော အချိန်ကာလတစ်ခုအထိ သူ၏ရုပ်ခန္ဓာသည် တစ်လောကလုံးတွင် နံပါတ်တစ် ဖြစ်ခဲ့ပြီး တာအိုသိုင်းပညာရှင်များ၏ တိုက်ကွက်များကိုပင် ခုခံကာကွယ်နိုင်ခဲ့သည်။ ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်းမှသာ ချင်မူ၏ ကျော်တက်ခြင်း ခံခဲ့ရ၏။ ချင်မူက ကမ္ဘာဦးဖရိုဖရဲရုပ်ခန္ဓာကို ကျင့်ကြံခဲ့ပြီး သူ၏ရုပ်ခန္ဓာက ပြိုင်ဘက်ကင်းအောင် သန်မာအားကောင်းသည်။ ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာထက်ပင် သန်မာ၏။
ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်အတွက် သူ၏ ရုပ်ခန္ဓာနီးပါး သန်မာအားကောင်းသည်က သူ၏ချီစွမ်းအင် မူလချီပင် ဖြစ်သည်။
သူ၏မူလချီမှာ ကမ္ဘာဦးစွမ်းအင်သာမက မဟာတာအိုတစ်ခုလည်း ဖြစ်ပြီး တစ်လောကလုံး၏ မည်သည့်မဟာတာအိုမဆိုအဖြစ် ကျင့်ကြံ၍ရနိုင်သည်။
သူ၏မူလချီသည် တာအိုအဆင့်အထိ မကျင့်ကြံရသေးသော်လည်း ပေါ့သေးသေးတော့ မဟုတ်ပေ။ သူသည် ခွန်အားဖြင့် တာအိုရရှိသောလမ်းစဉ်ကို လျှောက်လှမ်းခဲ့၏။ ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်မှ စွမ်းအားကို ငှားယူခဲ့ခြင်းဖြင့် သူ၏မှော်စွမ်းအင်က တာအိုသိုင်းပညာရှင်များထက်ပင် များစွာအားကောင်းသည်။
“ငါ့ရဲ့ပလ္လင်ခန်းမက ပြီးပြည့်စုံသွားခဲ့ပြီဆိုတာ မင်း မသိဘူးမလား”
ထိုက်ချူ မူလချီကို အသက်သွင်းလိုက်သည့်အခါ မဟာကောင်းကင်နတ်ဘုံတစ်ခုက သူ၏အနောက်တွင် ထွက်ပေါ်လာသည်။ ပလ္လင်ခန်းမ ၇၂ ခုက ကောင်းကင်နန်းဆောင် ၃၆ ဆောင်ကို ဝန်းရံစောင့်ရှောက်ပေးထား၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် ချင်မူနှင့် တိုက်ခိုက်ပြီး နောက်ဆုတ်ပေးခဲ့ရသည့်အချိန်မှစ၍ ထိုက်ချူနှင့် သဘောတူညီမှုတစ်ခု ဆောင်ရွက်ခဲ့သည်။ သားအဖနှစ်ယောက်လုံးအနေဖြင့် သူတို့၏ ကိုယ်ပိုင်ခန်းမများကို ဝေမျှ၍ လျှို့ဝှက်ချက်မထားရန် ဖြစ်၏။
ကောင်းကင်နတ်ဧကရာဇ်ဟောင်ဖြစ်စေ၊ ထိုက်ချူဖြစ်စေ ပလ္လင်ခန်းမ ၇၂ခုကို ကျင့်ကြံခဲ့ပြီး ဖြစ်သည်။ ခွန်အားကို အသုံးပြု၍ တာအိုရယူခြင်း၌ သားအဖနှစ်ယောက်လုံးမှာ ပြီးပြည့်စုံသော အဆင့်တစ်ခုသို့ ရောက်ရှိခဲ့လေပြီ။
ထိုက်ချူ၏ မှော်စွမ်းအင်က ယခင်ကထက်ပင် သိပ်သည်းလာသည်။ ရှေးဟောင်းနတ်ဘုရား ကောင်းကင်နတ်ဧကရာဇ်၏ ရုပ်ခန္ဓာက ရှေ့သို့ တက်လာပြီး ကြေးအိုးကို ဝန်းရံလိုက်သည်။ သူ၏လက်များ လှုပ်ရှားသွားပြီး မူလချီသည် ချင်မူ၏ ဝိညာဉ်လမ်းညွှန်ကို ဆန့်ကျင်သည့် ကောင်းကင်နတ်သိုင်းတစ်ခုအဖြစ် ပြောင်းလဲသွားတော့၏။
သူ၏ကောင်းကင်နတ်သိုင်းက တိတ်ဆိတ်စွာဖြင့် ချင်မူ့စွမ်းအင်အနောက်မှ လိုက်ပါလာသည်။ ၎င်းက ချင်မူ၏ ဝိညာဉ်လမ်းညွှန်မှ ကပ်ပါလာပြီး သူ၏မူလဝိညာဥ်နှင့် ရုပ်ခန္ဓာကို ထိခိုက်စေသည်။
ဤသည်က တမင်တကာ တွက်ချက်ပြီးမှ တိုက်ခိုက်သော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။ ချင်မူသည် ချင်းလုံ၏ ဝိညာဉ်ကို ခေါ်ဆောင်ရန် သူ၏ ခွန်အားအလုံးစုံကို ထုတ်သုံးထားရသည်။ ရုပ်ခန္ဓာဖြစ်စေ မူလဝိညာဥ်ဖြစ်စေ အကာအကွယ်မရှိပေ။ ဤသည်က ချင်မူ့ကို တန်ပြန်တိုက်ခိုက်ရန် အချိန်ကောင်းဖြစ်၏။
ထိုက်ချူက သူ၏ဝိညာဉ်ကို အသက်သွင်း၍ သံရှည်ဆွဲကာ ဟိန်းဟောက်လိုက်သည်။ ကောင်းကင်နတ်သိုင်းများက ချင်မူ့ကို သတ်ဖြတ်ရန် လိုက်ပါသွားတော့သည်။
ချင်မူ့စွမ်းအားတို့က ကြေးအိုးကို လှုပ်ခါရန် ဆက်လက်စီးဆင်းလာနေသည်။ သို့သော် ကြေးအိုးမှာ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် ဖြစ်၏။ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံသည် အန္တိဟင်းလင်းပြင်မှ ထွက်ခွာ၍ ကမ္ဘာဦးဘုံထဲသို့ ရောက်ရှိလာခဲ့သော်လည်း မဟာတာအိုအောင်မြင်မှုတစ်ခု ဖြစ်နေသေးသည်။ ချင်မူ့စွမ်းအား ရောက်ရှိလာသည့်အချိန်တွင် ၎င်းသည် တစ်လွှာပြီးတစ်လွှာ အားနည်းလာပြီး အထွတ်အထိပ်အခြေအနေတွင် မဟုတ်တော့ပေ။
ထိုမျှသာမက ကြေးအိုးမှာ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံဖြင့် ဖိနှိပ်ခံထားရသည်။ ချင်မူ ကြေးအိုးကို လှုပ်ခွာစေချင်ပါက မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ခုလုံးနှင့် ထိုက်ချူတာအိုအား ရင်ဆိုင်ရမည်ဖြစ်၏။
အချိန်ရော နေရာကပါ ထိုက်ချူဘက်တွင် ရှိနေပြီး ထိုက်ချူ၏အောင်မြင်မှုက လက်တစ်လှမ်းအလိုတွင် ဖြစ်သည်။
သူက မရေမတွက်နိုင်သော ကောင်းကင်နတ်သိုင်းကို ချက်ချင်း အသက်သွင်းလိုက်ပြီး တာအိုသိုင်းပညာရှင်တစ်ဦး၏ စွမ်းအားကို အဆုံးအစွန်အထိ ထုတ်ဖော်ပြသထား၏။
ဤအခိုက်အတန့်တွင် ထိုက်ချူ၏ မျက်လုံးထောင့်များ တွန့်သွားသည်။ ရုတ်တရက် သိပ်သည်းနက်နဲသော ခတ်နှိပ်မှုများက ကြေးအိုးအောက်တွင် ထွက်ပေါ်လာကြလေသည်။
၎င်းတို့ဆီမှ ကွင်းဆက်ပျံ့နှံ့လာပြီး တစ်လွှာပြီးတစ်လွှာ ပြန့်ကားထွက်လာသည်။ ထိုးကွင်းသဏ္ဌာန်ခတ်နှိပ်မှုများကို သူ တွေ့သွားသည့်အချိန်တွင် ၎င်းတို့သည် အိုးအောက်ခြေမှ မဟာခြုံလွှမ်းကောင်းကင်ဘုံတစ်ဝက်သို့ ရောက်နေပြီဖြစ်၏။
ကွင်းသဏ္ဌာန်ခတ်နှိပ်မှုများက အလွန်တရာ ထူးဆန်းသည်။ သစ်ပင်၏ အသက်ရစ်ကွင်းများကဲ့သို့ ဖြစ်ပြီး အချိန်တိုအတွင်းမှာပင် သန်းနှင့်ချီလာ၏။
“ဒါက လောကသစ်ပင်ပဲ…”
ထိုက်ချူ ရုတ်တရက် သဘောပေါက်သွားသည်။ “သွားပြီ… သူလည်း ငါ့ကို အကောက်ကြံနေတာဟ”
ဝုန်း…
ထိုကွင်းများ လှည့်ပတ်လာပြီး ကွင်းထဲရှိအမှတ်အသားများက ကောင်းကင်သို့ ပျံတက်သွားသည့် အလင်းတန်းများအဖြစ် ပြောင်းလဲသွားသည်။ မြေပြင်ကို တုန်လှုပ်စေနိုင်သည့် အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်နတ်ဘုံစစ်စခန်းအထက်ရှိ ထိုက်ချူ၏ မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် မဟာခြုံလွှမ်းကောင်းကင်ဘုံ၏ အရွယ်အစားတစ်ဝက်ရှိသည့် ဧရာမသစ်ပင်ကြီးတစ်ပင်က ရုတ်တရက် ထွက်ပေါ်လာပြီး သစ်ကိုင်းများက လေထဲတွင် ကခုန်သွားသည်။ အမြစ်များကလည်း မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲသို့ ထိုးစိုက်သွားတော့သည်။
အမြစ်များက တောင်တန်းများနီးပါး ထူထဲသိပ်သည်းပြီး မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံကို တစ်စစီ ဆွဲဖြဲနေ၏။ တောင်တန်းများ ပြိုလဲလာသဖြင့် ထိုက်ချူမှာ အငိုက်မိသွားသည်။ သူ့မှာ ဧရာမသစ်ပင်ကြီးကြောင့် လွင့်ထွက်သွားပြီး မူလချီမဟာခြုံလွှမ်းကောင်းကင်ဘုံထဲမှ ပြုတ်ကျသွား၏။
သူ၏တာအိုသစ်ပင်မှာလည်း မြေပြင်သို့ ရိုက်ချခံလိုက်ရပြီး မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ အက်ကွဲသံကြီးများ ထွက်ပေါ်လာ၍ နှစ်ခြမ်းကွဲလာသည်။
တစ်ကြိမ်တည်းမှာပင် ကြေးအိုးကလည်း ဝုန်းခနဲ ပေါက်ကွဲသွား၏။ အရှေ့နတ်မင်း ချင်းလုံ၏ ဝိညာဉ်သုံးခုက အားတစ်ရပ်၏ ဆွဲယူခြင်းခံလိုက်ရသဖြင့် ပျံတက်သွားကြသည်။
လောကသစ်ပင်သည် မရေမတွက်နိုင်သော အလင်းမှုန်ကလေးများအဖြစ် ပြောင်းလဲပျောက်ကွယ်သွားတော့၏။ မဟာခြုံလွှမ်းကောင်းကင်ဘုံမှာတော့ နှစ်ခြမ်းကွဲလျက် ကောင်းကင်ပေါ်မှ ပြုတ်ကျလာတော့သည်။