← Chapters

အစစ်အမှန် နှင့် ပုံရိပ်ယောင်

Vol. 148 Ch. 2101

အစစ်အမှန် နှင့် ပုံရိပ်ယောင်

Vol. 148 Ch. 2101

မုယွင်ရှုက နတ်ပြည်ထောင်၏ တစ်ဖက်တွင် ရှိနေစဉ် နောက်ထပ် တစ်စုံတစ်ယောက်က အခြားတစ်ဖက်၌ ထွက်ပေါ်လာသည်။ ထိုနေရာ၌ အခြားသော ခမ်းနားထည်ဝါသည့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။

၎င်းသည် နတ်ဘုရားတစ်ပါးကဲ့သို့သော အရိပ်တစ်ခုအဖြစ် ဖြစ်တည်လာသည့် ကြယ်ရောင်စုံလောကတစ်ခုအဖြစ် ထင်မှတ်ရသည်။ သူက ရှေးဟောင်းအချိန်များ၏ ကြယ်စုံကောင်းကင်မှ ကြီးမားသော နတ်လူဝံ နောက်ကျောတွင် ရပ်နေ၏။  သူတို့က ခမ်းနားထည်ဝါပြီး ဂုဏ်သရေကြီးမားစွာဖြင့် အတူတကွ ရပ်နေကြကာ နတ်လူဝံနောက်ကျောပေါ်ရှိ နတ်ဘုရားကဲ့သို့ ပုံရိပ်အား ပို၍ လွှမ်းမိုးလာနိုင်စေသည်။ သူသည် ကြယ်စုံသော ကောင်းကင်၏ ဘုရင်တစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

ရီဖူရှင်းသည် ထိုသူက စောင့်ရှောက်သူအရှင် ခုနစ်ပါးထဲမှ တစ်ပါးအဖြစ် ထင်မှတ်မိသည်။ လေးမျက်နှာကျေးရွာမှ ရှီမိသားစုက ဤနည်းစနစ်ကို ဆက်ခံခဲ့၏။ ယခု ရပ်နေသူမှာ ရှီမိသားစုမှ လူငယ်တစ်ယောက် ဖြစ်သည်။

နတ်ဘုရားနည်းစနစ်ခုနစ်ခုမှ လေးခုကို လေးမျက်နှာကျေးရွာရှိ မတူညီသော မိသားစုလေးခုဖြစ်သည့် မုယွင်မိသားစု၊ ရှီမိသားစု၊ ကုမိသားစုနှင့် ထျယ်မိသားစုမှ ပိုင်ဆိုင်ထားသည်။ အမှန်တွင် မျက်မမြင်ထျယ်သည် နည်းစနစ်ကို ပိုင်ဆိုင်ထားသည့် ထျယ်မိသားစုမှ တစ်ဦးတည်းသောသူ ဖြစ်၏။ ရွာသားများသည် သူ့ အမြင်အာရုံကို ဆုံးရှုံးပြီး ရွာသို့ ပြန်လာစဉ်မှစကာ သူ့အား မတူကွဲပြားစွာ ဆက်ဆံကြသည်။ လူအများသည် ထျယ်မိသားစုက အနှေးနှင့်အမြန် အစားထိုးခံရလိမ့်မည်ဟု ယုံကြည်ကြသည်။ အရာအားလုံးက မျက်မမြင်ထျယ်၏သား ထျယ်ထိုက နည်းစနစ်၏ ကောင်းချီးပေးခံရခြင်း ရှိ မရှိဟူသည့်အပေါ် မူတည်နေ၏။

အချို့လူများက ကျင့်ကြံခြင်းအခွင့်အလမ်းတချို့ကြောင့် လာခဲ့ကြလျှင်ပင် မိသားစုလေးခုအပြင် အခြားမည်သူမှ နတ်ဘုရားနည်းစနစ်ကို အပ်နှင်းခြင်း မခံခဲ့ရပေ။

ရီဖူရှင်းသည် နေရာတွင် ရပ်ကာ အရာအားလုံးကို တိတ်ဆိတ်စွာ စောင့်ကြည့်နေပြီး ဤလောကက မည်သို့သော စွမ်းအားမျိုးနှင့် တည်ဆောက်ထားသည်ကို တွေးဆနေခဲ့သည်။ သူက ခန္ဓာကိုယ်မှ စွမ်းအင်လှိုင်းကို ထုတ်လွှတ်ကာ သူ့မျက်လုံးများက ကြောက်မက်ဖွယ် နတ်အလင်းတို့နှင့် တောက်ပလာပြီး ဤလောကကြီးကို ဖြတ်မြင်အောင် ကြိုးစားနေပုံရလေသည်။

ထိုအခိုက်အတန့်တွင် လောကကြီးက သူ့အတွက် ပို၍ ရှင်းလင်းလာပုံပေါ်သည်။ ရီဖူရှင်းသည် ဤပုံရိပ်ယောင်ကမ္ဘာ​ကြီးက သူ့အတွက် အစစ်အမှန် ဖြစ်လာသလို ခံစားရ၏။ မဟာလမ်းစဉ်စွမ်းအားက ပြီးပြည့်စုံပြီး ၎င်းကို ကြည့်ရသည်မှာ ရှေးဟောင်းနတ်ဘုရားများမှ ဖန်တီးထားသော လောကတစ်ခုအဖြစ် ထင်မှတ်ရသည်။

ရွာသားများသည် နတ်ဘုရားများ၏ ကောင်းချီးပေးခံရသူများသာ ဤနေရာ၌ ကျင့်ကြံခြင်း အခွင့်အလမ်းများကို ရရှိနိုင်မည်ဟု ယုံကြည်ကြသည်။ ရီဖူရှင်းသည် ကောင်းချီးပေးခံရသူများက ဤနေရာမှ မဟာလမ်းစဉ်နှင့် သဟဇာတဖြစ်သောကြောင့်ဟု ယူဆမိသည်။ ထိုသည်ကပင် သူတို့က မဟာလမ်းစဉ်၏ မြင်ကွင်းအချို့ကို မြင်နိုင်စွမ်းရှိစေကာ ကျင့်ကြံခြင်းအခွင့်အလမ်းများ ရရှိလာစေသည်။ သာမန်လူများက ဤနေရာ၌ ဖြစ်ပျက်နေသမျှကို မမြင်နိုင်သည်မှာ သူတို့၏ စိတ်က မဟာလမ်းစဉ်နှင့် လိုက်ဖက်မညီသောကြောင့် ဖြစ်သည်။

သို့သော် ဤလောကသည် မည်သည့်အတွက်ကြောင့် ရွာသားများ၏ လေးနှစ်တစ်ကြိမ်ကျင်းပသော အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့၌ ပေါ်ပေါက်လာရသနည်း။

ဤလောကသည် လေးနှစ်တစ်ကြိမ် အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့၌ ပေါ်ပေါက်လာပြီး ရွာအား လွှမ်းခြုံကာ အချို့လူများကို လေဟာနယ်လောကအတွင်း ခေါ်ဆောင်လာသည်။

ရီဖူရှင်းက လှည့်ကြည့်ကာ ပြောလိုက်၏။ "ငါ တက်သွားပြီး ခဏ လျှောက်ကြည့်လိုက်ဦးမယ်။"

သူသည် လောက၏အမြင့်ဆုံးနေရာသို့ ရောက်သည်အထိ ဆက်လက်၍ ပျံတက်သွားသည်။ သူ၏ တောက်ပသော မျက်လုံးများက အောက်ကို ငုံ့ကြည့်နေပြီး ဤလောက၏ ထူးခြားဆန်းကြယ်မှုကို ရှာဖွေရန် ကြိုးစားနေသည်။

သူသည် စောင့်ရှောက်သူ၏ နတ်ဘုရားတူ၊ လွှမ်းမိုးနိုင်သော ရွှေတောင်ပံခွန်ပန်ငှက် ပန်းချီ၊ ကြယ်ကောင်းကင်၌ နတ်လူဝံအား စီးနင်းနေသော နတ်ဘုရားနှင့် မရေတွက်နိုင်သော လေဟာနယ်တံခါးချပ်များ အစရှိသည့် ထူးခြားဆန်းကြယ်လှသော သဘာဝဖြစ်စဉ်များကို မရေတွက်နိုင်အောင် မြင်တွေ့ရ၏။

ရီဖူရှင်းသည် နတ်ဘုရားနည်းစနစ်ခုနစ်ပါး၏ ကျင့်ကြံခြင်းအခွင့်အလမ်းအားလုံးကို မြင်တွေ့နိုင်သည်ဟု ယူဆရသည်။ ရွာသားများ ကောင်းချီးပေးခံရခြင်းမှာ အတိအကျ မည်သည့်အရာဖြစ်သနည်း။

မကြာခင်၌ ရီဖူရှင်း၏ အကြည့်များက လေထဲတွင် တိတ်တိတ်ဆိတ်ဆိတ်နှင့် သိမ်မွေ့စွာ ယိမ်းနွဲ့နေသော သစ်ပင်တစ်ပင်ပေါ် ကျရောက်သွားသည်။ ၎င်းက သုံးမီတာခန့်သာ မြင့်မားပြီး အလွန် ထူထဲမြင့်မားခြင်း မရှိပေ။ မည်သူမဆို ထိုမျှ သာမန်ဆန်ပြီး ပေါ်လွင်ထင်ရှားခြင်းမရှိသော သစ်ပင်ကို အာရုံစိုက်မိလိမ့်မည် မဟုတ်ပေ။

သို့သော် ရီဖူရှင်းသည် သစ်ပင်မှ မြေပြင်သို့ စီးဆင်းနေသော စွမ်းအင်လှိုင်းများကို သတိပြုမိ၏။

ရီဖူရှင်းက အလင်းအလျင်ကဲ့သို့ သစ်ပင်ဆီ ရွေ့လျားသွားသည်။ မကြာခင်၌ သူသည် သစ်ပင်ရှေ့၌ ဆင်းသက်လိုက်၏။ ရှားရှင်းယွန် နှင့် အခြားလူများက ရီဖူရှင်း၏ အပြုအမူကို အံ့အားသင့်ကြသော်လည်း သူတို့က ရီဖူရှင်းထံသို့ ဦးတည်လိုက်ကြ၏။

ရီဖူရှင်းက ရှေးဟောင်းသစ်ပင်၏ ရှေ့၌ တိတ်ဆိတ်စွာ ရပ်နေပြီး ၎င်း အကိုင်းအခက်နှင့် အရွက်များက လေထဲတွင် ယိမ်းနွဲ့နေပြီး ဆူညံသံများ ထုတ်လွှတ်နေသည်ကို စောင့်ကြည့်နေ၏။ သူသည် ၎င်း၏ အရှေ့သို့ ရောက်လာသည့်အခါ ပို၍ပင် ဆန်းကြယ်သည်ကို ခံစားမိသည်။ သူသည် သာမန်သစ်ပင်တစ်ပင်က ရှေးဟောင်းနတ်ပြည်ထောင်လောကတွင် အကြောင်းပြချက်မရှိ ပေါ်ပေါက်လာလိမ့်မည်မဟုတ်ဟု သံသယရှိသည်။

ထို့အပြင် ဤနေရာ၌ သစ်ပင် တစ်ပင်သာလျှင် ရှိပုံရ၏။

သစ်ပင်များက အသက်စွမ်းအင်၏ သရုပ်သဏ္ဌာန်ဖြစ်သည်။ ဤရှေးဟောင်းသစ်ပင်သည် ဤလောကအတွင်း၌ အသက်ရှင်နေသည့် တစ်ခုတည်းသော အရာ ဖြစ်၏။

ရီဖူရှင်းက တိတ်ဆိတ်စွာပင် ရှေးဟောင်းသစ်ပင်၏ စည်းချက်ကျကျ လှုပ်ရှားမှုအား စောင့်ကြည့်နေခဲ့သည်။ သူ၏ ခန္ဓာကိုယ်မှ စီးဆင်းလာသော နတ်အာရုံနှင့်အတူ စွမ်းအင်လှိုင်းများသည် ရှေးဟောင်းသစ်ပင်အတွင်းသို့ ဝင်ရောက်သွား၏။

ရီဖူရှင်း၏ မဟာလမ်းစဉ် စွမ်းအင်က ထိုးဖောက်ဝင်ရောက်လာသောအခါ သစ်ပင်သည် ကျူးကျော်မှုကို တုံ့ပြန်လာသည့်အနေနှင့် အနည်းငယ် ပို၍ ကြမ်းတမ်းစွာ ယိမ်းနွဲ့လာခဲ့သည်။  မမြင်နိုင်သော လှိုင်းများ ပျံ့နှံ့လာပြီး ရှေးဟောင်းသစ်ပင်က တောက်ပလာသည်။ မကြာမီ၌ ၎င်းသည် အဆက်မပြတ် ယိမ်းထိုးနေသော ထူထပ်အုံ့ဆိုင်းကာ မီတာတစ်ရာကျော် မြင့်မားသည့် သစ်ပင်ကြီးတစ်ပင်အဖြစ် ပြောင်းလဲသွားသည်။

အချို့သော ​ဆူညံသံများနှင့်အ​တူ သစ်ပင်၏ အကိုင်းအခက်များက ရုတ်တရက် လှုပ်ရှားလာပြီး ရီဖူရှင်းအား အရူးအမူးတိုက်ခိုက်၏။ နူးညံ့သိမ်မွေ့သော ရှေးဟောင်းသစ်ပင်က ရုတ်တရက် အသိပေးချက်မရှိဘဲ ဒေါသတကြီး ဖြစ်လာသည်။ ရီဖူရှင်းက တိုက်ခိုက်မှုကို ရှောင်ရှားရန် နောက်သို့ ခြေလှမ်းဆုတ်လိုက်သော်လည်း ရှေးဟောင်းသစ်ပင်က အလွန် လျင်မြန်ကာ နေရာတစ်ခုလုံးကို စက္ကန့်ပိုင်းအတွင်း လွှမ်းခြုံသွားသည်။ မည်သူမှ လွတ်မြောက်ရန် မဖြစ်နိုင်ပေ။ ရီဖူရှင်းက အချိန်မရွေး ဝါးမြိုခံရတော့မလိုပင်။

ရီဖူရှင်းက အံ့အားသင့်သွားသည်။ ရှေးဟောင်းသစ်ပင်က သူ့ကို ဝါးမြိုပြီး ၎င်း၏ ပင်စည်တွင် သူ့အား ချည်နှောင်ထားချင်ပုံရလေသည်။ ၎င်း၏ စွမ်းအင်က သူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ကာ သူ့အား စုပ်ယူ၍ အပင်အတွင်း ပျော်ဝင်သွားစေချင်နေပုံရသည်။

ထိုအချိန်တွင် ရှားရှင်းယွန်နှင့် အခြားလူများလည်း ရောက်ရှိလာပြီ ဖြစ်သည်။ သူတို့သည် ပြောင်းလဲသွားသော အဖြစ်အပျက်များကြောင့် ထိတ်လန့်အံ့သြသွားကြသည်။ ပေ့ကုံးအော့နှင့် ချန်ယိက ချက်ချင်း ရှေ့သို့တက်လာ၏။ သူတို့က ရှေးဟောင်းသစ်ပင်ကို ကြောက်မက်ဖွယ် နတ်မိုးကြိုးနှင့် ဓားအလင်းတို့ဖြင့် တိုက်ခိုက်သော်လည်း သစ်ပင်ကို မည်သည့် ထိခိုက်မှုမှ ဖြစ်မလာစေပေ။

"ဦးလေးရီ။" ရှောင်လင်းနှင့် ထျယ်ထိုတို့သည်လည်း စိုးရိမ်ပူပန်သည့်အကြည့်များဖြင့် ရှေ့သို့ ပြေးတက်လာကြသည်။

"ဒါ ဘာတွေဖြစ်ကုန်တာတုန်းဟ။" ချန်ယိက ပြောလိုက်သည်။ သူ့ ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည့် တောက်ပသော နတ်အလင်းများက ရှေးဟောင်းသစ်ပင်ကို မည်သည့် သက်ရောက်မှုမှ မဖြစ်စေပေ။

ရီဖူရှင်းသည် ထိုရှေးဟောင်းသစ်ပင်က သူ့ခန္ဓာကိုယ်အား သိမ်းပိုက်လိုသည့် ခံစားချက်ကို ဝေဝေဝါးဝါး ခံစားမိ၏။ သူသည် ကြောက်မက်ဖွယ် စွမ်းအားကို ထုတ်လွှတ်လိုက်ပြီး ရှေးဟောင်းသစ်ပင်မှ လွှမ်းမိုးခြင်းခံထားရသည့် နေရာကို ထွန်းလင်းလာစေသည်။ ထိုအချိန်အတွင်း သူက သူ့ကမ္ဘာ့သစ်ပင်ဝိညာဉ်ကို ထုတ်လွှတ်ကာ ရှေးဟောင်းသစ်ပင်အား တန်ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။ စွမ်းအင်နှစ်ခုက အချင်းချင်း ရောယှက်သွားခဲ့သည်။

အလင်းစက်တစ်ခုက ရီဖူရှင်း၏ မျက်လုံးထဲသို့ တိုးဝင်လာ၏။ ရီဖူရှင်းသည် ထိုအလင်းစက်၌ သစ်ပင်၏ အသက်စွမ်းအားနှင့် ဝိညာဉ်စွမ်းအားတို့ ပါဝင်နေ​ကြောင်း ခံစားမိသည်။

ရှေးဟောင်းနတ်သစ်ပင်က အသိဉာဏ်ရှိနေပုံရပေသည်။

အလင်းစက်က ရီဖူရှင်းထံသို့ တိုက်ရိုက်တိုးဝင်သွားခဲ့သည်။ ရီဖူရှင်းသည် မဟာအင်ပါယာ၏ စွမ်းအားသုံးမျိုးကို အဆက်မပြတ် ထုတ်လွှတ်ရန် သူ့ဝိညာဉ်စွမ်းအား အားလုံးကို အသုံးပြုလိုက်သည်။ သူ့သွေးကြောများထဲမှ သွေးက ပြင်းထန်စွာ လှုပ်ရှားလာပြီး နတ်အလင်းတန်းသုံးခုက သူ့ထံမှ ထိုးထွက်လာ​ကာ သစ်ပင်၏ ဝိညာဉ်အား ဝန်းရံထားလိုက်၏။

နတ်အလင်းတန်းလေးခုက အတူတကွ စုစည်းလာပြီး မျက်စိကျိန်းလောက်ဖွယ် အလင်းတို့ကို ထုတ်လွှတ်နေသည်။ ရီဖူရှင်းသည် အလင်းစက်အတွင်းမှ ပုံရိပ်ပေါင်းများစွာကို မြင်တွေ့ရ၏။ သစ်ပင် ဝိညာဉ်က လေးမျက်နှာနတ်ဘုရား၏ စိတ်ဝိညာဉ်စွမ်းအားနှင့် ထောက်ပံ့ပေးထားရခြင်း ဖြစ်နိုင်ကာ ၎င်းက သက်ရှိအရာတစ်ခု ဖြစ်လာသည်။ ၎င်းက ဤလောက၏ အထောက်အပံ့ဖြစ်လေသည်။

ရီဖူရှင်းသည် သစ်ပင်ဝိညာဉ်က ဆန့်ကျင်တိုက်ခိုက်လာလိမ့်မည်ဟု မည်သည့်အခါကမှ မတွေးထားခဲ့ဖူးပေ။ သူက ဂရုမပြုဘဲ မနေရဲပါချေ။ သူ ထုတ်လွှတ်လိုက်သော နတ်အလင်းတန်းသုံးခုက မတူညီသည့် စွမ်းအားများအဖြစ် ပြောင်းလဲသွားကာ ထိုနေရာအား လွှမ်းခြုံထားသည့် သစ်ပင်ဝိညာဉ်ကို တဟုန်ထိုး တိုက်ခိုက်ခဲ့သည်။

ထိုအချိန်၌ ရီဖူရှင်းအား ချည်နှောင်ထားသည့် နွယ်ပင်စည်များက ချက်ချင်း ပျောက်ကွယ်သွားသည်။ ချန်ယိနှင့် အခြားလူများက စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်ကြ၏။ သို့သော် ရီဖူရှင်းက သစ်ပင်နှင့် ပေါင်းစပ်သွားသကဲ့သို့ ရှေးဟောင်းသစ်ပင်ရှေ့၌ ရပ်နေ​ဆဲ ဖြစ်သည်။ သူက မျက်လုံးများကို ဖွင့်လိုက်ပြီး ခေါင်းကို မော့ကာ သစ်ရွက်များအား စိုက်ကြည့်နေသည်။ သူက ဤလောက၏ ပုံရိပ်တစ်ခုလုံးကို မြင်တွေ့နေရ၏။

သူသည် အခြားတစ်စုံတစ်ခုကိုလည်း သတိပြုမိခဲ့၏။ ဤနေရာ၏ အောက်ခြေတွင် ပုံရိပ်ယောင်လောကတစ်ခု တည်ရှိသည်။ လေးမျက်နှာကျေးရွာနှင့် ရွာသားများသည် ပုံရိပ်ယောင်ကမ္ဘာအတွင်း ပိတ်မိနေခဲ့ပြီး ဤနေရာသို့ ဝင်ရောက်နိုင်ခြင်း မရှိကြပေ။

ရီဖုရှင်းသည် ယခုမှသာ လေးမျက်နှာကျေးရွာက ပုံရိပ်ယောင်ကမ္ဘာတစ်ခုဖြစ်ပြီး လေးနှစ်တစ်ကြိမ် ပွင့်လာသည့် ဤလေဟာနယ်ကသာ အစစ်အမှန် လောကဖြစ်ကြောင်း နားလည်လာသည်။

ရှာဖွေတွေ့ရှိချက်နှင့် နားလည်သဘောပေါက်မှုက ရီဖူရှင်းအား ထိတ်လန့်အံ့အားသင့်စေ၏။ ရွာအတွင်းမှ လူတိုင်းသည် သူတို့ ပုံရိပ်ယောင်လောကအတွင်း နေထိုင်နေခြင်းကိုပင် မသိကြပေ။ ဝိညာဉ်ရင်းမြစ်ရှိသော သူများသာလျှင် နိုးထခြင်းဖြစ်စဉ်ကို ကြုံတွေ့နိုင်ပြီး လောကအစစ်အမှန်သို့ ဝင်ရောက်နိုင်မည့် အဓိပ္ပါယ်ပေလား။

ထိုသည်ကပင် ဆရာသခင်က မည်သည့်အတွက်ကြောင့် မည်သူက ကျင့်ကြံနိုင်၍ မည်သူက မကျင့်ကြံနိုင်သည်ကို ခန့်မှန်းနိုင်ခြင်း ဖြစ်ရမည်။ ကိုယ်တိုင် မကျင့်ကြံနိုင်သည့် လူများသည်ပင် ပုံရိပ်ယောင်ကမ္ဘာ၌ ဖြစ်နေသော အိပ်မက်တစ်ခုမျှသာ ဖြစ်လိမ့်မည်။

မရေတွက်နိုင်သော ပုံရိပ်များက ရီဖူရှင်း၏ မြင်ကွင်းအတွင်း တစ်ခုပြီးတစ်ခု ​ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် ကြေးမုံတစ်ခုနှင့် တူသော သစ်ရွက်တစ်ခုကို မြင်လိုက်ရသည်။ သိမ်မွေ့နက်နဲသော စွမ်းအားများနှင့် လူအိုကြီးတစ်ယောက်သည် ကြေးမုံအတွင်း၌ ပေါ်ပေါက်လာ၏။

လူအိုကြီးသည်လည်း ရီဖူရှင်းကို ကြည့်နေပုံရသည်။ သူတို့၏ အကြည့်များက ဆုံတွေ့သွား၏။ ရီဖူရှင်းသည် ယခင်က လူအိုကြီးကို မည်သည့်အခါမှ မြင်ဖူးခြင်းမရှိသော်လည်း ထိုသူက လေးမျက်နှာကျေးရွာမှ ဆရာသခင်ဖြစ်ကြောင်း သိသည်။

"ဆရာသခင်လား။" ရီဖူရှင်းက စိတ်ဝိညာဉ်စွမ်းအားကို အသုံးပြုကာ စိတ်ထဲမှ အသံ ထုတ်လွှတ်လိုက်သည်။

ဆရာသခင်က ရီဖူရှင်း၏ စကားကို လက်ခံရရှိသောအခါ ကြေးမုံအတွင်းမှ ခေါင်းညိတ်ပြသည်။

"ဒါက ကမ္ဘာအစစ်လား။" ရီဖူရှင်းသည် သူ၏ မှန်းဆချက်အား အတည်ပြုချင်သည်။ အဘိုးအိုက တစ်ဖန် ခေါင်းညိတ်လိုက်ပြန်သည်။

"ကျုပ် ဘာလုပ်ရမလဲ။" ရီဖူရှင်းက မေးလိုက်၏။ ယခုတွင် သူက နောက်ထပ် ခြေတစ်လှမ်း ဆက်လှမ်းသင့်လား မသိတော့ပေ။ သူက အဘိုးအိုထံမှ အကြံဉာဏ်တောင်းရုံမှတပါး အခြားရွေးချယ်စရာရှိချေ။

"သူတို့ အစစ်အမှန်လောကကို မြင်တွေ့ကြပါစေ။" ရီဖူရှင်း၏ ခေါင်းထဲမှ အသံတစ်ခု ထွက်ပေါ်လာသည်။

ရီဖူရှင်းက ခေတ္တမျှ တွေးဆနေပြီးနောက် ခေါင်းညိတ်ကာ ပြောလိုက်သည်။ "နားလည်ပါပြီ။"

ဆရာသခင်က လေးမျက်နှာကျေးရွာ၏ သီးသန့်ကျောင်းအတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေခဲ့သည်။ သူက အဝေးသို့ ကြည့်နေခဲ့၏။ နောက်ဆုံး၌ ရွေးချယ်ခံတစ်ယောက် ရွာသို့ ရောက်လာခဲ့ပြီလား။

သူက ရွာ၏ အဝေးသို့ ကြည့်နေသည်။ ချက်ချင်းပင် ကောင်းကင်က တောက်ပလာပြီး ရွာသားများကို စတင်နိုးထလာစေ၏။ သူတို့က ရွာကို လွှမ်းခြုံလာသည့် ခမ်းနားထည်ဝါသော မြင်ကွင်းကြောင့် အံ့အားသင့်လာကြသည်။

"ဒါက.... နတ်ပြည်ထောင်ရဲ့ ကမ္ဘာပဲ။" တစ်စုံတစ်ယောက်က အံ့အားတသင့် ရေရွတ်လိုက်၏။ အောက်မေ့တမ်းတခြင်း အခမ်းအနား၌ ရှိနေကြသော တန်ခိုးရှင်များသည်လည်း မည်သည့်အရာတို့ ဖြစ်ပျက်နေသည်ကို နားလည်နိုင်စွမ်း မရှိကြချေ။

အမြဲလိုလိုပင် ရွာမှ လူအများသည် အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့၌ နတ်ပြည်ထောင်လောကသို့ ဝင်ရောက်နိုင်ကြပြီး ထိုနေရာမှ ကျင့်ကြံခြင်းအခွင့်အလမ်းများ ရရှိကြသည်။ သို့သော် ယခုတွင် ကန့်သတ်ချက်က ပျက်ပြယ်သွားပြီး ရွာသားတိုင်း နတ်ပြည်ထောင်လောကသို့ ဝင်ရောက်နိုင်ကြသည်။

၎င်းက မည်သည်ကို ဆိုလိုသနည်း။

လူအများသည် သူတို့၏ ရင်ဘတ်ထဲမှ နှလုံးသားက လျင်မြန်စွာ ခုန်လှုပ်နေသည်ကို ခံစားမိကြသည်။

ပန်းပဲဖိုအတွင်းမှ မျက်မမြင်ထျယ်သည်လည်း သူ၏ ကွယ်နေသော မျက်လုံးများနှင့် လောကကြီးအား မြင်နိုင်သကဲ့သို့ ခေါင်းမော့ကြည့်လိုက်သည်။ သူ့လက်ထဲမှ တူက မြေပြင်သို့ ပြုတ်ကျသွားခဲ့သည်။

အဘိုးမာက အိမ်အပြင်၌ ရပ်နေသည်။ သူ့မျက်စိရှေ့မှ မြင်ကွင်းသည် ရီဖူရှင်းနှင့် သူ့လူများ ရွာသို့ ဝင်ရောက်လာခဲ့သည့် ပထမဆုံးနေ့၌ တောက်ပနေခဲ့သော ကောင်းကင်အား ရုတ်တရက် အမှတ်ရမိစေလိုက်သည်။

***

All Chapters