← Chapters

အခန်း (၄၈၃)

Vol. 35 Ch. 483

အခန်း (၄၈၃)

Vol. 35 Ch. 483

“မုန့်ယောင်၊ မင်းရဲ့ အခြေခံက အခုထိ မခိုင်သေးဘူး၊ အခု လျှပ်စီးဘေးဒဏ်ကို ရင်ဆိုင်ဖို့ မသင့်တော်သေးဘူး!” သူမ၏သမီး လျှပ်စီးဘေးဒဏ်ကို ဆွဲဆောင်နေသည်အား မြင်သောအခါ တုန်ဖန်ကျင်းမှာ ဝမ်းလည်းသာမိသလို စိုးလည်းစိုးရိမ်မိ၏။

သူမ၏အမြင်တွင် တုန်ဖန်းမုန့်ယောင်သည် ဆယ့်ရှစ်နှစ်သာ ရှိသေးပြီး ထိုမျှ ငယ်ရွယ်သော အသက်အရွယ်တွင် မသေမျိုးအဆင့်သို့ တက်ရောက်ခြင်းမှာ အလျင်စလိုနိုင်လွန်းသေးသည်ဟု ထင်မြင်မိသောကြောင့်ပင်။

“အမေ၊ ဒါက ကောင်းကင်ဘုံက ကျွန်မကို စမ်းသပ်နေတာပါ၊ ကျွန်မ လုပ်နိုင်တယ်!”

တုန်ဖန်းမုန့်ယောင်သည် သူမ၏ လက်သီးသေးသေးလေးများကို တင်းနေအောင်ဆုပ်လိုက်သည်။ အမှောင်ကျနေသော ကောင်းကင်ကို မော့ကြည့်နေသော သူမ၏အမူအရာမှာ အလွန်စိတ်လှုပ်ရှားနေဟန်ရှိ၏။

သူမသည် ငယ်စဉ်ကတည်းက မသေမျိုးအဆင့်သို့ တက်ရောက်ချိုးဖျက်ဖို့ ရည်မှန်းချက်ရှိခဲ့သည်သာ။ သို့သော် ထိုနေ့မှာ ဤမျှ လျင်မြန်စွာ ရောက်ရှိလာမည်ဟု တစ်ခါမျှ မမျှော်လင့်ခဲ့ပေ။

ရုတ်တရက် တစ်စုံတစ်ခုကို ခံစားမိသကဲ့သို့ တုန်ဖန်းမုန့်ယောင်၏ မျက်ဆံနက်များ ကျုံ့ဝင်သွားသည်။ ထို့နောက် သူမ၏ ခန္ဓာကိုယ်တစ်ခုလုံး အေးစက်သွားသည်ကို ခံစားလိုက်ရ၏။

ဘုန်း!

အဆုံးမဲ့ကျယ်ပြောသော ကောင်းကင်ထက်တွင် ဘီလီယံနှင့်ချီသော ကောင်းကင်ဘုံ လျှပ်စီးများ ရူးသွပ်စွာ စုဝေးလာကြသည်။ ထိုစုစည်းမှုကြီးမှာ အလွန် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ၎င်းသည် နတ်မိမယ်တိုင်းပြည်ပေါ်သို့ အရိပ်မည်းကြီးတစ်ခုဖြင့် ဖုံးအုပ်စေကာ မရေမတွက်နိုင်သော အမျိုးသမီး ကျင့်ကြံသူများအား ထိတ်လန့်ကြောက်ရွံ့မှုဖြင့် တုန်ယင်စေတော့၏။

“ဒီ လျှပ်စီးဘေးဒဏ်ရဲ့ စွမ်းအားက… ဘယ်လို ဖြစ်နိုင်မှာလဲ?” တုန်ဖန်ကျင်း၏ မျက်နှာသည် ထိတ်လန့်မှုများဖြင့် ပြည့်လွှမ်းလာသည်။

ဒါဟာ သူမ တစ်ချိန်က ရင်ဆိုင်ခဲ့ရတဲ့ လျှပ်စီးဘေးဒဏ်နဲ့ ကမ္ဘာတစ်ခုစာလောက် ကွာခြားနေတာပဲ!

တုန်ဖန်ကျင်း မသိခဲ့သည်မှာ သူမ၏သမီးသည် အဆင့်ခြောက်လျှပ်စီးဘေးဒဏ်ကို ရင်ဆိုင်နေရခြင်းပင်။

စုစည်းနေသော လျှပ်စီးဘေးဒဏ်ကို စူးစမ်းခန့်မှန်းလိုက်ပြီးချိန်တွင် တုန်ဖန်းမုန့်ယောင်၏ သေးငယ်သော မျက်နှာလေးမှာ ကြောက်လန့်မှုဖြင့် ဖြူဖျော့သွားသည်။ သူမ၏ ကိုယ်လုံး ပိန်ဖျော့ဖျော့လေးမှာလည်း တဆတ်ဆတ်တုန်ယင်လျက်။

အို ဘုရားရေ၊ လျှပ်စီးဘေးဒဏ်စမ်းသပ်မှုက အဲ့လောက်တောင် ကြောက်စရာကောင်းတာလား?

သူမ နောင်တရလာမိသည်!

“အမေ…” တုန်ဖန်းမုန့်ယောင် အမေဖြစ်သူကိုတပြီး စတင်ငိုယိုတော့သည်။ သူမ၏နှလုံးသားမှာ ထိုမျှကြီးမားသောထိုးနှက်ချက်ကို တောင့်ခံနိုင်စွမ်းမရှိပါချေ။

“ဒီကလေးကတော့လေ!”

တုန်ဖန်ကျင်းသည်လည်း စိုးရိမ်မှုဖြင့် ချွေးများရွှဲနစ်နေသည်။ သူမ၏သမီးကို ကူညီပေးဖို့ အသည်းအသန်အကြံထုတ်သော်လည်း လျှပ်စီးဘေးဒဏ်ကား ဖွဲ့စည်းပြီးပြီဖြစ်၏။ ၎င်းသည် မဆိုင်သော ပြင်ပကျင့်ကြံသူတစ်ဦး ဝင်ရောက်စွက်ဖက်ခြင်းအား လုံးဝခွင့်ပြုပေးမည်မဟုတ်။

လျှပ်စီးဘေးဒဏ်ကို ဝင်ရောက်စွက်ဖက်မိသော မည်သည့် ကျင့်ကြံသူမဆို ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားမည်ကို လူတိုင်း သိသည်။

“ဘာလုပ်ရမလဲ? ငါဘာလုပ်ရမလဲ?!”

တုန်ဖန်ကျင်း၏ နှလုံးသားသည် စိုးရိမ်ပူပန်မှုဖြင့် လောင်ကျွမ်းနေလေပြီ။ ရုတ်တရက် သူမသည် အစားအသောက်မပျက်သေးသော ယဲ့ကျွင်းလင်ထံ အကြည့်ရောက်သွားမိသည်။ ဘာကြောင့်ရယ်မှန်းမသိ ဒီလူကတော့ ဖြေရှင်းပေးနိုင်လောက်မည်ဟု အလိုလိုတွေးထင်နေမိ၏။

အကူအညီတောင်းလိုစိတ်ဖြင့် တုန်ဖန်ကျင်း ထိုသူ့ထံကို အမြန်ပြေးသွားလိုက်သည်။ ယဲ့ကျွင်းလင်၏ ခြေရင်းတွင် ဒူးထောက်ချလိုက်ပြီး မျက်ရည်များဖြင့် တောင်းပန်သည်။

“အကြီးအကဲယဲ့! ကျေးဇူးပြုပြီး ကျွန်မရဲ့သမီးကို ကယ်ပေးပါ!”

စကားများ ထွက်သွားသည်နှင့် တုန်ဖန်ကျင်းမှာ အလွန်တရာရှက်ရွံ့သွားမိရ၏။ သူမ အမှန်တကယ်ကို ကူကယ်ရာမဲ့နေခြင်းပါပေ။

ဒီအခြေအနေမှာ အခြားလူတစ်ယောက်ဆီက အကူအညီတောင်းတာ ဘာအကျိုးရှိမလဲ?

တစ်ဖက်လူက ဒဏ္ဍာရီလာ မသေမျိုးဘုရင်ကြီးပင် ဖြစ်နေပါစေ၊ လောကအရှင် လျှပ်စီးဘေးဒဏ်ကို ရင်ဆိုင်ဖို့ရာလောက်ထိ အရေးပါနိုင်မည်မဟုတ်!

“ဪ ဘာအရေးကြီးကိစ္စများပါလိမ့်လို့။”

ယဲ့ကျွင်းလင် လက်ထဲမှတူကို ချလိုက်သည်။ ထို့နောက် တုန်ဖန်ကျင်းဆီသို့ လက်တစ်ဖက် ညင်သာစွာဆန့်ထုတ်ပေးလျက် ထူမသည်။

ထို့နောက် အပြုံးဖြင့် ပြောလာသည်။ “စိတ်မပူပါနဲ့၊ မိုးကြိုးလေးက ငါတို့နဲ့ မိသားစုဝင်လိုပါပဲ၊ ငါ ပြောလိုက်ပါ့မယ်”

“ဟင်?”

တုန်ဖန်ကျင်းမှာ တစ်ဖက်လူကို တအံ့တသြငေးမောရင်း ခေါင်းပေါ်တွင် မေးခွန်းအမှတ်အသားများစွာ ပေါ်လာသည်။

မိုးကြိုးလေးဆိုတာ ဘယ်သူကြီးလဲ?

“ဟားဟား၊ ငါတို့အားလုံးက မိသားစုဝင်တွေပါပဲ၊ အကြီးအကဲမိုးကြိုးက ဘုရင်မရဲ့သမီးကို အခက်တွေ့စေမှာမဟုတ်ပါဘူး” လီဝူကျယ်က ရယ်မောရင်း ရှင်းပြလိုက်သည်။

“သူက ဆရာသခင်ကို အရမ်းမျက်နှာသာပေးတာ၊ ဒါကြောင့် စိတ်ချနိုင်ပါတယ်!”

“မှန်တယ်၊ ကူညီပေးရမှာ သူ့တာဝန်ပါပဲ” ဟုန်ချန်ယဲ့ကလည်း ခေါင်းညိတ်ထောက်ခံသည်။

တုန်ဖန်ကျင်းမှာ နားထောင်လေလေ ပို၍ ရှုပ်ထွေးလာလေလေ ဖြစ်သည်။ သူမသည် စိတ်လှုပ်ရှားစွာ ပတ်ပတ်လည်ကိုလိုက်ကြည့်ကာ သူတို့ပြောသောမိုးကြိုးလေးကို ရှာဖွေမိသည်။

“ကျွန်မ မေးပါရစေ၊ အကြီးအကဲမိုးကြိုးဆိုတာ ဘယ်မှာလဲ?” တုန်ဖန်ကျင်း ကြောင်တောင်တောင်ဖြင့် သတိကြီးစွာမေးလိုက်သည်။

“ဟိုမှာ!” ယဲ့ကျွင်းလင်က လက်ညှိုးထိုးပြသည်။

တုန်ဖန်ကျင်းသည် လက်ညှိုးညွှန်ရာသို့ မော့ကြည့်လိုက်ပြီး ပို၍ပင်ကြောင်အသွားရ၏။

ဒီတော့ နင်တို့အကုန်လုံးပြောနေကြတာ အဲ့ဒီလျှပ်စီးဘေးဒဏ်အကြောင်းပေါ့လေ?

တစ်ခဏတွင် တုန်ဖန်ကျင်းမှာ ပူးပေါင်း လှည့်စားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။ နာကျင်မှု၊ ရှက်ရွံ့မှုနှင့် ဒေါသ တို့ ရောနှောနေသော စိတ်ခံစားမှုများသည် သူမ၏နှလုံးသားတွင် လှိုင်းလုံးများကဲ့သို့ တိုက်ခတ်လာသည်။

ဒီလိုစနောက်တာက အရမ်း လွန်လွန်းတယ်!

ဒုက္ခရောက်နေတဲ့လူကို အရူးလိုသဘောထားနေတာပဲ မဟုတ်ဘူးလား?

လျှပ်စီးဘေးဒဏ်သည် ဘီလီယံနှင့်ချီသော ကျင့်ကြံသူများအတွက် မသေမျိုးဘုံတက်ရောက်ခြင်းလှေကား၏ အရှင်သခင်ဖြစ်သည်။

အဆင့်အတန်းက အရမ်းမြင့်မြတ်တယ်၊ နင်တို့ပြောသလို လွယ်လိမ့်မယ်ထင်နေလား?

တုန်ဖန်ကျင်း စိတ်ပျက်အားငယ်လာချိန်တွင် ယဲ့ကျွင်းလင်က လည်ချောင်းတစ်ချက်ရှင်းကာ ကောင်းကင်သို့မော့ကြည့်ရင်း အော်ဟစ်လိုက်သည်။

“မိုးကြိုးလေး၊ တော်လိုက်တော့ကွာ၊ မင်း ငါ့မျက်နှာလည်း ထောက်ပါဦး"

ထိုစကားအဆုံးတွင်။

ကြမ်းကြုတ်ပြီး ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ လျှပ်စီး၏ အရှိန်အဟုန်သည် ရုတ်တရက် ရပ်တန့်သွားသည်။

လျှပ်စီးဘေးဒဏ် ဘာတွေတွေးပြီး ငြိမ်ကျသွားမှန်း ဘယ်သူမှမသိနိုင်။

အမှန်မှာ ဤရင်းနှီးသော ငွေရောင်ဆံပင်နှင့်လူငယ်ကို မြင်သောအခါ နှလုံးသားတစ်ခုလုံး နင်းချေခံလိုက်ရသလို ကြေကွဲသွားခြင်းသာဖြစ်၏။

တောက်၊ မင်း ထပ်လာပြန်ပြီလား?!

မင်းလို အဆင့်မြင့်ဆုံး အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်တစ်ဦးက ဒီကမ္ဘာမှာ ဘာလို့လတ်လျားလတ်လျားလုပ်နေသေးတာတုန်း?

ဘာမျက်နှာထောက်ရမှာလဲ? ဘာနဲ့ထောက်ရမှာလဲ?

ငါ့မှာလည်း စည်းမျဥ်းတွေ ဥပဒေတွေ ရှိတယ်ကွ!!

All Chapters