← Chapters

အခန်း (၄၈၂)

Vol. 35 Ch. 482

အခန်း (၄၈၂)

Vol. 35 Ch. 482

ကျားငါးမန်းဗိုလ်မှာ နားထောင်လေလေ ကြောက်လန့်လေလေဖြစ်သည်။ ခန္ဓာကိုယ်မှာ ဆန်ခါကဲ့သို့ တုန်ယင်နေပြီး နောက်ဆုံးတွင် ပါးစပ်မှ အမြှုပ်ထွက်ကာ မေ့မြောသွားတော့၏။

သူ၏ခန္ဓာကိုယ်သည် အစားအသောက်လောကတွင် ဤမျှအမျိုးအစားစုံလင်အောင် အသုံးဝင်လိမ့်မည်ဟု သူ တစ်ခါမျှ စိတ်ပင်မကူးခဲ့ဖူးချေ။

လူသားမျိုးနွယ်စု၊ ဤမျိုးစိတ်သည် အမှန်တကယ်ကို အလွန်အဆိပ်ပြင်း၏။

“ပြီးပြီ!”

ယဲ့ကျွင်းလင်သည် ဝတ်ရုံလက်ဖျားကို ဖျတ်ခနဲခါကာ တပည့်နှစ်ယောက်ကိုဦးဆောင်လျက် အဖိုးတန်ပစ္စည်းများ တင်ဆောင်၍ အောင်ပွဲဖြင့် လှည့်ပြန်ခဲ့လိုက်တော့သည်။

နတ်မိမယ်တိုင်းပြည်။

တုန်ဖန်ကျင်းနှင့် သမီးဖြစ်သူ တုန်ဖန်းမုန့်ယောင်တို့သည် စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။

ယဲ့ကျွင်းလင်တို့အဖွဲ့ ပြန်လာသည်ကိုမြင်သော် သူတို့အလွန် ပျော်ရွှင်မြူးထူးသွားရ၏။

ဆိုလိုသည်မှာ မြောက်ပင်လယ်ဒေသရှိ ဘေးအန္တရာယ်ကို လုံးဝ ဖြေရှင်းပြီးပြီးဟု။

“သခင်လေးယဲ့၊ ဒါတွေက…” တုန်ဖန်းမုန့်ယောင်၏ လှပသော မျက်လုံးလေးများ ပြူးကျယ်သွားသည်။ သူတို့လက်ထဲတွင် အမျိုးအစားစုံလင်သော ပင်လယ်သတ္တဝါများစွာ။

“မြင်တဲ့အတိုင်းပဲ၊ ဟင်းချက်ဖို့ ပါဝင်ပစ္စည်းတွေပေါ့!” ယဲ့ကျွင်းလင်က ဖြေလိုက်သည်။

“ကျွန်မတို့ အရသာရှိတဲ့ ပင်လယ်စာပွဲတော်နောက်တစ်ခု ကျင်းပနိုင်ဦးမှာလား?” တုန်ဖန်ကျင်းက မျှော်လင့်တကြီးမေးသည်။ ပြီးခဲ့သည့်အကြိမ်က ငါးမန်းတောင်အရသာမှာ သူမ၏မှတ်ဉာဏ်တွင် လတ်ဆတ်စွာစွဲကျန်ဆဲ ဖြစ်သည်။

“ဒါတွေအားလုံး ရှုရှုကိုပေးလိုက်ပါ!”

ပုရှောင်ရှီးသည် စားဖိုမှူးဦးထုပ်ဖြူကို ဝတ်ဆင်ထားပြီး ဓားထက်ထက်တစ်ချောင်း ကိုင်ဆောင်လျက်သား စောင့်ဆိုင်းနေသည်။ သူမ၏ ချစ်စရာကောင်းသော မျက်နှာလေးတွင် ယုံကြည်မှုအပြည့်ဖြင့်။

နောက်တော့။

အရသာရှိသော ပင်လယ်စာများ တစ်ပွဲပြီးတစ်ပွဲ ပြင်ဆင်လေတော့သည်။ ပြင်ဆင်နေဆဲအချိန်တွင်းမှာပင် လူများကို သွားရည်ကျစေသော မွှေးပျံ့သည့်အနံ့မှာ ဝေ့ဝဲလျက်ရှိလေပြီ။

“အားခွင်း၊ ညစာ အဆင်သင့်ဖြစ်ပြီ!” ယဲ့ကျွင်းလင်က ခေါ်လိုက်သည်။

ဘုန်း~

လေပြင်းတိုက်သံနှင့် မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။

ကောင်းကင်၏ အနက်ရှိုင်းဆုံးတစ်နေရာတွင် လေစီးကြောင်းကို အလိုက်စီးနင်းလာသော ဧရာမ သတ္တဝါကြီးတစ်ကောင်သည် တော်ဝင်နန်းတော်ပေါ်သို့ ဆင်းသက်လာသည်။ ရုတ်တရတ် မြို့တော်၏ နေထိုင်သူများစွာ အလန့်တကြား ဖြစ်ကုန်ကြတော့၏။

“အကြီးအကဲယဲ့၊ ယဲ့…” တုန်ဖန်ကျင်းမှာ အလွန်အမင်းမျက်နှာပျက်လျက်ရှိ၏။ ဤ ဧရာမသားရဲသည် ဒဏ္ဍာရီလာ နတ်ဘုရားသားရဲ ခွင်းဖန်းနှင့် အဘယ်ကြောင့် ဤမျှ ဆင်တူနေသနည်း?

“မကြောက်ကြပါနဲ့၊ ဒါငါ့ရဲ့စီးတော်ယာဥ်။ ဒီစားပွဲပြီးရင် ငါတို့ခရီးဆက်တော့မှာမလို့ သူ့ကိုပါ တစ်ခါတည်းစားဖို့ခေါ်လိုက်တာ” ယဲ့ကျွင်းလင်က ပြုံးပြီး ရှင်းပြသည်။

“စီးတော်ယာဉ်?”

တုန်ဖန်ကျင်း၏ မျက်ခုံးများ တွန့်ချိုးသွားပြီး ယဲ့ကျွင်းလင်၏ ကြီးမြတ်သော အစွမ်းအစကို ပိုလို့နားလည်လိုက်မိတော့သည်။

မည်သည့် ကောင်းကင်ဘုံမသေမျိုး အဆင့်ရှိ သတ္တဝါမဆို ယနေ့ခေတ် အလယ်ပိုင်းဒေသတွင် ထင်ရှားသော အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ဖြစ်ကိုဖြစ်ရမည်။

သို့သော် ထိုအဆင့်ရှိ သတ္တဝါသည် သူမ၏ရှေ့မှ ဤလူ၏ စီးတော်ယာဥ်အဆင့်သာ ရှိနေခဲ့သည်ပင်။

တုန်ဖန်းကျင်း နှုတ်ခမ်းနီရဲရဲကို တစ်ချက်ကိုက်ကာ မျက်လုံးအကြည့်များ ပြောင်းလဲသွားပြီး ခပ်ရဲရဲအတွေးတစ်ခု ဝင်လာတော့၏။

“အကြီးအကဲယဲ့ရဲ့ စီးတော်ယာဥ်က ငါသာဆိုရင် ဘယ်လောက် ကောင်းလိုက်လေမလဲ…”

တုန်ဖန်ကျင်း၏ အမူအရာကို သတိပြုမိသော ယဲ့ကျွင်းလင်မှာ မျက်ခုံးနည်းနည်းလှုပ်သွားရသည်။

ဒီမိန်းမ၊ ထူးထူးဆန်းဆန်းတွေ ထပ်တွေးနေတာတော့ မဟုတ်ဘူးမလား?

ချက်ချင်းဆိုသလိုပင်။

ခွန်ဖန်သည် လူငယ်လေးတစ်ဦးအဖြစ် ပြောင်းလဲသွားသည်။ ဆံပင်ကို အလယ်ခွဲထားသော ဆယ်ကျောက်သက်ကောင်လေးက မျက်လုံးများ တဖျတ်ဖျတ် တောက်ပနေပြီး စိတ်လှုပ်ရှားစွာဆိုသည်။ “ဆရာသခင်! အားခွင်း စားဖို့ ရောက်လာပြီ!”

အရသာရှိသော ဟင်းပွဲများကို မြင်သောအခါ အားခွင်း သွားရည်ကျလာသည်။ အကုန်လုံးကို သူတစ်ယောက်တည်းသာ မျိုချလိုက်ချင်၏။

သို့သော် အကယ်၍သူသာ အကုန်မျိုချလိုက်ပါက ချစ်လှစွာသောသခင်မှ ကြိုးဖြင့်ဇောက်ထိုးဆွဲထားလောက်ပေမည်။

“စား၊ ကောင်းကောင်း စားပြီး ကိုယ့်လမ်းကိုယ်သွားကြရအောင်” ယဲ့ကျွင်းလင်က ပြုံးပြီးပြောလိုက်သည်။

ထိုစကားက နည်းနည်း‌တော့ ထူးဆန်းနေသလိုလို။

အပြင်ဘက် ပွဲတော်တွင်လည်း လူတိုင်းသည် စိတ်အားထက်သန်စွာ စားသုံးပျော်ပါးနေကြသည်။ သူတို့၏မျက်နှာများတွင် ပျော်ရွှင်မှုများဖြင့် ဝင်းပနေလျက်။

ပါဝင်ပစ္စည်းများသည် အလွန် အဆင့်မြင့်သောကြောင့် ၎င်းတို့ကို မသေမျိုးအဆင့် စားဖိုမှူးဖြစ်သော ပုရှောင်ရှီးကသာ ပြီးပြည့်စုံစွာ ကိုင်တွယ်ခဲ့သည်။ ထိုအစားအစာများကို စားသုံးလိုက်သည့်အခါ သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ချွေးပေါက်တိုင်းမှ ရောင်စုံအလင်းများ လင်းချင်းထွက်ပေါ်လာသည်။ အရေပြားများမှာလည်း တောက်ပ‌သောရောင်ခြည်ဖြင့် ဝင်းပနေကာ ပွဲတော်တစ်ခုလုံး မင်္ဂလာကျက်သရေအပေါင်းဖြင့် လွှမ်းခြုံလျက်ရှိတော့၏။

“ဒီ ပင်လယ်သခွားသီးဟင်းချိုက အရမ်း အရသာရှိတာပဲ!”

“ပြည်ကြီးငါးကင်ရဲ့အရသာက လုံးဝ ဒီကမ္ဘာပေါ်ကမဖြစ်နိုင်ဘူး!”

“ငါးပူတင်းဆာရှိမိလည်း အရမ်းကောင်းတယ်၊ ဝါးရတာ အရမ်းကို နူးညံ့လတ်ဆတ်ပြီး အရသာရှိတယ်!”

“အမလေးလေး ဒီငါးလမြွေကင်က အလွန်အရသာရှိတာပါလား!”

…

ဘုန်း!

ဟုန်ချန်ယဲ့သည် ထိုစားသောက်ပွဲမှ မိမိ၏ကျင့်ကြံရေးအတွက် အခွင့်အရေးရယူနိုင်ခဲ့သည်။ သူ၏ မွေးရာပါ ထူးခြားသောပါရမီဖြင့် ပေါင်းစပ်သော် ကျင့်ကြံမှုသည် ကောင်းကင်မသေမျိုး နဝမအဆင့်သို့ အမြန်ဆုံး ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့လေ၏။

လီဝူကျယ်နှင့် အခြားတပည့်များသည်လည်း ကောင်းကင်မသေမျိုး တတိယအဆင့်ဆီသို့ ချိုးဖျက်ဝင်ရောက်နိုင်ခဲ့ကြလေသည်။

အဆင့်မတူညီသော လျှပ်စီးဘေးဒုက္ခကျော်ဖြတ်ခြင်းထံမှ ရရှိလာသည့် ရလဒ်ကွာခြားမှုပင်။

ကျင့်ကြံသူများအတွက် ဝိညာဥ်အားကောင်းသော ပါဝင်ပစ္စည်းများသည် အစွမ်းထက်သော ခွန်အားဖြည့်ဆေးများသာ ဖြစ်သည်။ ခန္ဓာကိုယ်ကို အားကောင်းစေပြီး စိတ်စွမ်းအင်အား သန့်စင်သန်မာစေသည်။

တုန်ဖန်ကျင်းသည်လည်း နတ်မိမယ်ကျင့်စဥ်ကို စတင်အသက်သွင်းလိုက်သည်။ သူမ၏ ဝမ်းဗိုက်အောက်ပိုင်းတွင် ပူလောင်သော ခံစားချက်ကို ခံစားနေရပြီး ခန္ဓာကိုယ်သည် မွှေးကြိုင်သော ချွေးစက်များဖြင့် ဖုံးလွှမ်းကာ မျက်နှာတစ်ပြင်လုံး ရဲရဲနီလျက်။

လက်ဖက်ရည်ခွက် တစ်ဝက်စာခန့်ကြာပြီးနောက် သူမသည် ကောင်းကင်ဘုံ မသေမျိုး နဝမအဆင့်မှ ဉာဏ်အလင်း မသေမျိုး ပထမအဆင့်သို့ ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့သည်။

ရုတ်တရတ်ရောက်ရှိလာသော ကံကောင်းခြင်းဖြင့် ကျင့်ကြံဆင့်ချိုးဖျက်တက်ရောက်နိုင်ခဲ့သည့်အတွက် တုန်ဖန်းကျင်း အလွန်ဝမ်းမြောက်ပီတိဖြစ်သွားရ၏။

တုန်ဖန်းမုန့်ယောင်သည်လည်း ခံစားချက် နည်းနည်းထူးဆန်းနေခဲ့သည်။ မကြာမီပင် သူမ၏ ကိုယ်ပိုင် အရှိန်အဝါသည် တည်ငြိမ်စွာ မြင့်တက်လာပြီး မျက်လုံးများတွင် တောက်ပသော အလင်းရောင်ခြည်တို့ ပွင့်လန်းလာသည်။

ဘုန်း…

ရုတ်တရက် ကောင်းကင်ယံဝယ် မှောင်မိုက်သော တိမ်များဖြင့် ဖုံးလွှမ်းသွားခဲ့သည်။ အနက်ရောင် တိမ်တိုက်များသည် မြို့ကို ဖိကြိတ်တော့မတတ် လေးလံထူထပ်လာကာ ခမ်းနားသော ဖိနှိပ်အားက တော်ဝမြို့တော်အား လွှမ်းခြုံရစ်သိုင်းလာခဲ့၏။

လျှပ်စီးဘေးဒဏ် ရောက်ရှိလာပြီ!

တုန်ဖန်းမုန့်ယောင်သည် စားသောက်ပွဲမှတစ်ဆင့် မသေမျိုးဘဝသို့ ရောက်ရှိတော့မည်!

All Chapters