← Chapters

ဖန်းကိုင့်

Vol. 148 Ch. 2105

ဖန်းကိုင့်

Vol. 148 Ch. 2105

ဆရာသခင်၏ စကားလုံးများကို မည်သူမှ သံသယမဝင်ပေ။ မုယွင်လုံသည်ပင် ဆရာသခင်အား မယုံကြည်ခြင်း မရှိချေ။

ဆရာသခင်က အမြဲတမ်း မှန်ကန်သည်။ နတ်ဘုရားနည်းစနစ်ခုနစ်ပါးက ထွက်ပေါ်လာမည်ဟု သူပြောသည့်အတွက် သေချာပေါက် ထွက်ပေါ်လာလိမ့်မည် ဖြစ်သည်။

မိသားစုလေးခုက အနာဂတ်၌ မိသားစုခုနစ်ခု ဖြစ်လာမည်ဟု ဆိုလိုသည်လား။

မုယွင်လုံသည် ဤဖြစ်နိုင်ချေကြောင့် စိုးရိမ်ပူပန်မှုကို ခံစားလာရ၏။ သူသည် အရာအားလုံးက ဆရာသခင်၏ အစီအစဉ်ထဲမှ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ခံစားမိလိုက်သည်။ နောက်ထပ် မိသားစုသုံးခု မည်သူတို့ ဖြစ်လိမ့်မည်နည်း။

အပြင်လူများက ၎င်းတို့အား လက်ဝယ်ရရှိနိုင်လိမ့်မည်လား။

လေးမျက်နှာကျေးရွာ၏ သမိုင်းတွင် အကျိုးအမြတ် အချို့ရရှိသော အပြင်လူအများအပြား ရှိခဲ့သည်။ မဟုတ်လျှင် သူတို့က ရွာသို့ လာရောက်ရန် ဆက်လက် ကြိုးစားနေမည် မဟုတ်ပေ။ သို့ဆိုလျှင်ပင် သူတို့က နတ်ဘုရားနည်းစနစ်အား ဆက်ခံရန် မဖြစ်နိုင်ပေ။

ရွာသားများက လေးမျက်နှာနတ်​ပြည်ထောင်၏ မျိုးဆက်များ ဖြစ်ကြသည်။ သူတို့သည် နတ်ဘုရားနည်းစနစ်များ၏ ဆက်ခံသူများဖြစ်ရန် ကြမ္မာရှိကြ၏။

မျိုးဆက်တစ်ခုချင်းစီတွင် များပြားသော လူများက နိုးထခြင်းဖြစ်စဉ်ကို တွေ့ကြုံခဲ့ကြသည်။ အားလုံးသော နတ်ဘုရားနည်းစနစ်အားလုံးက တဖြေးဖြေး ထွက်ပေါ်လာနိုင်သည်။ သို့သော် ရွာသားများသည် ထိုနေ့ရက်က အလွန် လျင်မြန်စွာ ရောက်လာမည်ကို ထင်မှတ်မထားခဲ့ပေ။ ဆရာသခင်၏ စကားအရ ယခု ဖြစ်ပျက်ခဲ့သော ပြောင်းလဲမှုကြောင့် အလျင်အမြန် ဖြစ်ပေါ်လာခြင်း ဖြစ်နိုင်သည်။

ဆရာသခင်က စကားပြောခြင်းအား ရပ်တန့်လိုက်သော်လည်း သူ၏ တိတ်ဆိတ်မှုက လူတိုင်း စိတ်ထဲသို့ တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ဆောင်ယူမလာနိုင်ခဲ့ပေ။ ဤရက်တွင် ဖြစ်ပျက်ခဲ့သည်များက လေးမျက်နှာကျေးရွာ၏ သမိုင်းကို တစ်ခေတ်ဆန်းစေခြင်း ဖြစ်သည်။ ဆရာသခင်သည် ရွာသားများကို ပြင်ပဘုံများနှင့် အဆက်အသွယ် ပြုလုပ်ရန် ခွင့်ပြုခဲ့သည်။ သူသည် မကြာခင်၌ နတ်ဘုရားနည်းစနစ်ခုနစ်ပါးက အားလုံး ထွက်ပေါ်လာတော့မည်ဟု ဆိုသည်။ လေးမျက်နှာကျေးရွာက အပြည့်အဝ ပြောင်းလဲမှုကို ဖြတ်သန်းရလိမ့်မည်။

ယခုအချိန်တွင် ထိုအပြောင်းအလဲက အဆိုးလား အကောင်းလား မည်သူမှ မသိကြပေ။

"ဆရာသခင်က ပြောလိုက်ပြီဆိုမှတော့ မင်းတို့ အခု ပြန်သွားနိုင်ပြီ။" အဘိုးမာက မုယွင်လုံနှင့် အခြားလူများကို ကြည့်ကာ ပြောလိုက်သည်။ လေးမျက်နှာကျေးရွာ၏ လက်ရှိ မိသားစုလေးခုတွင် မိသားစုနှစ်ခု၏ ခေါင်းဆောင်များက ရီဖူရှင်းအား ထုတ်ပယ်ရန် ကန့်ကွက်ခဲ့ကြသည်။ ဆရာသခင်သည်လည်း သူတို့က နတ်ဘုရားနည်းစနစ် ခုနစ်ပါး ထွက်လာသည်အထိ စောင့်ကာ အတူတူ ဆုံးဖြတ်ချက်ချသင့်သည်ဟု ပြောခဲ့သည်။

ထိုသို့သော အခြေအနေအောက်တွင် မုယွင်လုံက ရီဖူရှင်းအား ကန်ထုတ်ရန် အခွင့်အရေး မရှိတော့ပေ။

"ဆရာသခင်က ဒီလိုပြောတယ်ဆိုတော့ ကျုပ်တို့ နတ်ဘုရားနည်းစနစ်ခုနစ်ပါး ပေါ်ထွက်လာတာကို စောင့်ဖို့အပြင် ရွေးချယ်စရာမရှိတော့ဘူးပဲ။" မုယွင်လုံက ပြောလိုက်သည်။ ထို့နောက် သူက ပြန်လှည့်ကာ သူ့အဖွဲ့နှင့်အတူ ထွက်သွား၏။ လူအုပ်ကြီးက လူစုပြန်ခွဲသွားကြပြီး ဤလောကအသစ်၏ လျှို့ဝှက်ဆန်းကြယ်မှုကို စူးစမ်းရှာဖွေရန် ဆက်လက်လှုပ်ရှားခဲ့ကြသည်။

ကျန်နေသော နတ်ဘုရားနည်းစနစ် သုံးပါးက မကြာခင် ထွက်ပေါ်လာတော့မည် ဖြစ်သည်။ ဤသည်မှာ လေးမျက်နှာကျေးရွာ၌ နေထိုင်သူများအတွက် အရေးပါသည်။ လူတိုင်းသည် ကြီးမားသော အခွင့်အရေးအား စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။ သူတို့က ရွေးချယ်ခံရသူဖြစ်လျှင် မည်သို့ဖြစ်မည်နည်း။

ရွာထဲမှ သာမန်လူများသည် နတ်ဘုရားနည်းစနစ်အား ဆက်ခံပြီး အစွမ်းထက် တန်ခိုးရှင်ဖြစ်လာရန် မျှော်လင့်နေကြသည်။ မဟုတ်လျှင် ရွာသားများက ပြင်ပဘုံများနှင့် ဆက်သွယ်ရန် ထိုမျှ စိတ်အားထက်သန်နေလိမ့်မည် မဟုတ်ဘဲ အထီးကျန်စွာ အဆုံးသတ်ရပေလိမ့်မည်။

လေးမျက်နှာကျေးရွာမှ ဒေသခံများသာ မဟုတ်ဘဲ ပြင်ပဘုံများမှ လာသော တန်ခိုးရှင်များသည်လည်း မြင့်မားသည့် မျှော်မှန်းချက်များ ရှိကြပေသည်။

သူတို့က နတ်ဘုရားက ဆက်ခံနိုင်မည့် မျှော်လင့်ချက်ရှိနိုင်သလား။

ဤသည်မှာ အလွန် အရေးကြီးပြီး သူတို့ တွေ့ဖူးခဲ့သမျှ၌ အကြီးမားဆုံး အခွင့်အလမ်း ဖြစ်နိုင်သည်။ အနာဂတ်၌ မည်သို့ဖြစ်မည်ကို မည်သူမှ မသိနိုင်ကြပေ။

လူအများစုက သူတို့၏ မိသားစုများကို သတင်းပေးပြီး ဤနေရာသို့ လူအချို့ပို့ပေးရန် ပြောခဲ့ကြသည်။ ယခု လေးမျက်နှာကျေးရွာက တရားဝင် ဖွင့်လှစ်ခဲ့ပြီး ဖြစ်သည့်အတွက် ပြင်ပဘုံမှ တန်ခိုးရှင်များ လွတ်လွတ်လပ်လပ် လာရောက်၍ ရသင့်သည် မဟုတ်ပါလား။

အနည်းဆုံး သူတို့က ကြိုးစားကြည့်နိုင်၏။

လေးမျက်နှာကျေးရွာက ယခုတွင် ပို၍ သက်ဝင်လှုပ်ရှားလာသည်။ အစပိုင်းတွင် ထိတ်လန့်တုန်လှုပ်မှုကြောင့် ခေတ္တမျှ ငြိမ်သက်နေပြီးနောက် လေးမျက်နှာကျေးရွာသည် တန်ခိုးရှင်များစွာနှင့် စည်ကားလှသော နေရာတစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူတို့သည် အစပိုင်းတွင် ကျင့်ကြံခြင်းအခွင့်အလမ်းများ ရှာဖွေရန် အလျင်မလိုဟု တွေးထားခဲ့သော်လည်း ယခု လူတိုင်းသည် နတ်ဘုရားနည်းစနစ်အား ဆက်ခံရန် စိတ်ကူးကာ အချိန်တခဏလေးပင် မဖြုန်းတီးပစ်ချင်ကြပေ။

သို့သော် ရီဖူရှင်းနှင့် အခြားလူများက ငြိမ်းချမ်းသာယာသော အခြေအနေကို ပြန်လည်ရရှိနေသည်။ သူတို့က စားပွဲကို ဝိုင်းထိုင်နေကြပြီး အဘိုးမာနှင့် မျက်မမြင်ထျယ် နှစ်ယောက်လုံးကလည်း တည်ငြိမ်သော အခြေအနေအား ထိန်းသိမ်းထားနိုင်သည်။

"မုယွင်မိသားစုက ပိုပိုပြီး အတင့်ရဲလာတယ်။" အဘိုးမာက အသံနိမ့်နိမ့်နှင့် ပြောလိုက်၏။ "သူတို့သားက ဒီလို အပြုအမူမျိုး ဖြစ်နေတာ မအံ့ဩတော့ပါဘူး။ မုယွင်ရှု ငယ်ငယ်တုန်းက တကယ် လိမ္မာတဲ့ က​လေးတစ်ယောက်ပဲ။ သူ ကြီးလာမှ အနိုင်ကျင့်တတ်တဲ့လူ ဖြစ်လာမယ်လို့ ဘယ်သူထင်မိမှာလဲ။"

"လတ်တလောနှစ်တွေမှာ မုယွင်မိသားစုက အတော်လေး အင်အားကြီးလာတယ်။ သူတို့က ရွာကို ကောင်းကောင်း စိုးမိုးထားနိုင်တာလေးနဲ့ ရည်မှန်းချက်တွေ မာန်မာနတွေ အောက်မှာ အညံ့ခံလိုက်ရတော့တာပဲ။" သူတို့ဘေးမှ တစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။ "မုယွင်လုံပြောတာကို အခြေခံရရင် သူ လေးမျက်နှာကျေးရွာကို ဖွင့်ချင်နေတာ အချိန်အတော်ကြာကတည်းက ဖြစ်မယ်။"

"သူ့သားက ပြင်ပဘုံမှာ ကျော်ကြားနေတာ။ မုယွင်လန်က အပြင်ဘက်မှာ ရရှိထားတဲ့ ကြွယ်ဝမှုနဲ့ အာဏာကို ပြသချင်ရင်တောင် ရွာက ပိတ်ထားဆဲဆို သူက လာလည်လို့ မရနိုင်ဘူးလေ။ မုယွင်လုံက ကျိန်းသေ ရွာကို ဖွင့်စေချင်မှာပေါ့။" အဘိုးမာက သံပူတုန်းနာနာနှက်သလို အရေးကြီးဆုံးအချက်အား ထောက်ပြလိုက်သည်။

"ဖန်းကိုင့် မင်းလည်း အဲဒီလို ဖြစ်ချင်နေတာပဲမလား။ ဆန္ဒမရှိဘူးလို့တော့ မပြောနဲ့။"

"ဟေး.." ဖန်းကိုင့်က ပြုံးကာ ပြောလိုက်၏။ "ကျုပ်က ခြွင်းချက်မရှိ ဆရာသခင်ရဲ့ ဆုံးဖြတ်ချက်ကိုပဲ လိုက်နာမယ်လို့ မပြောခဲ့ဘူးလား။"

အဘိုးမာက ဖန်းကိုင့်အား ကြည့်လိုက်သည်။ ဤလူက အတော်လေး ပရိယာယ်ကြွယ်ကာ ကိုင်တွယ်ရခက်ခဲသော သူမျိုး ဖြစ်သည်။

"ဒီတစ်ခေါက် ဘာလို့ မုယွင်မိသားစုကို လူတွေရှေ့ ဆန့်ကျင်ခဲ့တာလဲ။" အဘိုးမာက မေးလိုက်သည်။

"တရားမျှတမှုအတွက်လေ။ ဒါပါပဲ။" ဖန်းကိုင့်က စားပွဲသို့ လျှောက်လာကာ မေးလိုက်၏။ "ကျုပ် ထိုင်ပြီး မင်းတို့နဲ့ နည်းနည်းလောက် သောက်လို့ရမလား။"

သူက မျက်လုံးများကို ကျဉ်းမြောင်းကာ အဘိုးမာနှင့် မျက်မမြင်ထျယ်အား ကြည့်လိုက်သည်။ သူက ဤဘေး၌ အချိန်အကြာကြီးရပ်နေခဲ့သော်လည်း ဤလူဆိုးနှစ်ကောင်က သူ့အား တစ်ခွက်တစ်လေမှ သောက်ရန် ဖိတ်ခေါ်ခဲ့ခြင်း မရှိပေ။ မည်မျှ ကျေးဇူးမသိတတ်လိုက်သနည်း။

"ထိုင်။" အဘိုးမာက ပြောလိုက်သည်။ ဖန်းကိုင့်က သူ့မြေး ဖန်းချွင့်ကိုပါ သူ့ဘေး၌ ထိုင်ရန် ဆွဲခေါ်လိုက်သည်။ ဖန်းချွင့်၏ တောက်ပသော မျက်လုံးများက စားပွဲကို ဝိုင်းထိုင်ထားသည့် လူများကို ကြည့်လိုက်သည်။ သူက အဘိုးဖြစ်သူ၏ အပြုအမူများကို အပြည့်အဝ နားမလည်နိုင်ပေ။

"ရှောင်လင်းက တစ်နေ့ထက်တစ်နေ့ ပိုလှလာတယ်။ မင်း ကြီးလာတဲ့အခါကျ မှင်တက်လောက်စရာ အလှလေး ဖြစ်လာမှာ သေချာပေါက်ပဲ။" ဖန်းကိုင့်က ထိုင်လိုက်ပြီးနောက် ရှောင်လင်းကို ချီးမွမ်းပြောဆိုလိုက်သည်။ ရှောင်လင်းက မျက်တောင်ခတ်လိုက်ကာ ရှက်ရွံ့စွာနှင့် မျက်လွှာချ၍ အောက်ကိုသာ ကြည့်နေတော့သည်။ သူမက ရေရွတ်သလို ပြောလိုက်၏။ "အဘိုးဖန်း"

"အရှက်သည်းတဲ့ ကလေးမလေးပဲ ဟားဟား။" ဖန်းကိုင့်က ရေရွတ်လိုက်သည်။ "ဖန်းချွင့် နောက်ကျရင် ရှောင်လင်းကို ထပ်အနိုင်မကျင့်နဲ့တော့။"

"ကျွန်တော် သူမကို အနိုင်မကျင့်ပါဘူး။" ဖန်းချွင့်က မချင့်မရဲနှင့် သူ့ကိုယ်သူ ကာကွယ်ပြောဆိုလိုက်သည်။

ဖန်းကိုင့်က သူ့အား ပြန်ပြောလာသည့် ဖန်းချွင့်၏ နဖူးကို တောက်လိုက်သည်။ ရှောင်လင်းက အလျင်အမြန် ပြောလာ၏။ "အဘိုးဖန်း ဖန်းချွင့်က ကျွန်မကို တကယ် အနိုင်မကျင့်ပါဘူး။"

"အဲဒါကောင်းတယ်။ နောက်ကျရင် အတူတူ ဆော့ဖို့အတွက် ဖန်းချွင့်ကို ခေါ်နော် သိလား။" ဖန်းကိုင့်က ရယ်မောလိုက်သည်။ ထိုစဉ်တွင် နောက်ထပ် ကောင်လေးတစ်ယောက်က သူ့အား စိုက်ကြည့်နေ၏။ ဖန်းကိုင့်သည် ထျယ်ထို၏ ကြောက်မက်ဖွယ် အကြည့်တို့အား သတိပြုမိသည့်အတွက် လက်ညှိုးညွှန်ကာ ပြောလိုက်သည်။ "ထျယ်ထို မင်းလည်း သူတို့နဲ့ ပေါင်းသင့်တယ်။ အဲဒါဆို မင်း အနိုင်ကျင့်ခံရတော့မှာ မဟုတ်ဘူး။"

"ကျွန်တော် အနိုင်ကျင့်မခံရပါဘူး။" ထျယ်ထိုက မေးကို မော့ကာ ပြောလိုက်သည်။

"ဟား... ဒါဆို နေ့တိုင်း မုယွင်မိသားစု ကောင်လေးဆီကနေ အနိုင်ကျင့်ခံနေရတာ ဘယ်သူများလဲ။" ဖန်းကိုင့်က စနောက်လိုက်၏။

"အဖေက ပြန်တိုက်ခိုက်ဖို့ ခွင့်မပြုထားလို့။ ကျွန်တော် သူ့ကို လုံးဝ မကြောက်ဘူး။" ထျယ်ထိုက ပြောလိုက်သည်။ သူက ခေါင်းအား ဆတ်ခနဲ မော့ကာ ဒေါသတကြီး ပြောလိုက်သည်။ အခြားလူများက ရယ်မောလိုက်ကြ၏။ ရီဖူရှင်းက ဖန်းကိုင့်ကို လှမ်းကြည့်လိုက်သည်။ သူသည် ထျယ်ထို၊ ရှောင်လင်းတို့နှင့် ရင်းနှီးအောင် လျင်မြန်စွာ လုပ်နိုင်စွမ်း ရှိသော ဖန်းကိုင့်အား အထင်ကြီးမိသွားသည်။  လေထုအခြေအနေမှာ အမြဲကောင်းမွန်သော မိတ်ဆွေများ ဖြစ်နေသကဲ့သို့ သက်သောင့်သက်သာနှင့် ရင်းရင်းနှီးနှီး ရှိလာသည်။

"သူ့ကို စနေတာ ရပ်လိုက်တော့။ လူတိုင်းက အပြင်မှာ ကျင့်ကြံခြင်းအခွင့်အလမ်းတွေ ရှာဖို့ သွားကြတယ်။ မင်းက ဘာလို့ မသွားသေးတာလဲ။" အဘိုးမာက ဖန်းကိုင့်ကို မေးလိုက်သည်။

"ကျင့်ကြံခြင်းအခွင့်အလမ်းဆိုတာ ကြိုတင်ပြဋ္ဌာန်းထားတဲ့ ကံတရားပဲ။ ဘိုးဘေးတွေက သူ့အလိုလို ထွက်ပေါ်လာတယ်ဆိုတော့ အရာအားလုံးက စီစဉ်ထားတာ ရှိပြီးသားလို့ ကျုပ် ယုံတယ်။ အဲဒါက ဖိအားပေးလို့ ရနိုင်တဲ့အရာ မဟုတ်ဘူး။ အရာအားလုံးက ကံတရားပေါ် မူတည်တယ်။" ဖန်းကိုင့်က ပြောလိုက်သည်။ "ကျုပ် မိသားစုမှာ ကံကောင်းခြင်းက မလုံလောက်ဘူး။ ဒါကြောင့် ဒီနေရာက ကံကြမ္မာကောင်းတချို့ကို ကျုပ်မြေး စုပ်ယူဖို့လိုအပ်နေတယ်။"

"ကံကြမ္မာကောင်းကို ကျုပ်အိမ်ထဲ ဘာလို့ လာရှာတာလဲ။" အဘိုးမာက မကျေမနပ် အမူအရာနှင့် ပြောလိုက်သည်။

ဖန်းကိုင့်က အဘိုးမာကို စွေကြည့်လိုက်၏။ သူသည် အဘိုးမာက သူ့ကံကြမ္မာကောင်းများကို ဖုံးကွယ်ရန် ကြိုးစားနေသည့် မြေခွေးအိုကြီးဖြစ်ကြောင်း သေချာပေသည်။ သူ မြင်နိုင်သည်မှာ အဘိုးမာ၏ အိမ်က လေးမျက်နှာကျေးရွာတစ်ခုလုံး၌ ကံအကောင်းဆုံးနေရာ ဖြစ်ပေသည်။

"အဘိုးမာ.. ကျုပ်တို့ သိလာတာ နှစ်တွေ အကြာကြီး ရှိနေပြီ။ ခင်ဗျား ဘာလို့ ကျုပ်အပေါ် ဒီလောက် လျှို့ဝှက်ထားရတာလဲ။" ဖန်းကိုင့်က အဘိုးမာအား ကြည့်ကာ မေးလိုက်သည်။ "ကျုပ်က မုယွင်လုံနဲ့ မတူညီတဲ့ လူမျိုးပါကွ.. ဟုတ်တယ်မလား။"

"ဘယ်သူ သိမှာလဲ။" အဘိုးမာက ပြောလိုက်သည်။

"ဒီလူအိုစုတ်ကြီးကတော့.." ဖန်းကိုင့်က ခပ်တိုးတိုး ကျိန်ဆဲလိုက်၏။ "ကျေးဇူးမကန်းနဲ့။ ကျုပ် အ​ခုလေးတင် အကူအညီပေးခဲ့တယ်မလား။"

"အဓိပ္ပါယ်မရှိတာ ထားလိုက်။ ဘာလိုချင်တာလဲဆိုတာသာ ပြော။" သူတို့က တစ်ရွာတည်းသားချင်းဖြစ်ကာ အသက်အရွယ်အားဖြင့်လည်း အတူတူ ဖြစ်သည်။ မုယွင်လုံ၏ မျိုးဆက်တစ်ခုလုံးသည်ပင် သူတို့ထက် ငယ်ရွယ်သည်။

ထို့ကြောင့် သူတို့က အချင်းချင်း ကောင်းစွာ သိသည်။

"မုယွင်လုံက ပိုပိုပြီး ရက်စက်လာတယ်။ သူသာဆက်ပြီး အာဏာရနေရင် လေးမျက်နှာကျေးရွာက လမ်းကြောင်း သွေဖယ်သွားလိမ့်မယ်။ နောက်ပိုင်း ဘာတွေဆက်ဖြစ်မလဲ ဘယ်သူမှ မသိဘူး။ ကျုပ် ဘာဖြစ်ဖြစ် ခင်ဗျားဘက်က ရပ်တည်ပေးမယ်။ ထျယ်ထိုက နတ်ဘုရားနည်းစနစ်ကို ဆက်ခံခဲ့တာဆိုတော့ ဆရာသခင်ရဲ့ အဆိုအရ သူက ပြောရေးဆိုခွင့်ရှိသူ ဖြစ်လာလိမ့်မယ်။ ကျုပ်တို့မှာ ဘယ်လိုရည်ရွယ်ချက်တွေပဲရှိရှိ ရွာအရေးက ဦးစားပေးပဲ ဖြစ်သင့်တယ်။" ဖန်းကိုင့်က ပြောလိုက်သည်။ "ခင်ဗျားတို့နှစ်ယောက်က ကျုပ်ရှိနေတာကို မကြိုဆိုမှတော့ ဒီမှာ အရှက်မရှိ ဆက်မနေတော့ပါဘူး။"

ထို့နောက် သူက ထရပ်ကာ ဖန်းချွင့်နှင့် ထွက်ခွာသွားလေသည်။

ကျန်ခဲ့သည့် လူများက သူတို့ ဝေးကွာသွားသည်အား ကြည့်နေကြ၏။ ရှောင်လင်းက အဘိုးမာကို ခိုးကြည့်၍ တိုးတိုးလေး ပြောလိုက်သည်။ "အဘိုးဖန်းက လူကောင်းတစ်ယော​က်ပါ။"

ဖန်းကိုင့်နှင့် ဖန်းချွင့်က ရွာတွင် မြင့်မားသော အဆင့်အတန်းရှိသော်လည်း သူတို့က မည်သူ့ကိုမှ နင်းခြေတတ်ခြင်းမရှိပေ။ သူတို့က စနောက်နေရခြင်းကို နှစ်သက်သော်လည်း မည်သည့် ဆိုးယုတ်သော ရည်ရွယ်ချက်မှ မထားရှိချေ။

"အဘိုးသိပါတယ်။ ဒါပေမယ့် ဒီမြေခွေးအိုကြီးက လျှို့ဝှက်ကြံစည်နေတာ ရှိတယ်လေ။" အဘိုးမာက ရီဖူရှင်းအား တစ်ချက်လှမ်းကြည့်လိုက်သည်။ ဖန်းကိုင့်က အစမှအဆုံးထိ ရီဖူရှင်းအကြောင်း ပြောမသွားခဲ့သော်လည်း သူက အမှန်တကယ် အဘိုးမာနှင့် မျက်မမြင်ထျယ်ထံသို့ လာလည်ခြင်း သက်သက် ဟုတ်ပါရဲ့လား။

***

All Chapters