← Chapters

မသေမျိုးလျှို့ဝှက်ပညာ

Vol. 39 Ch. 571

မသေမျိုးလျှို့ဝှက်ပညာ

Vol. 39 Ch. 571

"တားကြဟေ့။ သူ့ကိုမလွတ်စေနဲ့"

"သေလိုက်စမ်း"

"သတ်ကြ"

နောက်ဘက်မှစုစည်းခြင်းအဆင့်နတ်ဆိုးများ ကျယ်လောင်စွာအော်ဟစ်ကြသည်။ သွေးဆက်စွမ်းရည်ကို အမြင့်ဆုံးထိအသက်သွင်းသည်။ ဗီဇနတ်စွမ်းအားများ မိုးရွာသလိုကျလာသည်။

လေထုထဲတွင် ပေါက်ကွဲသွားသည်။ မြေပြင်တုန်ဟီးနေသည်။ တောအုပ်များ အစုလိုက်လဲပြိုသွားသည်။ ဖုန်လုံးများ လိမ့်တက်လာသည်။

"ဝှီး"

ကန်ထန်က သားရေချပ်ကို ကျင်လည်စွာထိန်းချုပ်၍ ဖုန်လုံးများအပြင်ဘက်သို့ ထိုးထွက်သည်။ လိုက်လာသူများ ဖုန်မှုန့်များကြားတွင် ကျန်ခဲ့သည်။

လုယန်တို့နှစ်ယောက်ကိုလည်း သူနှစ်သိမ့်သည်။

"မကြောက်နဲ့ မောင်လေးတို့။ ပျံသန်းတဲ့ပညာကို ပဥ္စမအကြီးအကဲဆီကနေ ငါသင်ထားတာ။ အဲဒီ့အဘိုးကြီးလောက် မကျွမ်းကျင်‌ပေမယ့်။ ဒီလူတွေကိုတော့ ကောင်းကောင်းမျက်ခြေဖြတ်နိုင်ပါတယ်"

လေပြင်းသက်ရောက်မှုကို ကာကွယ်ဖို့ သားရေချပ်ပေါ်တွင် မှော်အကာအကွယ်တစ်ခု တည်ဆောက်သည်။ ထိုအမြန်နှုန်းကို ရွှေသန္ဓေအဆင့်များ ခံနိုင်ရည်မရှိမှန်း သူသိသည်။

ထို့ပြင် သူပျံသန်းပုံကိုလည်း သာမန်လူများ ခံနိုင်ကြမည်မဟုတ်။ စကားလှအောင်ပြောလျှင် လိပ်ပြာတောင်ပံခတ်သလို ပျံသန်းခြင်းဖြစ်သည်။ ရိုးရိုးရှင်းရှင်းပြောလျှင် လေဆင်နှစ်မောင်းကဲ့သို့ ဝေ့ဝိုက်ပျံသန်းနေခြင်းဖြစ်သည်။ လုယန်၊ မုန်ကျင်းကျိုးနှင့် အရိုးရိုင်းတို့၏ ခန္ဓာကိုယ်ပေါင်းစပ်စကြာလှည့်သည်ထက် ပိုကြောက်စရာကောင်းသည်။

သို့သော် လုယန်တို့နှစ်ယောက်သည် ပဥ္စမအကြီးအကဲကျိုးရှင်း၏ အမြန်ဆုံးလွန်းပျံယဉ်ကိုစီးဖူးသည့် အတွေ့အကြုံရှိထားသဖြင့် ကံကောင်းသည်ဟု ဆိုရမည်။ ချက်ချင်းတော့ သတိလစ်မသွားကြ။

လမ်းတစ်လျှောက် ကန်ထန်က နောက်ဘက်သို့ တိုက်ခိုက်မှုများ ဆက်တိုက်လွှတ်သည်။ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကို ရောထားသည်။ လိုက်လာသည့် စုစည်းခြင်းအဆင့်နတ်ဆိုးများ ခြေကုန်လက်ပန်းကျလာပြီး နောက်ဆုံးတွက် လက်လျှော့သွားကြသည်။

"ပြောသားပဲ။ ငါ့ကိုမဖမ်းနိုင်ပါဘူးလို့။ ဒါကို ဆက်လိုက်နေတယ်။ အလကားအချိန်ကုန်ရုံပဲရှိမှာပေါ့"

ကန်ထန်သူ့ဘာသာရေရွတ်၍ သူတည်ဆောက်ထားသည့် စခန်းတစ်ခုဘေးသို့ ဆင်းသက်သည်။

"နင်တို့နှစ်ယောက် အဆင်ပြေရဲ့လား"

မြေပေါ်ဆင်းပြီးနောက် လုယန်တို့နှစ်ယောက် ဒယိမ်းဒယိုင်ဖြစ်နေသည်ကို သူမြင်ရသည်။

"ပြေ...ပြေပါ...အား..မရတော့ဘူး"

နှစ်ယောက်သား ပြေအောင်ကြိုးစားသော်လည်း ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ လဲပြိုကျပြီး သတိလစ်သွားသည်။

ကန်ထန် စိတ်ပျက်လက်ပျက် ခေါင်းခါလိုက်သည်။ သားရေချပ်ဖြင့် နှစ်ယောက်လုံးကိုလိပ်၍ စခန်းထဲသို့ သယ်သွားသည်။

အပြင်ဘက်မှ မိုးစက်ကျသံကြားသဖြင့် လုယန်မျက်လုံးဖွင့်ရန် ကြိုးစားသည်။ သူ့ဦးခေါင်းများ လေလံထိုင်းမှိုင်းနေသည်။ သတိမလစ်ခင်က ဘာဖြစ်ခဲ့သည်ကို ရုတ်တရက် မမှတ်မိ။

လှိုဏ်ဂူမျက်နှာကျက်ကို သူမော့ကြည့်သည်။ ရေစက်တစ်ခုစုဖွဲ့ပြီး သူ့မျက်နှာပေါ်ကျလာသည်။ ဦးခေါင်းကို တစ်ဘက်သို့လှည့်လိုက်သည်။ ဖြစ်ပျက်ခဲ့သမျှကို တဖြေးဖြေးပြန်မှတ်မိလာသည်။

‌ခေါင်းကို တစ်ဘက်သို့ပြန်လှည့်သည်။ ခြေထောက်တစ်စုံကို မြင်ရသည်။

မုန်ကျင်းကျိုး၏ခြေထောက်ဖြစ်သည်။

မုန်ကျင်းကျိုးကိုကျော်၍ လှမ်းကြည့်လိုက်သည်။ မီးပုံတစ်ခုဘေးတွင်ထိုင်နေသည့် ကန်ထန်ကိုတွေ့ရသည်။

ဖျတ်ဖျတ်လှုပ်ခါနေသည့် မီးတောက်ကြောင့် လှိုဏ်ဂူထဲတွင် ကန်ထန်၏အရိပ်က တိုလိုက်ရှည်လိုက်ဖြစ်နေသည်။ သူ့မျက်နှာပေါ်မှ အရိပ်များလည်း အဆက်မပြတ်ပြောင်းလဲနေသည်။ ထူးဆန်းသည့်အလှတစ်မျိုးဖြစ်လာသည်။

ကန်ထန်က ဗျတ်စောင်းတီးလျက် တေးသွားတစ်ပုဒ်ခပ်တိုးတိုးငြီးနေသည်။ သူ့အသံက စည်းချက်ကျ၍ နားဝင်ချိုသည်။ လှိုင်းစီးနေရသလို ခံစားရသည်။ မမြင်နိုင်သည့် စွမ်းအားတစ်မျိုးက ထိန်းချုပ်ထားသည်။

"နိုးလာကြပြီလား။ နင်တို့ခန္ဓာကိုယ်အခြေအနေက ငါထင်ထားတာထက် ပိုကောင်းတဲ့ပုံပဲ"

ကန်ထန် ဗျတ်စောင်းတီးခတ်မှုရပ်လိုက်သည်။ သူ့နှုတ်ခမ်းတွင် အပြုံးရိပ်ပေါ်လာသည်။ သူတီးခတ်ခဲ့သည့် သံစဉ်က ကိုယ်တိုင်ရေးစပ်ထားခြင်းဖြစ်သည်။ စိတ်ဝိညာဉ်ကိုတည်ငြိမ်စေသည့်အစွမ်းရှိသည်။

လုယန်တို့ စောစောစီးစီးပြန်သတိလည်လာသည်မှာ အမရှန်ကွမ်ပေးခဲ့သည့် အချိန်မသေမျိုး၏သစ်သားတံဆိပ်နှင့်လည်း သက်ဆိုင်သည်။

"ကျုပ်တို့နှစ်ယောက်လုံးသတိလစ်သွားတာလား"

လုယန်နှင့်မုန်ကျင်းကျိုးတို့ တစ်ပြိုင်တည်းလိုလို နိုးလာကြသည်။ နှစ်ယောက်သား အမြီးပြန်ခေါင်းပြန်အနေအထားဖြစ်သည်။

သူတို့ ချက်ချင်းထထိုင်သည်။ ပျံသန်းခဲ့ရသည့်ဒဏ်ကို ခံစားနေရဆဲဖြစ်သည်။ ဦးခေါင်းများ မူးဝေလာပြီး ပြန်လဲကျမတတ်ဖြစ်သွားသည်။

"စိတ်မလောကြနဲ့လေ။ ဖြေးဖြေးထပါ"

"ကျုပ်တို့ဘယ်ရောက်နေတာလဲ"

"ဒါလွန်ခဲ့တဲ့နှစ်တစ်ရာက ငါတည်ဆောက်ထားတဲ့ စခန်းပါ။ နှစ်တွေကြာခဲ့ပေမယ့် ဘယ်သူမှမတွေ့ကြသေးတာ ကံကောင်းတယ်။ ဒီနေရာက အတော်လုံခြုံပါတယ်။

ဟိုနတ်ဆိုးအိုတွေက လွယ်လွယ်နဲ့ လက်လျှော့မှာမဟုတ်ဘူး။ ဒီနားတစ်ဝိုက်မှာ လေးငါးရက်လောက် လှည့်ပတ်ရှာကြပြီးမှ ထွက်သွားလောက်တယ်။ ငါတို့ဒီမှာ ရက်ပိုင်းလောက် အနားယူရမယ်ထင်တယ်။

အစောပိုင်းက နည်းနည်းအလျင်လိုနေလို့ပါ။ အခု အချိန်နည်းနည်းရပြီဆိုတော့ လျှို့ဝှက်မြေကယူလာတဲ့ ရတနာတွေကို စစ်ဆေးကြည့်ရအောင်။

လုယန်နှင့်မုန်ကျင်းကျိုးတို့ ကျောက်စိမ်းတံဆိပ်များဖွင့်၍ ရတနာများ အပုံလိုက် သွန်ချကြသည်။

လုယန်က မူပိုင်ကျင်းယွီ(ရွှေဖြူကျောက်စိမ်း)သစ်သီးတစ်လုံးကောက်ယူ၍ ဝါးစားရင်း တစ်ခြားရတနာများကို‌ မွှေနှောက်စစ်ဆေးနေသည်။

စားနေရင်းမှာပင် သစ်သီးအာနိသင်က ခန္ဓာကိုယ်နှင့်ပေါင်းစပ်သွားသည်။ ဓားချီနှင့်အသက်ဓာတ်တိုးပွားလာသည်။

အသက်ဓာတ်တိုးလာသည်နှင့် ခေါင်းမူးနေသည့်ဝေဒနာ တဖြေးဖြေးပျောက်သွားသည်။

"ဒီဝိညာဉ်ကျောက်တွေကို အညီအမျှခွဲယူကြမယ်"

လုယန်က ဝိညာဉ်ကျောက်တုံးပုံကို နှစ်ပိုင်းအညီခွဲသည်။

"ဒီကျင့်စဉ်ပညာတွေ မင်းယူလိုက်"

မုန်ကျင်းကျိုးက လုယန်ကို စာအုပ်တစ်ထပ် ထိုးပေးသည်။

လုယန်ကြည့်လိုက်သည်။ မိတ်လိုက်ကျင့်စဉ်ပညာများဖြစ်သည်။

"ငါကဒါတွေဘာလုပ်ရမှာလဲ"

"ဒါဆို ငါ့အတွက်ရော အသုံးတည့်မှာတဲ့လား"

လုယန် ပြန်စဉ်းစားသည်။ မုန်ကျင်းကျိုးစကားမှန်သည်ဟု ခံစားရသည်။

စာအုပ်များကိုယူ၍ စာမျက်နှာတစ်ချို့လှန်ဖတ်ကြည့်သည်။ ထို့နောက် နှာခေါင်းရှုံ့လိုက်သည်။

ပုံမှန်မိတ်လိုက်ကျင့်စည်ပညာများက ယင်နှင့်ယန် အပြန်အလှန်ဖြည့်ဆည်းခြင်းဖြစ်သည်။ စွန်နီပိုင်ဆိုင်ထားသည့် ပညာရပ်အားလုံးက ယင်ကိုစုပ်ယူပြီး ယန်ကိုအားဖြည့်သည့် အစဉ်အလာသွေဖယ်သည့်နည်းလမ်းများဖြစ်သည်။ အလွန်တရာအန္တရာယ်များသည်။

"မီးပဲရှို့လိုက်တော့မယ်"

လုယန် စာအုပ်များကို မီးပုံထဲ ပစ်ထည့်လိုက်သည်။ ချက်ချင်းမီးလောင်၍ ပြာပုံဘဝရောက်သွားသည်။

"အဲ...စာအုပ်တွေထဲမှာ တစ်ခုခုရှိနေသလိုပဲ"

စာအုပ်များထဲမှ စာလုံးများက မီးတောက်နှင့်အတူ ပျံတက်လာသည်။ အားလုံးစုစည်းသွားပြီးနောက် မီးတောက်ထဲတွင် ရွှေရောင်စာရွက်တစ်ရွက်အဖြစ် ပြောင်းလဲသွားသည်။ မီးလုံးဝမလောင်။

လုယန် အံ့အားသင့်သွားသည်။ ထိုစာအုပ်များထဲတွင် တကယ်ကျင့်စဉ်ပညာအစစ်ကို ဝှက်ထားပုံရသည်။ မီးရှို့လိုက်မှ မူလကျင့်စဉ်ပေါ်လာခြင်းဖြစ်မည်။

"မတည်ဆောက်ခင် အရင်ဖျက်ဆီးရတယ်ဆိုတဲ့သဘောလား။ ဒါမှမဟုတ် တိုက်ဆိုင်သွားတာများလား"

လုယန် ခပ်တိုးတိုးရေရွတ်သည်။ မီးထဲမှ ရွှေရောင်စက္ကူကို ချက်ချင်းဆွဲယူသည်။

စက္ကူက သေးငယ်သည့်စာလုံးများ အပြည့်ရှိနေသည်။ အမှန်တကယ် ကျင့်စဉ်ပညာတစ်ခုဖြစ်သည်။

"ဒါက..."

"ဘာလဲ"

"မသေမျိုးတစ်ယောက်ရဲ့ လျှို့ဝှက်ကျင့်စဉ်ပဲ"

"ဘယ်လို"

မုန်ကျင်းကျိုးသာမဟုတ်။ ကျင်ကြံနေသည့်ကန်ထန်ပင် အံ့ဩသွားသည်။ မိတ်လိုက်ကျင့်စဉ်ကျမ်းများထဲတွင် ထိုမျှအဆင့်မြင့်သည့် လျှို့ဝှက်ပညာတစ်ခုရှိနေသည်။

ဤလျှို့ဝှက်ကျင့်စဉ်ပညာကို ရှေးဟောင်းဘာသာစကားသုံး၍ ရေးထားသဖြင့် လုယန်တစ်ယောက်သာ အပြည့်အဝနားလည်သည်။

"ဒါက ဘယ်လိုပညာရပ်လဲ"

"ယန်အားဖြည့်ကျင့်စဉ်ပညာပါ"

မုန်ကျင်းကျိုး "..."

...လာနောက်နေတာလား ဟေ့ကောင်။

"နေဦး၊ မသေမျိုးတစ်ယောက်က ယန်အားဖြည့်ပညာ ဘာလို့လိုအပ်မှာလဲ။ ဘယ်မသေမျိုးက ယန်အားဖြည့်ဖို့လိုတာလဲ"

မုန်ကျင်းကျိုး သူ့ဘာသာပြောရင်း ရှေးဟောင်းခေတ်၏‌ကောလဟာလတစ်ခုကို သတိရလာသည်။

"ယင်ထန်မသေမျိုးများလား။ ယင်ထန်မသေမျိုးက တစ်ညတည်းမှာ မိန်းမတစ်ရာနဲ့အိပ်တယ်။ လူကောင်းတွေရဲ့ဇနီးသည်တွေကို ယူတယ်။ တစ်ညတည်းနဲ့ မိန်းမတွေအများကြီး ကိုယ်ဝန်တည်အောင်လုပ်ခဲ့တယ်တဲ့"

လုယန် မုန်ကျင်းကျိုးကိုကြည့်၍ မယုံနိုင်အောင်ဖြစ်သွားသည်။ ထိုကောလဟာလများ သူဘယ်ကကြားလာသည်မသိ။ သူကောင်းကင်ဆင်းရဲဖြတ်ချိန်ရောက်လျှင် ကောလဟာလဖြန့်သည့်အတွက် ယင်ထန်မသေမျိုးက သူ့ကိုရိုက်သတ်မည်ကို မကြောက်ဘူးထင်သည်။

မသေမျိုးများသေသွားလျှင်လည်း သူတို့အရိယဖလက ပျောက်ကွယ်မသွား။ နတ်မယ်သည် ဥပမာကောင်းတစ်ခုဖြစ်သည်။

ကောင်းကင်ဆင်းရဲများ ရှိနေသေးသော်လည်း ယင်ထန်မသေမျိုး အသက်ရှင်လျက်ရှိမရှိ သေချာမဆုံးဖြတ်နိုင်။

"ဒါက ချီလင်မသေမျိုးအတွက်ပါ။ သူ့မှာ မယားနှစ်ယောက်ရှိတယ်လေ"

ယန်အားဖြည့်ပညာ အသုံးပြုသူအစစ်ကို လုယန် ပြောပြလိုက်သည်။

"ချီလင်မသေမျိုး...ဟုတ်လား"

"လူတွေကသူ့ကို နတ်ဆိုးမသေမျိုးလို့ ခေါ်ကြတယ်။ သူ့သရုပ်မှန်က ချီလင်ပဲ။ လောကမှာ တစ်ဦးတည်းသောချီလင်ပေါ့။ သူ့မှာ မိန်းမနှစ်ယောက်ရှိတယ်။ တစ်ယောက်က နဂါးမ၊ တစ်ယောက်က ဖီးနစ်မပါ။

ဒီယန်အားဖြည့်ပညာကို နတ်ဆိုးမသေမျိုးရဲ့ မိန်းမနှစ်ယောက်က လေ့လာခဲ့ကြတာ"

ကန်ထန်မျက်နှာတွင် အံ့ဩရိပ်ပေါ်လာသည်။ ပညာရှင်အသိုင်းအဝိုင်းက နတ်ဆိုးမသေမျိုး၏ပုံစံအစစ်သည် ချီလင်ဖြစ်သည်ဟု ခန့်မှန်းခဲ့ကြသည်။ သို့သော် ခိုင်မာသည့် သက်သေအထောက်အထားမရှိ။ ထို့ကြောင့် ဘယ်သူမှ သေချာမပြောနိုင်။

ထိုခန့်မှန်းချက်သည် စပေါ်ကတည်းက အငြင်းပွားစရာဖြစ်ခဲ့သည်။ သို့သော်ယခု သူ့ဂိုဏ်းတူမောင်လေး၏လေသံအရ အတော်သေချာဟန်ရှိသည်။ ခိုင်မာသည့် သက်သေအထောက်အထားရှိနေသလားမသိ။

နတ်ဆိုးမသေမျိုးတွင် မိန်းမနှစ်ယောက်ရှိသည့်ကိစ္စကိုတော့ ရှေးဟောင်းခေတ်သမိုင်းကို နှစ်ပေါင်းများစွာလေ့လာခဲ့သည့် သူ့လိုလူပင် တစ်ခါမှမကြားဖူးခဲ့။

ရှေးဟောင်းခေတ်အတွင်းက နဂါးနှင့်ဖီးနစ်မျိုးနွယ်တို့တွင် အလွန်တရာစွမ်းအားကြီးသည့် ပါရမီရှင်နှစ်ယောက်ရှိခဲ့သည်။ မသေမျိုးတစ်ဝက်အဆင့်ရောက်ခဲ့သည်။ ရှောင်လုပြောနေသည့် ချီလင်၏မိန်းမနှစ်ယောက်ဆိုသည်မှာ ထိုနှစ်ယောက်ကိုရည်ညွှန်းခြင်းလားမသိ။

အမယွမ် ရှောင်လုကိုလွှတ်လိုက်သည်မှာ မထူးဆန်းတော့။ ကျင့်စဉ်အဆင့်မမြင့်သော်လည်း ရှေးဟောင်းခေတ်သမိုင်းအကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိထားသည်။

*******************************

All Chapters