အမည်မဲ့စွမ်းအားရှင်
Vol. 39 Ch. 574
တိုက်နယ်အောက်ခြေလွှာသို့ သွားနိုင်သည့် ကျင့်ကြံသူများ မရှားပါ။ သို့သော် ဘယ်သူမှသွားချင်ကြမည်မဟုတ်။ သွားလျှင်လည်း ဘာမှအဓိပ္ပါယ်မရှိ။
လုယန်လည်း ထိုသို့ပင်ဖြစ်သည်။ မြေစုံ့ပညာဖြင့် တိုက်နယ်အောက်ခြေကို လာကြည့်ရမည်ဟု တစ်ခါမှ မစဉ်းစားဖူးခဲ့။
ကန်ထန်စကားကြောင့်သာ သူထို့သို့လုပ်ခြင်းဖြစ်သည်။
တိုက်နယ်အောက်ခြေတွင် မှောင်မည်းနေသည်။ ဘာမှမမြင်ရ။ ဝိညာဉ်အာရုံဖြန့်ကြည့်ဖို့ တွေးလိုက်သည်။ သို့သော် နတ်မယ်ကတားသည်။
"နင့်ဝိညာဉ်အာရုံကိုမသုံးနဲ့။ ဒီအောက်ခြေလွှာတည်ဆောက်ပုံက နင်နားလည်နိုင်စွမ်းထက််မြင့်တယ်။ သွားကြည့်မိတာနဲ့ နင့်စိတ်တွေ ဖောက်ပြန်သွားနိုင်တယ်"
လုယန် သူ့စကားနားထောင်၍ နောက်ဆုတ်သွားသည်။ မသေမျိုးများကိစ္စဖြစ်၍ မသေမျိုးကိုသာ လွှဲလိုက်သည်။ ဝင်မစွက်တော့။
"နောက်နည်းနည်းဆုတ်ဦး။ မထင်မှတ်တာတစ်ခုခုဖြစ်လာရင် နင်ထိခိုက်မှာစိုးလို့ပါ"
နတ်မယ်လည်း ထိုအရာမျိုး ပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။
ကန်ထန်ပြောသည့် အခြေအနေကို နားထောင်ပြီးနောက် တိုက်နယ်အကာအကွယ်က ထိုးဖောက်၍မရနိုင်ကြောင်းသိရသည်။ သို့သော် ဖျက်ဆီးမှု တန်ပြန်စွမ်းအားလို အာနိသင်မျိုးရှိမရှိ ဘယ်သူမှမသိ။
လုယန် အတော်ဝေးဝေးသို့ထပ်ဆုတ်သွားသည်။
"နင်ဘာလို့ ဒီလောက်အဝေးကြီးသွားတာလဲ"
နတ်မယ် လုယန်ကို ပြန်ခေါ်သည်။
လုယန်နဖူးကို လက်ဖြင့်နှစ်ကြိမ်ပုတ်ပြီး သူ့ဝိညာဉ်အာရုံနှင့် ဆက်သွယ်လိုက်သည်။
လုယန် ဘယ်လောက်ဝေးဝေးသွားသွား ကိစ္စမရှိတော့။ သူ့အာရုံစက်ကွင်းထဲတွင် ရှိနေသရွှေ သူတို့နှစ်ယောက်ဆက်သွယ်နိုင်သည်။
သို့သော် လုယန်စိတ်ပိုင်းဆိုင်ရာထိခိုက်မှုမဖြစ်စေရန် အရင်လို သူ့အမြင်အာရုံကို မျှဝေမထားတော့။
"ရပြီ၊ နင်သွားလို့ရပြီ"
လုယန် ဘေးကင်းသည့်နေရာထိ ဆုတ်သွားပြီးနောက် နတ်မယ် ဝိညာဉ်အာရုံဖြန့်သည်။ အကာအကွယ်နံရံကို တစ်လက်မမကျန်စစ်ဆေးသည်။
အားကောင်းသည့် ဝိညာဉ်အာရုံကြောင့် တိုက်နယ်အောက်ခြေလွှာ၏ တည်ဆောက်ပုံကို မြင်လိုက်ရသည်။ တဖြေးဖြေး မျက်မှောင်ကျုံ့သွားသည်။
"ဒီနေရာမှာ အတားအဆီးနှစ်ခုရှိတယ်။ ကူးဖြတ်ခြင်းအဆင့်တွေအတွက် အတားအဆီးနဲ့ မသေမျိုးတွေအတွက် အတားအဆီးပဲ"
ပထမအတားအဆီးကို ကူးဖြတ်ခြင်းအဆင့်များ မထိုးဖောက်နိုင်။ ဒုတိယအတားအဆီးကို မသေမျိုးများမထိုးဖောက်နိုင်။
"မသေမျိုးတစ်ဝက်အဆင့်ဆိုတာလည်း ရှိတယ်မဟုတ်လား"
လုယန် သိစိတ်အာရုံမှ လှမ်းမေးသည်။
"မသေမျိုးတစ်ဝက်နဲ့ ကူးဖြတ်ခြင်းအဆင့်ကြားက အဓိကကွာခြားချက်က အရိယဖလသန္ဓေပိုင်ဆိုင်မှုပဲ။
မသေမျိုးတစ်ဝက်အဆင့်ဟာ ကူးဖြတ်ခြင်းအဆင့်နဲ့ မသေမျိုးအဆင့်ကြား ကူးပြောင်းတဲ့အဆင့်လို့ ပြောလို့ရတယ်။
ကူးဖြတ်ခြင်းအခြေခံအဆင့်မှာ အရိယဖလပိုင်ရင် မသေမျိုးတစ်ဝက်၊ ကူးဖြတ်ခြင်းနောက်ဆုံးအဆင့်မှာပိုင်ရင်လည်း မသေမျိုးတစ်ဝက်ပဲ။
ဒီမသေမျိုးတစ်ဝက်နှစ်ခုကြားမှာ အခြေခံစွမ်းအားပဲ ကွာခြားသွားမယ်။ မသေမျိုးတစ်ဝက်က ပြည့်ဝတဲ့အရိယဖလတည်ဆောက်နိုင်ပြီဆိုရင် သူ့အရည်အချင်းက မသေမျိုးအဆင့်ကို ခုန်ကူးသွားတယ်"
"ဪ...အဲလိုလား"
ရွှေသန္ဓေအဋ္ဌမအဆင့်သာရှိသော်ည်း လုယန်၏ဗဟုသုတများက ကူးဖြတ်ခြင်းအဆင့်များပင် လိုက်မမီနိုင်သည့်အဆင့်သို့ ရောက်နေပြီဖြစ်သည်။
"တကယ်ရှုပ်ထွေးတဲ့တည်ဆောက်ပုံစနစ်ပဲ။ ဘယ်သူဖန်တီးခဲ့တာပါလိမ့်"
နတ်မယ် ပထမအတားအဆီးကို ညင်သာစွာရိုက်လိုက်သည်။ အပေါက်တစ်ပေါက်ပွင့်သွားသည်။ မှော်စွမ်းအင်များ တောက်ပလာသည်။ ထို့နောက် အဖြူရောင်အလင်းတစ်ခုအဖြစ် စုစည်းသွားသည်။
အဖြူရောင်အလင်းက တဖျတ်ဖျတ်တောက်ပလာပြီး အတားအဆီးက နဂိုပုံစံအတိုင်းပြန်ဖြစ်သွာသည်။ အပြစ်အနာအဆာမရှိ။ မပျက်စီးခဲ့သယောင်ထင်ရသည်။
ဖြစ်စဉ်တစ်ခုလုံး အသက်တစ်ရှူစာပင် မကြာလိုက်။
အတားအဆီးကို နတ်မယ် ဒုတိယအကြိမ်ထပ်ရိုက်သည်။ သို့သော် ပြောင်းလဲမှုလုံးဝမရှိတော့။
"ဒါက..."
သူတစ်ချက်တွေသွားသည်။
"နတ်မယ်၊ ဘာဖြစ်တာလဲ"
"ဒီအတားအဆီးမှာ အရိယဖလနှစ်မျိုးရဲ့စွမ်းအား လည်ပတ်နေတယ်"
"နှစ်မျိုး...ဟုတ်လား"
"အချိန်မသေမျိုးရဲ့ အချိန်အရိယဖလနဲ့ ချီလင်ရဲ့ အားအကြီးဆုံးရှင်သန်မှုအရိယဖလပဲ။ အချိန်အရိယဖလက အချိန်ကိုနောက်ပြန်ဆွဲပြီး ပျက်စီးသွားတဲ့နေရာကို မူလတိုင်းပြန်ပြင်နိုင်တယ်။ အားအကြီးဆုံးရှင်သန်မှုအရိယဖလက အတားအဆီးကို နောက်တစ်ကြိမ်ထပ်ဖျက်ဆီးလို့မရအောင် ကာကွယ်ထားတယ်။
နေဦး...မဟုတ်ဘူး။ မဟုတ်သေးဘူး။ ဒီအတားအဆီးရဲ့စွမ်းအားမှာ ကိုးဆမသေမျိုးရဲ့ ယင်ယန်အရိယဖလလည်းပါတယ်။ ယင်ယန်အရိယဖလက အတားအဆီးထဲကို 'အမာကျောဆုံး'စည်းမျဉ်းစွမ်းအား ထည့်သွင်းထားတာ။
ပထမအလွှာက မာလွန်းလို့ ကူးဖြတ်ခြင်းအဆင့်တွေတောင် မထိုးဖောက်နိုင်ဘူး။ ဒုတိယအလွှာက မာလွန်းလို့ မသေမျိုးတစ်ယောက်ရဲ့ စွမ်းအားနဲ့တာင် မထိုးဖောက်နိုင်ဘူးဆိုတဲ့သဘောပဲ"
အရိယဖလသဘာဝနှင့် လောကကို စည်းမျဉ်းတစ်ခု ထပ်ဖြည့်ထားခြင်းဖြစ်သည်။
နတ်မယ်ဆန္ဒရှိလျှင် တစ်လောကလုံးအတွက် 'ထာဝရစည်းမျဉ်း'ထပ်ဖြည့်ပြီး လူတိုင်း အမြဲတမ်းငယ်ရွယ်နုပျိုနေအောင် မသေအောင်လုပ်နိုင်သည်။
အတားအဆီးက ထိုသဘောအတိုင်း လည်ပတ်နေခြင်းဖြစ်သည်။ အချိန်မသေမျိုး၊ ချီလင်မသေမျိုး၊ ကိုးဆမသေမျိုး။ ထိုသူတို့အရိယဖလစည်းမျည်းများကို အတားအဆီးထဲပေါင်းထည့်ပြီး မသေမျိုးများပင် မဖျက်ဆီးနိုင်သည့် အမာကျောဆုံးအရာဖြစ်အောင် ဖန်တီးထားခြင်းဖြစ်သည်။
"ဒါလည်း မဟုတ်သေးဘူး။ အရိယဖလသုံးခု ဒီမှာရှိနေရင် ငါချက်ချင်းသိနိုင်ရမယ်။ အခုလို အရိယဖလလက္ခဏာတွေကနေ ထပ်တလဲလဲသုံးသပ်ပြီး ကောက်ချက်ချနေဖို့မလိုဘူး...
အင်း...ယင်ထန်မသေမျိုးရဲ့ ဆင်းရဲအရိယဖလမပါရင်ပေါ့။...ဟုတ်တယ် ဆင်းရဲအရိယဖလလည်း ပါလောက်တယ်။ ယင်ထန်က သူ့အရိယဖလနဲ့ 'အနန္တဆင်းရဲ'စွမ်းအားကို ထည့်ထားတာ။ ကျန်တဲ့သုံးယောက်ရဲ့ အရိယဖလစည်းမျဉ်းတွေကို ရေသမမွှေပြီး ပြန်စုစည်းထားတာပဲ"
"အနန္တဆင်းရဲဆိုတာ ဘာလဲ"
"ရှင်းပြဖို့ခက်တယ်။ အကြီးမားဆုံး အဆိုးဝါးဆုံးကပ်ဆိုးဆိုတဲ့သဘောပေါ့။ ဒီလိုကပ်ဆိုးစည်းမျဉ်းထည့်ထားရင် ယင်ထန်ကိုယ်တိုင်တောင် မဖြေရှင်းနိုင်ဘူး။
အနန္တဆင်းရဲကို အတားအဆီးထဲထည့်လိုက်တာဟာ ကြိုးတစ်ခုနဲ့ အသေချည်လိုက်တဲ့သဘောပဲ။ ကြိုးကိုမဖြတ်ရင် ဘယ်လိုမှပြန်ဖြေလို့မရတော့ဘူး"
"ဒါဆို ဒီအတားအဆီးက ရှေးဟောင်းမသေမျိုးလေးယောက် ပူးပေါင်းဖန်တီးထားတာလား။ သူတို့အားလုံးကို ခေါ်လိုက်ရင်တောင် ဒါကိုမချိုးဖျက်နိုင်ဘူးဆိုတဲ့ သဘောလား"
"သဘောတရားကတော့ အဲလိုပဲ"
လုယန် ပင့်သက်ရှည်တစ်ချက်ရှိုက်လိုက်သည်။
မသေမျိုးလေးယောက် တကယ်စွမ်းအားကုန်ထုတ်သုံးထားခြင်းဖြစ်သည်။
"ဒါဆို အမည်မဲ့ရှေးစွမ်းအားရှင်ဆိုတာ ရှေးဟောင်းမသေမျိုးလေးယောက်ပေါ့"
အတားအဆီးတည်ဆောက်ပုံကို စစ်ဆေးခဲ့သည်။ ရှေးဟောင်းမသေမျိုးလေးယောက် ဖန်တီးထားကြောင်းသိရသည်။ သို့ဆိုလျှင် ကြယ်ကမ္ဘာများကို တိုက်နယ်အဖြစ်ပြောင်းခဲ့သည့် အမည်မဲ့ရှေးစွမ်းအားရှင်ဆိုသည်မှာ ရှေးဟောင်းခေတ်မသေမျိုးလေးယောက်ဖြစ်ပေလိမ့်မည်။
အားလုံး အထင်မှားခဲ့ကြသည်။ အမည်မဲ့ရှေးစွမ်းအားရှင်ဆိုသည်မှာ အမှန်တော့ တစ်ယောက်တည်းမဟုတ်။ လေးယောက်ဖြစ်သည်။
"ဟုတ်တယ်၊ သူတို့လေးယောက်ပါ"
နတ်မယ် ခေါင်းငြိမ့်အတည်ပြုသည်။ သူ့မျက်နှာတွင် စိတ်သက်သာရာရသည့်အပြုံးမျိုး ပေါ်လာသည်။
"ငါသေတဲ့ကိစ္စ သူတို့နဲ့မပတ်သက်လောက်ဘူးဆိုတာ ငါကြိုသိသားပဲ"
လုယန် တုံ့ဆိုင်းဆိုင်းဖြစ်နေသည်။ နတ်မယ် ကောက်ချက်ချစောလွန်းသည်ဟု ထင်မိသည်။
ရှေးဟောင်းမသေမျိုးလေးယောက်ပူးပေါင်း၍ နတ်မယ်ကိုသတ်ခဲ့သည်ဟူသည့် ဖြစ်နိုင်ခြေကို တကယ်ဖယ်ထုတ်နိုင်ပြီလော...
"ငါကောက်ချက်ချတာတွေက အကြောင်းရင်းခိုင်မာပါတယ်။ ဒီအတားအဆီးကို ဘယ်လိုနည်းနဲ့ဖွင့်နိုင်လဲဆိုတာ နင်သိလား"
မသေမျိုးများပင် မဖွင့်နိုင်သည့်လှောင်အိမ်ကြီးဖြစ်သည်။ နတ်မယ်စကားအရဆိုလျှင် လောကထဲမှ သက်ရှိအားလုံး မျိုးရိုးအဆက်ဆက် ဤလှောင်အိမ်ထဲတွင်သာ နေရတော့မည်။
"ဘယ်လိုဖွင့်လို့ရလဲ"
"အနန္တဆင်းရဲက အခက်အခဲဆုံးပြဿနာပဲ။ သေတ္တာတစ်လုံးကို သော့အိမ်တစ်သောင်းနဲ့ သော့ခတ်ထားသလိုမျိုးပေါ့။ လက်ထဲမှာတော့ သော့ပေါင်းတစ်သောင်းရှိမယ်။ ဘယ်သော့က ဘယ်သော့အိမ်နဲ့ကိုက်မယ်ဆိုတာ မသိဘူး။
သော့အိမ်တစ်ခုကို သော့တစ်ချောင်းနဲ့ တစ်ကြိမ်ပဲဖွင့်လို့ရတယ်။ တစ်ကြိမ်မှားသွားတာနဲ့ အစကပြန်စရမှာ။ ကံကိုအားကိုးရုံပဲရှိတာလေ။ အနန္တဆင်းရဲကို ချိုးဖျက်ဖို့ တစ်ခုတည်းသောနည်းလမ်းက မသေမျိုးတစ်ယောက်ရဲ့ စွမ်းအားနဲ့ အဆက်မပြတ် တိုက်ခိုက်ဖို့ပဲ။
အားအကြီးဆုံးရှင်သန်မှုအရိယဖလရှိနေတော့ တိုက်ခိုက်နည်းတစ်ခုကိုလည်း နှစ်ကြိမ်ထပ်သုံးလို့မရဘူး"
"အဲဒီတော့..."
နတ်မယ်ခင်းပေးသည့်စကားအတိုင်း တွေးရင်း လုယန်အဖြေတစ်ခုတွေးမိသည်။
"ဒီတော့ ငါရှိနေဖို့လိုတယ်လေ။ ငါ့ရဲ့ခန္ဓာကိုယ်ဖောက်ခွဲတဲ့နည်းလမ်းကို အားအကြီးဆုံးရှင်သန်မှုအရိယဖလက မထိန်းချုပ်နိုင်ဘူး။ ခန္ဓာဖောက်ခွဲမှုတစ်ခုချင်းစီက ထူးခြားတယ်။
ဒီလှောင်အိမ်အတားအဆီးကိုဖွင့်ဖို့ ငါတို့ရှေးဟောင်းမသေမျိုးငါးယောက် အတူတူလှုပ်ရှားဖို့လိုတယ်။
အချိန်မသေမျိုး၊ ယင်ထန်မသေမျိုး၊ ချီလင်မသေမျိုး၊ ကိုးဆမသေမျိုးနဲ့ငါပေါ့။ ငါက အနန္တဆင်းရဲကို ဖျက်ဆီးမယ်။ သူတို့က သူတို့ရဲ့စည်းမျဉ်းကန့်သတ်ချက်စွမ်းအားတွေကို ပြန်ဖြေလျှော့ပေးရမယ်"
လုယန် သဘောပေါက်သွားသည်။ သက်သေအထောက်အထားအားလုံးဆက်စပ်ကြည့်ပြီးနောက် လွန်ခဲ့သည့်နှစ်သုံးသိန်းကဖြစ်စဉ် ရုပ်လုံးပေါ်လာသည်။
မသေမျိုးလေးယောက်သတ်ခဲ့ခြင်းမဟုတ်ကြောင်း နတ်မယ်ဘာကြောင့်အခိုင်အမာပြောနေသည်ကို နားလည်လာသည်။
နတ်မယ်သေပြီနောက် မသေမျိုးလေးယောက် လူသတ်သမားကိုမရှာနိုင်ခဲ့။ အကြောင်းတစ်ချို့ကြောင့် နတ်မယ်ကိုလည်း အသက်မသွင်းနိုင်ခဲ့။ ထို့ကြောင့် လေးယောက်အတူပေါင်း၍ အံ့ဩတုန်လှုပ်စရာကောင်းသည့်ကိစ္စတစ်ခု လုပ်ခဲ့ကြသည်။ ကြယ်များကို တိုက်နယ်အဖြစ်သန့်စင်ခဲ့သည်။
*****************************