တရားလွန်လုပ်ခဲ့သည့် ယင်ထန်
Vol. 39 Ch. 577
သုံးယောက်လုံး စောင့်ကြည့်ခံနေရသလို ခံစားရသည်။ ကျောရိုးထဲမှ စိမ့်တက်လာသည်။
ကန်ထန်က ဆက်ပြောသည်။
"ဒီဏ္ဍာရီကြောင့် ချုန်းချီဂူသင်္ချိုင်းကို လာတဲ့လူသိပ်မရှိဘူး။ မျိုးနွယ်တူတွေတောင် မလာချင်ကြဘူး။ အိပ်ပျော်နေတဲ့ ရှေးဟောင်းဘိုးဘေးကို နှောက်ယှက်သလိုဖြစ်မှာ စိုးရိမ်ကြလို့လေ။
ဒါပေမယ့် စိုးရိမ်စရာမလိုပါဘူး။ ငါဒီကိုရောက်တာ လေးငါးကြိမ်ရှိပြီ။ စောင့်ကြည့်သလိုခံစားရတာလေးပဲရှိတာ။ အဲဒါပါပဲ။ အောက်ဘက်ဂူသင်္ချိုင်းထဲကို ရောက်တာနဲ့ အဲဒီ့စိတ်တွေ ပျောက်သွားပါတယ်။
သမိုင်းတစ်လျှောက် ကူးဖြတ်ခြင်းအဆင့်ချုန်းချီမျိုးနွယ်တစ်ချို့ ဒီနေရာမှာ သူတို့ဘိုးဘေး ရှေးဟောင်းခေတ်ချုန်းချီ တကယ်အိပ်ပျော်နေသလားသိချင်လို့ လာကြည့်ခဲ့ကြတယ်။
ဒါပေမယ် အချဉ်းအနှီးပဲ။ ချုန်းချီဘိုးဘေးရဲ့ ကျငင့်စဉ်အဆင့်က သူတို့ထက်မြင့်လွန်းလို့ မထိုက်တန်တဲ့ သူတို့လိုမျိုးဆက်တွေအနေနဲ့ ဘိုးဘေးရဲ့အခြေအနေကို စူးစမ်းခွင့်မရဘူးတဲ့"
နတ်ဆိုးမျိုးနွယ်တွင် စုစည်းခြင်းအဆင့်များသည် ဘုရင်ဖြစ်သည်။ ကူးဖြတ်ခြင်းအဆင့်ဆိုလျှင် အင်ပါယာဖြစ်သည်။ ချုန်းချီမျိုးနွယ်တွင် ကူးဖြတ်ခြင်းအဆင့် လေးငါးယောက်ပေါ်ထွန်းခဲ့သည်ဆိုလျှင် တကယ်ကြောက်စရာကောင်းသည့် အရေအတွက်ဖြစ်သည်။
ချုန်ချီမျိုးနွယ်ကို 'ကျားနတ်ဆိုးမျိုးနွယ်'၏ ထိပ်ဆုံးမျိုးနွယ်ဟု သတ်မှတ််ကြသည်။ သူတို့နာမည်ဂုဏ်သတင်းက အလယ်ပိုင်းတိုက်နယ်ထိပင် ပျံ့နှံ့သည်။ 'ကျားကိုအတောင်တပ်ပေးသလို'ဆိုသည့် ဆိုရိုးစကားပေါ်ခဲ့သည်။ ထိုဆိုရိုးက ချုန်းချီမျိုးနွယ်၏ ခွန်အားကို ပြသနေသည်။
"ဒီချုန်းချီဘိုးဘေးဟာ စွမ်းအားအကြီးဆုံးပဲလို့ ချန်ချီမျိုးနွယ်နဲ့ ချုန်းချီနတ်ဆိုးမျိုးနွယ်အတော်များများ အသိအမှတ်ပြုထားကြတယ်"
လုယန် "..."
အမှန်တရားကို အမသိရင် မသေမျိုးတွေကို ကျိန်ဆဲမိလိမ့်မယ်။ အဲလိုဆို ကူးဖြတ်ခြင်းအဆင့်တက်တဲ့အခါ အခက်အခဲပိုများလာလိမ့်မယ်...
ယင်ထန်...ခင်ဗျားက တကယ်ဂြိုလ်မွှေတဲ့လူပဲ...
"ယင်ထန်မသေမျိုးက ပြောဖူးတယ်။ ဘဝတစ်ခုမှာနေထိုင်တယ်ဆိုရင် ရှင်သန်တဲ့အချိန်အတွက်ပဲ ကိုယ်နာမည်ဂုဏ်သတင်းကို ဂရုစိုက်ရတာမဟုတ်ဘူး။ သေပြီးကျန်ခဲ့မယ့် ကိုယ့်နာမည်အတွက်လည်း ဂရုစိုက်ရမယ်တဲ့။ ဒါကြောင့် ဒီလိုမှော်စက်ဓဝန်းတစ်ခု တည်ထောင်ပြီး အနာဂတ်မျိုးဆက်တွေအတွက် အမွေအနှစ်တစ်ခု ချန်ခဲ့တာ။
ချုန်းချီမျိုးနွယ်အပြင် ခွန်ဖုန်တို့၊ ထောင်ကျဲ့တို့၊ ဇာမနီငှက်တို့လို တစ်ခြားမျိုးနွယ်တွေမှာလည်း ဘိုးဘေးဂူသင်္ချိုင်းတွေကို ဒီမှော်စက်ဝန်းမျိုးသံဒးပြိး တည်ဆောက်ခဲ့လောက်တယ်။
ဒါပေမယ့် ဒီမှော်စက်ဝန်းမျိုး အများကြီးတော့ မတည်ဆောက်ခဲ့ဘူး။ များလွန်းရင် လျှို့ဝှက်ဆန်းကြယ်တဲ့ အာနိသင်မျိုး လျော့သွားတယ်တဲ့"
ထိုမှော်စက်ဝန်း နှစ်သုံးသိန်း မပျက်မစီး ရှိခဲ့သည်။ မြင်သူတိုင်းကို ခြောက်ခြားစေနိုင်စွမ်းရှိသည်။ ယင်ထန်မသေမျိုး၏ ထုတ်ကုန်အရည်အသွေးကို သက်သေခံနေသည်။
ထို့ပြင် ထိုမှော်စက်ဝန်းကိစ္စကို သူဘယ်လောက်အလေးထားခဲ့ကြောင်းလည်း ပြသနေသည်။
"နောက်ပြီး ပါးစပ်ပြောဒဏ္ဍာရီတစ်ခုလည်း ပေါ်လာဖို့လိုတယ်။ ဒါမှ မှော်စက်ဝန်းရှိနေတာကို မသိကြတော့ဘဲ လျှို့ဝျက်ချက်တစ်ခုဖြစ်လာမှာပေါ့"
ချုန်းချီမျိုးနွယ်တို့ ဤဂူသင်္ချိုင်းသို့ မလာရဲကြသည်ကိုကြည့်လျှင် မှော်စက်ဝန်းအကြောင်း တကယ်သိကြဟန်မတူ။
"...ယင်ထန်က အတော်ကူညီတတ်တဲ့လူပဲ"
ကောင်းကင်ဆင်းရဲရင်ဆိုင်ရာတွင် အန္တရာယ်နည်းဖို့၊ ယင်ထန်မသေမျိုးကို ချီးကျူးရန် လုယန် ဦးနှောက်အတော်သုံး၍ စကားလုံးရှာလိုက်ရသည်။
"ဒါက သူများတွေကို ကူညီတယ်လို့လည်းမဟုတ်ပါဘူး။ နင်တို့သိထားတဲ့ ပုံပြင်တွေထဲမှာ ရှေးဟောင်းချုန်းချီဖြစ်ဖြစ်၊ ခွန်ဖုန်မျိုးနွယ်ဖြစ်ဖြစ် အတိုင်းဆမဲ့မှော်စွမ်းအားပိုင်ဆိုင်ထားတဲ့ ရှေးဟောင်းနတ်ဆိုးမျိုးနွယ်တွေပဲမဟုတ်လား။
ဒါပေမယ့် သူတို့ဘယ်လောက်စွမ်းအားကြီးကြီး မသေမျိုးတွေထက်တော့ ပိုစွမ်းအားမကြီးနိုင်ဘူးလေ။ ချုန်းချီအိုနဲ့ တစ်ခြားမျိုးနွယ်တွေ လျှို့ဝှက်ဆန်းကြယ်လေ ငါတို့ရှေးဟောင်းမသေမျိုးငါးယောက်ရဲ့စွမ်းအားက ပိုထင်ရှားလေပဲမဟုတ်လား"
နတ်မယ်...ဆက်မပြောပါနဲ့တော့..
ဆက်ပြောရင် ယင်ထန်မသေမျိုးအပေါ် ရိုင်းစိုင်းတဲ့အတွေးတွေ ကျုပ်စတွေးမိတော့မယ်...
မုန်ကျိုးကျိုးတွင် ကိုယ်ပိုင်စိတ်ဓာတ်လေ့ကျင့်နည်း ရှိသကဲ့သို့ပင် လုယန်လည်း ရှေးဟောင်းသမိုင်းများကို နားထောင်၍ သူ့စိတ်စွမ်းအားသူ လေ့ကျင့်ရသည်။
သုံးယောက်သား ချုန်းချီဂူသင်္ချိုင်းထဲသို့ ဝင်သည်။ စောင့်ကြည့်ခံနေရသည့် ခံစားချက်မျိုး လုံးဝပျောက်ကွယ်သွားသည်။ စိတ်ဖိအားများစွာ လျော့ပါးလာသည်။
"ဒါက..."
ချုန်ချီဂူသင်္ချိုင်းထဲတွင် ဆေးရေးပန်းချီများစွာရှိသည်။ အများစုက အချိန်တိုက်စားမှုကြောင့် ဆိုးဆိုးဝါးဝါးပျက်စီးနေသည်။
ပန်းချီအတွက်သုံးသည့် ဆေးများသည် အလွန်တရာတန်ဖိုးကြီးသည်။ ဆေးတစ်စက်ကို ရွှေစင်တစ်ထောင်ကုန်ကျသည်ဟုပင် ဖော်ပြကြသည်။
သို့သော် ယခုမြင်ရသည် ပန််းချီကားမျာ အချိန်တိုက်စားမှုဒဏ်ကို မခံနိုင်ပဲ ပျက်စီးနေသည်။ ချုန်းချီမျိုးနွယ်နှင့် ချုန်းချီဂူသင်္ချိုင်း ဤနေရာတွင် အချိန်ဘယ်လောက်ကြာအောင် ရှိခဲ့သည်ကို သက်သေခံနိုင်သည်။
ချုန်းချီငယ်တစ်ကောင်၏ ပန်းချီတစ်ချပ်ကို မြင်ရသည်။ အမွှေးအမျှင်များ စိုစွတ်၍ အရောင်လက်နေသည်။ မွေးကင်းစချုန်းချီဖြစ်သည်။
နောက်ပန်းချီတစ်ပုံတွင် ချုန်းချီငယ် ရှေ့သို့ခုန်လွှားပြီး တဖြေးဖြေးကြီးပြင်းလာသည့်ပုံကို ပြသည်။
သန်မြန်သည့်အရွယ်သို့ရောက်သည်။ ထို့နောက် အိုမင်းလာသည်။ အမွှေးအမျှင်များ ကျွတ်သွားသည်။ ခန္ဓကိုယ်ကိုင်းညွှတ်၍ ခြောက်ကပ်သွားသည်။ သေမင်းတံခါးဆီလျှောက်သွားသည်။
သေခြင်းခရီး၏ နောက်ဆုံးပန်းတိုင်က ချုန်းချီဂူသင်္ချိုင်းဖြစ်သည်။
ချုန်းချီမျိုးနွယ်အတွက် အရေးပါသည့် သမိုင်းအဖြစ်အပျက်များစွာကိုလည်း ပန်းချီပုံတို့ဖြင့် ဖော်ပြထားသည်။ သူတို့ဂုဏ်ယူစရာအဖြစ် အမြဲတမ်းမှတ်မိနေကြမည့် အဖြစ်အပျက်များဖြစ်သည်။
ပန်းချီများအထက်တွင် ရှေးဟောင်းစာသားတစ်ကြောင်းရှိသည်။
"သေခြင်းသည် အဆုံးသတ်မဟုတ်။ သင်တို့၏ခမ်းနားသည့်ဘဝများကို ကျွန်ုပ်ကိုယ်တွေ့မြင်သည်"
"ဒါတွေက ချုန်းချီဘိုးဘေးချန်ထားခဲ့တဲ့ စာသားပဲ။ ချုန်းချီမျိုးနွယ်ကို စိတ်ခွန်အားပေးခဲ့တာ။
ဒါကြောင့်လည် ချုန်းချီမျိုးနွယ်က သေခြင်းတရားကိုမကြောက်ဘဲ အလွန်ပွင့်လင်းတဲ့အမြင်မျိုးရှိကြတာ"
အမသုံးသည် သမိုင်းသုတေသီတစ်ယောက် တကယ်ပီသသည်။ နတ်မျိုးမျိုးနွယ်၏ သမိုင်းအကြောင်းအရာမျိုးစုံကို အလွယ်တကူကိုးကားပြောဆိုနိုင်သည်။
"ဒီစာသားကို ယင်ထန်မသေမျိုးရေးခဲ့တာ မဟုတ်ဘူးလား"
"မဟုတ်ဘူး၊ ဒါက ချုန်းချီရဲ့ ကိုယ်ပိုင်စာသားပါ။ ယင်ထန်က လူတစ်ယောက်ချင်းစီအတွက် ဒီလိုစာသားမျိုး မစဉ်စားနိုင်လောက်ဘူး။ စာသားတစ်ခုနဲ့တစ်ခု ဆင်တူတွေဖြစ်လာပြီး ဒီကိစ္စမူမမှန်ဘူးဆိုတာ လူတွေရိပ်မိလာနိုင်တယ်"
ယင်ထန်မသေမျိုးသည် လုပ်ကိုင်ဆောင်ရွက်ရာတွင် တကယ်စေ့စပ်သေချာလှသည်။
"အမသုံး၊ အမသုံးရဲ့စခန်းက ဘယ်မှာလဲ"
"ရောက်ခါနီးပါပြီ"
ဂူသင်္ချိုင်းက မှောင်မဲနေသည်။ ဝင်္ကဘာကဲ့သို့ ရှုပ်ထွေးသည်။
လမ်းပြမည့် ချုန်းချီအကြီအကဲတစ်ယောက်မပါလျှင် အလွယ်တကူလမ်းပျောက်နိုင်သည်။
ထိုဂူသင်္ချိုင်းတည်ဆောက်ပုံကို အမသုံးဘယ်လို မှန်းဆနိုင်ခဲ့သည်ကို သေချာမသိ။
နှစ်လီခန့်လျှောက်သွားပြီးနောက် စင်္ကြံလမ်းတစ်ခုကို ဖြတ်ကျော်ရသည်။
အမသုံးက အုတ်နံရံတစ်နေရာကို ပုတ်လိုက်သည်။ လျှို့ဝှက်တံခါးတစ်ခု ပွင့်သွားသည်။ လုယန်တို့နှစ်ယောက်ကို နောက်မှလိုက်ခဲ့ရန် အချက်ပြသည်။။
လျှို့ဝှက်ခန်းနံရံတွင် အပြင်ဘက်သို့ မျက်နှာလှည့်ထားသည့် မြားတံများစွာရှိသည်ကို လုယန်သတိထားမိသည်။
ချုန်းချီဂူသင်္ချိုင်းထဲတွင် စက်ယန္တရားများစွာ တပ်ဆင်ထားသည်။ ဤနေရာသည် ထောင်ချောက်ခန်းများထဲမှ တစ်ခုဖြစ်သည်။
နေရာမှား၍နင်းမိလျှင် မြားတံများ အုပ်စုလိုက်ပျံထွက်လာမည်။ ကျူးကျော်သူကို အသေသတ်မည်။
မြားတံကုန်သွားသည်အထိ ကျူးကျော်သူမသေသေးလျှင် အားဖြည့်ဖို့လိုမည်။ ထို့ကြောင့် ဤထောင်ချောက်ခန်းသည် သူတို့သုံးယောက်အတွက် နားနေခန်းအဖြစ်လည်း သုံးနိုင်သည်။
"အမသုံး၊ ဒီနေရာမျိုးကို ဘယ်လိုရှာတွေ့ထားတာလဲ"
နှစ်ယောက်လုံး အံ့ဩနေကြသည်။
ဂူသင်္ချိုင်းထဲ ပုန်းအောင်းရုံဆိုလျှင် မပြောသေး။ သို့သော် ဂူသင်္ချိုင်း၏ ထောင်ချောက်ခန်းတစ်ခုတွင် ပုန်းအောင်းသည်က လွန်လွန်းသည်။
ထိုနေရာမျိုးကို ဘယ်သူစစ်ဆေးကြည့်ဖို့ တွေးမိမည်နည်း။
ချုန်းချီမျိုးနွယ္များကြား ပုန်းအောင်းသည့်ကိစ္စ စိတ်ပူစရာမလိုကြောင်း အမသုံးပြောခဲ့သည်မှာ မဆန်းတော့။
သုံးယောက်လုံး လေးငါးနာရီကြာအောင် အနားယူသည်။ ကိုယ်တွင်းအခြေအနေကို ညှိနှိုင်းသည်။
ကိုယ်ပျောက်အဆောင်များ သုံးထားသဖြင့် လူမြင်မည်ကို သူတို့မစိုးရိမ်ကြ။ သို့သော် ကိုယ်ပျောက်စွမ်းအားကို ထိန်းထားဖို့ စွမ်းအင်များစွာလိုအပ်သည်။
အမသုံးက အဆင်ပြေသည်။ လုယန်နှင့်မုန်ကျင်းကျိုးတို့က တစ်ရက်နီးပါး ကိုယ်ပျောက်အစွမ်းသုံးခဲ့ရသည်။ အနားယူဖို့လိုသည်။
လျှို့ဝှက်ခန်းထဲတွင် ကျောခင်းလိုက်သည်နှင့် သူတို့နှစ်ယောက် အိပ်ပျော်သွားသည်။
ကန်ထန်က စက္ကူ၊ မင်ခဲ၊ မင်ကျောက်နှင့် စုတ်တံကိုထုတ်၍ ပြီးခဲ့သည့်ရက်ပိုင်းအတွင်းမှ အဖြစ်အပျက်များကို မှတ်တမ်းတင်သည်။
နတ်ဆိုးန်မြေမှ သူ့အတွေ့အကြုံများကို "နတ်ဆိုးမြေမှတ်တမ်းများ'ဟုပြောင်းလဲ၍ စာအုပ်အတွဲရှစ်တွဲ ထုတ်ဝေခဲ့သည်။
ယခုရေးနေသည်က ကိုးတွဲမြောက်ဖြစ်သည်။
ရက်ပိုင်းခန့် အတူနေပြီးနောက် လုယန်ရှေးဟောင်းခေတ်ဗဟုသုတသည် သူ့ထက်ပိုများကြောင်း နားလည်လာသည်။
"အင်း..."
လုယန်နှင့်မုန်ကျင်းကျိုးထံမှ ညည်းညူသံတစ်ချက်ကြားရသည်။ နိုးလာကြတော့မည့် လက္ခဏာဖြစ်သည်။ ထို့ကြောင့် စာရေးပစ္စည်းများကို အသာပြန်သိမ်း၍ တိတ်ဆိတ်စွာ ထိုင်နေသည်။
သုံးနာရီကြာအောင် အိပ်လိုက်ရသဖြင့် လုယန်နှင့်မုန်ကျင်းကျိုးတို့ အားပြည့်လန်းဆန်းနေကြသည်။
"နင်တို့နိုးလာပြီဆိုတော့ အချိန်ကိုက်ပဲ။ ပင်မဂူသင်္ချိုင်းဆီ နင်တို့ကိုခေါ်သွားမယ်။ ရှေးဟောင်းချုန်းချီမြှုပ်နှံထားယ်လို့ ယူဆရတဲ့ဂူသင်္ချိုင်းပေါ့"
"ယူဆရတယ်တဲ့လား"
ကန်ထန် ခေါင်းငြိမ့်သည်။ ဗျတ်စောင်းကို ကျောတွင်လွယ်လိုက်သည်။ ကြိုးများကို ရင်ဘတ်ရှေ့တွင် သိုင်းချည်သည်။
သူ့မျက်လုံးများကို ဝတ်ရုံနက်ဖြင့် ဖုံးထားသဖြင့် ဝါးတောထဲမှထွက်လာသည့် ရသေ့တစ်ယောက်နှင့် တူနေသည်။
သူရှင်းပြသည်။
"အနည်းဆုံးတော့ ရှေးဟောင်းချုန်းချီရဲ့ ခေါင်းတလားက အဲဒီ့မှာရှိနေတာပဲ။ အထဲမှာ ချုန်းချီတကယ်ရှိမရှိတော့ ငါမသိဘူး။
ဒါပေမယ့် အဲဒီ့ကိစ္စက ငါတို့နဲ့မဆိုင်ပါဘူး။ ငါတို့က သမိုင်းကြောင်းလေ့လာဖို့လာတာ။ ဂူသင်္ချိုင်းဖောက်ဖို့မှမဟုတ်တာ"
သမိုင်းသုတေသီဖြစ်သည့် ကန်ထန်သည် ကိုယ်တွေ့မြင်ရသည့် သက်သေအထောက်အထားများကိုသာ ယုံကြည်လေ့ရှိသည်။
***********************************