သင်္ဂြိုလ်ပစ္စည်း
Vol. 39 Ch. 578
ပင်မဂူသချိုင်းသည် မျိုးနွယ်တူထဲတွင် စွမ်းအားအကြီးဆုံးဟု သတ်မှတ်ထားသည့် ချုန်းချီရှေးဟောင်းဘိုးဘေးကို မြှုပ်နှံထားသည်။
ထိုနေရာကို ရှားပါးရတနာမျိုးစုံ၊ မှော်လက်နက်မျိုးစုံ တန်ဆာဆင်၍ ခင်းကျင်းပြသထားသည်။ ရှေးဟောင်းချုန်းချီအသက်ပြန်ဝင်လာပြီး ထိုလက်နက်များစွဲကိုင်၍ ရန်သူကို တိုက်ခိုက်သတ်ဖြတ်တော့မလားထင်ရသည်။
ထိုရတာများထဲမှ တစ်ခုခုကို အပြင်ထုတ်၍ လေလံပစ်လျှင် လေလံရုံအနေဖြင့် ခြောက်လခန့် ကြိုတင်ပြင်ဆင်ရလိမ့်မည်။ ထိုရတနာကို လေလံပိတ်ပစ္စည်းအဖြစ် အမြင့်ဆုံးဈေးနှုန်းဖြင့် ရောင်းချရလိမ့်မည်။
လုယန်နှင့်မုန်ကျင်းကျိုးပင် ထိုပစ္စည်း၏ မူလဇစ်မြစ်ကို မခွဲခြားနိုင်ကြ။ ကန်ထန်ကိုသာ မေးကြရသည်။
လုယန် နားနှစ်ဘက်ရှိသဖြင့် ကံကောင်းသည်။ တစ်ဘက်က အမသုံးစကားကို နားထောင်သည်။ နောက်တစ်ဘက်က နတ်မဘ်စကားကို နားထောင်သည်။
ပုံစံတူအလင်းပေါက်ဝိညာဉ်မြစ်သုံးပင် နံရံပေါ်တွင် ပေါက်သည်။ ပြင်းထန်သည့်အသက်ဓာတ်ကို သက်သေခံနေသည်။
'ခွန်လွန်မြက်တဲ့။ ဒီဖြစ်ဟာ လူတစ်ယောက်ရဲ့ အခြေခံစွမ်းအားကို တိုးတက်စေပြီး ရိုးတွင်းခြင်ဆီကို သန့်စင်ပေးတယ်လို့ ပြောကြတယ်။ ရှားပါးတဲ့ ခွန်လွန်မသွေးမျိုးခန္ဓာကိုယ် အသွင်ပြောင်းနိုင်ခြေ သုံးပုံတစ်ပုံရှိတယ်။
ခွန်လွန်မြက် စားတာများလွန်းလို့ ခွန်လွန်မသေမျိုးခန္ဓာဖြစ်လာလည်း သိပ်တော့အသုံးမဝင်ဘူး။ ခွန်လွန်မသေမျိုးခန္ဓာဆိုတာ မသေမျိုးခန္ဓာအားလုံးထဲမှာ အသုံးမဝင်ဆုံးပဲ။
ငါပထမဆုံးအနိုင်ယူခဲ့တဲ့ မသေမျိုးခန္ဓာက ခွန်လွန်မသေမျိုးခန္ဓာပဲ"
အဖြူရောင်တောက်နေသည့် ငှက်မွှေးတစ်ခု လူတစ်ယောက်ခန့်မြင့်သည့် ခရုခွံတစ်ခုထဲတွင် ထည့်ထားသည်။ အတော်အမြင်ဆန်းကြယ်သည်။
"ချုန်းချီနောက်ကျောအလယ်တည့်တည့်က အမွှေးလေ။ ဒီအမွှေးရှိရင် 'နတ်ဆိုးမျိုးနွယ်မဟာမိတ်'ကို ဆင့်ခေါ်နိုင်တယ်။ ဘယ်အကူအညီမဆို တောင်းဆိုနိုင်တယ်။
ဒီအမွှေးထဲမှာ ရှေးဟောင်းချုန်းချီရဲ့ အသံစစ်ရှိတယ်။ သူ့အသံစစ်ကို ကြားသူမှန်သမျှ ချုန်းချီမျိုးနွယ်ရဲ့ တောင်းဆိုချက်တွေကို လိုက်လျောရတယ်။
ခဏတစ်ဖြုတ်တော် ဝေဒနာကို ခံစားရတယ်။ ဒါပေမယ့် ဒီအမွှေးရှိနေရင် တစ်ခြားနတ်ဆိုးမျိုးနွယ်တွေဆီကနေ အကူအညီတောင်းလို့ရတယ်။
ချုန်းချီမျိုးနွယ်တွေပဲ ဒါကိုသုံးနိုင်တယ်။ ဒီအမွှေးပေါ် သွေးတစ်စက်ချပြီး မှော်အစွမ်းနဲ့ အသက်သွင်းလိုက်ရုံပဲ။
အဲလိုဆို အမွှေးကနေ "ငါ့ကိုမျက်နှာသာနည်းနည်းပေးပါ"ဆိုတဲ့ ချုန်းချီဘိုးဘေးရဲ့ အသံတစ်ခု ပေါ်လာတယ်တဲ့"
လက်ဝါးအရွယ် တောင်ကုန်းနက်တစ်ခု မြေကြီးပေါ်တွင် ရှိနေသည်။ တိုင်းတာ၍မရအောင်လေးလံသည်။ ဘေးပတ်လည်လေထုပင် တွန့်လိမ်တုန်ခါနေသည်။
မှော်စက်ဝန်းတစ်ခုဖြင့်သာ အားဖြည့်မထားလျှင် ယခုချိန် အနက်ရောင်တွင်းပေါက်တစ်ခု ဖြစ်ခဲ့လောက်သည်။
"ဒါက...ကျိုးရှန်းတောင်သန္ဓေပဲ။ ရှေးဟောင်းခေတ်က ဒဏ္ဍာရီတစ်ခုရှိတယ်။ ရေနဲ့မီးကို ထိန်းချုပ်တဲ့ မဟာစွမ်းအားရှင်နှစ်ယောက်ရှိတယ်။
မသေမျိုးထိုင်ခုံအတွက် မဟာတိုက်ပွဲကြီးတစ်ခု ဆင်နွှဲကြတယ်။ ရေနဲ့မီး ရင်ဆိုင်တွေ့တယ်။ မီးတောင်တွေ ပေါက်ကွဲတယ်။ သမုဒ္ဒရာတွေ ချော်ရည်အဖြစ်ပြောင်းသွားတယ်။ ကြယ်တွေက ဥက္ကာခဲတွေအဖြစ် ပေါက်ကွဲထွက်ကုန်တယ်။
နောက်ဆုံးတော့ မီးစွမ်းအားရှင် အနိုင်ရသွားတယ်။ ရေစွမ်းအားရှင်က ဒေါသထွက်ပြီး ကျိုးရှန်းတောင်ကို ဖြိုချလိုက်တယ်။ အဲဒီကနေ တောင်သန္ဓေမွေးဖွားလာတယ်"
"ကျိုးရှန်းတောင်သန္ဓေ...ဆားငံရေထုတ်နိုင်တဲ့ ရွှေသန္ဓေကျင့်ကြံသူအကြောင်း မှတ်မိသေးလား"
နတ်မယ် ဝင်ပြောပြန်သည်။
"သူကံကောင်းခဲ့တယ်။ ကူးဖြတ်ခြင်းအဆင့်ထိ ကျင့်ကြံနိုင်ခဲ့တယ်။ နောက်တော့ ဖီးနစ်ပါရမီရှင်နဲ့ ပဋိပက္ခဖြစ်တယ်။
သူတို့ စတိုက်ခိုက်တယ်။ ကြယ်ကမ္ဘာတစ်ချို့ ပျက်စီးသွားတယ်။ ငါ့ဆီကပညာတစ်ချို့ အမွေခံထားတဲ့ ဖီးနစ်ပါရမီရှင်က အပြင်းအထန်တိုက်ခိုက်တယ်။
နောက်ဆုံးမှာ ဆားငံရေရွှေသန္ဓေပိုင်ရှင် စိတ်ပျက်လက်ပျက်နဲ့ ကျိုးရှန်းတောင်ကို ဝင်တိုက်ခဲ့လို့ ဒီပစ္စည်းဖြစ်လာတာပဲ"
"ဒါက ကျိုးရှန်းတောင်သန္ဓေလား"
"အဲဒီ့ဆားငံရေရွှေသန္ဓေပိုင်ရှင်ရဲ့ခေါင်းက အရမ်းမာတယ်လေ. သူ့ခေါင်းနဲ့ ကျိုးရှန်းတောင်ကို ဒီလောက်သေးသေးလေးဖြစ်အောင် ဖိနှိပ်ခဲ့တာ"
လုယန် "..."
ရတနာအားလုံးကို ချိတ်ပိတ်ထားည်။ နည်းနည်းထိလိုက်သည်နှင့် ချုန်းချီမျိုးနွယ် အာရုံခံမိမည်။ ချုန်းချီဂူသင်္ချိုင်းကို အလုံပိတ်ကြလိမ့်မ်ည။ ဂူဖောက်သူခိုးများ ထွက်ပြေးနိုင်မည်မဟုတ်။
အမသုံးပြောသလိုပင် သူတို့သည် သမိုင်းသုတေသနပြုရန်လာခြင်းဖြစ်သည်။ ဂူဖောက်ဖို့လာခြင်းမဟုတ်။ ဤပစ္စည်းများကို မလိုချင်။
ပင်မဂူသင်္ချိုင်းခန်းမ၏ အလယ်တည့်တည့်တွင် ကြီးမားနက်မှောင်၍ အလွန်တရာလေးလံမည့် ခေါင်းတလားကြီးတစ်ခုရှိသည်။
ခေါင်းတလားဆိုသည်ထက် ငရဲမြစ်ကိုဖြတ်ကူးသည့် အနက်ရောင်ကူးတို့လှေကြီးဟုခေါ်လျှင် ပိုကောင်းလောက်သည်။
"ဒါက နှစ်တစ်သောင်းငရဲသစ်ပဲ။ ခေါင်းတလားတွေလုပ်ဖို့ အကောင်းဆုံးပစ္စည်းပေါ့။ ဘယ်ဝိညာဉ်အာရုံမျိုးမှ မထိုးဖောက်နိုင်ဘူး"
ကန်ထန်က ရှင်းပြသည်။
"ဒီပစ္စည်းကို ငါမှတ်မိတယ်။ ချုန်းချီအိုက အချိန်မသေမျိုးဆီကနေ ဝယ်ခဲ့တာ။ အချိန်မသေမျိုးက သစ်ပင်စိုက်မှော်ပညာနဲ့ အချိန်အရိယဖလကို တစ်ပြိုင်တည်းသုံးပြီး အပင်ပေါက်တစ်ခုကို နှစ်တစ်သောင်းငရဲသစ်အဖြစ် ပြောင်းလိုက်တာ။
မိုးမြေရတနာတွေဟာ သက်တမ်းရင့်လေ အဖိုးတန်လေပဲ။ အချိန်မသေမျိုးဆီ လူတွေက သူတို့ရတနာတွေ သက်တမ်းမြှင့်ပေးဖို့ မကြာခဏ လာတောင်းဆိုကြတယ်။ တစ်ခါတစ်လေ သက်တမ်းရင့်လွန်းသွားရင် ဆေးဘုရင်လေးတွေတောင် ထုတ်လုပ်နိုင်တယ်"
အချိန်မသေမျိုးက သစ်ပင်စိုက်ပညာအစစ်ကို သုံးခြင်းဖြစ်သည်။ လုယန်၏ပညာမျိုးမဟုတ်။
နတ်မယ် ဝိညာဉ်အာရုံကိုဖြန့်၍ ခေါင်းတလားနက်ကို ကြည့်သည်။ ချုန်းချီအို တကယ်သေမသေ သူသိလိုသည်။
ဤလောကတွင် မသေမျိုးတစ်ယောက်၏ ဝိညာဉ်အာရုံကို ဘယ်အရာမှ မတားဆီးနိုင်။
"စိတ်မကောင်းစရာပဲ။ တကယ်သေသွားပြီ"
နတ်မယ် သက်ပြင်းချသည်။
သူ့အသိအကျွမ်းဟောင်းတစ်ယောက် သူ့အနီးမှ ခေါင်းတလားထဲတွင် လဲလျောင်းနေသဖြင့် ဖော်ပြမရသည့် ခံစားချက်တစ်မျိုး ဖြစ်ပေါ်လာသည်။
ပြည့်စုံသည့်အရိယဖလမတည်ဆောက်နိုင်လျှင် ဘယ်သူမဆို သက်တမ်းအကန့်အသတ်ရှိသည်။
ချုန်းချီအိုသည် ပြင်ပဒဏ်ရာလုံးဝမရှိ။ အိုမင်း၍ သေဆုံးရခြင်းဖြစ်သည်။
သို့သော် နတ်မယ် သိပ်လည်းဝမ်းမနည်းပါ။ ထိုချုန်းချီအိုနှင့် သူသိပ်မရင်းနှီး။ ထိုချုန်းချီသည် မသေမျိုးငါးယောက်ခေတ်မတိုင်မီက လူသားစားခဲ့သည်။ မသေမျိုးငါးယောက်ပေါ်လာပြီးမှ ထိုသို့မလုပ်တော့ခြင်းဖြစ်သည်။
ထို့ကြောင့် ထိုချုန်းချီအိုက သက်တမ်းဆွဲဆန့်ပေးဖို့ လာတောင်းဆိုစဉ်က နတ်မယ် မကူညီခဲ့။
"ဒီမှာကြည့်၊ စာလုံးတွေပဲ"
နံရံအောက်ခြေမှ စာတစ်ကောင်းကို လုယန် လက်ညှိုးထိုးပြသည်။
"'မုန်ဖိုထန် ဤနေရာသို့ရောက်ခဲ့သည်'တဲ့။ မုန်ဖိုထန်ဆိုတာ ဘယ်သူလဲ"
မုန်ကျင်းကျိုးမျက်နှာ နည်းနည်းအမူအရာပျက်သွားသည်။
"ငါ့အဖေပါ"
မုန်မိသားစုမျိုးနွယ်ခေါင်းဆောင်သည် စာအုပ်ပေါင်းထောင်ချီဇတ်၍ မိုင်းပေါင်းထောင်ချီခရီးထွက်ရမည်ဟူသည့် အယူအဆကို ယုံကြည်သူဖြစ်သည်။ တောင်ပိုင်းမြောက်ပိုင်း နှစ်နေရာလုံး သွားခဲ့သည်။ နတ်ဆိုးနယ်မြေတွင် အမှတ်အသားများပင်ချန်ခဲ့သည်။
သူ့အဖေ၏စရိုက်အရ ယခုလို စာတစ်ကြောင်းချန်ထားခဲ့သည်မှာ မဆန်းလှ။
ကန်ထန် ခေါင်းငြိမ့်သည်။
"ချုန်းချီမျိုးနွယ်ကလည်း ဒီစာကြောင်းကို တွေ့ပြီးပါပြီ"
မုန်ကျင်းကျိုး "..."
နတ်ဆိုးနယ်မြေက ထင်ထားတာထက် ပိုအန္တရာယ်များနေသလိုပါလား...
မဟုတ်ဘူး။ အဲလိုမဟုတ်သေးဘူး။ ငါက အိမ်ကနေ ထွက်ပြေးလာပြီးသားလူလေ။ မုန်မိသားစုဝင်လို့ သတ်မှတ်လို့မရတော့ဘူး..
လုယန်က သူ့ပုခုံးကိုပုတ်၍ ရဲဘော်ရဲဘက်စိတ်အပြည့်ဖြင့်ပြောသည်။
"မကြောက်ပါနဲ့။ ချုန်းချီတွေတွေ့သွားရင် ငါတို့ထွက်ပြေးချိန်ရအောင် မင်းကိုထိုးကျွေးမှာပါ"
"အဲလိုတော့ မဖြစ်လောက်ဘူး။ ရှောင်မုန်ကို ချုန်းချီတွေက ဘာမှမလုပ်လောက်ဘူး"
လုယန် အကြီးအကျယ်အံ့အားသင့်သွားသည်။ ချုန်းချီမျိုးနွယ် ထိုမျှသဘောထားကြီးမည်ဟုထင်မထား။ ရန်ကြွေးကို မေတ္တာဖြင့် တုံ့နှင်းနေကြသည်။
"ရန်ကြွေးကို မေတ္တာဖြင့် တုံ့နှင်းတယ်ဆိုတာကတော့ နည်းနည်းများလွန်းပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းရာချီက ချုန်းချီမျိုးနွယ်တွလည်း မုန်မိသားစုကို ဒုက္ခပေးဖို့ ရည်ရွယ်ချက်ရှိခဲ့တယ်။ ဒါပေမယ့် ချုန်းချီမျိုးနွယ်မှာလည်း ကိုယ့်ဒုက္ခနဲ့ကိုယ်ရှိတော့ မုန်မိသားစုနဲ့ ဖြေရှင်းဖို့ အချိန်မပေးနိုင်ဘူး"
"ချုန်းချီတွေရဲ့ ဒုက္ခကဘာလဲ"
လုယန် စိတ်ထဲတွေးကြည့်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းရာချီက နတ်ဆိုးနယ်မြေတွင် တိုက်ပွဲကြီးတစ်ခုရှိခဲ့လောက်သည်။ ချုန်းချီမျိုးနွယ်များ ပါဝင်ခဲ့မည်။ ရှေ့နောက်ညှပ်တိုက်ခံရပြီး ကိုယ့်ကိုယ်ကို မကာကွယ်နိုင်ခြင်းလား....
သို့မဟုတ် ချုန်းချီမျိုးနွယ်တွင်း မျိုးနွယ်ခေါင်းဆောင်ရာထူးအတွက် ယှဉ်ပြိုင်တိုက်ခိုက်မှုများ ရှိခဲ့ခြင်းလား..
ကန်ထန် ရှင်းပြသည်။
"ချုန်းချီတွေရဲ့ ပင်ကိုယ်ဗီဇကိုက ဆင်းရဲဖို့ကံပါလာတာလေ။ အရင်က သူတို့စီးပွားရေးလုပ်ငန်းတွေ အရှုံးပေါ်တယ်။ ငွေတွေအများကြီး ဆုံးရှုံးခဲ့တယ်။ မျိုးနွယ်ထဲမှာ မကျေနပ်ချက်တွေ ဖြစ်လာတယ်။
မုန်မိသားစုကသာ ငွေမချေးခဲ့ရင် ချုန်းချီတွေ အဲဒီ့အခက်အခဲကို ကျော်လွန်နိုင်ခဲ့မှာမဟုတ်ဘူး။ လွန်ခဲ့တဲ့ နှစ်ငါးဆယ်ကမှ အဲဒီ့အကြွေးတွေကို အကျေဆပ်နိုင်ခဲ့တာလို့ပြောတယ်။
ရှောင်မုန်က မုန်မိသားစုသခင်လေးဆိုတော့ ချန်းချီမျိုးနွယ်တွေနဲ့တွေ့ရင် လေးလေးစားစားဆက်ဆံခံရမှာပါ။ သူတို့ချုန်းချီဂူသင်္ချိုင်းတစ်ခုမှာ မြှုပ်နှံခံချင်ရင်တောင် သူတို့သဘောတူလောက်တယ်"
မုန်ကျင်းကျိုး သက်ပြင်းချလိုက်ည်။ မုန်မိသားစုအရှိန်အဝါသည် အမြဲတမ်း အဆိုးချည်းတော့မဟုတ်။
လုယန် မုန်ကျင်းကျိုးကို မျက်လုံးစွေကြည့်သည်။ ကိုယ့်မိသားစုနှင့်ကိုယ် ပူးလိုက်ခွာလိုက် အလွန်လုပ်တတ်သူဟု မြင်မိသည်။
အနက်ရောင်ခေါင်းတလားကို ကန်ထန် သုံးကြိမ်ဦးညွှတ်အရိုအသေပေးသည်။ သူ့ဟန်ပန်က တည်ကြည်သည်။ လေးစားမှုအပြည့်ရှိသည်။ ပုံမှန်ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းဖို့လိုသည်။
"ခွင့်လွှတ်ပေးပါ ဘိုးဘေးချုန်းချီ"
သင်္ဂြိုလ်ပစ္စည်းတစ်ခုခုယူလျှင် ထိုအတိုင်းယူသွား၍ မသင့်တော်။
ခန်းမထောင့်တစ်နေရာရှိ သူလျှောက်သွားသည်။ ကြွေအိုးတစ်လုံးကို ဝိညာဉ်စွမ်းအင်ဖြင့် ဂရုတစိုက်ဖုံးအုပ်၍ မ,ယူလိုက်သည်။
သင်္ဂြိုလ်ပစ္စည်းများထဲတွင် ထိုကြွေအိုးသည့် အညံ့ဆုံးဖြစ်သည်။ မှော်ပစ္စည်းပင်မဟုတ်။
အလှဆင်ပစ္စည်းသက်သက်ဖြစ်သည်။
ကြွေအိုးပေါ်မှ အမှတ်အသားတစ်ချို့ကို ကန်ထန်နားမလည်။
"ရှောင်လု၊ ဒီကြွေအိုးကိုကြည့်ပါဦး"
**********************************