← Chapters

ပေးစရာလက်ဆောင်မရှိပါ

Vol. 39 Ch. 582

ပေးစရာလက်ဆောင်မရှိပါ

Vol. 39 Ch. 582

"ချုန်းချီခေါင်းဆောင်၊ ကျုပ်တို့ ညီအကိုနှစ်ယောက်ကို သိနေတာလား"

လုယန် စိတ်ဝင်တစားမေးလိုက်သည်။

ချုန်းချီခေါင်းဆောင်သည် အရွယ်အစားကြီးမားရုံသာမဟုတ်။ မျိုးနွယ်ခေါင်းဆောင်ဖြစ်၍ ပြိုင်ဘက်ကင်းစွမ်းအားရှိသူလည်းဖြစ်သည်။

ခရီးထွက်မလာမီက နတ်ဆိုးနယ်မြေမှလူများ သူတို့ကိုသိနိုင်ခြေရှိမရှိ သူနှင့်လောင်မုန် စဉ်းစားခဲ့သည်။

အလွန်ဆုံး နာမည်လောက်သာသိမည်၊ မျက်နှာကိုမသိနိုင်ဟု သူတို့သုံးသပ်ခဲ့သည်။

ယခု ချုန်းချီခေါင်းဆောင်က သူတို့ကိုသိနေသဖြင့် သူတို့ချခဲ့သည့် အစောပိုင်းကောက်ချက် လွဲနေပုံရသည်။

"အစကတော့ ရွှေသန္ဓေအဆင့်ဆို ဘယ်ပါရမီရှင်ဖြစ်ဖြစ် ငါအရေးမစိုက်ပါဘူး။ အားလုံးက အရွယ်မရောက်ခင်မှာ အပြောသက်သက်ပဲရှိတာလေ။ ဒါပေမယ့် လုယန်ဆိုတဲ့မင်းကတော့ သူတို့နဲ့မတူဘူး"

"ကျုပ်က ဘာကွဲပြားလို့လဲ'

လုယန် နှုတ်ခမ်းတွင် ဝင့်ကြွားရိပ်အပြုံးနည်းနည်းပေါ်လာသည်။ ထူးကဲသည့် ပါရမီကို ချုန်းချီခေါင်းဆောင် သတိထားမိခြင်းဖြစ်မည်ဟု တွေးနေသည်.

'မင်းက တာအိုရှင်ဝစီပိတ်ရဲ့တပည့်လေ"

လုယန် "..."

"ရှားနိုင်ငံက နံပတ်တစ်မျိုးဆက်သစ်ဟာ ဝစီပိတ်တပည့်လို့ကြားတော့ သီးသန့်လူလွှတ်ပြီး ပုံတူပန်းချီတစ်ခု ငါရအောင်ရှာခိုင်းခဲ့တယ်။

မုန်ကျင်းကျိုးကတေ့ မုန်မိသားစုသခင်လေးလေ။ ဒီတော့ မင်းပုံတူပန်းချီလည်း ငါမှာရှိထားမှဖြစ်မှာပေါ့။

မင်းတို့နှစ်ယောက် နတ်ဆိုးသံစဉ်မယ်(မိုယင်)နဲ့ အတူရှိနေမယ်လို့ ငါထင်မထားဘူး။ မင်းတို့ချင်း တစ်ခုခုပတ်သက်နေလို့လား"

ချုန်းချီခေါင်းဆောင် မျက်လုံးမှေးစင်းလျက် သူတို့သုံးယောက်ကို အကဲခတ်နေသည်။

နတ်ဆိုးသံစယ်မယ်(မိုယင်)သည် ဂူသင်္ချိုင်းတူးဖော်သည်ကို နှစ်ခြိုက်သည်။ နတ်ဆိုးများကိုလည်း အမဲလိုက်တတ်သည်။ ရန်သူအတော်များသည်။

သို့သော် သူ့ကျင့်စဉ်စွမ်းအားက မြင့်မားလွန်းသဖြင့် ဘယ်သူမှ သူ့ကိုမဖမ်းနိုင်ခဲ့။

မိုယင်၏နောက်ခံကိုလည်း ဘယ်သူမှမသိကြ။

လုယန်နှင့်မုန်ကျင်းကျိုး ချုန်းချီသင်္ချိုင်းထဲသို့ ဝင်နိုင်သည်မှာ မိုယင်ကူညီ၍သာဖြစ်မည်။

ဘာကြောင့်ကူညီသနည်း။ မိုယင်လည်း တာအိုလမ်းစဉ်ဂိုဏ်းဝင်ဖြစ်လေသလော...

ချုန်းချီခေါင်းဆောင် ဆက်မတွေးတော့။ မိုယင်၏သရုပ်မှန် ဘယ်သူဖြစ်ဖြစ် သူနှင့်မဆိုင်။

လမ်းလျှောက်နေရင်းမှ ချုန်းချီခေါင်းဆောင်တစ်ကိုယ်လုံး ထူထဲသည့်မြူခိုးများ ထိုးထွက်လာသည်။ မြူကြားထဲမှ ကျားနားရွက်နှင့် ဗလတောင့်တောင့်သက်လတ်ပိုင်းလူတစ်ယောက် ပေါ်လာသည်။

"ဒီဘက်ကိုကြွပါ"

သုံးယောက်လုံးကို သစ်သားအိမ်ငယ်တစ်ခုသို့ ဦးဆောင်ခေါ်သွားသည်။

အိမ်ငယ်အတွင်းပိုင်းကို အနုစိပ် ဖန်တီးထားသည်။ ချုန်းချီမျိုးနွယ်တွင် တွေ့နေကြ အကြမ်းစားလှိုဏ်ဂူများ သစ်ခေါင်းများနှင့်မတူ။

လူနေစရိုက်အလိုက် ဖန်တီးထားခြင်းဖြစ်သည်။ လူသးမျိုးနွယ်ဝင်များကို ဧည့်ခံဖို့ တည်ဆောကထားဟန်ရှိသည်။

ချုန်းချီမျိုးနွယ်သည် သီးခြားနေသည့်မျိုးနွယ်မဟုတ်။ စီးပွားရေးလုပ်ငန်းအရ နတ်ဆိုးမျိုးနွယ်များ လူသားမျိုးနွယ်များနှင့် မကြာခဏထိတွေ့ဆက်ဆံခဲ့သည်။

သို့သော် ပါရမီနည်းသဖြင့် သူတို့လုပ်ငန်းရင်းနှီးမှုများ မကြာခဏအရှုံးပေါ်သည်။

ချုန်းချီမျိုးနွယ်သည် အမွေအနှစ်ကြွယ်ဝသည်။ ပင်မဂူသင်္ချိုင်းမှ သင်္ဂြိုလ်ပစ္စည်း တစ်ခုနှစ်ခုရောင်းလိုက်ရုံဖြင့် ကူးဖြတ်ခြင်းအဆင့်များပင် ဈေးကြီးပေး၍ အလုအယက်ဝယ်ကြလိမ့်မည်။

သို့သော် ထိုပစ္စည်းများက အမြဲလုံခြုံအောင် ထိန်းသိမ်းထားရမည့်ပစ္စည်းများဖြစ်သည်။ ရောင်းချလျှင် နာမည်ပျက်မည်။ ချုန်းချီခေါင်းဆောင်က ငွေရဖို့ ထိုနာမည်ဆိုးမျိုးမလိုချင်။

လူအသွင်ပြောင်းမျိုးနွယ်ဝင်တစ်ယောက်ကိုခေါ်၍ လုယန်တို့သုံးယောက်အတွက် လက်ဖက်ရည်ငှဲ့ခိုင်းသည်။ သူ့ဧည့်ဝတ်ကျေပုံကြောင့် လုယန်တို့ နည်းနည်းအံ့ဩနေကြသည်။

ထိုခေါင်းဆောင် မရိုးမသားအကြံအစည်တစ်ခုခုရှိမည်ကို ကန်ထန်စိုးရိမ်နေသည်။ သူ့အစွမ်းအစဖြင့် အလွယ်တကူလွတ်အောင်ပြေးနိုင်သည်။ သို့သော် လုယန်တို့နှစ်ယောက်အတွက် ခက်ခဲမည်။

အမယွမ်က ထိုလူငယ်နှစ်ယေဦက်ကို သူ့ဆီအပ်ထားသည်။ သူ့လက်အောက်တွင် တစ်ခုခုဖြစ်သွားလျှင် လက်ခံနိုင်မည်မဟုတ်။

"ငါက ဖိုထန်ကို အကိုလို့ခေါ်တာဆိုတော မင်းငါ့ကို ဦးလေးလို့ခေါ်လို့ရပါတယ်"

သုံးယောက်လုံးသတိထားနေသည်ကိုကြည့်၍ ချုန်းချီခေါင်းဆောင် တဟားဟားအော်ရယ်နေသည်။

မုန်ကျင်းကျိုး မျက်ခုံးလှုပ်သွားသည်။

ချုန်းချီခေါင်းဆောင်နွေးထွေးနေသည့် သူ့ကြောင့်ဖြစ်မှန်း သိလိုက်ရသည်။ အမသုံးပြောခဲ့သည့် မုန်မိသားစုနှင့် ချုန်းချီမျိုးနွယ်ကြား ဆက်ဆံရေးအရ ချုန်းချီခေါင်းဆောင်၏ အပြုအမူက ဖြစ်သင့်ပါသည်။

သို့သော် ပြဿနာက သူသည် အိမ်မှထွက်ပြေးလာပြီးဖြစ်သည်။ သူ့ဖခင်က ခွင့်လွှတ်သော်လည်း ကိုယ့်ကိုယ်ကို မိသားစုဝင်ဟုတ်မဟုတ် သေချာမခံစားတတ်တော့။

ခဏတုံ့ဆိုင်းနေပြီးနောက် ချုန်းချီခေါင်းဆောင်ဆန္ဒအဆိုင်း ဂုဏ်ပြုပေးဖို့ ဆုံးဖြတ်လိုက်သည်။

"ဦးလေး"

ချုန်းချီခေါင်းဆောင် သဘောကျစွာအော်ရယ်ပြီး မုန်ကျင်းကျိုးလက်ထဲ စာရွက်တစ်ရွက်လှမ်းပေးသည်။

"တူလေး၊ အခုငါတို့ ပထမဆုံးစတွေ့ကြတာဆိုတော့ ငါမင်းကို ပေးစရာများများစားစားမရှိဘူး။ ဒီကြွေးကတိစာချုပ်ကိုလက်ခံပြီး သေချာသိမ်းထားပါ"

"ဒါက အရမ်းတန်ဖိုးကြီး...ဘာ...ဘယ်လို...ဘာပစ္စည်းရယ်"

လောကဝတ်အရ ငြင်းပယ်စကားပြောပြီးမှ မုန်ကျင်းကျိုး သတိထားမိသွားသည်။

"ကြွေးကတိစာချုပ်ပါ"

မုန်ကျင်းကျိုး စာရွက်ကိုလှန်ကြည့်သည်။ ရှေ့မျက်နှာစာတွင် ချုန်းချီခေါင်းဆောင်က မုန်မိသားစုကို ပေးစရာရှိသည့် ဝိညာဉ်ကျောက်ပမာဏ၊ အတိုးပမာဏနှင့် သတ်မှတ်ရက်စွဲများကို ရှင်းလင်းစွာရေးထားသည်။

နတ်ဆိုးဘုရင်ဖြစ်၍ ချုန်းချီခေါင်းဆောင်သည် အတော်စိတ်ဓာတ်ခိုင်ခံ့သည်။ အမူအရာလုံးဝမပျက်။

"ငါ့အကြွေးတွေကို လျှော်ပေးဖို့ မင်းမိသားစုကို ပြောပေးလို့ရမလား"

မုန်ကျင်းကျိုး "..."

သူမှတ်မိသလောက် မုန်မိသားစုထံ အကြွေးလျှော်ခိုင်းရဲသူဟူ၍ တစ်ယောက်မှမရှိဖူး။

ချုန်းချီခေါင်းဆောင်က နောက်တစ်ဆင့်ထပ်လျှော့သည်။

'အတိုးပဲလျှော်ပေးခိုင်းရင်ရော ဘယ်လိုလဲ"

မုန်ကျင်းကျိုး အသံတိတ်နေသည်။

ချုန်းချီခေါင်းဆောင် လက်မလျှော့သေး။

"ငွေဆပ်ချိန် နောက်နှစ်နှစ်ထပ်ဆိုင်းပေးရင်လည်း အဆင်ပြေပါတယ်"

ဆက်၍အသံတိတ်နေလျှင် ချုန်းချီခေါင်းဆောင် သူ့ကိုပြန်ပေးဆွဲ၍ မုန်မိသားစုထံ ငွေညှစ်မည်ကို စိုးရိမ်ရသည်။

"ကိစ္စမရှိပါဘူး။ ပြန်ရောက်တာနဲ့ ကျုပ်အဖေကို ပြောလိုက်ပါ့မယ်။ ငွေကို အချိန်နှစ်နှစ်ဆိုင်းပေးမယ်။ အတိုးမယူတော့ဘူး"

ချုန်းချီခေါင်းဆောင် သက်ပြင်းချသည်။ လောလောဆယ် မိုးကြိုးပစ်ခံရမည့်အရေး စိုးရိမ်စရာလိုတော့ဟန်မရှိ။

"ဒါနဲ့ အကိုဖိုတန်ကိုမမြင်တာ အတော်ကြာပြီ။ ကုန်သည်တွေကို ဖိုတန်အကြောင်းနဲ့ မုန်မိသားစုအခြေအနေတွေ မေးကြည့်တယ်။

မုန်မိသားစုက လူသားမျိုးနွယ်ရဲ့ နံပတ်တစ်ဩဇာအကြီးဆုံးမျိုးနွယ် ဖြစ်နေပြီလို့ကြားတယ်။ နန်းမြို့တော်မှာလည်း အဆက်အသွယ်ကောင်းတွေ အများကြီးရှိတယ်။ သူများတွေကို ရက်ရက်ရေရောပေးကမ်းကူညီတတ်တယ်။ စေတနာကောင်းတယ်လို့ ပြောကြတယ်။

နန်းမြို့တော်က ကျင့်ကြံသူတွေက မုန်မိသားစုကို သိပ်လေးစားကြတယ်။ မုန်မိသားစုဝင်တိုင်းကို အားလုံးက အပြုံးနဲ့ကြိုဆိုကြတယ်တဲ့။

အကိုဖိုတန်က ပိုပြီးတောင် နာမည်ကျော်သေးတယ်။ အရာရှိအသိုင်းအဝိုင်းမှာ ထင်ရှားတယ်။ နန်းတွင်းအရာရှိတွေရော စစ်ရေးအရာရှိတွေရော သူ့ကိုချီးကျူးကြတယ်။

ခေတ်ဟောင်းက နိုင်ငံ့ဂုဏ်ဆောင်တစ်ယောက်ရဲ့ ပါရမီမျိုးရှိတယ်လို့ ပြောကြတယ်..."

မုန်ကျင်းကျိုး ဂဏာမငြိမ်ဖြစ်လာသည်။ ထိုဂုဏ်ပုဒ်များသည် မုန်မိသားစုနှင့် လုံးဝအဆက်အစပ်မရှိသလိုထင်ရသည်။

"ဦးလေး၊ ပြောစရာရှိရင် ပွင့်ပွင့်လင်းလင်းပြောလို့ရပါတယ်"

"ငါ့တူက အပြောအဆိုအပြုအမူ တကယ်သွက်တာပဲ။ အောင်မြင်မှုကြီးကြီးရမဘ့် လူမျိုးပဲ။

ဦးလေးတောင်းဆိုချင်တာ အများကြီးမရှိပါဘူး။ မုန်မိသားစုကို ဝိညာဉ်ကျောက်နည်းနည်းချေးစေချင်တာပါ"

'ထပ်ချေးဦးမယ်ပေါ့"

မုန်ကျင်းကျိုး အံ့အားသင့်သွားသည်။

...အခုမှ အကြွေးတစ်ခု အချိန်ဆိုင်းပြီးသည်ကို နောက်ထပ်ငွေချေးရဲသည်။ မဟာနတ်ဆိုးဘုရင်တိုင်း ထိုသို့မျက်နှာပြောင်လေသလားမသိ။

ချုန်းချီခေါင်ဆောင်က အလေးအနက်လေသံဖြင့် ရှင်းပြသည်။

"ထပ်ချေးတယ်လို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့တစ်ခေါက်ချေးတာက ဦးလေးရဲ့ကိုယ်ရေးကိုယ်တာအတွက်ပါ။ အခုဟာက မျိုးနွယ်ကိုယ်စားပါ။ ဒီနှစ်ခုက မတူပါဘူး"

"အိမ်ပြန်ရောက်ရင် ကျုပ်ပြောကြည့်ပါမယ်။ ဒါပေမယ့် ရမယ်လို့တော့ အာမမခံနိုင်ဘူး"

ချုန်းချီခေါင်းဆောင် ပျော်ရွှင်သွားသည်။ မျက်နှာတစ်ခုလုံး မူလပုံစံသို့ ပြန်ပြောင်းသွားသည်။

"ဒါဆိုရင် ငါ့တူဒုက္ခခံပေးတာကို ကျေးဇူးတင်ရတော့မှာပေါ့ကွာ"

"အသေးအဖွဲပါ။ အသေးအဖွဲလေးပါ"

မုန်ကျင်းကျိုး အမြန်ပြောလိုက်သည်။ စိတ်ချအောင် ချေးငွေကိစ္စ အိမ်ထိန်းကို တစ်ဆင့်ပြောခိုင်းမည်ဟု တွေးထားလိုက်သည်။

ယခုချိန်ဆို အိမ်ထိန်းလည်း အချုပ်အနှောင်မျှ လွတ်လောက်ပြီဟု ယူဆသည်။

အစက ချုန်းချီပါရမီရှင်များကို ဆင့်ခေါ်၍ လုယန်တို့၊ မုန်ကျင်းကျိုးတို့နှင့် လက်ရည်ယှဉ်ခိုင်းဖို့ ချုန်းချီခေါင်းဆောင် စိတ်ကူးခဲ့သည်။ သို့သော် ထိုနှစ်ယောက်က ရွှေသန္ဓေအလတ်တန်းဆင့် မဟာရှားချန်ပီယံများဖြစ်သည်။ သူ့မျိုးနွယ်ပါရမီရှင်များ အနိုင်ရဖို့ ခက်လိမ့်မည်။

ထို့ပြင် မုန်ကျင်းကျိုးကို အနိုင်ယူလိုက်လျှင် သူတို့ ငွေ့ဘယ်လိုသွားချေးတော့မည်နည်း။

ထိုအကြောင်းများကြောင့် ပြိုင်ပွဲလုပ်ဖို့စိတ်ကူးကို သူစွန့်လွှတ်လိုက်သည်။

လုယန်တို့သုံးယောက်ကို ကိုယ်တိုင် နှုတ်ဆက်လိုက်ပို့သည်။

ဂူဖောက်ထွင်းသည့်ကိစ္စကိုလည်း စိတ်ထဲမထားတော့။ မုန်ကျင်းကြောင့်အပြင် တစ်ခြားအကြောင်းရင်းတစ်ခုလည်းရှိသည်။

ဘိုးဘေးတိကျန်း နတ်ဆိုးနယ်မြေကို စည်းရုံးဖို့ပြင်ဆင်နေသည့်သတင်း ထိုသုံးယောက်မှတစ်ဆင့် မဟာရှားသို့ ပျံ့နှံ့သွားစေချင်သည်။

မှတ်တမ်းများအရ တိကျန်းဘိုးဘေးသည် နိုင်လိုမင်းထက်စရိုက်ရှိသည်။

ထိုမဟာနတ်ဆိုးမျိုး နတ်ဆိုးနယ်မြေကို စုစည်းလျှင် ခန့်မှန်းမရသည့် အန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည်။

"ဝါး..."

နတ်မယ် သစ်ပင်ထက်မှ နိုးလာသည်။ အထိအခိုက်မရှိထွက်လာသည့် သုံးယောက်ကိုကြည့်၍ သူ့ခန့်မှန်းချက်မှန်ကန်ကြောင်း သိလိုက်သည်။ ချုန်းချီခေါင်းဆောင်သည် သူတို့ကိုထိခိုက်အောင် လုပ်ဖို့ရည်ရွယ်ချက်မရှိ။

"တွေ့လား၊ အသေးအဖွဲကိစ္စပါလိ့ပြောသားပဲ။ ချုန်းချီမျိုးနွယ်က အမြဲတမ်းဆင်းရဲခဲ့တာ။ အခုထိ ရပ်တည်နိုင်ဖို့တောင် အတော်ကြိုးစားခဲ့ရတာ။

တစ်ခါက ချုန်းချီအိုကို 'ချုန်းချီ'ဆိုတဲ့နာမည်ဟာ မကောင်းဘူး။ ကံဆိုးတတ်တယ်။ နာမည်ပြောင်းသင့်တယ်လို့ ငါအကြံပြုဖူးတယ်"

"ဘယ်နာမည်မျိုးပြောင်းခိုင်းတာလဲ"

"တိုးတက်ခြင်းတို့၊ ချမ်းသာခြင်းတို့လို နာမည်မျိုးပေါ့"

(**ချုန်းချီမျိုးနွယ်ကို ရွှေမျိုးနွယ်ဟုလည်း ခေါ်ကြသည်)

********************************

All Chapters