← Chapters

ဖိတ်ကြားချက်

Vol. 39 Ch. 584

ဖိတ်ကြားချက်

Vol. 39 Ch. 584

မဟာယုနိုင်ငံ့ဆရာသည် အလွန်စွမ်းအားကြီးသည်။ ထာဝရအရှင် ဆယ်ရက်ကြာအောင် ခန္ဓာကိုယ်ဖောက်ခွဲခဲ့သော်လည်း ရှင်သန်နိုင်ခဲ့သည်။ သို့သော် ထိုအဖြစ်က လေဟာနယ်ထောင့်တစ်နေရာတွင် ဇွဲကောင်းကောင်းပုန်းအောင်းနေခဲ့သဖြင့် ပေါက်ကွဲမှု၏ အကြွင်းအကျန်လှိုင်းများကြောင့် အသေးအဖွဲထိခိုက်မှုလောက်သာ ရခဲ့၍ဖြစ်သည်။

တိကျန်းဘိုးဘေးသည် 'တိုက်ကွက်ဆယ်ကွက်'မခံနိုင်ဟု နတ်မယ်ပြောသည်က ထိုသဘောမဟုတ်။ ပေါက်ကွဲမှုဖြစ်သည့်နေရာတည့်တည့်တွင် တိကျန်းရပ်နေပြီး ဖောက်ခွဲမှုကို ဆယ်ကြိမ် တိုက်ရိုက်ထိတွေ့ခြင်းကို ဆိုလိုသည်။ ရင်ဆိုင်ရသည့်အခက်အခဲချင်း မဟာယုနိုင်ငံ့ဆရာနှင့် များစွာကွာခြားလိမ့်မည်။

နတ်မယ်၏ဖောက်ခွဲစွမ်းအားကလည်း ထာဝရအရှင်၏ဖောက်ခွဲစွမ်းအားနှင့် နှိုင်းယှဉ်ရမည်မဟုတ်။

ယခု နတ်ဆိုးနယ်မြေစုစည်းတော့မည့် တိကျန်းသည် စွမ်းအားအဆင့်သစ်တစ်ခုသို့ ရောက်နေသည်။ မသေမျိုးတစ်ဝက်များကြားတွင် ထိပ်ဆုံးအဆင့်ဟု ဆိုနိုင်သည်။ ထာဝရအရှင်ပင် တိကျန်းကို ယှဉ်နိုင်မည်မဟုတ်။ ထိုအချက်က ရှေးဟောင်းတိကျန်း၏စွမ်းအားကို သက်သေပြနေသည်။

....

တိကျန်းမျိုးနွယ်။

"ဖိတ်စာတွေအားလုံး ပို့ပြီးပြီလား"

တိကျန်းဘိုးဘေး တောင်ပံအနည်းငယ်ခတ်လိုက်သည်။ ထူးဆန်းသည့်စွမ်းအင်ဖိအားတစ်ခု ထွက်ပေါ်လာသဖြင့် အားလုံးထိတ်လန့်ခြောက်ခြားနေကြသည်။

နတ်ဆိုးနယ်မြေတွင် စွမ်းအားကိုသာ ကိုးကွယ်သည်။

ယခု အောက်ဘက်တွင် ဒူးထောက်နေသူအားလုံသည် သက်ဆိုင်ရာမျိုးနွယ်တို့တွင် အင်အားအကြီးဆုံးများဖြစ်သည်။ ထိုစွမ်းအားအကြီးဆုံးနတ်ဆိုးများကို တိကျန်းဘိုးဘေးက ထိန်းချုပ်ထားသည်။

အနီးကပ်ကြည့်လျှင် ထိုနတ်ဆိုးများ၏မျက်လုံးအတွင်းပိုင်းတွင် ထူးဆန်းသည့် တံဆိပ်တစ်မျိုးရှိနေကြောင်း တွေ့ရမည်ဖြစ်သည်။

တိကျန်းဘိုးဘေးခတ်နှိပ်ခဲ့သည့် သခင်-ကျွန် ဝိညာဉ်တံဆိပ်များဖြစ်သည်။

ထိုတံဆိပ်ရသူမှန်သမျှ တိကျန်းအမိန့်ကို နာခံရသည်။ သေခြင်းရှင်ခြင်းကို မပိုင်ဆိုင်တော့။

တိကျန်းမျိုးနွယ်တမန်က ထိုတံဆိပ်မျိုး ချုန်းချီခေါင်ဆောင်ကို ခတ်နှိပ်ရန် ကြိုးစားခဲ့သည်။ သို့သော် ချုန်းချီတို့က ဘိုးဘေး၏အင်အားဖြင့် တံဆိပ်ကိုဖျက်ဆီးနိုင်ခဲ့သည်။

တိကျန်းမျိုးနွယ်ခေါင်းဆောင် တိကျန်းဘိုးဘေးကို ထိတ်လန့်ဟန်ဖြင့်ကြည့်သည်။

"အဓိကအင်အားစုတွေအားလုံးဆီ ဖိတ်စာပို့ပြီးပါပြီ ဘိုးဘေး။ နေရာအတည်တကျစုံစမ်းလို့မရတဲ့ နတ်ဆိုးဂိုဏ်းလေးဂိုဏ်းဆီပဲ မပို့ရသေးတာပါ"

"နတ်ဆိုးဂိုဏ်းလေးဂိုဏ်းလား...ထာရဂိုဏ်းက ချေမှုန်းခံလိုက်ရပြီမဟုတ်လား"

"ကောင်းကင်ရုံးတော်ဂိုဏ်းလို့ခေါ်တဲ့ နောက်ထပ်အင်အားစုတစ်ခု ပေါလာပါတယ်။ အဖွဲ့ဝင်အားလုံးက ရှေးဟောင်းကောင်းကင်ရုံးတော်ဂိုဏ်းဝင်တွေပါ"

မျိုးနွယ်ခေါင်းဆောင်က ကောင်းကင်ရုံးတော်ဂိုဏ်း၏ လှုပ်ရှားမှုများကို အသေးစိတ်ပြောပြသည်။ ဟန်ရွှေမြို့တြွင် ပဲဝါအရှင်ပေါ်လာပုံမှစ၍ တာအိုလမ်စဉ်ဂိုဏ်းနှစ်ပတ်လည်ပွဲတွင် ဂိုဏ်းသခင်လေး ပြဿနာရှာပုံထိ ပြောပြသည်။ ဖြစ်ရပ်တိုင်းက ထိုဂိုဏ်း၏စွမ်းအားကို က်သေခံနေသည်။

တိကျန်းဘိုးဘေး နှာခေါင်းရှုံ့သည်။

"ကောင်းကင်ရုံးတော်ဂိုဏ်းတဲ့လား။ ဘယ်ကမှမသိတဲ့ အဖွဲ့အစည်းတစ်ခုပါ။ ရှေးဟောင်းခေတ်မှာ နှစ်သေင်းချီ ငါလှည့်ပတ်သွားလာခဲ့တာ။ ကောင်းကင်ရုံးတော်ဆိုတာ တစ်ခါမှမကြားဖူးဘူး။

ထာဝရဂိုဏ်းလိုပဲ လူတစ်ချို့ လုပ်ကြံဖန်တီးထားတဲ့ဂိုဏ်းပါ။ ပဲဝါအရှင်ဆိုတာလည်း မဟာယုကျင့်ကြံသူတစ်ယောက်ယောက် ပြဇာတ်ခင်းတာဖြစ်မှာပေါ့။ ဘာမှကြောက်စရာမရှိဘူး"

"ဘိုးဘေးရဲ့ဉာဏ်ပညာက စူးရှပါတယ်"

"ငါ့ရဲ့တိကျန်းမျိုးနွယ်မှာလည်း အချိန်အကြာကြီး ပုန်းကွယ်နေတဲ့ ပါရမီရှင်တွေရှိတာပဲ။ ငါတို့တိကျန်းတွေရဲ့စွမ်းအားကို လောကကြီးသိအောင် ပြရမယ့်အချိန်ရောက်လာပြီ"

တိကျန်းဘိုးဘေးနှုတ်ခမ်းထောင့်တွင် အပြုံးရိပ်ပေါ်လာသည်။

တိကျန်းမျိုးနွယ်ပါရမီရှင်များကို သူကိုယ်တိုင်လေ့ကျင့်ထားခြင်းဖြစ်သည်။ သူ့အမွေခံအစစ်များဖြစ်သည်။ အားလုံးစွမ်းအားကြီးကြသည်။

.....

"တိကျန်းဘိုးဘေးရဲ့ဖိတ်စာကို အားလုံးရထားပြီးပြီထင်ပါတယ်။ ဘယ်လိုတွေးထားလဲ"

အင်ပါယာရှားနှင့် မသေမျိုးငါးဂိုဏ်းခေါင်းဆောင်များ စုဝေးနေသည်။ စားပွဲပေါ်တွင် ဖိတ်စာခြောက်စောင်ရှိနေသည်။

ချိုးကျင်အန်းက ပုခုံးတွန့်လျက်

"ဘယ်တတ်နိုင်မလဲ။ သွားရုံပဲပေါ့။ ပွဲကြည့်ရုံနဲ့ ငွေကုန်တာမှမဟုတ်ဘဲ။ ဒီကိစ္စကို ယွမ်ကျိပြောပြီးသားမဟုတ်လား။

အဲဒီတုန်းက တကယ်လို့ တိကျန်းဘိုးဘေး နတ်ဆိုးနယ်မြေကို စုစည်းခဲ့ရင် လူသားတွေကို ရန်သူလို့မြင်နေတဲ့ နတ်ဆိုးမျိုးနွယ်တွေကို ထိန်းချုပ်နိုင်လာမယ်ဆိုတဲ့အကြောင်း ပြောခဲ့ကြတယ်။

နောင်တစ်ချိန် စီးပွားရေးကိစ္စဖြစ်ဖြစ် ပညာဖလှယ်ဖို့ပဲဖြစ်ဖြစ် နှစ်ဦးနှစ်ဘက် ပိုအဆင်ပြေသွားမယ်။ ဆိုးကျိုးထက် ကောင်းကျိုးပိုများလာမယ်။ ကျုပ်တို့မဟာရှားက ဒီကိစ္စကို ဝင်စွက်ဖို့မလိုပါဘူး။

ဒီအချိန် တိကျန်းပေါ်လာတာကတော့ မဟာကပ်နဲ့ သေချာပေါက်ပတ်သက်နေမှာပဲ။ ဒါပေမယ့် သူက မဟာရှားကို ခြိမ်းခြောက်နိုင်လောက်အောင် စွမ်းအားမကြီးသေးဘူး။

ကျုပ်တို့ ဘေးကပဲ အသာကြည့်နေလို့ရတယ်"

"မှန်တယ်"

....

ရွှေဗုဒ္ဓနိုင်ငံ။

"တိကျန်းဘိုးဘေးက နတ်ဆိုးနိုင်ငံ တည်ထောင်ချင်တယ်ဆိုပဲ"

အရပ်မြင့်မြင့် ဦးခေါင်းပြောင်ပြောင် ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းထားသည့် ဗုဒ္ဓနိုင်ငံအုပ်ချုပ်သူ ကြာပွင့်ပလ္လင်တစ်ခုထက်တွင် ထိုင်နေသည်။ သူ့နောက်ဘက်တွက် မသေမျိုးရွှေဖြင့်တည်ဆောက်ထားသည့် ဗုဒ္ဓရုပ်ထုတစ်ခုရှိသည်။

လက်ထဲမှဖိတ်စာကိုကြည့်၍ ပုတီးတဂျောက်ဂျောက်စိပ်ရင်း အသံတိတ်နေသည်။

စေလွှတ်မည့်လူစာရင်းကို စာရွက်ပေါ်တွင် သူချရေးသည်။ စာရွက်ပိုင်းလေးများအဖြစ်ဆုတ်ဖြဲ၍ အလိပ်များလိပ်သည်။ ထို့နောက် နာမည်ကို မဲဆွဲသည်။

"မဲကျတဲ့လူပဲ လွှတ်ရတော့မှာပေါ့"

.....

အရှေ့ပင်လယ်

နဂါးအင်ပါယာက ကျောက်သားစင်မြင့်ထက်တွင် မီတာတစ်သောင်းနီးပါးရှိသည့်ခန္ဓာကိုယ်ကို ခွေရစ်ထားသည်။

အစိမ်းရောင်ကြေးခွံများက သူ့အသက်အရွယ်ကို အနည်းငယ်လှစ်ဟပြနေသည်။ နဂါးလက်သည်းတို့တွင် အသားများများတက်နေသည်။ သို့သော် ဘယ်သူမှ ဤနဂါးအိုကို အထင်မသေးရဲ။ အရှေ့ပင်လယ်ဖြစ်စေ နတ်ဆိုးနယ်မြေဖြစ်စေ ယနေ့ခေတ်တွင် သူ့ထက်ပိုအသက်ကြီးသည့်နတ်ဆိုး မရှိလောက်။

ငယ်ရွယ်စဉ်က တစ်ကိုယ်တော်စွမ်းအားဖြင့် ကိုးနဂါးပြည်တွင်းစစ်ပွဲအတွင်း အရှေ့ပင်လယ်တစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ဖြစ်လုနီးပါးရှိခဲ့သည့် ပုန်ကန်မှုတစ်ခုကို နှိပ်ကွပ်ခဲ့သူဖြစ်သည်။

"နတ်ဆိုးနယ်မြေက ဆွေမျိုးတွေနဲ့ အဆက်အသွယ်မရှိတာလည်း အတော်ကြာသွားပြီ။ လူငယ်နဂါးတစ်ချို့ လွှတ်လိုက်မှအဆင်ပြေမယ်ထင်တယ်။ ရှေးဘိုးဘေးရဲ့သတင်းလည်း စုံစမ်းလို့ရတာပေါ့"

....

ကိုးငရဲဂိုဏ်း။

အသားကင်ဆိုင်ဝင်ငွေစာရင်းကို မူပိုင်ရှိ ဝမ်းသာအားရကြည့်နေသည်။

ထိုနှုန်းအတိုင်းဆိုလျှင် သူ့အကြွေးကို သူ့ဘဝသက်တမ်းအတွင်း ကျေအောင်ဆပ်နိုင်ပေလိမ့်မည်။ ဖုန်ဒူတည်ဆောက်ဖို့ပင် အရင်းအနှီးရနိုင်သည်။

"ဒါတွေအားလုံး ကောင်းကင်ရုံးတော်ဂိုဏ်းရဲ့ ကျေးဇူးတွေပဲ"

သူစိတ်ကြည်နေချိန်တွင် လက်ထောက်ထံမှ အံ့ဩတုန်လှုပ်စရာ သတင်းတစ်ခုရောက်လာသည်။

"နတ်ဆိုးနယ်မြေက နိုင်ငံတည်ထောင်မယ်၊ ဖိတ်စာတွေနေရာအနှံ့ပို့ပြီး အဓိကအင်အားစုအားလုံးကို ဖိတ်ခေါ်ထားတယ်ပေါ့။ ငါတို့ကိုးငရဲဂိုဏ်းက ဘာလို့ဖိတ်စာမရတာလဲ။

အဲ...သူတို့က ငါတို့နေရာကို မရှာနိုင်လို့ဖြစ်မှာပါလေ"

ထိုမျှအရေးကြီးသတင်းက တစ်စွန်းတစ်စမှ မပေါက်ကြားခဲ့။ တိကျန်းဘိုးဘေး၏ သတင်းထိန်းချုပ်နိုင်စွမ်းက အားကောင်းလွန်းသည်။

မူပိုင်ယိ အကြပ်ရိုက်သွားသည်။ ဂိုဏ်းသခင်လေးလု၏ အစီအစဉ်အရ အသားကင်လုပ်ငန်းကိုသာ အာရုံစိုက်၍ဝင်ငွေရှာဖို့ရှိသည်။ ဤကိစ္စကို ဝင်စွက်စရာမလို။

သို့သော်လည်း သမိုင်းတွင်ကျန်ရစ်မည့် ထိုမျှအရေးပါသည့်ပွဲမျိုးကို မတက်ရလျှင် နောက်တစ်ချိန် နောင်တရနေရမည်။

ခဏစဉ်းစားပြီးနောက် ကျောက်ရိုးကို သူခေါ်လိုက်သည်။

"ဒီကိစ္စကို ဂိုဏ်းသခင်လေးလု ဘယ်လိုစဉ်းစားထားလဲ မေးလိုက်ပါ"

ကျောက်ရိုးလည်း နတ်ဆိုးနိုင်ငံတည်ထောင်မည့်သတင်းကြားပြီး အံ့အားသင့်သွားသည်.

ကိုးငရဲတံဆိပ်ကိုထုတ်ပြီး ဂိုဏ်းသခင်လေးလုဆီ စာရှည်ရှည်ရေး၍ ဆွေးနွေးမေးမြန်းသည်.

မကြာမီ လုယန် မက်ဆေ့ပြန်သည်။

"ကျုပ်က အစကတည်းက နတ်ဆိုးနယ်မြေမှာရောက်နေတာပါ"

မူပိုင်ယိနှင့်ကျေက်ရိုးတို့ မင်သက်မိသွားသည်။ အကြောင်းတစ်စုံတစ်ရာမရှိဘဲ နတ်ဆိုးနယ်မြေသို့ ဘယ်သူမှမသွား။

ဂိုဏ်းသခင်လေးလုက တိကျန်းဘိုးဘေး၏ နိုင်ငံတည်မည့်အကြံကို ရိပ်မိသဖြင့် ကြိုတင်ရောက်နေဟန်တူသည်။

ထိုအချက်သည် ကောင်းကင်ရုံးတော်ဂိုဏ်း၏စွမ်းရည်ကို သက်သေခံနေသည်။

"မောင်လေးလု၊ ဘယ်သူ့ဆီ မက်ဆေ့ပို့နေတာလဲ"

လုယန်စာရေးနေသည်ကို ကန်ထန်မြင်သွားသည်။

လုယန်က ပုံမှန်လေသံဖြင့်

"ဪ...ကိုးငရဲဂိုဏ်းကပါ။ ကျုပ်ကို ဘယ်ရောက်နေလဲလို့ မေးနေကြတာ"

"ကိုးငရဲဂိုဏ်း...ဟုတ်လား"

ကန်ထန် ခဏအသံတိတ်သွားသည်။ နားကြားမှားခြင်းလားဟု သံသယဖြစ်မိသဖြင့် ပြန်မေးသည်။

လုယန်နှင့်မုန်ကျင်းကျိုးက ကောင်းကင်ရုံးတော်ဂိုဏ်းနှင့်ပတ်သက်သည့် ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြသည်။ ယွမ်ကျိက ဂိုဏ်းချုပ်၊ အကြီးအကဲကိုးယောက်က ကောင်းကင်ဘုရင်များဖြစ်ကြောင်း ပြောသည်။

ကန်ထန် အသံတိတ်ချိန် ပိုကြာသွားသည်။

မျိုးဆက်တစ်ခုပြီးတစ်ခု ပို၍တိုးတက်လာကြောင်း သက်သေပင်ဖြစ်သည်။ သူ့ဆရာဝစီပိတ်ငယ်စဉ်က ထိုစွန့်စားခန်းမျိုး လုံးဝမလုပ်ဖူးခဲ့။

ယခု သူတို့သုံးယောက် တိရစ္ဆာန်သားရေပေါ် ထိုင်နေကြသည်။ တိကျန်းမျိုးနွယ်ဆီ အလောတကြီးမသွားသေး။

တစ်ခြားတစ်နေရာသို့သွားရန် ရည်ရွယ်ထားသည်။

ဖန်တီးခြင်းရှေးဟောင်းမြေ။

နတ်ဆိုးနယ်မြေ နိုင်ငံတည်ထောင်မည့်ကိစ္စကြောင့်သာမဟုတ်လျှင် နှစ်တစ်ရာတစ်ခါဖွင့်သည့် ဖန်တီးခြင်းရှေးဟောင်းမြေဖွင့်ပွဲကို နတ်ဆိုးနယ်မြေတစ်ခုလုံးက စိတ်ဝင်စားနေကြပေလိမ့်မည်။

ဖန်တီးခြင်းရှေးဟောင်းမြေဖွင့်ချိန်တွင် နတ်ဆိုးနယ်မြေပါရမီရှင်အားလုံး ပါဝင်ယှဉ်ပြိုင်ကြသည်။

ကျင့်စဉ်အဆင့်သတ်မှတ်ချက်များမှလွဲလျှင် တစ်ခြားသတ်မှတ်ချက်တစ်ခုတည်းသာရှိသည်။ ဝင်ရောက်ယှဉ်ပြိုင်သူများသည် သွေးဆက်စစ်စစ်ဖြစ်ရမည်။

တိုက်တိုက်ဆိုင်ဆိုင်ပင် လုယန်နှင့်မုန်ကျင်းကျိုးသည် လူသားစစ်စစ်များဖြစ်သည်။ သတ်မှတ်ချက်နှင့် ကိုက်ညီသည်။

********************************

All Chapters