နတ်ဆိုးမျိုးနွယ် ပါရမီရှင်များ
Vol. 39 Ch. 585
ဖန်တီးခြင်းရှေးဟောင်းမြေသည် ရှေးဟောင်းခေတ်ကတည်းက တည်ရှိခဲ့သည့် လျှို့ဝှက်မြေဟု ဆိုကြသည်။ ထိုနယ်မြေစီစဉ်ခဲ့သည့်သခင်ကလည်း ရှေးကျလွန်းသဖြင့် ဘယ်သူဘယ်ဝါ စုံစမ်းမရ။
လျှို့ဝှက်မြေနာမည်ကိုပင် မသိ။
ကံအခွင့်အလမ်းများစွာရှိကြောင်းသာ သိကြသည်။
နတ်ဆိုးနယ်မြေပါရမီရှင်လူငယ်များ လျှို့ဝှက်မြေသို့ဝင်၍ ကံကောင်းလျှင် ဘေးထွက်ဆိုးကျိုးမရှိဘဲ ကျင့်စဉ်အဆင့်တစ်ဆင့်လုံး တိုးတက်သွားနိုင်သည်။ ကျင့်ကြံချိန် များစွာသက်သာသွားသည်။
ထို့ကြောင့် ထိုလျှို့ဝှက်မြေနာမည်တွင် 'ဖန်တီးခြင်း'ဟူသည့်စာလုံး ထည့်ထားခြင်းဖြစ်သည်။
ထို့ပြင် ရှေးဟောင်းခေတ်တွင်သာ ရှိခဲ့သည့် သဘာဝရတနာများလည်း ရှိသည်။
ခေတ်ကာလများပြောင်းလာသလို ပတ်ဝန်းကျင်လည်း များစွာပြောင်းလဲလာသည်။ တစ်ချို့ရတနာများက ကြီးထွားရှင်သန်ဖို့ ပတ်ဝန်းကျင်ကောင်းကောင်းလိုအပ်သည်။ လက်ရှိလောကပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမရှိတော့လျှင် မျိုးတုန်းပျောက်ကွယ်သွားကြသည်။
ရှေးဟောင်းလျှို့ဝှက်မြေများတွင်သာ ထိုးမျိုးတုန်းပျောက်ကွယ်နေသည့် ရတနာများကို တွေ့နိုင်သည်။
ကျင့်စဉ်အဆင့်ကန့်သတ်ချက်သာမရှိလျှင် နတ်ဆိုးဘုရင်များပင် လျှို့ဝှက်မြေသို့ဝင်၍ ရတနာများ ရှာဖွေကြပေလိမ့်မည်။
"နတ်မယ်၊ ဖန်တီးခြင်းရှေးဟောင်းမြေဆိုတာ ခင်ဗျားကြားဖူးလား"
လုယန် မေးလိုက်သည်။ ရှေးဟောင်းခေတ်နှင့်ပတ်သက်သည့် အချက်အလက်များအတက် ရှေးလူသားကိုသာမေးရပေမည်။
"သူတို့ပြောပုံအရတော့ ငါမှတ်မိတဲ့ လျှို့ဝှက်မြေတစ်ချို့နဲ့တူတယ်။ ဒါပေမယ့် 'ဖန်တီးခြင်းရှေးဟောင်းမြေ'ဆိုတဲ့ နာမည်တော့ တစ်ခုမှမရှိဘူး။
ခေတ်ဟောင်းခေတ်သစ်ကြားမှာ နာမည်တွေကွဲပြားသွားနိုင်တာပဲ။ နာမည်ပြောင်းလိုက်တာဖြစ်နိုင်တယ်"
လူသားမျိုးနွယ်ဝင်စစ်စစ်သုံးယောက် အဝေးတစ်နေရာတွင် မြေပေါ်ဆင်းသက်၍ လျှို့ဝှက်မြေဝင်ပေါက်ဆီ လျှောက်လာကြသည်။
လျှို့ဝှက်မြေဖွင့်ချိန်မရောမီပင် နတ်ဆိုးနယ်မြေမှ မျိုးနွယ်အတော်များများ အစုလိုက်ရောက်နေပြီဖြစ်သည်။
အကြမ်းဖျင်းပြောလျှင် ထိုမျိုးနွယ်တို့၏ ဘိုးဘေးဂူသင်္ချိုင်းများအားလုံးကို လုယန်တို့ သွားလည်ဖူးပြီးဖြစ်သည်။ ထိုမျိုးနွယ်များအကြောင်း အတော်ရင်းနှီးထားသည်။
နတ်မယ်၏ ဟင်းချက်နည်းစာအုပ်ကို ထုတ်၍ကြည့်လျှင်လည်း ထိုမျိုးနွယ်တို့၏နာမည်များ ပါလောက်သည်။
အဓိကမျိုးနွယ်များကြားတွင် နဂါးနှင့်ဖီးနစ်မျိုးနွယ်က အထူးခြားဆုံးဖြစ်သည်။ အကြီးဆုံးလည်းဖြစ်သည်။ နောက်လိုက်နတ်ဆိုးများစွာ ပါလာကြသည်။
နဂါးက သားကိုးယောက်မွေးဖွားသည်။ ချောင်ဖန်မျိုးနွယ်၊ ချိုးနွှီမျိုးနွယ်၊ ပါရှားမျိုးနွယ် စသဖြင့်ဖြစ်လာသည်။ အားလုံးက နဂါးမျိုးနွယ်ကို ခေါင်းဆောင်တင်သည်။
နဂါးမျိုးနွယ်မှ မျိုးဆက်သစ်ပါရမီရှင်နာမည်က အောင်းယွဲ့ဖြစ်သည်။ လူသားအသွင်ဖြင့် လျှို့ဝှက်မြေတံခါးအနီးသို့ သူပေါ်လာသည်။ ဦးခေါင်းတွင် နဂါးချိုနှစ်ချောင်းရှိသည်. ရုပ်ရည်ခံ့ညားသည်။ ရွှေချည်ငွေချည်ထိုးထားသည့် အဝါရောင်ဝတ်စ့ုကို ဝတ်ထားသည်။ ကောင်းကင်ကင်ဝတ်ရုံကဲ့သို့ပင် အပြစ်အနာအဆာမရှိ။
ဖီးနစ်အော်သံစူးစူးရှရှ ပေါ်လာသည်။ နတ်ဆိုးအားလုံးမော့ကြည့်ကြသည်။ အဝေးဆီမှ ရောင်စုံအလင်းများထိုးကျလာသည်။ ငှက်မျိုးစုံတို့၏အမွှေးအတောင်များမှ အလင်းရောင်များဖြစ်သည်။
ချုန်မင်ငှက်၊ ပိဖန်ငှက်၊ ချင်လွမ်ငှက်မျိုးနွယ်...
ဦးဆောင်လာသူများက ရောင်စုံဖီးနစ်များဖြစ်သည်။ ဖီးနစ်မျိုးနွယ်သည် ငှက်အားလုံး၏ဘုရင်ဖြစ်သည်။
ငှက်မျိုးနွယ်များ မြေပြင်သို့ဆင်းသက်လာပြီးနောက် လူသားအသွင်ပြောင်းကြသည်။
တစ်ယောက်က တက်ကြွလှပသည့် မိန်းကလေးတစ်ယောက်ဖြစ်သည်။ မျက်လုံးက ကြည်လင်သည်။ ဆံပင်က နက်မှောင်သည်။ မျက်လုံးအိမ်များက နီရဲသည်။ အသက်ဓာတ်ပြည့်နေသည်
သူ့နာမည် ကျန်းရှီရှီ။
အတူလိုက်လာသည့် အကြီးအကဲများကြားတွင် လုယန်တို့သုံးယောက်သိကျွမ်းသည် ကျန်းရှန်လည်း ပါလာသည်။
လုယန်နှင့်မုန်ကျင်းကျိုးသည် ဖီးနစ်သွေးကျောက်ထုတ်လုပ်သည့်နေရာတွင် ကျန်းရှန်နှင့် ဆုံခဲ့ဖူးသည်။
တာအိုလမ်းစဉ်ဂိုဏ်းဝင်များထံမှ သင်ခန်းစာရပြီးနောက် ဂိုဏ်းဝင်နှစ်ယောက်ဖြစ်သည့် လုယန်တို့ကို အထူးဖော်ရွေစွာ ဆက်ဆံခဲ့သည်။
ကန်ထန်ကတော့ တစ်ချိန်က ကျန်းရှန်ကို သင်ခန်းစာပေးခဲ့ဖူးသူဖြစ်သည်။
နဂါးမျိုးနွယ် ဖီးနစ်မျိုးနွယ်တို့၏ ဘိုးဘေးဂူသင်္ချိုင်းများကိုလည်း သူတို့သွားလည်ခဲ့သည်။ လုယန်အတွက် စူးစမ်းလေ့လာစရာ အဓိကနေရာများဖြစ်ခဲ့သည်။
နဂါးမျိုးနွယ်နှင့်ဖီးနစ်မျိုးနွယ်၏ ရှေးဟောင်းခေတ်ပါရမီရှင်နှစ်ယောက် ဘယ်ရောက်နေသည်ကို သူသိချင်သည်။ သူတို့ဘိုးဘေးဂူသင်္ချိုင်းတွင် သဲလွန်စတစ်ခုခုရှာတွေ့နိုင်သည်ဟု သူယူဆသည်။
သို့သော် ထင်သလောက်မလွယ်ခဲ့။
နတ်မယ်က ဝိညာဉ်အာရုံဖြင့် မျိုးနွယ်နှစ်ခုလုံးကို အသေးစိတ်စစ်ဆေးလေ့လာသည်။
မျိုးနွယ်နှစ်ခုကိုယ်တိုင်ပင် မသိကြသည့် ရှေးဟောင်းလျှို့ဝှက်ချက်များပင် ရှာတွေ့ခဲ့သည်။
သို့သော် နဂါးမနှင့်ဖီးနစ်မအကြောင်း သဲလွန်စလုံးဝမတွေ့ရ။
မြင်သာထင်သာရှိသည့် နဂါးမျိုးနွယ် ဖီးနစ်မျိုးနွယ်များအပြင် တစ်ယောက်နှင့်တစ်ယောက် ရန်ငြှိုးရှိကြသည့် နတ်ဆိုးမျိုးနွယ်များလည်းရှိသည်။ တွေ့သည်နှင့် ရန်စောင်ကြသည်။
ဥပမာ၊ နတ်ခွေး(ထန်ကုံး)မျိုးနွယ်နှင့် ကျောက်စိမ်းယုံမျိုးနွယ်တို့ရန်ငြှိုးက နတ်ဆိုးနယ်မြေတွင် လူသိများသည်။
နတ်ခွေးမျိုးနွယ်က လမင်းကိုစားသည့် ရှေးဒဏ္ဍာရီတစ်ခုရှိသည်။ ကျောက်စိမ်းယုန်က လမင်းပေါ်တွင် နေထိုင်သည်။
ကိုယ့်အိမ်ကိုယ့်ယာ အစားခံရသဖြင့် ရန်ငြှိုးဖြစ်ပေါ်လာသည်မှာ မဆန်းလှ။
"အမွှေးဖြူပြီး ခြေထောက်နီတယ်၊ မျောက်လိုပုံစံနဲ့။ အဲဒါ ကျူးယန်များလား"
"ပြီးတော့ အဝတ်အစားရိုးရိုးရှင်းရှင်းနဲ့ ဟိုတစ်ယောက်။ ခပ်လျှို့လျှိုပဲနေတယ်။ ဘယ်သူမှမမြင်ဖူးကြတဲ့ ချုန်းချီမျိုးနွယ်ပါရမီရှင်ဆိုတာ သူလား"
"သူက လူသားမျိုးနွယ်ရဲ့ ရွှေစီးပွားနယ်မြေအသင်းကိုသွားပြီး စီးပွားရေးပညာသင်ဖို့ ကြိုးစားခဲ့တယ်လို့ကြားဖူးတယ်။
စီးပွားရေးအသင်းက သင်မပေးဘူး။ ပညာတတ်သွားလို့ နတ်ဆိုးနယ်မြေကို သူပြန်ရောက်ရင် စီးပွားပြိုင်လုပ်ငန်းတစ်ခု တည်ထောင်ပြီး ဈေးကွက်လုမှာစိုးလို့တဲ့"
"ငါကြားတာတော့ ချုန်းချီမျိုးနွယ်က ကံဆိုးလို့ ရွှေစီးပွားနယ်မြေအသင်းက မကောင်းတဲ့ကံတွေသင့်မှာကြောက်လို့ ပညာသင်မပေးရဲတာလို့ပြောပါတယ်"
"အဲဒါ ကောလဟာလဖြစ်မှာပါ။ ချုန်းချီမျိုးနွယ်အကြောင်း မကောင်းပြောကြတာတွေ အများကြီးရှိတာပဲလေ။ ရှေးဟောင်းမသေမျိုးတစ်ယောက်ကတောင် သူတို့မျိုးနွယ်နာမည်ကို ချမ်းသာခြင်းမျိုးနွယ် သူဌေးမျိုးနွယ်လို့ ပြောင်းဖို့အကြံပြုခဲ့တယ်တဲ့။
ဒါကြီးက ဖြစ်နိုင်စရာမရှိဘူးလေ"
"ဟုတ်ပါတယ်"
"ဟိုမှာကြည့်၊ အဲဒါ အမြီးကိုးချောင်းမြေခွေးမျိုးနွယ်က ပါရမီရှင်ပဲ။ ဒဏ္ဍာရီထဲကလို သူ့အရယ်အပြုံးတွေက စိတ်နှလုံးကိုညှို့ထားတာပဲ"
ထိုမြေခွေးပါရမီရှင်နာမည်က စုလန်အာဖြစ်သည်။ အဖြူရောင်ဝတ်စုံဝတ်ထားသည်။ အမြီးဖြူကိုးချောင်း သူ့နောက်တွင် ယိမ်းလွှဲလှုပ်ရှားနေသည်။
မျက်လုံးထောင့်များတွင် အရီရောင်မျက်ရစ်တစ်ခုရှိသည်။ ဆွဲဆောင်မှုကို ပိုအားဖြည့်ပေးသလိုဖြစ်နေသည်။
သူသည် လုယန်နှင့်အသက်တူလောက်ရှိသော်လည်း သေမျိုးများကို ဆွဲဆောင်နိုင်စွမ်း ရှိနေပြီဖြစ်သည်။
နတ်မျိုးနွယ် ပါရမီရှင်အတော်များများ စုလန်အာဘေးတွင်စုရုံး၍ နှစ်လိုဖွယ်အမူအရာပြကြသည်။
"အမြီးကိုးချောင်းမြေခွေးတွေဟာ မယုံနိုင်လောက်အောင်လှကြတယ်လို့ပြောတယ်။ ငါးတွေရေနစ်၊ ငန်းတွေပြုတ်ကျပြီး လနဲ့ပန်းတွေ ရှက်ကြရတယ်ဆိုတဲ့ ဒဏ္ဍာရီရှိတယ်။
သူက သူ့ဘိုးဘေးတွေရဲ့ရုပ်ရည်မျိုး နည်းနည်းတော့ရှိတာပဲ"
နတ်မယ်က နှာခေါင်းတစ်ချက်ရှုံ့၍ ပြောသည်။
"သူ့အလှက တကယ်အဲလောက်ထူးခြားတယ်ပေါ့။ ငါးတွေရေနစ်၊ ငန်းတွေပြုတ်ကျပြီး လမင်းကတောင် ရှက်ပြီးပုန်းရတယ်ပေါ့"
"အဲလိုပဲဆိုပါတော့"
နတ်မယ်ကပြောသည်။
"အရင်တုန်းက နွေဦးချိန်မှာ ပန်းတွေက ပြည့်ပြည့်ဝဝပွင့်နေတယ်။ အမြီးကိုးချောင်းမြေခွေးတွေက ကောင်းကင်နတ်ခွေးတွေနဲ့ ရေကန်ဘေးမှာ မှော်ပညာပြိုင်ကြတယ်။
သူတို့မှော်စွမ်းအားက ပြင်းထန်လွန်းလို့ ငါးတွေက ကြောက်ပြီး ကန်အောက်ခြေမှာ ပုန်းကြတယ်။ ငန်းဖြူတွေက လွတ်အောင်မပျံနိုင်ဘဲ တိုက်ပွဲထဲ ကြားညပ်သွားတယ်။ မီးလောင်ပြီး အသားတွေ မြေပေါ်ကိုတဖြုတ်ဖြုတ်ပြုတ်ကျတယ်။
မြေခွေးက လရောင်ကိုသုံးပြီး ပုံရိပ်ယောင်နယ်မြေတစ်ခုဖန်တီးတယ်။ ကောင်းကင်နတ်ခွေးက အဲဒီ့နယ်မြေထဲ ကျလုနီးပါးပဲ။
နတ်ခွေးက ကြောက်ကြာက်လန့်လန့်နဲ့ မိုးမြေနိယာမစွမ်းအားကိုသုံးပြီး လမင်းကို တစ်ခါတည်းမျိုချလိုက်တယ်။
တိုက်ပွဲပြီးသွားတော့ မြေပြင်ကလည်း ဖရိုဖရဲဖြစ်ကျန်ခဲ့တယ်။ ပန်းတွေကလည်း နွမ်းခြောက်ပြီးကျန်ခဲ့တယ်လေ"
လုယန် "..."
ကျုပ်တွေးထားတဲ့မြင်ကွင်းနဲ့ ဘာလို့ထပ်တူမကျပါလိမ့်...
"အဲဒီ့တိုက်ပွဲပြီးသွားတော့ လူတွေက စပြောကြတယ်။ အမြီးကိုးချောင်းမြေခွေးရဲ့အလှဟာ ငါးတွေရေနစ်၊ ငန်းတွေပြုတ်ကျ၊ လနဲ့ပန်းတွေတောင် ရှက်ရတယ်ဘာညာပေါ့။ ငါ့အထင်တော့ အဲဒီ့စကားကို မြေခွေးမကိုယ်တိုင် စပြီးသတင်းလွှင့်ခဲ့တာလို့ပဲ သံသယဖြစ်တယ်။
ယင်ထန်က အဆင့်မြင့်ကျင့်ကြံသူတွေစုပြီး ကိုယ့်ပုံရိပ်ကိုယ် ထိန်းသိမ်းကြဖို့ ပြောတဲ့အချိန်မှာ ဒီမြေခွေးက အတော်လေးကို အလေးအနက်ထားခဲ့တာလေ"
မြေခွေးမ၏လှည့်ကွက်များကို နတ်မယ်အရေးမစိုက်။
ရှေးဟောင်းအမြီးကိုးချောင်းမြေခွေးသည် ရှေးဟောင်းခေတ်၏ ထိပ်တန်းအလှဆယ်ယောက်ထဲတွင် စာရင်းဝင်သည်။ သို့သော် ရုပ်ရည်သွင်ပြင်အရ အလှဆယ်ယောက်၏ထိပ်ဆုံးဖြစ်သည် နတ်မယ်ကို အသာစီးမရနိုင်။
ထိုထိပ်တန်းအလှဆယ်ယောက်စာရင်းသည် ရုပ်ရည်၊ စွမ်းအားနှင့် နတ်မယ်၏ ကိုယ်ပိုင်အကဲဖြတ်ချက်တို့ဖြင့် ပေါင်းစပ်ထားခြင်းဖြစ်သည်။
နတ်မယ်က ငြင်းချက်မရှိ ကိုယ့်ကိုယ်ကို အမြဲတမ်းထိပ်ဆုံးတွင်ထားသည်။
လုယန်သိသလောက် နတ်မယ်သည် နဂါးမ၊ ဖီးနစ်မနှင့် သူ့နောက်လိုက် ချင်ဟဲတို့ကို သူနှင့်ရင်းနှီးမှုပေါ်အခြေခံ၍ ဒုတိယမှ စတုတ္ထနေရာထိ ပေးထားသည်။
ချုန်းချီမလေးကျင်းချိုင်ဝေနှင့် အမြီးကိုးချောင်းမြေခွေးမလည်း ထိပ်တန်းအလှဆယ်ယောက်တွင် ပါဝင်သည်။ သို့သော် နေရာအဆင့်ကတော့ နတ်မယ်၏စိတ်အခြေအနေကိုလိုက်၍ ပြောင်းလဲနေလိမ့်မည်။
ထိုစာရင်းသည် နတ်မယ်သူနှင့်သိကျွမ်းပြီးမှ ကြွားရင်းဝါရင်း သတ်မှတ်ခဲ့သည့် စာရင်းဖြစ်၍တော်သေးသည်ဟု လုယန်တွေးမိသည်။
ထိုစာရင်းသာ ရှေးဟောင်းခေတ်ကတည်းကရှိခဲ့လျှင် အဆင့်နေရာလုရင်း အလှပဂေးဆယ်ယောက် ရန်ဖြစ်နေကြလောက်သည်။ ဘာတွေဖြစ်လာမည်ကို ဘယ်သူမှမသိနိုင်။
မဟုတ်သေး။ ရန်ဖြစ်ရမည့်လူက ကိုးယောက်ဖြစ်သည်။
နတ်မယ်က သူ့စွမ်းအားဖြင့် ပထမနေရာကို အခိုင်အမာတည်ဆောက်ထားသည်။ ထိပ်ဆုံးနေရာက သူ့အတွက် သီးသန့်ဖြစ်သည်.
"နတ်မယ်၊ ကိုယ့်ပုံရိပ်ကိုယ်ထိန်းသိမ်းတဲ့နည်းလမ်းတွေ ခင်ဗျားရော ယင်ထန်ဆီကနေ လေ့လာဖူးလား"
နတ်မယ် မျက်ခုံးတစ်ဘက်မြင့်တက်သွားသည်။ ဝင့်ကြွား၍ ယုံကြည်ချက်ပြည့်သည့်ဟန်ပန်မျိုး ပေါ်လာသည်။
"ရှေးဟောင်းမသေမျိုးငါးယောက်ရဲ့ ခေါင်းဆောင်အနေနဲ့ ငါ့လှုပ်ရှားမှုတိုင်းဟာ အဓိပ္ပါယ်နက်ရှိုင်းတယ်။ ဘာလို့တစ်ခြားလူတွေဆီက သင်နေစရာလိုမှာလဲ"
ထိုခဏမှာပင် သိစိတ်နယ်မြေက အပူပိုင်းမိုးသစ်တောအဖြစ်ပြောင်းလဲသွားသည်။ နတ်မယ်က တိရိစ္ဆာန်အရေခွံအင်္ကျီနှင့် မြက်ဂါဝန်ဝတ်လျက် တောရိုင်းအလှတစ်ပါးအသွင် ပေါ်လာသည်။
ထိုမြင်ကွင်းကိုကြည့်နေသော်လည်း နတ်မယ်တွင် အထင်ကြီးလေးစားစရာပုံရိပ်ဟူ၍ လုယန်လုံးဝမမြင်ရ။
********************************