← Chapters

စိတ်ရှုပ်စရာပဲ

Vol. 36 Ch. 517

စိတ်ရှုပ်စရာပဲ

Vol. 36 Ch. 517

…

“ဒီမှာ ဘာတွေဖြစ်သွားခဲ့တာလဲ။ မုန်တိုင်းတစ်ခု ဖြတ်သွားခဲ့သလိုပဲ။”

ထိုရှေ့ရှိ မြင်ကွင်းကို ကြည့်နေရင်းဖြင့် အာရန်သည် အတော်လေး အတွေးများသွားခဲ့ရသည်။

ထာဝရပဲ့တင်သံအစွမ်း၏ အာနိသင်အောက်တွင် သူသည် ဤလောကကြီးနှင့် ခဏတာ အဆက်အသွယ်ပြတ်သွားခဲ့ရသည်။

သို့သော် သူ့ပတ်ဝန်းကျင်မှ ထိခိုက်သွားမှုများကိုကြည့်ပြီး အရာအားလုံးသည် စက္ကန့်သုံးဆယ်အတွင်း ဖြစ်ပျက်သွားသည်အား သူ မယုံကြည်နိုင်သေးပေ။

နတ်ဘုရားမသည် လုံးဝ ရူးသွပ်သွားခြင်းသာမဟုတ်ခဲ့ပါက သူမ၏ ကိုယ်ပိုင်ရုပ်တုကို ဖျက်ဆီးခဲ့မည်မှာ မည်သို့မျှ မဖြစ်နိုင်ပေ။

၎င်းသည် ထာဝရပဲ့တင်သံဖြင့် ခေါ်ဆောင်လာခဲ့သော သူ၏ စိတ်ဝိညာဥ် လက်ချက်သာ ဖြစ်နိုင်ပေလိမ့်မည်။

သူ၏အတိတ်သည် အားနည်းပြီး သာမန်လူသားတစ်ဦးဖြစ်သောကြောင့် ဤဖြစ်ရပ်များ၏ နောက်ကွယ်မှ အကြောင်းရင်းအဖြစ် ထည့်သွင်းစဉ်းစားနေရန်ပင် မလိုတော့ပေ။

၎င်းကိုပြုလုပ်ခဲ့သူမှာ သူ၏ အနာဂါတ်ကာလမှ စိတ်ဝိညာဥ်သာ ဖြစ်ရမည်ဟု တစ်ထစ်ချယုံကြည်၍ပင် ရနိုင်နေပြီမဟုတ်ပါလား...။

သို့တိုင်အောင် သူ၏ အနာဂတ်မှ စိတ်ဝိညာဥ်ကို ခေါ်ဆောင်နိုင်ခဲ့လျှင်ပင် သူသည် စက္ကန့်သုံးဆယ်အတွင်း ဤအရာအားလုံးကို မည်သို့လုပ်ဆောင်နိုင်ခဲ့ရသနည်း။

ထာဝရပဲ့တင်သံအစွမ်းသည် အနာဂတ်မှ မည်သည့် ခွန်အားမျှမပါသော သာမန် စိတ်ဝိညာဥ်သက်သက်ကိုသာ ခေါ်ဆောင်နိုင်ခြင်းမဟုတ်ပါလော...။

အနာဂတ်မှ စိတ်ဝိညာဥ်သည် ဤကမ္ဘာသို့ ခေါ်ဆောင်ခြင်းခံခဲ့ရသည်ဆိုလျှင်တောင်မှ ၎င်းတွင် နောက်ထပ်အားသာချက်တစ်ခု ရှိမနေသင့်ပါ။

သူ၏ အနာဂတ်စိတ်ဝိညာဥ်သည်ပင် သူ၏ လက်ရှိခွန်အားအကန့်အသတ်ကိုသာ အသုံးပြုနိုင်ရမည်ဖြစ်လေ၏။ ထိုသို့ဆိုပါက အဘယ်ကြောင့်နည်း။

အာရန်သည် ထိုအကြောင်း တွေးမိလေလေ ပိုမိုခေါင်းကိုက်လေလေဖြစ်သွားခဲ့ရသည်။

သူ၏စိတ်ဝိညာဥ်သည် အဆုံးမဲ့မှောင်မိုက်မှုတစ်ခုအတွင်း လွင့်မြောနေခဲ့သည့် မိသဖြင့် ပျောက်ဆုံးသွားသော အချိန်အချို့မှ ဖြစ်ရပ်များကို အနည်းငယ်မျှပင် မမှတ်မိနိုင်ခဲ့ပေ။

“အာဟုတ်သားပဲ မှတ်တမ်းတင်သလင်းကျောက်”

သူသည် ဤအခန်းထဲသို့မဝင်မီက မှတ်တမ်းတင်သလင်းကျောက်တစ်ခုအား အသက်သွင်းခဲ့မိသည်ကို ရုတ်တရက် ပြန်သတိရလိုက်သည်။

ယခုအခိုက်အတန့်တွင် ထိုအရာသည် သူ၏မေးခွန်းများကို ဖြေနိုင်သည့် တစ်ခုတည်းသောအရာလည်း ဖြစ်လေသည်။

မှတ်တမ်းတင်သလင်းကျောက်ကို ထုတ်ယူရန် အာရန်သည် သူ၏ အိတ်ကပ်ထဲသို့ လက်ကိုထည့်လိုက်မိသောအခါ သူ၏မျက်နှာအမူအရာများ ထပ်မံ၍ မှောင်မိုက်သွားခဲ့ရသည်။

အဘယ်ကြောင့်ဆိုသော် သူ့လက်ချောင်းများသည် မှတ်တမ်းတင်သလင်းကျောက်၏ ကျိုးနေသော အပိုင်းအစများကိုသာ စမ်းမိခဲ့သောကြောင့်ပင်တည်း။

၎င်းသည် မတော်တဆဖြစ်မှုတစ်ခုလည်း မဖြစ်နိုင်ပေ။

ထိုအချိန်အပိုင်းအခြားတစ်ခုအတွင်း တစ်စုံတစ်ဦးက ထိုသလင်းကျောက်အား တမင်တကာပင် ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခဲ့ခြင်းသာ ဖြစ်ရပေမည်။

“သူဘာတွေ ဖုံးကွယ်ဖို့ ကြိုးစားနေတာလဲ”

အာရန်သည် သူ၏ အိတ်ကပ်ထဲမှ ကျိုးကြေနေသော သလင်းကျောက်အပိုင်းအစများကို ထုတ်ယူလိုက်သည်။

၎င်းတို့ထဲမှ အများစုမှာ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားကြပြီဖြစ်သည်။

နတ်ဘုရားများပင် ၎င်းတို့ကို ပြန်လည်၍ ပြုပြင်နိုင်မည်မဟုတ်တော့ပေ။

သူသည် မှတ်တမ်းတင်သလင်းကျောက်၏ ဖုန်မှုန့်အပိုင်းအစများကို အိတ်ကပ်ထဲသို့ ပြန်ထည့်ထားလိုက်သည်။ သူမည်မျှပင် စဉ်းစားစေကာမူ အဖြေတစ်ခုမျှပင် မရရှိခဲ့ပေ။

ဤဖြစ်ရပ်အတွင်း သူသိလိုက်ရသည့် တစ်ခုတည်းသောအရာမှာ ရန်နစ်ခရိုလိုင်းနှင့် ပတ်သက်ပြီး တစ်ခုခု ထူးဆန်းသောအရာများ ဖြစ်ပျက်နေသည် ဆိုခြင်းကိုပင်။

ဤခန္ဓာကိုယ်အတွင်း၌ သူ မစူးစမ်းရသေးသည့် လျှို့ဝှက်ချက်များစွာ ကျန်ရှိနေသေးဟန်တူသည်။

သူ၏ လက်ရှိစွမ်းအားဖြင့်ပင် သူ၏ အနာဂတ်မှ စိတ်ဝိညာဥ်ကပင် သူ၏ အသက်အား ကယ်တင်နိုင်ခဲ့လေသည်။

ထို့အပြင် နတ်ဘုရားမတစ်ပါးကိုပင် အနိုင်ယူကာ ဤကမ္ဘာနှင့် သူမ၏ ဆက်သွယ်ထားမှုကို ဖယ်ရှားပစ်ခဲ့၏။

အာရန်သည် နတ်ဘုရားမ၏ စိတ်ဝိညာဥ်အား သူ၏ အခြားအာရန်တစ်ယောက်မှ ယူဆောင်သွားပြီးဖြစ်နေသည်ကိုမူ မသိရှိနိုင်ခဲ့ပေ။

သူထင်ထားသည်မှာ ရုပ်တုအား ဖျက်ဆီးပြီးနောက် ဤကမ္ဘာနှင့် သူမ၏ ဆက်သွယ်ထားမှု ပြတ်တောက်စေခဲ့သည်ဟူ၍သာ ဖြစ်လေ၏။

၎င်းသည် သူ့အတွက် ကြီးကျယ်သော အောင်မြင်မှုတစ်ခုဟု ယူဆ၍ ရလေသည်။

“ဒီစွမ်းရည်က ငါထင်ထားတာထက် အများကြီး ပိုပြီးထူးခြားနေတယ်ထင်တယ်”

ဤအိပ်ပျော်သွားသော အချိန်ကာလတစ်ခု အကြောင်းကို သူများစွာ ရှာမတွေ့နိုင်သောကြောင့် ၎င်းတို့အကြောင်းကို တွေးတောခြင်းအား ရပ်တန့်ထားလိုက်သည်။

ထိုစဥ် အပြင်ဘက်မှ တံခါးအား ထပ်ခါတလဲလဲ ခေါက်နေသံများကြောင့် အာရန်သည် အတော်လေး စိတ်အနှောင့်အယှက်ဖြစ်သွားခဲ့ရသည်။

ထိုအခါမှ သူ၏အာရုံသည် သတိမေ့မြောနေသော သန့်စင်ပရောဟိတ်မဆီသို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။

၎င်းသည် ဒုတိယချိတ်စည်းအား ဖယ်ရှားရန်အတွက် ပြီးပြည့်စုံသော အခွင့်အရေးတစ်ခုပင် မဟုတ်ပါလား။

သူသည် သေတ္တာအသေးလေးကို ထုတ်ယူပြီး သန့်စင်ပရောဟိတ်မဆီသို့ ပို၍နီးကပ်စွာ လှမ်းသွားလိုက်သည်။

ထို့နောက် ပရောဟိတ်မ၏ လက်ကို မြှောက်လိုက်ကာ သူ၏ ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။ သူမ၏ လက်ချောင်းလေးကို သွေးအနည်းငယ်ထွက်လာရုံအထိ ကိုက်လိုက်သည်။

ထို့နောက် သူမ၏လက်ချောင်းကို သူ့ပါးစပ်မှ ထုတ်ယူလိုက်ပြီးနောက် သွေးတစ်စက်ကို သေတ္တာပေါ်သို့ ကျဆင်းစေခဲ့၏။

သေတ္တာပတ်လည်တွင် အလင်းရောင်များ စတင်တောက်ပလာပြီး ၎င်း၏ထိပ်ရှိ သင်္ကေတများသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

သေတ္တာအတွင်းရှိ ဖော်ပြချက်သည်လည်း ပြောင်းလဲသွားခဲ့ကာ နောက်ထပ်ချိတ်စည်းနှစ်ခုသာ ကျန်တော့ကြောင်း ဖော်ပြနေလေသည်။

ဤသို့ဖြင့် အာရန်သည် ရန်နစ်ခရိုလိုင်း၏ စွမ်းအားများအားလုံးကို လုံးဝပိုင်ဆိုင်နိုင်ရန်အတွက် နောက်ထပ်ခြေတစ်လှမ်း ပို၍နီးကပ်လာခဲ့ပြီဟု ဆိုနိုင်ပြီဖြစ်၏။

အချိန်အတော်ကြာသည်အထိ အတွင်းမှ အကြောင်းပြန်ကြားခြင်းမရသည်ကို ကြုံတွေ့ရသောအခါ အဆုံးတွင် ကာဒီနယ်ရဟန်းအမတ်ရဟန်းအမတ်များသည် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ကြတော့ပေ။

၎င်းတို့ထဲမှ တစ်ဦးသည် စတင်၍ ကျယ်လောင်စွာ အော်ပြောလိုက်မိသည်။

“အရှင်မခင်ဗျာ ကျေးဇူးပြု၍ တံခါးဖွင့်ပေးပါ။ တစ်ခုခု ဆိုးရွားစွာ လွဲမှားနေပါတယ်။ ကောင်းချီးနယ်မြေတစ်ခုလုံး ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပါပြီ။ ကျွန်ုတို့တွေအကုန်လုံးလည်း ကောင်းချီးစွမ်းအင်တွေကို ဆုံးရှုံးသွားခဲ့ကြပါပြီ”

“ဟင်”

အာရန်သည် တံခါးကို အဆက်မပြတ်ခေါက်နေခြင်းကို လျစ်လျူရှုထားခဲ့မိသည်။

သို့သော် သူတို့၏ စကားအချို့ကို ကြားလိုက်သည်နှင့် သူ၏နားရွက်များ ပြန်လည် ထောင်မတ်သွားခဲ့ကြသည်။

ကာဒီနယ်ရဟန်းအမတ်များသည် ၎င်းတို့၏ စွမ်းအားများကို ဆုံးရှုံးသွားခဲ့ကြရသည့်အပြင် ကောင်းချီးနယ်မြေသည်ပင် ပျောက်ကွယ်သွားခဲ့ပြီတဲ့လား။

ယခု သူစဉ်းစားကြည့်လိုက်သောအခါ ဤနယ်မြေတစ်ခုလုံးရှိ ကောင်းချီးစွမ်းအင်များ၏ ဖိနှိပ်ထားမှုများကို သူသည် အနည်းငယ်မျှပင် မခံစားမိတော့ချေ။

“ငါ့ကံက တကယ်ပဲ ဒီလောက်တောင် ကောင်းလာခဲ့တာလား” သူသည် ဖြစ်နိုင်ခြေတစ်ခုကို တွေးလိုက်မိသည်။

နတ်ဘုရားမနှင့် ဤကမ္ဘာရှိ ဆက်သွယ်ထားမှုများ ပြတ်တောက်သွားခြင်းကြောင့် သူမ၏ကောင်းချီးစွမ်းအင်များကို ဆက်ခံရရှိထားခဲ့သူများအားလုံး ရုတ်တရက် ၎င်းစွမ်းအင်များကို ဆုံးရှုံးသွားခဲ့ခြင်းများလား...။

၎င်းသည် သူ့စိတ်ထဲတွင် ပေါ်လာသော ဖြစ်နိုင်ခြေတစ်ခုမျှသာဖြစ်သော်လည်း သူသည် အတော်လေး စိတ်လှုပ်ရှားသွားမိသည်။

ကံမကောင်းစွာဖြင့် ထိုစိတ်လှုပ်ရှားမှုသည် အချိန်ခဏသာ ကြာခဲ့လေ၏။

အကယ်၍ သန့်စင်ဘုရားကျောင်းသည်သာ ၎င်းတို့၏ခွန်အားများကို ဆုံးရှုံးသွားခဲ့ခြင်းဖြစ်ပါက ၎င်းသည် ကိုယ့်ခြေထောက်ကိုကိုယ် သံပုဆိန်ဖြင့် ပြန်လည် လွှဲခုတ်လိုက်ခြင်းနှင့် အတူတူပင်ဖြစ်သည် မဟုတ်ပါလား...။

သူသည် အနောက်ပိုင်းတိုက်ကြီးနှင့် မြောက်ပိုင်းတိုက်ကြီးကြားတွင် ပြင်းထန်သော စစ်ပွဲတစ်ခုကို ဖြစ်ပွားစေလိုနေခဲ့ခြင်းဖြစ်လေသည်။

ဤစစ်ပွဲတွင် သန့်စင်ဘုရားကျောင်းသည် နစ်ခရိုမန်ဆာမျှော်စင်ကို ဆန့်ကျင်ရန်အတွက် သူ၏ လက်နက်တစ်ခုဖြစ်လာခဲ့လိမ့်မည်ဖြစ်၏။

ထိုအရာက သန့်စင်ပရာဟိတ်မ သတိမေ့မြောနေသည့်တိုင်အောင် သူ့အနေနှင့်အခွင့်ကောင်းယူ၍ သတ်ရန် မကြိုးစားခဲ့ရခြင်း၏ အဓိက အကြောင်းရင်းလည်းဖြစ်လေသည်။

သူသည် သူ၏ လက်နက်တစ်ခုကို အမှန်တကယ်ပင် ဆုံးရှုံးသွားခဲ့ပြီလား။ ဤဖြစ်နိုင်ခြေကြောင့် သူသည် အတော်လေး စိတ်ပျက်သွားခဲ့ရသည်။

“ခွဲခြားသတ်မှတ်ခြင်း”

သန့်စင်ပရောဟိတ်မအပေါ်တွင် ယခင်က ကာကွယ်ပေးထားသည့် နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်များကြောင့် တစ်စိတ်တစ်ပိုင်းသာ အကျိုးသက်ရောက်နိုင်ခဲ့သည့် သူ၏ “ခွဲခြားသတ်မှတ်ခြင်း” စွမ်းရည်ကို ထပ်မံ၍ အသုံးပြုလိုက်သည်။

...

အမည် - ဆီရာဖီးနား

ယခင်အချက်အလက် - အတုအယောင် သန့်စင်ပရောဟိတ်မ

လက်ရှိအချက်အလက် - မရှိ

အခြေအနေ- အလွန်အားနည်းနေသည်

ကျန်ရှိသောသက်တမ်း - နှစ်ရက်

-အဆင့်သတ်မှတ်ချက်များ-

အားအင်- ၅

သွက်လက်မှု- ၃

ခံနိုင်ရည်- ၇

ဉာဏ်ရည်- ၃၇

မာနာ- ၀

နတ်ဘုရားမ၏ ကာကွယ်မှု- မရှိ

ထူးခြားသောစွမ်းရည်များ- မရှိ

ပိုင်ဆိုင်ထားသော ထူးခြားသည့် ပစ္စည်းများ - ....

...

“သူမရဲ့ လက်ရှိအခြေအနေက သာမန်လူတစ်ယောက်ရဲ့ အခြေအနေထက်တောင် အများကြီး ပိုဆိုးနေတာပဲ”

သူမ၏ အချက်အလက်မျက်နှာပြင်ကို ကြည့်ပြီးနောက် သူ၏ယူဆချက်များ မှန်ကန်ကြောင်း အာရန် တစ်ယောက် အတည်ပြုလိုက်နိုင်ပြီဖြစ်သည်။

ပြောရလျှင် အခြေအနေက သူထင်ထားသည်ထက် များစွာ ပို၍ ဆိုးဝါးနေခဲ့၏။

မြောက်ပိုင်းတိုက်ကြီးတွင် အသန်မာဆုံးဟု လူသိများသော ထိုအမျိုးသမီးသည် ယခုအချိန်တွင်မူ ဤတိုက်ကြီးရှိ သာမန်မိန်းကလေးတစ်ဦးထက်ပင် လွန်စွာအားနည်းသွားခဲ့ပြီဖြစ်လေသည်။

သူမကို ယခင်က အလွန်အစွမ်းထက်စေခဲ့သည်မှာ နတ်ဘုရားမ၏ ကောင်းချီးစွမ်းအင်များပင် ဖြစ်လေသည်။

ထိုမျှ ဆိုးရွားသည့် အချက်အလက်များ သူတွေ့ဖူးခဲ့သည့် တစ်ခုတည်းသောအချိန်မှာ သူ ဤကမ္ဘာမြေကို စရောက်စဥ်က ပထမဆုံးအကြိမ်အဖြစ် သူ့ကိုယ်သူ ပြန်လည် စစ်ဆေးမိခဲ့စဉ်က ဖြစ်လေသည်။

သို့သော် ၎င်းတို့သည်ပင် ဤပရောဟိတ်မလောက် မဆိုးရွားခဲ့ပေ။

“ဒါကအတော့်ကို စိတ်ရှုပ်စရာပဲ”

အာရန်သည် မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး သူ၏ ဦးခေါင်းကိုသာ အတွင်တွင်ပြန်ကုတ်မိလိုက်သည်။

ထို့နောက် ငြိမ်းချမ်းစွာ အိပ်ပျော်နေပုံရသော သန့်စင်ပရောဟိတ်မအား ပြန်လည်၍ စိုက်ကြည့်မိလိုက်သည်။

#Catfoot

All Chapters