← Chapters

အတိတ်က အရေးမပါတော့ဘူး

Vol. 36 Ch. 521

အတိတ်က အရေးမပါတော့ဘူး

Vol. 36 Ch. 521

...

သန့်စင်ပရောဟိတ်မသည် တဖြည်းဖြည်းနှင့် သူမ၏ အသိစိတ်များ ပြန်ဝင်လာခဲ့သည်။

သူမသည် ရင်ဘတ်ကို ဖိကိုင်လိုက်ရာ ပုံမှန်ထက် အသက်ရှူရ ပိုခက်ခဲလာသည်ကို သတိထားမိလိုက်၏။

သူမ၏ အသက်ဓာတ်မှာ အနိမ့်ဆုံးအဆင့်တွင် ရောက်ရှိနေကြောင်းကိုလည်း ခံစားမိလိုက်သည်။

ရုတ်တရက် သူမ၏ မျက်လုံးများကို ဖွင့်လိုက်မိသည်။

သန့်စင်ပရောဟိတ်မသည် နတ်ဘုရားမညွှန်ကြားသည့်အရာများကို တသွေမတိန်း လိုက်နာခဲ့ပါက နတ်ဘုရားမသည် သူမအား ပြန်လည် ကူညီပေးလိမ့်မည်ဟု မျှော်လင့်မိခဲ့သည်။

ဤကဲ့သို့ ဆိုးရွားသည့် အခြေအနေဖြင့် နိုးထလာရလိမ့်မည်ဟု သူမ ဘယ်တုံးကမျှ မမျှော်လင့်ထားခဲ့ပေ။

နတ်ဘုရားမသည် သူမ၏ သက်တမ်းအား ပြန်လည်တိုးမြှင့်ပေးရန်ပင် အဘယ်ကြောင့် မကူညီ‌ပေးခဲ့သနည်းဟု မေးမြန်းရန် ပြင်လိုက်သည်။

သို့သော်လည်း သူမ၏ မျက်လုံးများကို ဖွင့်မိလိုက်သည်နှင့် သူမလုံးဝ မမျှော်လင့်ထားသော မျက်နှာတစ်ခုကို မြင်တွေ့လိုက်ရလေသည်။

အာရန်သည် သူမ၏ရှေ့တွင် ထိုင်နေပြီး သူ၏ ခန္ဓာကိုယ်တွင်မူ အနည်းငယ်မျှပင် ဒဏ်ရာများ ရှိမနေခဲ့ပေ။

သူသည် သူမထက်ပင် များစွာပိုမိုအဆင်ပြေနေသည့်ပုံ ပေါက်လေသည်။

ထို့ပြင် ဤနေရာရှိ ပတ်ဝန်းကျင်သည်လည်း သူမရင်းနှီးသည့်နေရာနှင့် များစွာ ကွဲပြားလျက်ရှိနေ၏။

၎င်းသည် သူမ၏ သီးသန့်ခန်း ဟုတ်မနေခဲ့ပေ။

ယင်းအစား သူမသည် မရင်းနှီးသော အခန်းတစ်ခုထဲတွင် ရောက်ရှိနေပုံရလေသည်။

ပြတင်းပေါက်မှ လှမ်းမြင်လိုက်ရသော မြင်ကွင်းအချို့အရ သူမသည် သန့်စင်ဧကရာဇ်

၏ နန်းတော်တွင်းရှိ နေရာတစ်ခုခုတွင် ရောက်ရှိနေကြောင်း သဘောပေါက်လိုက်သည်။

သန့်စင်ပရောဟိတ်မသည် သူမ အိပ်မက်များ မက်နေသလားဟုပင် တွေးမိလိုက်၏။

ထို့ကြောင့် တုန်ယင်နေသော လက်များဖြင့် သူမ၏ ပါးပြင်ကို ပြန်လည် လိမ်ဆွဲလိုက်မိသည်။

နာကျင်သော ဝေဒနာတစ်ခုကို ခံစားမိလိုက်သောအခါမှသာ သူမ၏ မျက်ဝန်းများသည် တုန်ယင်လာခဲ့ပြီး သူမ၏နှလုံးခုန်သံသည်လည်း ခဏမျှရပ်တန့်သွားခဲ့သည်။

“ဒါဟာ အိပ်မက် မဟုတ်ဘူး။ ဒါပေမယ့် မင်း ဒါကို အိပ်မက်ဆိုးလို့ သတ်မှတ်မယ်ဆိုလဲရနိုင်ပါတယ်” အာရန်သည် စကားစတင်ပြောလိုက်ပြီးနောက် တစ်ခဏတာအတွင်း အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရသော ပရောဟိတ်မအား စိုက်ကြည့်နေလိုက်သည်။

သူသည် ပရောဟိတ်မအား ဤမျှတိုတောင်းသည့်အချိန်လေးအတွင်းမှာပင် ပြန်လည် ဂရုတစိုက်ဆက်ဆံမိလိမ့်မည်ဟု သူ့ကိုယ်သူ မမျှော်လင့်မိခဲ့ပေ။

ယခုဖြစ်လာသည့် အရာများသည် သူယခင်က မျှော်လင့်ထားသည်နှင့် များစွာကွဲလွဲနေသော်လည်း အနာဂတ်သူ၏ စိတ်ဝိညာဥ်မှ ဖန်တီးပေးခဲ့သော အခွင့်အရေးကိုမူ အကောင်းဆုံး အသုံးချရမည်အား နားလည်ထားလေသည်။

“ရှင်က ဘယ်လိုလုပ်ပြီး...”

သန့်စင်ပရောဟိတ်မသည် စကားပြန်ပြောရန် ကြိုးစားလိုက်ရာ သူမ၏ စကားပြောပုံစံသည် ယခင်ကကဲ့သို့ တည်ငြိမ်မှုများ ရှိမနေတော့ချေ။

ထို့ပြင် စကားလုံးတစ်လုံးချင်းစီကိုပင် ပြန်လည်ပြောဆိုရန်အတော်လေး ရုန်းကန်နေရဟန်တူ၏။

“ဘာလို့ အသက်ရှင်နေသေးတာလဲလို့ မေးမလို့မလား”

အာရန်သည် သူမ၏ဝါကျအား ကူညီ၍ အပြီးသတ်ပေးလိုက်သည်။

ပထမတွင် အာရန်သည် ထာဝရပဲ့တင်သံအစွမ်းအား အသုံးပြုပြီးနောက် သူကိုယ်တိုင် မည်သို့ပြောင်းလဲသွားခဲ့ကြောင်း သူမသိနေလိမ့်မည်ဟု မျှော်လင့်ထင်မိခဲ့သည်။

ကံမကောင်းစွာဖြင့် သူမ၏တုံ့ပြန်မှုအရ ထိုသို့မဟုတ်သည်ကို ရှင်းလင်းသွားခဲ့၏။

အာရန်သည် သူ၏ ထာဝရပဲ့တင်သံအစွမ်း ကို အသုံးမပြုခင်မှာပင် သူမ၏ ခန္ဓာကိုယ်သည် နတ်ဘုရားမ၏ ဝင်ရောက်ထိမ်းချုပ်ခြင်းကို ခံခဲ့ရလေသည်။

သူယခု ဤနေရာသို့ ပြန်ရောက်လာပြီးနောက်မှသာ သူမသည် ပြန်လည် နိုးထလာနိုင်ခဲ့ခြင်းလည်း ဖြစ်လေ၏။

သူမသည် သူ့ထက်ပင် ပိုပြီးစိတ်ရှုပ်ထွေးနေဟန်ရသည်။

ထိုမျှကြီးမားသည့် ပြောင်းလဲမှုကြီးတစ်ခုကို မည်သည့်အရာက ဖြစ်ပေါ်စေခဲ့သည်ဆိုခြင်းအား သန့်စင်ပရောဟိတ်မတစ်ယောက် လွန်စွာသိလိုနေခဲ့သော်လည်း သူမသည် အာရန်နှင့်အတူ ရှိနေခြင်းကိုမူ လုံခြုံသည်ဟု မခံစားရပေ။

သူမသည် သူမ၏ ဘုရားကျောင်းသို့ ပြန်ရန်လိုနေပြီဖြစ်ကြောင်း အမှတ်ရလိုက်သည်။

သူမသည် အာရန်အား နောက်သို့တွန်းထုတ်လိုက်ပြီး သူမ၏ နေရာသို့ ပြန်သွားရန် ကောင်းချီးစွမ်းအင်များကို အသုံးပြုရန် ကြိုးစားလိုက်သည်။

“ဟမ်”

သူမသည် သူမ၏ ကောင်းချီးစွမ်းအင်များကို အနည်းငယ်မျှပင် မဖန်တီးနိုင်သည်ကို သတိပြုမိလိုက်သောအခါတွင်မူ လွန်စာတုံလှုပ်ခြောက်ခြားသွားခဲ့ကာ သူမ၏ တုန်ယင်နေသော လက်များကို မယုံကြည်နိုင်စွာဖြင့ စိုက်ကြည့်နေမိ၏။

သူမသည် သူမ၏ စွမ်းအားများကို အာရုံခံ၍ မရနိုင်တော့ပေ။

နတ်ဘုရားမနှင့် ဆက်သွယ်ထားမှုကိုမပင် သူမအနေနှင့် အနည်းငယ်မျှပင် မခံစားနိုင်တော့ချေ။ သူမသည် သူမ၏ အသက်ဓာတ်များကို ဆုံးရှုံးခဲ့ရရုံသာမက သူမ၏ ခွန်အားကိုလည်း ထပ်တူပင် ဆုံးရှုံးခဲ့ရလေသည်။

မယုံကြည်နိုင်စရာကောင်းသော အဖြစ်အပျက်တစ်ခု ဖြစ်နေဆဲဖြစ်သော်လည်း သူမသည် အရာအားလုံးကို ဆုံးရှုံးသွားခဲ့ပြီးဖြစ်သည်ကိုမူ သဘောပေါက်လိုက်သည်။

နတ်ဘုရားမသည် အာရန်ထံမှ သူမလိုချင်နေသောအရာကို ရယူခဲ့ပြီးနောက် သူမကို စွန့်ပစ်လိုက်ခြင်းများလားဟု သူမ တွေးမိလိုက်၏။

သူမ၏ အဆိုးဝါးဆုံး အိပ်မက်များတွင်ပင် အာရန်မှ နတ်ဘုရားမ၏ ဝိညာဉ်ကို ဖမ်းဆီးပြီး သတ်ပစ်ခဲ့လိမ့်မည်ဟု ဘယ်တော့မှ တွေးမိမည်မဟုတ်ပေ။

“ဟား... ဟားဟားဟား... ဒါက ကျွန်မ စွန့်ပစ်ခံလိုက်ရတယ်လို့ ဆိုလိုတာပေ့ါ”

ပရောဟိတ်မသည် နတ်ဘုရားမ၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသည်ဟု သဘောပေါက်မိသွားကာ အားအင်ချိနဲ့စွာဖြင့် ရယ်မောလိုက်လေသည်။

သူမ၏ နတ်ဘုရားမနှင့် ဆက်သွယ်မှုသည် လုံးဝပြတ်တောက်သွားခဲ့သည်။

ထို့ကြောင့် စွန့်ပစ်ခံလိုက်ရခြင်းမှလွဲ၍ တခြားဖြစ်နိုင်ခြေမရှိတော့ပေ။

သူမသည် သူမအား နယ်ရုပ်တစ်ရုပ်အလား သဘောထားသည့် နတ်ဘုရားမဆီမှ စွန့်ပစ်ခြင်းကို ခံခဲ့ရပြီဖြစ်သည်မဟုတ်ပါလေား...။

အာရန်သည် သူမ ဘာကိုတွေးနေသည် ဆိုခြင်းအား ချက်ချင်း နားလည်လိုက်သည်။

သူသည် သူမ၏ အတွေးများကို အမှန်ပြင်မပေးခဲ့ချေ။

သူမအနေနှင့် ဤကဲ့သို့ နားလည်မှုလွဲမှားခြင်းသည် သူ့အတွက် ပိုမို၍ပင် ကောင်းမွန်နေသည် မဟုတ်ပါလား...။

“ရယ်စရာကောင်းတယ် မဟုတ်လား” အာရန်သည် ထရပ်လိုက်ပြီး သန့်စင်ပရောဟိတ်မအား မေးခွန်းထုတ်လိုက်သည်။

သူသည် ပြတင်းပေါက်သို့ လျှောက်သွားလိုက်ပြီး အပြင်ဘက်သို့ ငေးကြည့်နေလိုက်သည်။

“မင်းဟာ ဒီအနောက်တိုက်ရဲ့ အစစ်အမှန် အရှင်သခင်တစ်ဦးပဲ။ သန့်စင်ဧကရာဇ်ကတောင် မင်းရဲ့ဆန္ဒအရ အချိန်မရွေး စွန့်ပစ်ခံရနိုင်တဲ့ နယ်ရုပ်တစ်ရုပ်ဖြစ်ခဲ့တာပဲ မဟုတ်ဘူးလား။ ဒါပေမဲ့ နောက်ဆုံးမှာတော့ မင်းလည်း တခြားတစ်စုံတစ်ယောက်အတွက် မင်းကိုယ်တိုင် နယ်ရုပ်တစ်ရုပ် ဖြစ်သွားခဲ့ရတာပဲလေ”

အာရန်၏ စကားများသည် သေလုမြောပါးဖြစ်နေပြီဖြစ်သော သန့်စင်ပရောဟိတ်မ၏ ရင်ဘတ်အား ဓားချွန်ချွန်တစ်ချောင်းဖြင့် ထပ်မံ၍ ထိုးစိုက်လိုက်သကဲ့သို့ပင်။

သန့်စင်ပရောဟိတ်မသည် အနည်းငယ်မျှပင် ပြန်လည်၍ မငြင်းခုံနိုင်တော့ပေ။

သူမသည် မကြာမီ သေဆုံးရတော့မည်ဆိုခြင်းအား ခံစားမိနိုင်ခဲ့လေသည်။

စက္ကန့်တိုင်းတွင် သူမ၏ သနားစရာကောင်းသော အသက်ဓာတ်စွမ်းအားများသည် ပိုမို၍ အားနည်းလာနေခဲ့ကြသည်။

“ရှင် ကျွန်မကို အနာပေါ် ဆားပက်ဖို့အတွက်နဲ့ အသက်ရှင်ခွင့် ဆက်‌ပေးထားတာမလား” သန့်စင်ပရောဟိတ်မသည် အိပ်ရာပေါ်တွင် လှဲလျှောင်း အိပ်စက်နေရက်သားဖြင့် အာရန်အား ပြန်လည် မေးခွန်းထုတ်လိုက်သည်။

သူမသည် မတ်တတ်ပင် ကောင်းစွာ မရပ်နိုင်တော့ပေ။

မည်သို့ပင်ဖြစ်စေ သူမသည် မကြာမှီသေရတော့မည်ဖြစ်သဖြင့် အဘယ်ကြောင့် ခုခံနေဖို့ လိုဦးမည်နည်း။

သူမသည် အရာအားလုံးကို ဆုံးရှုံးသွားခဲ့ပြီဖြစ်သည်။

သူမ၏ လက်ရှိအခြေအနေတွင် တော်ဝင်နန်းတော်၏ သာမန်ရဲမက်တစ်ဦးကပင် သူမအား လွယ်ကူစွာ သတ်နိုင်လေသည်။

သူမအား စွန့်ပစ်သွားခဲ့သော နတ်ဘုရားမ၏ စိတ်ဝင်စားမှုကို ရယူနိုင်ခဲ့သူ ဆိုလျှင်မူ ထည့်ပြောစရာပင် မလိုတော့ပေ။

“မင်းရဲ့စကားတွေက အရမ်းရင့်သီးလွန်းနေပြီထင်တယ်။ ကျုပ်လို ကြင်နာတတ်တဲ့ လူတစ်ယောက်က ဘာလို့ တစ်စုံတစ်ယောက်ရဲ့ အနာပေါ်ကို ဆားထပ်ပတ်ချင်ရမှာလဲ” အာရန်သည် သူ မတရားစွတ်စွဲခံနေရသကဲ့သို့ ပြန်လည်ပြောလိုက်သည်။

“ကြင်နာတတ်တဲ့လူဟုတ်လား ခစ် ခစ်...ရှင် ဒီလို အချုပ်နှောင်မခံရခင်က ရှင်ဖန်တီးခဲ့တဲ့ အရှုပ်ထုတ်တွေကို ကျွန်မမသိခဲ့ဘူးဆိုရင်တော့ ရှင့်စကားကို ယုံချင်ယုံခဲ့မိမှာပဲ။ အခုလည်း ရှင်ပြန်လာပြီဆိုတော့ ဒီကမ္ဘာကြီးတော့ တကယ်ကိုပဲ ဒုက္ခကပ်ဘေးတွေ ထပ်သင့်တော့မှာပဲ...”

သန့်စင်ပရောဟိတ်မသည် မြောက်ပိုင်းတိုက်ကြီးနှင့် ဤစစ်ပွဲတွင် သူမသည် အနိုင်ရသူဖြစ်လိမ့်မည်ဟု ယုံကြည်ခဲ့မိသည်။

ရန်နစ်ခရိုလိုင်း၏ ပြန်ရောက်လာမှုက သူမ၏ကံကြမ္မာတွင် ဤမျှသော ကြီးမားသည့် ပြောင်းလဲမှုတစ်ခုကို ဖြစ်သွားစေလိမ့်မည်ဟု သူမ ဘယ်တုံးကမျှ မမျှော်လင့်မိခဲ့ပေ။

ယခုအခါတွင် အရှင်သခင်ကြီးလေးဦးသည်ပင် လုံးဝအရေးမပါတော့သကဲ့သို့ပင်။

အာရန်မရှိသည့်အချိန်က သူတို့သည် ဤလောကကြီး၏ စောင့်ရှောက်သူများအဖြစ် သီးခြားစီ လုပ်ဆောင်ခဲ့ကြသည်။

ယခု သူသည် အရင်ကထက် ပိုမို၍ ခွန်အားကြီးစွာဖြင့် ပြန်ရောက်လာခဲ့ပြီဖြစ်သောကြောင့် မိုးကောင်းကင်မှပင် သွေးမိုးများပင် ရွာသွန်းတော့မည့် လက္ခဏာများ တစ်ဖန်ဖြစ်လာခဲ့ပြန်ပြီ ဖြစ်လေသည်။

သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် သူမမှာမူ ငြိမ်းချမ်းသည့်ခံစားချက်တစ်ခုကို ခံစားမိလိုက်သည်။

သူမသည် ပထမဆုံး သေဆုံးရမည့်အရှင်သခင်တစ်ဦး ဖြစ်နေခဲ့သော်လည်း ၎င်းသည် ဤလောကအတွက် ထပ်မံကြုံတွေ့ရမည့်အကျိုးဆက်များကို သူမ အနေနှင့် ခံစားရတော့မည် မဟုတ်ဟုလည်း ဆိုလိုနေလေသည်။

“အတိတ်က လက်ရှိကို သက်ရောက်မှုရှိမှာမဟုတ်ဘူး”

အာရန်သည် အတိတ်အကြောင်းကို အငြင်းမပွားလိုခဲ့ပေ။

အထူးသဖြင့် ၎င်းသည် သူ့နှင့်မပတ်သက်သောကြောင့် ဖြစ်လေသည်။

ရန်နစ်ခရိုလိုင်းတစ်ယောက် ဖန်တီးခဲ့သည့် ရှုပ်ထွေးမှုတိုင်းသည် သူ့နှင့်မသက်ဆိုင်ပေ။

သို့သော် သူ၏ လက်တွင် စွန်းပေခဲ့သော သွေးများသည်လည်း မည်သည့်နည်းနှင့်မျှ လျော့နည်းနေသည်တော့ မဟုတ်ပေ။

ထို့ကြောင့် ဤအခြေအနေကို အာရန်အနေဖြင့် ယတိပြတ်တော့ ပြန်လည်ငြင်းခုံ၍ မရနိုင်ခဲ့ချေ။

ထို့နောက် အာရန်သည် အရှင်သခင်သတ်ဓားအား ထုတ်ယူလိုက်ပြီး သန့်စင်ပရောဟိတ်မအား ပြသလိုက်သည်။

“မင်းသာ ဒါကို ပြီးပြည့်စုံအောင် ကူညီပေးမယ်ဆိုရင် မင်းကို ပိုပြီးအသက်ရှည်အောင် ကျုပ်ကူညီပေးနိုင်တယ်”

#Catfoot

All Chapters