ပထမဆုံး ဖြည့်ပေးမဲ့သွေး
Vol. 36 Ch. 522
…
အာရန်သည် သန့်စင်ပရောဟိတ်မအား ကမ်းလှမ်းချက်တစ်ခု ပြုလုပ်ခဲ့သည်။
ဤဓားမြှောင်အား မည်သို့ပြီးပြည့်စုံအောင်ပြုလုပ်ရမည်ဆိုသည့် လျှို့ဝှက်ချက်အား လဲလှယ်မှုအနေဖြင့် သူမ၏အသက်ကို အနည်းငယ်ထပ်မံ၍ ဆွဲဆန့်ထားနိုင်မည်ဖြစ်သည်။
အာရန်သည် အမှန်တကယ်ရည်ရွယ်၍ပြောခြင်းလား သို့မဟုတ် သူမ၏ နောက်ဆုံးကျန်ရှိသည့် အချိန်အနည်းငယ်အတွင်းမှာပင် သူမအား ထပ်မံ၍ လှည့်စားဖို့ ကြိုးစားနေခြင်းလားဆိုသည်ကို ရှင်းလင်းစွာမသိနိုင်သေးပေ။
အာရန်အနေဖြင့် ပရောဟိတ်မ၏ မှတ်ဉာဏ်များကို ဖတ်ရှုနိုင်ရန် ဝိညာဉ်ရှာဖွေခြင်းနည်းလမ်းကို အသုံးပြုနိုင်လေသည်။
သို့သော် သူမ၏ ဝိညာဉ်သည် ထိုသို့ပြုလုပ်ရန်အတွက်ပင် လွန်စွာအားနည်းလွန်းနေခဲ့ပြီဖြစ်သည်။
နတ်ဘုရားမ၏ ခန္ဓာကိုယ်သိမ်းပိုက်ခံရခြင်းကို ခံရသည့် ခဏတာသည် သူမ၏ သက်တမ်းကို ဆုံးရှုံးစေခဲ့ရုံသာမက သူမ၏ ဝိညာဉ်ကိုပါ ထိခိုက်စေခဲ့၏။
ဤအခြေအနေတွင် သူမ၏ ဝိညာဉ်ကို အတင်းအကျပ် ရှာဖွေရန် ကြိုးစားခဲ့ပါက သူလိုချင်သော အချက်အလက်များကို ရှာဖွေတွေ့ရှိနိုင်သည်အထိပင် သူမ၏ဝိညာဉ်မှာ ခံနိုင်ရည်ရှိမည်ဟု သူ မသေချာပေ။
သန့်စင်ပရောဟိတ်မသည် သူမ၏ဆန္ဒအရ သူ့ကို ကူညီနိုင်မည်ဆိုပါက ကိစ္စရပ်များသည် အတော်လေးအဆင်ပြေသွားလိမ့်မည်ဖြစ်၏။
“ငါ့အကူအညီသာမရဘူးဆိုရင် မင်း နှစ်ရက်အတွင်း သေရလိမ့်မယ်။ မင်းသာ ဒီဓားကို ပြီးပြည့်စုံအောင်လုပ်ရမဲ့နည်းလမ်းကို ပြောပြပေးမယ်ဆိုရင် မင်းရဲ့သက်တမ်းကို ဆွဲဆန့်ထားနိုင်အောင် ငါကူညီပေးနိုင်တယ်” ဟု အာရန်ကပြောလိုက်ရာ သူမ၏ မျက်လုံးများတွင် အနည်းငယ် စိတ်ဝင်စားမှုများ ပေါ်လာခဲ့လေသည်။
“ဒါဆို ရှင်က ဒီဓားကို ခိုးသွားခဲ့တဲ့သူပေါ့။ အဲဒါသာ မဟုတ်ခဲ့ရင် ကျွန်မက...” သူမသည် စကားပြောရင်း အဆက်မပြတ် ချောင်းဆိုးလာသောကြောင့် သူမ၏စကားလုံးအချို့ကိုပင် အပြီးမသတ်နိုင်ခဲ့ပေ။
အာရန်သည် ပရောဟိတ်မအနီးသို့ လျှောက်သွားလိုက်ပြီး သူမ၏အခြေအနေကို ခေတ္တထိန်းထားရန် သူ့၏ ကောင်းချီးစွမ်းအင်အချို့ကို အသုံးပြုလိုက်ရသည်။
သန့်စင်ပရောဟိတ်မသည် အာရန်အား စိုက်ကြည့်လိုက်သည်။
သူမ ဘာတွေးနေမည်ကို သူ နားမလည်နိုင်ခဲ့ပေ။
သူမသည် အာရန်၏စကားများကို ယုံကြည်မည့်ဟန်မရှိပေ။
သူသည် ကောင်းကင်ကျိန်ဆိုမှု ပြုလုပ်ခဲ့လျှင်သူမသည် ယုံလိမ့်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူမရှေ့ရှိ လူသည် ကောင်းကင်ဘုံကျိန်ဆိုမှုဖြင့်ပင် ချည်နှောင်၍ မရနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်ကြောင်း သူမကိုယ်တိုင်ကောင်းစွာ သိထားခဲ့သောကြောင့်ပင်တည်း။
ထိုသို့မဟုတ်ပါက အတိတ်မှ ကြေကွဲစရာအဖြစ်ဆိုးများ ဖြစ်လာခဲ့လိမ့်မည်မဟုတ်ပေ။
သူသည် သူ၏ ဒေါသကြောင့် တိုက်ကြီးလေးခုအနှံ့ လူသတ်ပွဲတစ်ခုကို ဖြစ်ပေါ်စေခဲ့သည့် အချိန်ကတည်းကပင် ကောင်းကင်ဘုံကျိန်ဆိုမှုကို ချိုးဖောက်မိခဲ့ပြီးသား ဖြစ်လေသည်။
အကယ်၍ သာမန်လူတစ်ယောက်သာ ကောင်းကင်ဘုံကျိန်ဆိုမှုကို ချိုးဖောက်ပါက ၎င်းတို့၏ ဝိညာဉ်များသည် ကြိမ်းသေဖျက်ဆီးခြင်းကို ခံခဲ့ရပေလိမ့်မည်။
သို့သော် ကောင်းကင်ဘုံ၏ အပြစ်ဒဏ်သည်ပင် ရန်၏ ဝိညာဉ်ကို ထိခိုက်အောင် မလုပ်ဆောင်နိုင်ခဲ့ပေ။
အကယ်၍ ကောင်းကင်ဘုံကျိန်ဆိုမှုသည်သာ သူ့အား တားဆီးနိုင်ခဲ့လျှင် အခြေအနေများသည် ယခုနှင့် များစွာ ကွဲပြားသွားခဲ့လိမ့်မည်ဖြစ်၏။
‘ထိုသူများ’ ပင်ရောက်လာခဲ့ကြလိမ့်မည် မဟုတ်ပေ။
အရှင်သခင်လေးဦးသည်လည်း ဤမျှအထိ တိုက်ကြီးများအပေါ် သက်ရောက်မှုကြီးမားခဲ့လိမ့်မည် မဟုတ်ပေ။
ယခုအချိန်အထိ သူမသည် ထိုဖြစ်တည်မှုများမှာ ရန်၏ ကောင်းကင်ဘုံကျိန်ဆိုမှုအား ချိုးဖောက်ခြင်းကြောင့် ဤလောကသို့ ရောက်လာခဲ့ကြသည်ဟုသာ ထင်မှတ်ထားခဲ့သည်။
သို့သော်လည်း နတ်ဘုရားမနှင့် ဖြစ်ပျက်ခဲ့သည်များကို မြင်တွေ့ပြီးနောက် နောက်ကွယ်မှ အကြောင်းရင်းသည် ထိုမျှရိုးရှင်းမည်မဟုတ်ကြောင်း သူမ သဘောပေါက်လာခဲ့သည်။
သူမသည် အာရန်၏စကားများကို မယုံကြည်နိုင်ပေ။
အာရန်၏ စကားများကို ထိမ်းချုပ်ပေးနိုင်သည့် အရာများ ဤကမ္ဘာတွင် ရှိမနေကြချေ။
သို့ဖြစ်လင့်ကစား သူမသည် သူ၏ ညှိနှိုင်းမှုအား သဘောတူခဲ့သည်။
နတ်ဘုရားမသည် သူမအား စွန့်ခွာသွားခဲ့ပြီဖြစ်သည်။
ကျန်အရှင်သခင်များသည် ဤနှစ်များတစ်လျှောက်လုံးတွင် သူမအား အခက်အခဲများစွာ ကြုံတွေ့စေခဲ့လေသည်။
သူမသည် ဤနေရာတွင် သေဆုံးရမည့် တစ်ဦးတည်းသော အရှင်သခင်တစ်ဦး ဖြစ်ချင်နေဟန်မရပေ။
သူမ၏ ပင်ကိုယ်စိတ်သည် အလွန် ရက်စက်လွန်းသူဖြစ်သည်။ သူမ သေဆုံးရမည်ဆိုလျှင်ပင် ကျန်သူများကို ကောင်းကောင်းနေခဲ့စေမည်မဟုတ်ပေ။
သူမသည် အခြားအရှင်သခင်များကို သူမထက် ပိုမိုဆိုးရွားသော အခြေအနေများဖြင့် သေဆုံးစေလိုခဲ့သည်။
ထိုအပြုအမူသည် ကလေးဆန်သည်ဟုဆိုနိုင်သော်လည်း ၎င်းက အရှင်သခင်တစ်ဦးအဖြစ် သူမ၏ ဂုဏ်သိက္ခာကို ကာကွယ်ရန် သူမ၏ နောက်ဆုံးအားထုတ်မှုတစ်ခုလည်းဖြစ်လေ၏။
အာရန်သည် ပရောဟိတ်မမှ ဤမျှ အလွယ်တကူ သဘောတူခဲ့သည်ကို အံ့အားသင့်လျက်ရှိနေခဲ့သည်။
သူမသည် ကောင်းကင်ဘုံကျိန်ဆိုမှုတစ်ခု ပြုလုပ်ရန်ပင် သူ့အား မတောင်းဆိုခဲ့ပေ။
သူမသည် သူ့အား ကတိတည်လိမ့်မည်ဟု ဤမျှပင် ယုံကြည်နေခဲ့သည်တဲ့လား...။
တစ်ခုခုသည် မှားယွင်းနေသည်ဟု ခံစားနေရသော်လည်း သူသည် ၎င်းကို မထုတ်ဖော်နိုင်ခဲ့ချေ။
“သန်းတစ်ရာ...”
သန့်စင်ပရောဟိတ်မသည် ရုတ်တရက် စကားတစ်ခွန်း ပြောလိုက်သည်။
“သန်းတစ်ရာဆိုတာ ဘာလဲ” အာရန်သည် သူမ စကား၏ အဓိပ္ပာယ်ကို အနည်းငယ် ရှုပ်ထွေးသွားသဖြင့် ပြန်မေးလိုက်မိသည်။
သူမသည် ရုတ်တရက် အဘယ့်ကြောင့် ဤမျှများပြားသော ကိန်းဂဏန်းများအကြောင်းကို ထပြောနေရသနည်း။
“ အဲဒီဓားကို လူသန်းတစ်ရာရဲ့ သွေးတွေကို သောက်သုံးစေရမှာဖြစ်တယ်။ ပြီးတော့ အသတ်ခံရမဲ့လူတွေရဲ့ ဝိညာဥ်တွေဟာ သန့်စင်တဲ့ ဝိညာဉ်တွေဖြစ်ရမှာဖြစ်တယ်။ ဒီလိုနဲ့ အယောက်သန်းတစ်ရာပြည့်သွားခဲ့မယ်ဆိုရင် ဒီဓားဟာ ပြီးပြည့်စုံတဲ့ အဆင့်ကိုအလိုလို ရောက်ရှိသွားလိမ့်မယ်”
သန့်စင်ပရောဟိတ်မသည် ထိုစကားများကို မျက်နှာအမူအရာ အနည်းငယ်မျှပင် ပြောင်းလဲမှုမရှိဘဲ ဆက်တိုက်ပြောလိုက်လေသည်။
သူမသည် လူသန်းတစ်ရာအကြောင်းကို ပြောဆိုနေခြင်းမဟုတ်ဘဲ အယောက် ထောင်ဂဏန်းအနည်းငယ်မျှ အကြောင်းကိုသာ ပြောဆိုနေသကဲ့သို့ပင်။
သူမ၏ ထိုစကားကို ကြားလိုက်ရသောအခါ အာရန်သည် မည်သည့်စကားမျှ မဆိုနိုင်တော့ပေ။
ဤဓားမြှောင်ကို အပြီးသတ်ရန် လူသန်းတစ်ရာတိတိကို သတ်ရမည်တဲ့လား။
ထို့ပြင် ထိုလူသန်းတစ်ရာကလည်း မည်သည့် ရာဇဝတ်မှုမျိုးကိုမျှ မကျူးလွန်ခဲ့ဖူးသော သူတော်ကောင်းများဖြစ်နေရမည်ဖြစ်လေသည်။
အပြစ်မဲ့ဝိညာဉ်များ ဖြစ်ရန်လည်း လိုအပ်နေသေး၏။
ဒီဓားအကြောင်း သူ့အား အနည်းငယ်မျှ ပြောပြရန်ပင် စာရေးသူမှ အဘယ်ကြောင့် တွန့်ဆုတ်နေခဲ့ရသနည်း။
သူသည် ဤနည်းလမ်းကို အမှန်ပင် ပြုလုပ်နိုင်သည်ဟု သူစိုးရိမ်မိခဲ့သောကြောင့်များလား...။
“မင်းက အဲဒီဓားကို ပြီးပြည့်စုံတဲ့အဆင့်ရောက်ဖို့ လူတွေ အများကြီးကို တကယ်ပဲ သတ်ဖို့ရည်ရွယ်ထားခဲ့တာလား” ဟု အာရန်သည် သန့်စင်ပရောဟိတ်မအား မေးလိုက်သည်။
“ဟုတ်တယ် မြောက်ပိုင်းတိုက်က လူတွေပဲ.. ... သူတို့ကို အမြစ်ဖြတ်သုတ်သင်ပစ်မယ့် လက်နက်တစ်ခုကို အပြီးသတ်နိုင်ဖို့ ရန်သူတွေရဲ့ သွေးတွေနဲ့ ပြန်လည် အသုံးပြုဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမဲ့ အဲ့ဒါက စစ်ပွဲတောင် မဖြစ်လိုက်ခင်မှာတင်ပဲ ရုတ်တရက် ခိုးယူခံလိုက်ရတယ်...”
သူမသည် သူမကို ယုံကြည်သူများ၏ အသက်ကို အသုံးပြုခဲ့ပါက ပိုကောင်းမလားဟုပင် တွေးခဲ့မိသည်။ ၎င်းက ပိုပြီးလွယ်ကူ၍ မြန်ဆန်ခဲ့ပေလိမ့်မည်။
ကံမကောင်းစွာဖြင့် သူမသည် သူမ၏ လူများကို ပြန်သတ်နိုင်လောက်သည်အထိ ကိုယ့်ကိုယ်ကိုယ် မတိုက်တွန်းရက်ခဲ့ပေ။
စစ်ပွဲတွင် အသုံးမဝင်ခဲ့လျှင်ပင် ထိုသူတို့သည် သူမအား ယုံကြည်အားကိုးနေကြသူများ ဖြစ်နေဆဲပင်။
သူမကို ယုံကြည်မှု ဆုံးရှုံးသွားပြီး သူမ၏ရှေ့တွင်ပင် သူမမကောင်းကြောင်းပြောဆိုခဲ့စဥ်ကပင် သူမသည် သူတို့အား သတ်ရန် အမိန့်မပေးခဲ့ချေ။
သူမ၏ နှလုံးသားသည် အေးစက်လွန်းသည်မှာ မှန်သော်လည်း သူမ၏ လူများအပေါ်တွင်တော့ ထိုမျှအထိ မရက်စက်ရက်ခဲ့ပေ။
သူမအနေဖြင့် အနောက်တိုက်တွင် သတ်ဖြတ်ခဲ့သည့် သူများသည် ယခင်သန့်စင်ဧကရာဇ်ကဲ့သို့ မဖြစ်မနေ သတ်ရန်လိုအပ်သောကြောင့်သာ ဖြစ်လေသည်။
သူမသာ ပိုပြီး ရက်စက်နိုင်ခဲ့လျှင် ထိုလက်နက်ကို အတော်ကြာကြာကတည်းက အပြီးသတ်နိုင်ခဲ့လိမ့်မည် ဖြစ်၏။
“ကျွန်မကို အသက်ဆွဲဆန့်ပေးဖို့ မလိုပါဘူး။ ဘယ်လိုပဲပြောပြော ရှင့်ကိုလည်းကျွန်မ ယုံမှာမဟုတ်ဘူး။ ဒါပေမယ့် ကျွန်မ မသေခင် ရှင့်ဆီကနေ တစ်ခုတော့ တောင်းဆိုလို့ ရမလား” ထိုသို့မေးရင်းဖြင့် သူမသည် အာရန်၏ လက်ကို လှမ်းကိုင်လိုက်ရန် သူမ၏လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်သည်။
“ပြောလေ”
အာရန်သည် ပြန်လည်မေးလိုက်သည်။
ထိုမိန်းကလေးက သူမ၏ အသက်ကိုပင် ဆွဲဆန့်လိုခြင်းမရှိခဲ့ပေ။
ယင်းသို့ဆိုပါက ဘယ်အရာကို ထပ်မံ၍ လိုချင်နေသေးသလဲ။
နတ်ဘုရားမကို သူမအတွက် လက်စားချေပေးဖို့ တောင်းဆိုချင်နေတာလား။
အကယ်၍ သူသည် ထိုကတိကို ပေးခဲ့မိလျှင်ပင် လိုက်နာမိလိမ့်မည်မဟုတ်ပေ။
“ရှင့်က ဒီလက်နက်ကို အပြီးသတ်ချင်တယ်ဆိုရင် မြောက်ပိုင်းက လူတွေရဲ့အသက်ကိုပဲ နှုတ်ယူပေးပါ။ ကျွန်မ ဒီမှာမရှိတော့ရင်တောင် ကျွန်မရဲ့လူတွေကိုတော့ ဒုက္ခမရောက်စေချင်ဘူး” ဟု သန့်စင်ပရောဟိတ်မက ပြောလိုက်သည်။
“ပြီးတော့...”
သူမသည် သူ့လက်ကို ဆွဲယူလိုက်ပြီး အရှင်သခင်သတ်ဓားအား သူမ၏ ရင်ဘတ်နှင့် ပိုနီးကပ်စေလိုက်သည်။
“ဒီလက်နက်... ဒီလောကထဲကို ယူဆောင်လာခဲ့တာကျွန်မပါ။ ဒီလက်နက်ကို ပထမဆုံး ဖြည့်ပေးမဲ့သွေးကလည်း ကျွန်မရဲ့သွေးပဲ ဖြစ်ခွင့်ရှိမလား”
#Catfoot