← Chapters

နိုးထလာခြင်း

Vol. 36 Ch. 516

နိုးထလာခြင်း

Vol. 36 Ch. 516

…

နတ်ဘုရားမသည် နောက်ထပ် အာရန်တစ်ဦးကို ထပ်မံ၍ တွေ့လိုက်ရသောအခါ မယုံနိုင်အောင်ပင် ဖြစ်သွားခဲ့ရလေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

တစ်ပုံစံတည်းရှိနေသည့် လူသုံးဦး မည်သို့တစ်ချိန်တည်း ရှိနေနိုင်ရနည်း။

ထို့ပြင် ၎င်းတို့သုံးဦးစလုံးသည် ကိုယ်ပွားများမဟုတ်ဘဲ ၎င်းတို့၏ ဖြစ်တည်မှုသည်ပင် ထပ်တူ ညီနေခဲ့ကြခြင်းဖြစ်လေ၏။

ထိုထက်ပင် ပို၍အံ့ဩစရာကောင်းသည်မှာ ၎င်းတို့သည် သူမ၏ ဝိညာဉ်ခန္ဓာကိုယ်နှင့် ကိုယ်ထိလက်ရောက် ဆက်သွယ်နိုင်ခြင်းပင်ဖြစ်ကာ ၎င်းတို့ထွက်ပေါ်လာသည်နှင့် သူမသည် သိသိသာသာကို အားနည်းသွားခဲ့ရလေသည်။

ဤမျှော်လင့်မထားသော ဖြစ်ပျက်သွားမှုသည် နတ်ဘုရားမအား မယုံကြည်နိုင်သော မေးခွန်းများစွာသာ တိုးလာစေခဲ့၏။

“မင်းအနေနဲ့ တတိယတစ်ယောက်ကို ထပ်ဆင့်ခေါ်ဖို့ တကယ်လိုသေးလို့လား။ မင်းသူ့ရဲ့အချိန်တွေကို သက်သက် ဖြုန်းတီးလိုက်တာနဲ့ တူမနေဘူးလား”

ဒုတိယ အာရန်သည် နတ်ဘုရားမ၏ ရုပ်တုအပိုင်းအစများဆီမှ ဆင်းသက်လာပြီးနောက် စိတ်ပျက်သွားပုံဖြင့် ပြောလိုက်သည်။

သူတစ်ယောက်နှင့်ပင် လုံလောက်နေပြီမဟုတ်ဘူးလား...။

အမှန်ဆိုရလျှင် ၎င်းတို့သည် သူမ၏ ကိုယ်ပိုင်လုပ်နိုင်စွမ်းကိုပင် သဘောမပေါက်ဘဲ ဤကမ္ဘာသို့ မိုက်မဲစွာ ဆင်းသက်လာခဲ့ရသော အားနည်းလွန်းသည့် နတ်ဘုရားမတစ်ပါးနှင့် ရင်ဆိုင်နေခဲ့ရခြင်းသာ ဖြစ်လေ၏။

“ဒီခန္ဓာကိုယ်က အခုအချိန်မှာ အရန်းအားနည်းလွန်းနေသေးတယ်” မူလအာရန်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် စိတ်ဝိညာဥ်ကူးပြောင်းလာသူ အာရန်က သူ၏ ဖြူဖျော့နေသော လက်များကို ပြန်ကြည့်ကာ ဖြေလိုက်သည်။

သူသည် ဤခန္ဓာကိုယ်၏ အားနည်းလွန်းနေမှုကို ခံစားမိထားပြီးဖြစ်၏။

ယခုအခြေအနေသည် မူလအာရန်၏ မျက်လုံးများတွင်မူ သူသည် အလွန်အမင် အစွမ်းထက်လာခဲ့ပြီဟု ဆိုနိုင်လေသည်။

သို့သော်လည်း ယခုအာရန်၏ မျက်လုံးများတွင်မူ ဤခွန်အားသည် သူ့အတွက် လုံးဝမလုံလောက်သေးပေ။

“ဒါပေမဲ့ မင်းကြည့်ရတာ စိတ်ပျက်နေပုံလဲမရပါဘူး”

ဒုတိယ အာရန်က ပထမအာရန်၏ နှုတ်ခမ်းထောင့်တွင် ပြုံးစိစိဖြစ်နေသည့် မျက်နှာအမူအရာကို သတိထားမိလိုက်သဖြင့် ပြန်ပြောလိုက်သည်။

“အိုး မင်း သတိထားမိတယ်ပေါ့”

အာရန်သည် နောက်ထပ်မဖုံးကွယ်ထားတော့ပေ။ သူသည် တကယ်ကို စိတ်ပျက်နေမိခဲ့သည်။

နတ်ဘုရားမ၏ နှိပ်စက်မှုကို သူတစ်ချိန်က မည်သို့ ခံစားခဲ့ရသည်ကို ယခုအချိန်ထိ မမေ့နိုင်သေးပေ။

သူ့အတွက် အချိန်အကြာကြီး ကြာမြင့်ခဲ့ပြီးနောက်မှ ထာဝရပဲ့တင်သံအစွမ်း၏ ဆင့်ခေါ်မှုမှ တစ်ဆင့် ဤနေရာသို့ ပြန်လည်ရောက်ရှိလာခဲ့ရခြင်းဖြစ်သည့်အတွက် အရာများစွာကို ကောင်းစွာ မမှတ်မိတော့သော်လည်း ၎င်းသည် သူအချိန်တော်ကြာကတည်းက ရန်ကြွေးဆပ်ချင်နေခဲ့သော အရာတစ်ခုပင် ဖြစ်လေ၏။

ကံမကောင်းစွာဖြင့် တစ်ချိန်က သူသည် ထာဝရပဲ့တင်သံအစွမ်းကြောင့် အိပ်မောကျသွားခဲ့ရာမှ ပြန်လည်နိုးထလာသောအခါတွင်မူ နတ်ဘုရားမသည် သေဆုံးနှင့်ပြီသားဖြစ်နေခဲ့သည်။

အဘယ်ကြောင့် ထိုသို့ဖြစ်သွားခဲ့ရသည်ကို ယခုမှသာ သူသည် နားလည်နိုင်ခဲ့ခြင်း ဖြစ်လေသည်။

“သူမကတကည့်ကို တုံးအလွန်းတာလား ဘာဖြစ်လို့ ကျန်တဲ့ သူမထက်ပိုစွမ်းတဲ့ ကျန်နတ်ဘုရားတွေတောင် ဘာလို့ ငါ့ကိုလာရှာဖို့ ဒီကမ္ဘာကိုမလာရဲသလဲဆိုတာ သူမစဉ်းစားမိခဲ့ပုံ မပေါ်ဘူး”

အာရန် အားလုံးထဲတွင် အသက်အကြီးဆုံးဖြစ်ပုံရသော တတိယမြောက် အာရန်က ဆိုလိုက်ခြင်းဖြစ်၏။

သူသည် ထိုသို့ ပြောပြီးသည်နှင့် သူ၏ဘေးတွင် ဖြစ်ပေါ်လာသော မှောင်မိုက်သည့်ဟင်းလင်းပြင် နေရာတစ်ခုဆီသို့ နတ်ဘုရားမ၏ ဝိညာဉ်ကို ပို့လွှတ်လိုက်လေသည်။

နတ်ဘုရားမသည် သူမကိုယ်သူမ လွတ်မြောက်ရန် ရုန်းကန်နေခဲ့မိသည်။

အဘယ်ကြောင့်ဆိုသော် ကြောက်မက်ဖွယ်ကောင်းသော အနာဂတ်တစ်ခုက သူမအား စောင့်ကြိုနေသကဲ့သို့ ခံစားနေရသောကြောင့်ပင်တည်း။

ကံမကောင်းစွာဖြင့် ဤနေရာရှိ အာရန်များ၏ ရှေ့တွင် သူမသည်လည်း ဘာဆိုဘာမှ မှမတတ်နိုင်ခဲ့ပေ။

သူမသည် ဤနေရာသို့ ဆင်းသက်ရန် ဆုံးဖြတ်ချက်ချခဲ့မိသည့် မိမိကိုယ်ကိုသာ ကျိန်ဆဲနိုင်တော့လေသည်။

‘ထိုသူတို့’ သည်ပင် အာရန်အား စိတ်ဝင်စားစေသည့် လျှို့ဝှက်ချက်များကို သူမအနေနှင့် ပြင်းပြစွာသိချင်နေခဲ့မိလေသည်။

နောက်ဆုံးတော့ အဘယ်ကြောင့် ထိုသို့စိတ်ဝင်စားကြရသည်ကို သူမအနေနှင့် ကောင်းစွာ နားလည်လိုက်လေပြီ။

ယခု ထိုလျှို့ဝှက်ချက်၏ တစ်စိတ်တစ်ပိုင်းကို သူမ ရှာတွေ့လိုက်ပြီဖြစ်သောကြောင့် သူမသည် သူမ၏ လုပ်ရပ်များကိုပင် အမှန်တကယ် နောင်တရနေမိခဲ့၏။

“သူမရဲ့ဝိညာဉ်ကို မြန်မြန်မဖျက်ဆီးလိုက်နဲ့ဦး။ သူမက အသုံးဝင်သေးတယ်” မူလအာရန်၏ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် စိတ်ဝိညာဥ်က တတိယအာရန်အား သတိပေးလိုက်သည်။

“ငါတို့အားလုံးက အတူတူပဲမဟုတ်ဘူးလား” တတိယ အာရန်က ခေါင်းခါရင်း သက်ပြင်းတစ်ချချလိုက်မိသည်။

သူသည် ၎င်းကိစ္စနှင့်ပတ်သက်၍ အငြင်းမပွားချင်ပေ။

အထူးသဖြင့် မူလအာရန်၏ စွမ်းအားသက်ရောက်မှု အာနိသင် ကုန်ဆုံးတော့မည့်အချိန်တွင် ဖြစ်လေသည်။

“သူမကြောင့်သာ ငါတို့ ဒီကမ္ဘာကို ဆင်းသက်လာနိုင်ခဲ့တယ်ဆိုတဲ့အဖြစ်မှန်ကိုသာ သူမသိခဲ့ရင် သွေးအန်သွားလောက်မယ်မလား”

ဒုတိယအာရန်သည် သူ၏ ခန္ဓာကိုယ် ပျောက်ကွယ်စပြုလာစဥ်မှာပင် မူလအာရန်အား မေးခွန်းတစ်ခုမေးလိုက်သည်။

သွေဖယ်ခြင်းအစွမ်းအား အသက်သွင်းနိုင်သည့် အချိန်သည် ကုန်ဆုံးလုနီးပါးဖြစ်သွားခဲ့ပြီဖြစ်၏။

မူရင်းအာရန်၏ စိတ်ဝိညာဥ်သည်လည်း နိုးထစပြုလာနေပြီဖြစ်သည်။

ထိုအတောအတွင်း မူလခန္ဓာကိုယ်အား ပိုင်ဆိုင်ထားသည့် အာရန်၏ စိတ်ဝိညာဉ်သည် ၎င်း၏စစ်မှန်သော အချိန်ကာလသို့ ပြန်သွားရတော့မည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။

“သူမရဲ့ သီးသန့် နယ်မြေနဲ့ ထာဝရပဲ့တင်သံအစွမ်းသာ မရှိခဲ့ရင် သွေးမျိုးဆက်နှစ်ခုကို စတေးလိုက်တာလောက်နဲ့ လုံးဝမလုံလောက်နိုင်ဘူး။ စက္ကန့်သုံးဆယ်အတွက်ပဲဆိုရင်တောင် စတေးမှုက ဒ့ါထက်အများကြီး ပိုလိုအပ်ခဲ့လိမ့်မယ်။”

“မင်း သူ့အတွက် မက်ဆေ့ချ်တစ်ခုခု ထားခဲ့ဦးမယ် မလား” တတိယအာရန်သည်လည်း သူ၏ခန္ဓာကိုယ် ဖြည်းဖြည်းချင်း ပျောက်ကွယ်စပြုလာနေသောကြောင့် ထပ်မံ၍ မေးခွန်းထုတ်လိုက်၏။

မူလအာရန်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် စိတ်ဝိညာဥ်သည် သူ၏ ကိုယ်ပိုင် အတွေးများထဲတွင် နစ်မြုပ်နေပုံရလေသည်။

နောက်ဆုံးတွင်တော့ သူသည် ခေါင်းသာ ခါပြလိုက်သည်။

“ငါတစ်ခုခု ချန်ထားခဲ့ရင်တောင် အရာ အားလုံးက အလကားပဲ ဖြစ်သွားခဲ့မှာပဲ... ဝင်ရောက်စွက်ဖက်မှုတွေ က အရမ်းများလွန်းတယ်... အစီအစဥ်တွေအားလုံး ပျက်စီးသွားလိမ့်မယ်...”

ထို့နောက် အာရန်သည် မျက်လုံးများပိတ်သွားခဲ့ပြီး ရုတ်တရက် မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။ ဤသို့ဖြင့် ကျန်အာရန်နှစ်ယောက်သည်လည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့ကာ သန့်စင်ပရောဟိတ်မ ၏ ခန္ဓာကိုယ်ပေါ်တွင် ဖိ၍ လဲလျောင်းလျက်သားရှိနေသည့် အစစ်အမှန် အာရန်တစ်ဦးတည်းသာ လျှင် ကျန်ရစ်ခဲ့တော့သည်။

[သွေးမျိုးဆက်နှစ်ခုကို စတေးခြင်း၏ အာနိသင်များ ကုန်ဆုံးသွားခဲ့ပါပြီ]

[သွေဖယ်ခြင်းသွေးမျိုးဆက် နိုးထမှု အခြေအနေသည် ပုံမှန်အနေအထားသို့ ပြန်လည်ရောက်ရှိသွားပါပြီ။]

[သွေဖယ်ခြင်းသွေးမျိုးဆက်သည် ဤနိုးထမှုဖြစ်စဥ်ပြီးနောက် (၂) ရာခိုင်နှုန်းအထိ တိုးတက်သွားခဲ့ပါသည်]

[သွေဖယ်ခြင်းသွေးမျိုးဆက် နိုးထမှု: ၂၇ ရာခိုင်နှုန်း]

နတ်ဘုရားမ၏ ဝိညာဉ်သည် တစ်နေရာသို့ ယူဆောင်ခြင်းခံလိုက်ရသည်နှင့် ဤသူမ၏ သီးသန့်နယ်မြေသည်လည်း ၎င်း၏ စွမ်းရည်ဂုဏ်သတ္တိများကို ဆုံးရှုံးလိုက်ရလေသည်။

ဗဟိုနယ်မြေတစ်ခုလုံးသည် ပျက်စီးသွားခဲ့ရကာ ဤနေရာရှိ ကန့်သတ်ချက်တိုင်းကို ဖယ်ရှားပစ်လိုက်လေ၏။

သန့်စင်မြို့တော်ကို ကာကွယ်ထားသည့် ကောင်းချီးနယ်မြေတစ်ခုလုံးသည်ပင် လုံးဝ ပျောက်ကွယ်သွားခဲ့ပြီဖြစ်၏။

ပို၍အံ့ဩစရာကောင်းသည်မှာ နတ်ဘုရားမ၏ကောင်းချီးမှတစ်ဆင့် ကောင်းချီးစွမ်းအင်များကို ရယူပိုင်ဆိုင် ထားခဲ့သူတိုင်း ၎င်းတို့၏ ကောင်းချီးစွမ်းအင်များကို ရုတ်တရက် ဆုံးရှုံးသွားခဲ့ကြပြီဖြစ်သည်။

နတ်ဘုရားမ၏ ဝိညာဉ် ပျောက်ကွယ်သွားသည်နှင့် ပရောဟိတ်မ၏ မူလခန္ဓာကိုယ်သည် အသုံးမဝင်တော့ပေ။ ထိုကောင်းချီးစွမ်းအင်များကို ထိန်းသိမ်းထားမည့်သူ မည်သူမျှ ရှိမနေတော့ပေ။

ဘုန်းတော်ကြီးများ၊ ဂိုဏ်းအုပ်ဘုန်းတော်ကြီးများ နှင့် ကာဒီနယ်ရဟန်းအမတ်များသည်ပင် သူတို့၏ ကောင်းချီးစွမ်းအင် အားလုံးကို ရုတ်တရက် ဆုံးရှုံးလိုက်ကြရလေသည်။

၎င်းတို့သည် ထိုအပြောင်းအလဲကို ချက်ချင်းပင်ခံစားမိလိုက်ကြပြီး လုံးဝ ထိတ်လန့်တကြားဖြစ်သွားခဲ့ကြသည်။

သန့်စင်ဘုရားကျောင်း၏ ဘုရားကျောင်းဌာနခွဲများ အားလုံးသည် ၎င်းတို့ ဘာဖြစ်သွားသည်ကို နားလည်ရန်အတွက် အဓိကဘုရားကျောင်းတည်ရှိရာသို့ ဆက်သွယ်ရန်ကျိုးစားလာကြသည်။

အဓိကဘုရားကျောင်းရှိ ကာဒီနယ်ရဟန်းအမတ်များပင် အလားတူ စိတ်ရှုပ်ထွေးနေခဲ့ကြသည်။

၎င်းတို့သည် သန့်စင်ပရောဟိတ်မတည်ရှိရာသို့ အလျင်အမြန်ပြေးသွားခဲ့ပြီး သူမအား အော်ခေါ်နေမိခဲ့ကြသည်။

ကံမကောင်းစွာဖြင့် ၎င်းတို့သည် အတွင်းမှ မည်သည့် အကြောင်းပြန်ကြားချက် တစ်စုံတစ်ရာကိုမျှ မရရှိခဲ့ကြပေ။

သူတို့သည် သူမ၏ အမည်ကိုသာ ဆက်လက်၍ အော်ခေါ်နေမိခဲ့ကြပြီး အတင်းအကျပ်ဝင်ရောက်ရန် သတ္တိ သို့မဟုတ် ခွန်အားများ ရှိသေးပုံမရပေ။

တံခါးကို ၎င်းတို့ ထပ်ခါတလဲလဲ ခေါက်နေခဲ့ကြခြင်းကပင် သန့်စင်ပရောဟိတ်မအား မနိုးထလာစေနိုင်ခဲ့ပေ။

သို့သော်လည်း ၎င်းသည် အာရန်ကိုတော့ နိုးထလာစေခဲ့၏။

အစောပိုင်း အချိန်ကာလတစ်ခု၌ အာရန်သည် သူ၏ အခြားအချိန်ကာလတစ်ခုမှ စိတ်ဝိညာဥ်အား သူ့အစား နာကျင်ခံစားနေရမည့် ဝေဒနာများအတွက် စိုးရိမ်နေမိရင်း အဆုံးမဲ့ဟင်းလင်းပြင် တစ်ခုတွင် လွင့်မြောနေခဲ့မိ၏။

ယခုတွင်မူ သူသည် သူ၏ အာရုံများ အားလုံးကို ရုတ်တရက် ပြန်လည်ရရှိသွားခဲ့ပြီဖြစ်သည်။

အာရန်သည် နူးညံ့သော အရာတစ်ခုခုပေါ်တွင် လဲလျောင်းနေမိသကဲ့သို့ ခံစားမိလိုက်သည်။

သူသည် မျက်လုံးများကို တဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ကို ထရပ်ရန်ကျိုးစားလိုက်ရသည်။

ထို့နောက် သူသည် သန့်စင်ပရောဟိတ်မ၏ ကိုယ်ပေါ်တွင် လဲလျောင်းမိလျက်သား ဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။

“နတ်ဘုရားမက ငါ့ကို ဘာလုပ်လိုက်တာလဲ” ခဏတာအတွင်း သူတို့နှစ်ဦးသည် ထူးဆန်းသောအရာတစ်ခုခုကို ပြုလုပ်မိခဲ့သလားဟုပင် ရုတ်တရက် တွေးမိလိုက်သေး၏။

သို့သော်လည်း ၎င်းတို့နှစ်ဦးစလုံးသည် အဝတ်အစားအပြည့်အစုံဖြင့်ရှိနေဆဲဖြစ်သောကြောင့် ထိုသို့ ဖြစ်ခဲ့ဟန်တော့ မရပေ။

သူသည် လျင်မြန်စွာထရပ်လိုက်ပြီး လက်သည်းဖြင့်ကုတ်ဆွဲခံခဲ့ရသည့် သူ၏ မျက်နှာတစ်ခြမ်းကို ထိကြည့်မိလိုက်သည်။

သို့သော်လည်း ထိုနေရာတွင် အမာရွတ်အချို့ပင် မရှိတော့ပေ။

သူ၏မျက်နှာသည် နဂိုအတိုင်းပင် ပြန်ကောင်းသွားခဲ့ကာ မည်သည့် နာကျင်မှုကိုမျှ မခံစားရတော့ပေ။

ထို့နောက် အာရန်သည် ရုတ်တရက် သူ၏ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်လိုက်မိသောအခါ ကျိုးပဲ့နေသောရုပ်တုတစ်ခုကို မြင်လိုက်ရသဖြင့် ပို၍ပင် အံ့အားသင့်သွားခဲ့ရလေတော့သည်။

#Catfoot

All Chapters