ထာဝရပဲ့တင်သံ …
Vol. 36 Ch. 514
အာရန်သည် သူ၏ အရေပြားအား လက်သည်းဖြင့် ကုတ်ဆွဲခြင်းကို ခံလိုက်ရသည့်အပြင် သူ၏ စိတ်ဝိညာဉ်သည်ပါ ပြင်းထန်သော နာကျင်မှုတစ်ခုကို ထပ်မံ၍ ခံစားလိုက်ရသည်။
အဆိပ်ရှိသော ပုရွက်ဆိတ် ထောင်ပေါင်းများစွာက သူ၏ တစ်ကိုယ်လုံးကို ဝိုင်းဝန်း ကိုက်ခဲနေသကဲ့သို့ပင်။
ဤအချိန်တွင်မှ အာရန်သည် ဤသန့်စင်နတ်ဘုရားမမှာ သူ့ဘဝတွင် ကြုံတွေ့ဖူးခဲ့သမျှ ရန်သူများထဲတွင် အဆိုးဝါးဆုံးဖြစ်နေသည်ကို သဘောပေါက်လိုက်၏။
သူမသည် သူ့အား မုန်းတီးနေသောကြောင့် နာကျင်စေလိုရုံသာမက သူမ၏ လုပ်ရပ်များတွင် လောဘတက်မှုတစ်ခုပင် ပါဝင်နေဟန်ရလေသည်။
ထိုလောဘသည် ဘယ်ကမြစ်ဖျားခံလာသည်ကို သူနားမလည်နိုင်သော်လည်း သူမကိုသာ အချိန်မှီ မတားဆီးနိုင်လျှင် သူသည် မသေဆုံးခင်မှာပင် သွပ်သွပ်ခါအောင် ရူးသွားတော့မည်ဖြစ်သည်အား သဘောပေါက်လိုက်သည်။
ထိုစဥ်မှာပင် သူ၏ စိတ်ဝိညာဥ်သည် မကြာမှီ တစ်စစီ ပျက်စီးသွားတော့တော့မည် အရိပ်အယောင်များစတင် ဖြစ်ပေါ်လာခဲ့သည်။
၎င်းသည် အာရန်အနေနှင့် တစ်ကြိမ်တစ်ခါမှ မခံစားဖူးခဲ့သော အဆိုးရွားဆုံး နာကျင်မှုတစ်ခုဖြစ်နေခဲ့ကာ စက္ကန့်နှင့်အမျှ သူ၏ အသတ်ဓာတ် တစ်စိတ်တစ်ပိုင်းစီသည် ပျောက်ဆုံးသွားသကဲ့သို့ ခံစားနေရသည်။
နတ်ဘုရားမသည် သူ့မျက်နှာ၏ ညာဘက်ခြမ်းတစ်ခုလုံးကို ကုတ်ဆွဲလိုက်ပြီးနောက် သူမ၏ လက်သည်းကို သူ၏ နဖူးပေါ်တွင် တင်ထားလိုက်ကာ ဖြည်းဖြည်းချင်း ဦးနှောက်ရှိရာ အတွင်းဘက်သို့ ထိုးစိုက်ချလိုက်သည်။
နာကျင်မှုဝေဒနာသည် ပို၍သာ တိုးလာနေခဲ့ပြီး တဖြည်းဖြည်း မခံမရပ်နိုင်သည့် အချေအနေထိ ဆင့်ကဲ ဆိုးဝါးလာခဲ့၏။
ဤအချိန်တွင် အာရန်သည် သူ့အား အကူအညီဖြစ်စေနိုင်သည့် စွမ်းရည်များကိုပင် ကောင်းစွာ မစဉ်းစားနိုင်တော့ပေ။
သူ၏ စိတ်ဝိညာဉ်သည် နာကျင်လွန်းသဖြင့် သူသည် မည်သည့်အရာကိုမျှ ဝေဖန်ပိုင်းခြားနိုင်စွမ်းပင် မရှိတော့ပေ။
သူ မကြာသေးမီကမှ ရရှိခဲ့သည့် စွမ်းရည်တစ်ခုတည်းကိုပင် မနည်းမှတ်မိအောင်ကျိးစားလိုက်ရသည်။
သူ၏အနာဂတ် သို့မဟုတ် အတိတ်မှ စိတ်ဝိညာဥ်သည် သူ့အား ဤအခက်အခဲမှ ကူညီပေးနိုင်ပါ့မလား သို့မဟုတ် သူခံစားနေရမည့် နာကျင်မှုကို သူ့ကိုယ်စား ခံစားရမည်လားဆိုသည်ကိုပင် သူ မသိတော့ပေ။
ထိုသို့ဆိုလျှင်ပင် သူကိုယ်တိုင် ယခုကဲ့သို့ခံစားနေရခြင်းထက် ၎င်းတို့ကို နာကျင်စေခြင်းက ပို၍ ကောင်းမည်ဟု တွေးမိလိုက်သည်။
အကောင်းဆုံးအနေအထားတွင် သူ၏အနာဂတ် သို့မဟုတ် အတိတ်မှ စိတ်ဝိညာဥ်သည် သူ၏ လက်ရှိခန္ဓာကိုယ်အား နာရီဝက်ခန့် ပိုင်ဆိုင်ထားနိုင်မည်ဖြစ်သည်။
ထိုအချိန်အတွင်း၌ သူ၏ စိတ်ဝိညာဉ်မှာမူ ထိုနာကျင်မှုဆီမှ ရှောင်ရှားကာ အိပ်ပျော်သွားခဲ့ပေလိမ့်မည်။
သူသည် ဤနေရာ၌ သေရမည်ဆိုလျှင်ပင် ထိုငရဲတမျှ နာကျင်ခံစားနေရမှုကြီးမှ လွတ်မြောက်ချင်နေမိခဲ့သည်။
ဤအခြေအနေတွင် ထိုစွမ်းရည်တစ်ခုတည်းကသာ သူ၏ စိတ်ဝိညာဉ်ကို ကာကွယ်ပေးနိုင်ပေတော့မည်။
အာရန်သည် သူ၏ နဖူးဆီမှ သွေးများ ယိုစီးကျလာပြီးနောက် မျက်လုံးများထဲသို့ ဝင်ရောက်သွားသောကြောင့် သူ၏ အမြင်အာရုံတစ်ခုလုံးသည် လုံးဝအနီရောင်အဖြစ် ပြောင်းလဲသွားခဲ့သည်။
မြင်မြင်သမျှ အရာရာတိုင်းသည် အနီရောင်များ ဖြစ်သွားခဲ့သော်လည်း နာကျင်မှုဝေဒနာမှာမူ အနည်းငယ်မျှပင် မရပ်တန့်ခဲ့ပေ။
အာရန်သည် စွမ်းရည်တစ်ခုကို အသုံးပြုနိုင်ရန် လုံလောက်သော စိတ်ပိုင်းဆိုင်ရာ ခွန်အားအနည်းငယ်ကိုပင် မနည်းစုစည်းလိုက်ရ၏။
“ထာဝရပဲ့တင်သံ...”
သူ၏ ခန္ဓာကိုယ်ကို ဘယ်သူပိုင်ဆိုင်မည်ဆိုသည်ကိုပင် အာရန်တစ်ယောက် ဂရုမစိုက်နိုင်တော့ပေ။
သူ၏ အတိတ်လား၊ သို့မဟုတ် အနာဂတ်လား။
ဤအချိန်တွင်မူ ၎င်းသည် သူ့အတွက် အရေးမပါတော့ပေ။
သူသည် ထာဝရပဲ့တင်သံအစွမ်းကို ထုတ်သုံးလိုက်သည်နှင့်တစ်ပြိုင်နက် သူအစောပိုင်း ခံစားနေရသည့် ကြောက်မက်ဖွယ်ကောင်းသော နာကျင်ခံစားနေမှုများသည် ရိုးရှင်းစွာပင် ရုတ်တရက် ပျောက်ကွယ်သွားခဲ့ကြသည်။
သူ၏ ပတ်ဝန်းကျင်ရှိ အရာအားလုံးသည် ရုတ်တရက် မှောင်ကျသွားခဲ့သည်။
ထာဝရပဲ့တင်သံအစွမ်းမှ သူ၏ လက်ရှိ စိတ်ဝိညာဉ်ကို အိပ်စက်နေရန်အတွက် ဖန်တီးထားသည့် အဆုံးမဲ့ မှောင်မိုက်မှုများဖြင့် ပြည့်နှက်နေသော ကမ္ဘာတစ်ခုတစ်ခုတွင် သူ၏ အသိစိတ်သည် ခပ်ရေးရေးလေး ပြန်လည် အသိဝင်လာခဲ့၏။
အစောပိုင်းထင်ထားခဲ့သည်မှာ သူသည် ဤအချိန်တွင် လုံးဝ အိပ်ပျော်သွားကာ အရာအားလုံးပြီးဆုံးသွားပြီးနောက်မှသာ နိုးထလာနိုင်လိမ့်မည်ဟု ထင်မှတ်ထားခဲ့လေသည်။
သို့သော် ဤအိပ်စက်မှုမှာမူ အနည်းငယ်ကွဲပြားနေဟန်ရ၏။
သူအိပ်ပျော်နေစဥ်အတွင်းမှာပင် အရာရာကို သုံးသပ်ဆင်ခြင်ရန် သူ့တွင် အချိန်များစွာရရှိခဲ့လေသည်။
ပြင်ပကမ္ဘာတွင် ဘာတွေဖြစ်နေသည်ကိုတော့ သူလည်း အမှန်တကယ်ပင် သိချင်နေခဲ့၏။
အာရန်သည် မှောက်မိုက်တိတ်ဆိတ်မှုများဖြင့် ပြည့်နှက်နေသော ထိုအဆုံးမဲ့ ဟင်းလင်းပြင်ကြီး တစ်ခု အတွင်း၌ လွင့်မြောနေစဥ် သူ၏ ခန္ဓာကိုယ်အတွင်း ဝင်ရောက်သွားသည့် စိတ်ဝိညာဥ်သည် မည်မျှ နာကျင်ခံစားနေရမည်ကို တွေးတောနေခဲ့မိသည်။
အတိတ်ဆီမှ တစ်ချိန်က အာရန်သည် ကမ္ဘာပေါ်မှ ကျောင်းဆရာ ပါမောက္ခတစ်ဦးဖြစ်ခဲ့လေသည်။
ယခုအချိန်တွင်မူ သူသည် သေခြင်းတရားကိုပင် တောင့်တယူရသည်အထိ နတ်ဘုရားမတစ်ပါး၏ ညှင်းပမ်းနှိပ်စက်မှုတစ်ခုကို ခံစားနေရပြီဖြစ်၏။
အကယ်၍ ၎င်းသည် သူ၏ အနာဂတ်မှ စိတ်ဝိညာဥ်သာဖြစ်ခဲ့ပါက ၎င်းသည် မည်သည့်အရာကိုမျှ မပြောင်းလဲစေနိုင်ပေ။
သူ၏ အနာဂတ်မှလာသော စိတ်ဝိညာဥ်သည် မည်သည့်အရာကိုမျှ ပြောင်းလဲနိုင်မည်မဟုတ်ချေ။ ၎င်းနှင့်ပတ်သက်၍ တစ်ခုတည်းသော ကောင်းသည့်အချက်မှာ အနည်းဆုံး သူသည် ယခု မည်သည့် အခြေအနေမျိုးတွင် ရောက်ရှိနေသည်ကို သိရှိသွားခဲ့လိမ့်မည်ဖြစ်၏။
အတိတ်မှ စိတ်ဝိညာဥ်ဖြစ်ခဲ့ပါမူ မည်သည့်အရာကိုမျှ သိလိုက်မည်မဟုတ်ပါပဲ နှိပ်စက်မှုအား စက္ကန့်ပိုင်းမျှပင် ခံနိုင်ရန် လွယ်ကူမည်မဟုတ်ပေ။
“တကယ်လို့ ဒါဟာ ငါ့ရဲ့အနာဂတ်က စိတ်ဝိညာဥ်ဖြစ်ခဲ့မယ်ဆိုရင် သူက ငါ့ရဲ့လုပ်ရပ်တွေကို နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်၊ ဟုတ်တယ်မလား”
အာရန်သည် မျက်မှောင်ကြုတ်ရင်း တွေးလိုက်သည်။
သို့သော်လည်း ၎င်းက သူသည် အနာဂတ်တစ်ချိန်ချိန်တွင်လည်း ထိုဝေဒနာကို ထပ်မံ၍ ခံစားရလိမ့်ဦးမည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း သတိပြုမိလိုက်လေသည်။
အနာဂတ်တွင် သူသည် ရုတ်တရက် ယခု ပစ္စုပ္ပန်ခန္ဓာကိုယ်ထဲသို့ ခေါ်ဆောင်ခံရပြီး သူယခုရှောင်ရှားခဲ့မိသော နာကျင်မှုကိုပင် ထပ်မံ၍ ခံစားရပေလိမ့်မည်။
အကယ်၍ ၎င်းသည် သူ့အနာဂတ်မှလာသော စိတ်ဝိညာဥ်သာဖြစ်ခဲ့လျှင် သူသည် ဤနာကျင်မှုအား အချိန်တစ်ခုကြာသည်အထိ အချိန်ဆွဲထားလိုက်ခြင်းနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။
“အဆိုးဆုံးက ငါ့ရဲ့စိတ်ဝိညာဥ်တွေထဲက ဘယ်တစ်ယောက်ကို ဆင့်ခေါ်ခံလိုက်ရသလဲ ဆိုတာကိုတောင် ငါ့အနေနဲ့ သိခွင့်မရလိုက်တာပဲ။ အနာဂတ် ဒါမှမဟုတ် အတိတ်ကလား။ ငါ့မှာ ဘာပြင်ဆင်ခွင့်လေးမှတောင် မရလိုက်ဘူးပဲ။”
သူ၏ အခြားစိတ်ဝိညာဥ်မှ သူ၏ ကိုယ်စား နာကျင်ခံစားနေစဉ် သူသည် ငြိမ်းချမ်းစွာ အိပ်ပျော်နေသင့်လေသည်။
သို့သော်လည်း သူသည် လေးနက်စွာ တွေးတောနေခဲ့သဖြင့် နောက်ထပ် ခေါင်းကိုက်မှုတစ်ခုကို ထပ်မံ၍ ခံစားလိုက်ရသည်။
ကံကောင်းထောက်မစွာဖြင့် ဤခေါင်းကိုက်မှုဝေဒနာမှာမူ သူ၏ အစစ်အမှန်ခန္ဓာကိုယ်အတွင်းရှိ သူ၏ အခြားစိတ်ဝိညာက် ခံစားနေရသည့် နာကျင်မှုနှင့်နှိုင်းယှဉ်ပါက နတ်ဆေးတစ်လက်နှင့်ပင် တူညီနေခဲ့လေသည်။
သို့မဟုတ် သူ ထင်ထားသည့်အတိုင်းပင်...
....
အမှန်တကယ်ကမ္ဘာတွင် နတ်ဘုရားမသည် အာရန်၏ လျှို့ဝှက်ချက်များကို အမှန်တကယ်သိရှိနိုင်ရန် သူ၏ ဝိညာဉ်အား ဖြစ်ညှစ်ကာ ဖျက်ဆီးရန် ကြိုးစားနေရင်း သူမ၏ ချွန်ထက်သော လက်သည်းများဖြင့် အာရန်၏ နဖူးအတွင်းသို့ တဖြည်းဖြည်းချင်း ထိုးစိုက်သွင်းလျက်ရှိနေခဲ့၏။
သူမ၏လက်သည်းများသည် ရုပ်ပိုင်းဆိုင်ရာပုံစံဖြင့် သူ့အရေပြားကို ထိုးဖောက်ဝင်ရောက်နေရုံသာမက ဝိညာဉ်ပုံစံဖြင့်ပါ သူ့စိတ်ထဲသို့ ထိုးဖောက်ဝင်ရောက်နေပြီး သိစိတ်ပင်လယ်ရှိ နက်ရှိုင်းသော နေရာများသို့ ဝင်ရောက်ရန် ကြိုးစားနေလေသည်။
သူမသည် အာရန် ဝိညာဉ်၏ အနက်ရှိုင်းဆုံးနေရာများသို့ ရောက်ရှိတော့မည့် ဆဲဆဲ၊ သူ၏ လျှို့ဝှက်ချက်အားလုံးကို ဝါးမြိုရန် ကြိုးစားနေစဉ်မှာပင် သူမ၏ မျက်နှာအမူအရာများ လျင်မြန်စွာ ပြောင်းလဲသွားခဲ့သည်။
သူမသည် ရုတ်တရက် မျက်လုံးများကို ဖွင့်လိုက်မိပြီး သူမ၏ လက်ကောက်ဝတ်အား ဆုပ်ကိုင်ထားသည့် လက်တစ်ဖက်ကိုစိုက်ကြည့်လိုက်သည်။
အာရန်သည် သူမ၏ ချုပ်နှောင်ထားမှုဆီမှ မည်သို့လွတ်မြောက်သွားသည်ကို သူမပင် နားမလည်နိုင်ဘဲ လွန်စွာ အံ့အားသင့်သွားခဲ့ရသည်။
သူ၏မျက်နှာသည် သွေးများဖြင့် ဖုံးလွှမ်းလျက်ရှိနေခဲ့၏။
နာကျင်မှုသည် အလွန်ဆိုးရွားသောကြောင့် သူ၏ သိစိတ်သည် လုံးဝ ပျက်စီးသွားသင့်ပြီးမဟုတ်လား။
မည်သို့ပင်ဆိုစေကာမူ ယခုသူ၏ ပုံစံသည် မိမိကိုယ်ကိုယ် လုံးဝထိန်းချုပ်နိုင်စွမ်းရှိနေသေးသည့် ဟန်အပြည့်ပင်။
အာရန်၏မျက်လုံးများထဲသို့ သွေးများ စီးကျနေဆဲဖြစ်ကာ သူ၏အမြင်အာရုံမှာ အနီရောင်အတိ ဖြစ်နေဆဲပင်ဖြစ်၏။
သို့သော် သူသည် အစောပိုင်းကနှင့် မတူတော့ပဲ တစ်စုံတစ်ရာ ကွဲပြားနေသည်ဟု နတ်ဘုရားမတစ်ယောက် ခံစားမိလိုက်သည်။
သူ၏မျက်လုံးများသည် ထူးထူးခြားခြားပင်လ အေးစက်လွန်းနေခဲ့၏။
သူ၏မျက်လုံးများသည် ယခင်က စိတ်ရှုပ်ထွေးမှုများဖြင့် တွေဝေနေခဲ့ခြင်းဖြစ်ကာ ယခုအခါတွင်မူ အခြေအနေကို ကောင်းစွာနားလည်ထားပုံပေါ်နေသည်။
“ဆိုတော့ ဒါက ဒီအချိန်ပေ့ါ...” အာရန်သည် သူ၏ သွေးထွက်နေဆဲဖြစ်သည့် သူ၏ မျက်နှာပေါ်မှ အမာရွတ်များကို လက်ဖြင့်ဖိကာ ပြောလိုက်လေသည်။
“ဘယ်လောက်တောင်ကြာပြီလဲ... ငါ ဒီအကြောင်းကိုတောင် မေ့လုနီးပါးဖြစ်နေခဲ့တာ...”
အာရန်၏ တုံ့ပြန်မှုနှင့်ပတ်သက်ပြီး တစ်ခုခုမှားယွင်းနေသည်ဟု နတ်ဘုရားမတစ်ယောက် ချင်ချင်း ခံစားမိလိုက်သည်။
သူသည် ရုတ်တရက် ထူးခြားသော စကားများ ရုတ်တရက်ပြောလာခဲ့သည်။
သူသည် နှစ်ပေါင်းထောင်ချီကြာမြင့်ပြီးနောက်မှ အတိတ်ကို ပြန်လည် အမှတ်ရလိုက်သော လူတစ်ဦး ကဲ့သို့ပင်။
“ကျွန်မ ဒီခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတယ်ဆိုပေမဲ့ ကန့်သတ်ချက်တွေက ဒီအဆင့်အထိတော့ အားနည်းမသွားသင့်ဘူးလေ။ ရှင်ဘယ်လိုလုပ် လွတ်မြောက်သွားနိုင်ရတာလဲ ရှင့်မှာ ဘယ်လိုလုပ်ပြီး ခုအချိန်ထိ အသိစိတ် ကျန်ရှိနေသေးရတာလဲ”
နတ်ဘုရားမသည် တစ်စုံတစ်ခု လွန်စွာမှားယွင်းနေသည်ဟု ခံစားမိလိုက်သောကြောင့် မနေနိုင်တော့ပဲ အာရန်အား ထုတ်ဖော်၍ မေးလိုက်မိသည်။
#Catfoot