Chapters

အကိုကြီး ငါ့ကို ကူညီပါ ၂ ~

Vol. 13 Ch. 190

အကိုကြီး ငါ့ကို ကူညီပါ ၂ ~

Vol. 13 Ch. 190

သူ Black Earth အား တမင်ရန်စထားသဖြင့် မပြေးလျှင် အမှုန့်ဖြစ်အောင် ထောင်းခံရပေတော့မည် ။

Little Yu သည် ထိုအချိန်တွင် ပျံသန်းလာသော နဂါးသတ်ဆေဘာ ကို မျက်လုံးထောင့်မှ မြင်လိုက်ရသည် ။

" နဂါးသတ်ဆေဘာ.."

သူ၏ ဆံပင်မွှေးများပင် ထောင်လာလေသည် ။ နဂါးသတ်ဆေဘာ ဦးတည်ပျံသန်းလာသည့်နေရာကား သူ အောက်သို့ကျမည့် နေရာပင် ။ လေထဲတွင် ဖြစ်သဖြင့် ရှောင်တိမ်း၍လည်းမရ ။ ဤသည်က မည်သို့ ​ဖြစ်နိုင်ပါမည်နည်း ။

' ဒါတိုက်ဆိုင်လွန်းတာလား ..Black Earth က အရင်ကတည်းက ကြိုတွက်ထားတာလား.. '

သူ၏ နောက်ဆုံးအတွေးပင် ။ သူမြေပေါ်သို့ ကျသည်နှင့် ဓားက ရောက်လာပြီး သူ့ခေါင်းကို ဖောက်ဝင်သွားသည် ။

နဂါးသတ်ဆေဘာက တိုက်ခိုက်ရေးစွမ်းရည် အဆင့်၅ အောက်ကို ထိရုံဖြင့် သတ်နိုင်သဖြင့် Little Yu တွင် ဆယ်သက်ရှိလျှင်ပင် အသက်ရှင်နိုင်တော့မည် မဟုတ်ချေ ။ သူသေသွားသော်လည်း သူ၏ မျက်လုံးများက တုန်လှုပ်ခြောက်ခြားမှု အပြည့်ဖြင့် ပွင့်လျက်သားပင် ။

'' သောက်ပေါ.. ''

လင်းမို့က ဓားကို ဆွဲထုတ်လိုက်သည် ။ Little Yu ရုတ်တရပ် ပြုတ်ကျခြင်းမှာ သူ၏ စိတ်စွမ်းအားအသုံးပြုလိုက်ခြင်းဖြစ်သည် ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ဖြင့် Little Yu ပြုတ်ကျမည့်နေရာအား တွက်ချက်ရန် အလွန်လွယ်ကူပေသည် ။

' ကံမကောင်းလိုက်တဲ့ ကလေး.. '

လင်းမို့အနည်းငယ် သနားသွားသည် ။

' မင်းငါ့ကို အရင်လိုလာပေးရင်.. ဒီပွဲရဲ့ အဆင့် ၂ ​တော့သေချာနေတာကို.. သေလမ်းရှာတဲ့​ကောင် ..'

' ဒါပင်မယ့် Little Yu က ပစ္စည်းရှာတဲ့နေရာတော့ တကယ်ကျွမ်းကျင်တယ်.. '

လင်းမို့က ဓားကို ပခုံးပေါ်ထမ်း၍ ခြေနင်းစီးကာ ထွက်သွားသည် ။

သူအမြင့်ဆုံးအထိ အရှိန်မြှင့်လိုက်၏ ။ ပွဲမပြီးဆုံးသေးခင် လူရသလောက် သတ်ရပေမည် ။ ခြေနင်းစီးရင်း ဓားဖြင့် ယမ်းလိုက်ရုံံဖြင့် kill အရေအတွက်က တဖြည်းဖြည်း တိုးလာလေသည် ။

" 65 ယောက်.."

" 75 ယောက်.."

" ၈၀ယောက်.. "

နောက်ဆုံး တစ်ယောက်ဖြစ်သော ၈၁ ဦးမြောက်ကို သတ်ပြီးချိန်တွင် ​ပွဲပြီးသွား၏ ။

လင်းမို့သည် လက်တစ်ဖက်က ဓားကိုင်ရင် လက်တစ်ဖက်က ကြက်ကင်ကိုင်၍ ပွဲထဲမှ ထွက်လာလိုက်သည် ။

လင်းမို့ ယခုမှ ထွက်လာသည် ဖြစ်သော်လည်း ဂိမ်းအတွင်းရှိ သတင်းက အင်တာနက်တစ်ခုလုံး ပြန့်နှံ့ နေချေပြီ ။

ကြက်ဘုရင်ဂိမ်း၏ တရားဝင် ဖိုရန်တွင် လင်းမို့အား ရှုံးနိမ့်လာသူများက အော်ဟစ်နေကြသည် ။

" ကြမ်းလိုက်တာ.. "

" Black Earth က ရက်စက်လွန်းတယ်.. "

" တစ်ပွဲတည်း ၈၁ ယောက်.. အဲ့တာ သောက်ရမ်း မလွန်ဘူးလား.. "

" Black Earth အသတ်ခံရဖို့ ဂိမ်းဆော့တာလားဘာလား မသဲကွဲတော့ဘူး.. "

" Black Earth ဂိမ်းထဲပါလာရင် ဆော့မနေတော့နဲ့ ကို့ဟာကို သတ်သေလိုက်တော့.. "

" ငါတို့ လူငါးဆယ်ကျော် Black Earh ကို ဝိုင်းထားတာ.. ငါတို့ထဲက သုံးယောက်ပဲ လွတ်တယ် အကုန်သေရော.. "

" ၉၉ ယောက်လုံး Black Earth ကို ဝိုင်းချရင်​တောင် နိုင်မယ်မထင်ဘူး.. "

" Black Earth ကို အသက် ၁၈ နှစ်ထဲ ထည့်ထားတာ လုံးဝ မမျှတဘူး.. "

" ကြက်ဘုရင်ဂိမ်းကို သပိတ်မှောက်ကြဟေ့.. "

အင်တာနက်ပေါ်တွင် Black Earth ၏နာမည်က တဖန်လွှမ်းမိုးသွားပြန်သည် ။ သူ လဝက်လောက် ပျောက်နေသော်လည်း ပြန်ပေါ်လာသည်နှင့် နျူကလီးယားဗုံး ဖောက်ခွဲလိုက်သလိုပင် ။

အရင်က လင်းမို့အား Black Earth ထက် သန်မာသည်ဟု အသံများထွက်ပေါ်လာသော်လည်း ယခုပွဲ၏ ရလဒ်များ ထွက်ပေါ်လာပြီးနောက် ထိုအသံများ ပျောက်ကွယ်သွားသည် ။

" လင်းမို့နဲ့ Black Earth ဘယ်သူက ပါရမီပိုကောင်းလဲ.. "

" Black Earth ပဲပေါ့ဟ.. Black Earth ကပါရမီရှင်စာရင်း အဆင့် ၁ လင်းမို့က အဆင့် ၃ လေ.. "

" ဟုတ်တယ်.. ရှားနိုင်ငံရဲ့ ပါရမီရှင်စာရင်းက ဘယ်မှားနိုင်မှာလဲ.. "

" ဘာပဲ ဖြစ်ဖြစ် ဂြိုလ်ပြာတစ်ခုလုံးမှာ Black Earth နဲ့ ယှဥ်နိုင်မယ့်သူဆိုလို့ လင်းမို့တစ်ယောက်ပဲ ရှိတယ်.. လင်းမို့က Black Earth လောက် မသန်မာရင်တောင် သူ့ကို ယှဥ်နိုင်တဲ့ တခြား ပါရမီရှင် မရှိဘူး .."

" ဟုတ်တယ်.. ယဲ့ရီ ဆိုတဲ့ကောင်ကိုပဲ ကြည့်လေ.. အရင်က ဆရာကြီးလိုလို ဘာကြီးလိုလိုနဲ့ လင်းမို့နဲ့ တွေ့လည်းတွေ့ရော အမြီးကုပ် နေရတာ.. "

" ဟုတ်တယ်ကွ.. ယဲ့ရီက Black Earth နဲ့ လင်းမို့နဲ့ ယှဥ်ရင် အမှိုက်ကောင်ပဲ.. "

Chapter 191