Chapters

အကိုကြီး ငါ့ကိုကူညီပါ ၃ ~

Vol. 13 Ch. 191

အကိုကြီး ငါ့ကိုကူညီပါ ၃ ~

Vol. 13 Ch. 191

ယဲ့ရီသည် ဖိုရမ်အတွင်း ပိုစ့်များကို လျောက်ကြည့်နေစဥ် Black Earth အကြောင်းပြောနေကြသူများက သူ့ထံသို့ မျှားဦးလှည့်လာသည်ကို မြင်လိုက်ရ၏ ။

' ငါဘာမှ မလုပ်ဘဲနဲ့ ဘာလို့ငါ့ဘက် မျှားဦးလှည့်လာတာလဲ.. '

ယဲ့ရီ ဆွံ့အနေ၏ ။

' ငါ ပါငါ တိတ်တိတ်လေး ပုန်းနေတာကို ငါ့ကို ဘာလို့ ဝိုင်းဆဲနေကြတာလဲ.. '

ယဲ့ရီသည် ယခုနှစ် ပါရမီရှင် ဖြစ်ရသည်မှာ ခက်ခဲလှသည်ဟု ထင်လိုက်မိသည် ။

လင်းမို့နှင့် Black Earth က ဤမျှတောက်ပနေပါက သူတို့မည်သို့ အသက်ရှင်ရတော့မည်နည်း ။

Black Earth အားချီးကျူးသံများ ထွက်ပေါ်လာသလို နှိမ့်ချမည့်သူများလည်း ထွ​က်ပေါ်လာ၏ ။

" Black Earth က အရမ်းအစွမ်းထက်တာမဟုတ်ဘူး ကလေးတွေကို အနိုင်ကျင့်တဲ့ကောင်ပဲ.. "

အွန်လိုင်းပေါ်တွင် နာမည်ကြီးသော Misty Rain ဟူသည့် ငွေလအဆင့်တစ်ယောက်က ဝင်၍ မှတ်ချက်ပေးလိုက်သည် ။

" သူသာ ငါတို့နဲ့တွေ့ရင် အဲ့လိုပဲ အရိုက်ခံရလိမ့်မယ်.. ဒီပြိုင်ပွဲမှာ Black Earth အတွက်နေရာမရှိဘူး ..ငါတို့လို ဘွဲ့ရတွေနဲ့ ပါရဂူတန်းက ကျောင်းသားတွေ အတွက်ပဲ.. "

Misty Rain ပြောသည်က မောက်မာသော်လည်း အမှန်တရား ဖြစ်သဖြင့် မည်သူမှ ယှဥ်၍ မငြင်းနိုင်ကြ ။

Black Earth သည် သက်တူရွယ်တူများတွင် ပြိုင်ဘက်မရှိသော်လည်း မာစတာတန်းများနှင့် ယှဥ်နိုင်ရန် မဖြစ်နိုင် ။ ကြက်ဘုရင်ဂိမ်း၏ အဆင့် သတ်မှတ်ချက် ၁၀၀ တွင် နောက်ဆုံး ရပ်တည်နေနိုင်မည့် သူများမှာ ပါရဂူတန်းမှ ကျောင်းသားများသာ ဖြစ်သည် ။

" ဘာပဲ ဖြစ်ဖြစ် Black Earth ရဲ့ ပါရမီက ဒီနှစ် အပျော်ဝင်ပြိုင်တာ ဆိုရင်တောင် နောက်နှစ် သေချာပေါက် အဆင့် ရမှာပဲ.. "

လူတိုင်းက Black Earth သည် နောက်နှစ်ပြိုင်ပွဲတွက် ချန်ပီယံ ဖြစ်နိုင်မည်ဟု ယုံကြည်ကြသော်လည်း Black Earth ကိုယ်တိုင်က ယခုနှစ်၏ ချန်ပီယံဖြစ်ရန် ကြိုးစားနေသည်ကို မသိကြ ။

ဟောက်ရန်သည် ယနေ့ ဓားကြီးလောကသို့ မသွားဘဲ ဂိမ်းဆော့ရန် အိပ်ဆောင်တွင် ရှိနေ၏ ။

' လီကျားရွှမ်.. မအေဘေး.. သောက်​ကျေးဇူးမသိတက်တဲ့ကောင် .. အဲ့တာမှန်း သိရင် အာမခံ လိုက်ပေးမှာ မဟုတ်ဘူး.. လဝက်လောက် အချုပ်ထဲ နေခိုင်းလိုက်ပါတယ် ..ခုတော့ ဂိမ်းထဲ ကူညီပေးပါဆိုတာကို မသိချင်ယောင် ဆောင်နေတယ်.. '

ဟောင်ရန်သည် ဂိမ်း၏ အဆင့်သက်မှတ်ချက်နှင့် သူနှင့် မသက်ဆိုင်မှန်း သိသော်လည်း အမှတ်ကောင်းကောင်းရချင်၏ ။ ကံမကောင်းစွာဖြင့် လီကျားရွှမ်က သူ့ကို မကူညီချင်ပေ ။

ဟောက်ရန်သည် လင်းမို့အား ရှာဖွေရန် မစဥ်းစား ။ လင်းမို့၏ ပါရမီက လက်သီးပြင်းအားဖြစ်သဖြင့် ဂိမ်းထဲတွင် ၁၂၀၀ ကီလိုတွင် အကန့်သတ်ခံထားရမည်ဖြစ်ရာ လင်းမို့ ဂိမ်းထဲဝင်ဆော့လျှင်ပင် ရုန်းကန်နေရမည်ဖြစ်သည် ။

' အကိုမို့ကို သွားခေါ်လည်း ငါ့ကို ကူညီပေးနိုင်မှာမဟုတ်ဘူး ..သူ့ဟာသူတောင် မနည်းရုန်းနေရမှာ .. ပြီး​တော့ အကိုမို့က ဆော့ချင်မှဆော့မှာ. ငါသူ့ကို ဒုက္ခသွားမပေးတာပဲ ကောင်းပါတယ်.. "

ဟောက်ရန်က အလေးအနက် စဥ်းစားနေ၏ ။

' ထားလိုက်ပါတော့.. တစ်ယောက်ထဲဆော့တော့မယ်.. ငါကံကောင်းရင် ကြက်သားစားရင် စားနေရမှာ.. '

ဟောက်ရန်က ရှေးဦးစကြာဝဠာ အတွင်းဝင်၍ တစ်ဦးခြင်း ကစားပွဲတွင် ပါဝင်လိုက်သည် ။

သိပ်မကြာခင်ပင် ဂိမ်းအတွင်းသို့ ရောက်သွား၏ ။

ဟောက်ရန်သည် ယခုမှ ဆော့ဖူးသူ ဖြစ်သဖြင့် လေယာဥ် ခန်းအတွင်းရှိ လူများအားလုံးကို သေချာလိုက်ကြည့်နေ၏ ။

" ဟင်.. ဒါက.. "

နာမည်တစ်ခုက ဟောက်ရန်၏ အာရုံကို ဖမ်းစားသွားသည် ။

" Black Earth ကြီးပါလား.."

Black Earth က လင်းမို့မှန်း ဟောက်ရန်မသိ ။ Black Earth ၏ ID ကို စစ်ကြည့်လိုက်ရာ Black Earth အစစ်အမှန်ဖြစ်နေသည် ။

" ငါ Black Earth နဲ့ တစ်ပွဲတည်း ကျနေတာလား.. "

ဟောက်ရန်၏ မျက်လုံးများ တောက်ပလာ၏ ။ သူပထမဆုံး လုပ်သည့်အရာမှာ...

" အကိုကြီး(big boss) ငါ့ကို ကူညီပါ.. "

Chapter 192