Chapters

ပျံသန်းရန် အသင့်

Vol. 13 Ch. 192

ပျံသန်းရန် အသင့်

Vol. 13 Ch. 192

~

" အကိုကြီး ငါ့ကို ကူညီပါ.. "

ဟောက်ရန်က Black Earth ၏ ပေါင်ကို ပြေးဖက်လိုက်၏ ။

လင်းမို့သည် သူ၏ ခြေထောက်ကို အဆွဲခံလိုက်ရဖြင့် လန့်သွားသည် ။ သူအောက်သို့ ငုံ့ကြည့်လိုက်ပြီး ပြုံးပြလိုက်၏ ။ ဖက်တီးလေးက ယုံကြည်မှု အပြည့်ဖြင့် ရုပ်အစစ် သုံးထားသည်ဖြစ်ရာ မှတ်မိလိုက်သည် ။

' ဖက်တီးလေး ဂိမ်းနာမည်ကလဲ Righteousness ( ဖြောင့်မတ်သူတဲ့.. '

လင်းမို့ ရယ်ချင်စိတ်ကို ထိန်းမရ ။ တစ်နေ့ ကလပ်တစ်ခုပြောင်းနေသူက မည်သို့မည်ပုံ ဖြောင့်မတ်သူ ဖြစ်လာပါသနည်း ။ ဖက်တီးလေးက အရေထူလှပေသည် ။

' ဒါပင်မဲ့ ဖက်တီးလေးက ဘယ်သူ့ကို ဖားရမှန်းတော့ သိတာပဲ.. '

ကြက်ဘုရင်ဂိမ်းတွင် လူတိုင်း ရှင်သန်ရန် နည်းလမ်းများ ရှိကြသည် ။

လင်းမို့ကဲ့သို့ အစွမ်းထက်ပါက မြင်မြင်သမျှ အေးအေးဆေးဆေး သတ်ပစ်နိုင်၏ ။

ဟောက်ရန်လို အားနည်းပါက တခြားသူကိုသာ မှီခိုနိုင်ပေသည် ။

ဟောက်ရန်သည် လင်းမို့အား အပြင်လောကတွင် ဂိမ်းအတူတူကစားရန် လာခေါ်လျှင် အဆင်မပြေသော်လည်း ယခုကဲ့သို့ ဂိမ်းထဲလာတွေ့သည်က ရေကန်အသင့်ကြာအသင့်ဖြစ်သွား၏ ။ လင်းမို့လည်း ဟောက်ရန်အား ကူညီနိုင်ရန် နည်းလမ်း စဥ်းစားနေခြင်းဖြစ်သည် ။

လေယာဥ်အတွင်းရှိ ကစားသမားများက အံ့သြသွားကြသည် ။

" ဘာကောင်လဲ.. အရှက်မရှိလိုက်တာ.. "

" သောက်ခွေး Black Earth ကြီးဟ.. "

" နာမည်က ဖြောင့်မတ်သူတဲ့ အရှက်လည်း မရှိဘူး Black Earth ရဲ့ပေါင်ကို ချက်ချင်း ပြေးဖက်ရတယ်လို့ .."

" အဲ့ကောင်နာမည်က ဖြောင့်မတ်သူ မဟုတ်ဘဲ အရှက်မရှိသူ ဖြစ်ရမှာ.. "

" ထွီ.. ရွံ့စရာကောင်းလိုက်တာ.. "

" သူ့ကိုသူ ချစ်စရာကောင်းတဲ့ မိန်းကလေး ထင်နေတာလား မသိဘူး.. Black Earth က ဂရုစိုက်ပါလိမ့်မယ်.. "

ကပ်ဖားတစ်ကောင်အသွင်ပြောင်း သွားသော ဟောက်ရန်က ပတ်ဝန်းကျင်ရှိ လူများကို လျစ်လျူရှု၍ Black Earth အား စိတ်လှုပ်ရှားစွာဖြင့် ကြည့်လိုက်ပြီး...

" အကိုကြီး.. ညီလေးနဲ့ ဂိမ်းအကောင့် အပ်ရအောင်လေ.. "

ပတ်ဝန်ကျင်ရှိလူများက ကျိန်ဆဲကြတော့သည် ။

" ချီးကို အပ်.. Black Earth က အပ်ပေးမယ်ထင်နေတာလား.. "

" သောက်ရှက်မရှိလိုက်တာ.. ငါသာ Black Earth ဆိုရင် အဲ့လိုကောင်မျိုး ကန်ထုတ်ပစ်တယ်.. "

" ဒီမေဘေးက အရိုက်ခံချင်နေတာလား.. "

" ဂိမ်းထဲရောက်ရင် Black Earth က ဒီကောင့်ကို အရင် လိုက်သတ်လောက်တယ်.. "

မကြာမီပင် အားလုံး ဆွံ့အ သွားကြ၏ ။

Black Earth က ကန်မထုတ်သည့်အပြင် ကြင်နာသော လေသံဖြင့် ...

" ရတာပေါ့.. ဒါပင်မဲ့ ငါ အကောင့်လက်ခံတာ ပိတ်ထားလို့ ခုတော့မရဘူး.. ခနနေ ငါအပ်လိုက်မယ်.. "

" ဘာ.."

" Black Earth က အပ်ပေးတယ်လား.. "

" မလွယ်လွန်းဘူးလား.. "

ဟောက်ရန်၏ မျက်လုံးများက စိတ်လှုပ်ရှားသွားသဖြင့် တောက်ပလာပြီး ...

" ဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ.. ငါ ချက်ချင်း လက်ခံလိုက်မယ်.. "

ခနကြာလျှင် Black Earth ဆီမှ အကောင့်အပ်လိုက်သဖြင့် ဟောက်ရန်က လက်ခံလိုက်သည် ။

" ရပြီ..ရပြီ.. အကိုကြီး black.. "

ဟောက်ရန်က ပေါင်ကို ဖက်ထားသော လက်ကို ဖြည်၍ ထရပ်လိုက်သည် ။

ထို့နောက် ဟောက်ရန်က...

" အကိုကြီး Black Earth အားတဲ့အခါ Duo ဆော့ပေးပါလား.. "

ပတ်ဝန်းကျင်မှ အသံများ ထွက်လာပြန်၏ ။

" ချီး ဒီကောင်က လောဘကြီးလိုက်တာ.. "

" Black Earth က အကောင့်အပ်ပေးတာနဲ့ သူငယ်ချင်းတန်း ဖြစ်မယ်ထင်နေတာ ဆုတောင်းလေ.."

" ဒီကောင် အိမ်မက်မက်နေတာပဲ.. "

" Black Earth က ဘလော့ပစ်လောက်တယ်.. "

" ငါသာ Black Earth ဆို ချက်ချင်း လုပ်လိုက်မှာ .."

" အေးအေး.. နောက်ပွဲတွေ Duo ဆော့မယ်လေ.. "

Black Earth က...

" ဒီပွဲတော့ ငါ့နောက်လိုက်ခဲ့ အဆင့် ၂ ရအောင် ယူပေးမယ်.. "

" ? "

" ?? "

" ??? "

" ???? "

အကုန်လုံး ဆွံ့အ သွားကြ၏ ။

" Black Earth က သဘောကောင်းလိုက်တာ.. "

" အထူးပါရမီရှင်က အေးစက်စက် ဖြစ်မနေသင့်ဘူးလား.. "

" ငါသိရင်.. ငါအရင်လုပ်မိလိမ့်မယ်.. "

" ဖြောင့်မတ်သူနဲ့ Black Earth က အရင်တည်းက သိတာဖြစ်မလား.. "

" ချီးကိုသိ.. ခုနကမှ အကောင့်အပ်လိုက်တာ မမြင်ဘူးလား.. "

လေယာဥ်အတွင်းရှိ လူအများစုက တုန်လှုပ်နေကြဆဲ ဖြစ်သော်လည်း သွက်လက်သူတချို့က ပြေးလာနေကြပြီ ဖြစ်သည် ။

Chapter 193