ပျံသန်းရန် အသင့် ၂ ~
Vol. 13 Ch. 193
" အကိုကြီး ငါ့ကို ကူညီပါ.. "
" အကိုကြီး Black Earth ကို ဒီနိမ့်ကျသူက ကိုးကွယ်ချင်ပါတယ်.. "
" အကိုကြီး ဒီညီလေးက စကားလုံး လှလှလေးတွေနဲ့ ဖားတက်တယ်.. "
" အကိုကြီး ..ဒီညီလေးက ဘောမတဲ့နေရာမှ အကျွမ်းကျင်ဆုံးပဲ.. "
" ကိုကို Black Earth ညီမလေးမှာ 34D ရှိတယ်.. "
" အကိုကြီး.. ကျွန်တော့်မှာ 35E ရှိတယ့် ညီမလေးတစ်ယောက်ရှိတယ်.. "
လူများစွာက Black Earth ၏ ပေါင်ကို ဖတ်နိုင်ရန် ပြေးလာကြ၏ ။ ပေါင်ဖက်ရုံဖြင့် အမှတ်ကောင်းကောင်းရနိုင်မည်ဖြစ်ရာ မည်သူက မလိုချင်မည်နည်း ။
လင်းမို့လည်း ကြောက်လန့်သွားပြီး လေယာဥ်ပေါ်မှ အမြန်ခုန်ဆင်းလိုက်သည် ။
ဟောက်ရန်သည် ခနတုံ့ဆိုင်းသွားပြီးနောက် လိုက်ခုန်ဆင်းလိုက်၏ ။
ထို့နောက်တွင်တော့ ဟောက်ရန်တစ်ယောက် အိပ်မက်ထဲရောက်နေသလိုပင် ခံစားမိလိုက်သည် ။ သူက လင်းမို့နောက်သာ ကပ်လိုက်ရန် လိုအပ်ပြီး တစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားသည်ကို မြင်နေရ၏ ။
နောက်ဆုံးစက်ဝိုင်းတွင် အချိန်အနည်းသာ မတ်တပ်ရပ်နေလိုက်ရပြီး သူနှင့် လင်းမို့ နှစ်ယောက်သာ ကျန်တော့သည် ။
ထိုအခိုက် ဟောက်ရန်က သဘောပေါက်သွားပြီး...
" အကိုကြီး Black လုပ်စရာမလိုဘူး ကျွန်တော်သိတယ်.. "
ဟောက်ရန်က ကိုင်ထားသော ဓားဖြင့် ကိုယ့်ကိုကိုယ် သတ်သေလိုက်သည် ။ သူသည် ဂိမ်းပြီးဆုံးချိန်တွင် အဆင့် ၂ ရလိုက်၏ ။
' အဆင့် ၂ ရတာ မလွယ်လွန်းဘူးလား.. '
ဟောက်ရန်က အပြင်သို့ ရောက်လာသောအခါ မယုံကြည်နိုင်သေး ။ သူ အံ့သြတုန်လှုပ်နေမိ၏ ။
' Black Earth က တကယ် Duo ဆော့ဖို့ ခေါ်လောက်လား.. ဟာသ ပြောသွားတာလား.. '
ဟောက်ရန်သည် Black Earth အား မဖိတ်ခေါ်ရဲပေ ။ စောင့်သာနေလိုက်၏ ။ သိပ်မကြာလိုက် Black Earth ထံမှ ဖိတ်ခေါ်ချက် ဝင်လာသည် ။
ဟောက်ရန်၏ မျက်လုံးများ တောက်ပလာ၏ ။
' တကယ်ကြီးဟ.. ငါတော့ ထီပေါက်တာပဲ.. '
ဟောက်ရန် ထိမိသွား၏ ။
' Black Earth က အရင်ဘဝက ငါ့အဖေ ဖြစ်လောက်တယ် .. အကိုBlack Earth က ခုချိန်ကစပြီး ငါ့ညီအကိုပဲ.. "
အဖွဲ့ ဖွဲ့လိုက်ပြီးနောက် ဟောက်ရန်က...
" ငါ့ကို အကိုမို့ကလွဲရင် ဘယ်သူကမှ ကောင်းကောင်းမဆက်ဆံဖူးဘူး.. ခုမင်းကို အကိုBlack လို့ ခေါ်ရမလား အကိုEarth လို့ခေါ်ရမလား. ထားလိုက်ပါတော့.. ခေါ်လို့မကောင်းဘူး.. အကိုBlack Earth လို့ပဲ ခေါ်တော့မယ် .."
လင်းမို့က ဘာမှ ပြန်မပြောဘဲ ကြည့်သာနေလိုက်၏ ။ ဖက်တီးလေးက သူကောင်းမှန်းတော့ သိပုံပေါ်သည် ။
" ဒါနဲ့ အကို Black Earth ..မင်းအားတဲ့အချိန် ကျန်းနန် မြို့ကို လာခဲ့.. ဒီမှာ ငါအားလုံး စီစဥ်ထားလိုက်မယ်.. ဂိမ်းထဲမှာ ကြက်သားစားရဖို့ မင်းက ငါ့ကို ကူညီပေးတယ်.. ငါအပြင်မှာ မင်းကို ကြက်သားစားရဖို့ ပြန်ကူညီပေးမယ်.. "
" အပြင်လောကမှာ ကြက်ဘုရင်ဂိမ်း ဆော့လို့ရတယ်လား.. "
လင်းမို့ အံ့အားသင့်သွား၏ ။ သူတစ်ခါမှ မကြားဘူး ။
" အကို Black Earth ဘာလို့ မသိချင်ယောင်ဆောင်နေတာလဲ.. မင်းလိုလူက မသိဘဲ နေမလား.. "
ဟောက်ရန်က ယောကျ်ားလေးအားလုံး နားလည်သည့် အပြုံးပြုံးလိုက်ပြီး...
" ငါက ဘာမှ မဟုတ်ပင်မယ့် ကျန်းနန် ဓားကြီးလောကမှာ အဆင့်တစ်ခုတော့ရှိတယ်.. အဖမ်းခံရမှာကို ပူမနေနဲ့.. မင်းအဖမ်းခံရရင် ငါချက်ချင်းလိုက်ထုတ်ပေးမယ်.. "
ဟောက်ရန်က ရင်ဘက်ကို ပုတ်ပြလိုက်၏ ။
" ငါက အဲ့လိုလူလား.. "
လင်းမို့ မျက်ဖြူလှန်မတက်ဖြစ်သွားသည် ။
" ဘာလို့ မဟုတ်ရမှာလဲ.. "
ဟောက်ရန်က ပြီတီတီ ပြုံးလိုက်ပြီး...
" အရင်က မဟုတ်ရင်တောင် ကျန်းနန်ကို ရောက်ပြီးရင် အဲ့လိုလူ ဖြစ်သွားစေရမယ်.. "
" တော်တော့ တော်တော့ ဂိမ်းစတော့မယ်.."
လင်းမို့က စကားလမ်းကြောင်းပြောင်းလိုက်သည် ။
" ဟုတ်တယ်.. ဟုတ်တယ်.. ဂိမ်းနိုင်ဖို့က အရေးအကြီးဆုံးပဲ .."
ဟောက်ရန်က ခေါင်းတဆက်ဆက် ညိတ်လိုက်ပြီး...
" ဂိမ်းထဲကြ ငါဘာလုပ်ရမှာလဲ.. "
" မင်း... "
လင်းမို့ခဏ စဥ်းစားလိုက်ပြီး..
" ဂိမ်းထဲကြ ကြိုက်သလိုဆော့.. ကြိုက်သလိုသေ.. "
" အမ်.. "
ဟောက်ရန် အံ့သြသွား၏ ။ သို့သော်လည်း သူနားလည်လိုက်သည် ။ သူ၏ ခွန်အားက အားနည်းသောကြောင့် လင်းမို့ အတွက် အကူအညီ မဖြစ်ပေ ။ သူကြိုက်သလို ကစားပြီး လင်းမို့က အနိုင်ယူပေးမည်ဖြစ်သည် ။
" ဟုတ်ကဲ့ပါ အကို Black Earth ငါနားလည်ပြီ.. "
ဟောက်ရန်က အမြန်ပြောလိုက်ပြီး...
" ပွဲထဲကြရင် တွေ့တဲ့ နေရာဆင်းပြီး လူလိုက်သတ်တော့မယ်.. မနိုင်လဲ ကိစ္စမှ မရှိတာ.. "
" အင်း.. "
လင်းမို့ ခေါင်းညိတ်လိုက်၏ ။
ပြီနောက် ဟောက်ရန်သည် အိမ်မက် ကစားပွဲအတွင်းသို့ ရောက်ရှိခဲ့၏ ။ သူဘာမှ လုပ်စရာမလိုဘဲ နိုင်ပွဲများဆက်လာခဲ့သည် ။ အမှတ်များ ဆက်တိုက်တိုးလာခဲ့သည် ။
အမှတ် ၁၀၀၀...
အမှတ် ၁၁၀၀...
အမှတ် ၁၂၀၀...
တစ်ညအတွင်း ဟောက်ရန်၏ အမှတ်က ၁၂၄၅ ထိ ရောက်သွား၏ ။ သူလေပေါ်သို့ ပျံသန်းနိုင်ပြီဖြစ်သည် ။
" တစ်ညလုံး သတ်ရတာ လက်တွေ ထုံနေပြီ ပင်ပန်းလိုက်တာ.. "
လင်းမို့က နောက်ဆုံး ကစားပွဲ ပြီးသည်နှင့် ပြောလိုက်၏ ။
" အကိုBlack Earth ငါနားလည်တယ်.. "
ဟောက်ရန်က...
" ငါလည်း တစ်ညလုံး သေရတာ ပင်ပန်းနေပြီ .. မင်းဆို ငါ့ထက် ပင်ပန်းမှာပဲ.. "
" ခုနားတော့မယ်..."
လင်းမို့က...
" နောက်ည ဆက်ကြုံးကြတာပေါ့.. "
" နောက်ည ခေါ်အုံးမှာလား.. "
ဟောက်ရန်၏ မျက်လုံးများက ပိုမိုတောက်ပလာပြီး ပို၍ပင် ထိမိသွားသည် ။
" အကိုBlack Earth အဲ့တာဆို ဒီည ငါဓားကြီး သွားမကစားတော့ဘူး.. "
" ..."
လင်းမို့ ဆွံ့အသွား၏ ။ သို့ရာတွင် ညတိုင်း ဓားကြီးလောကမှ သူ့တူလေးအား ဆွဲထုတ်ပေးနိုင်လျှင် ကောင်းသော ကိစ္စတစ်ခုဖြစ်သည် ။ သူ၏ မျက်လုံးများ တောက်ပလာသော်လည်း ချက်ချင်း ဆွံ့အ သွားရပြန်သည် ။
ဟောက်ရန်က...
" နောင်ကျရင်.. ငါ ဓားကြီးကစားဖို့ နေ့ခင်းဘက်ပဲ သွားတော့မယ်.. "
လင်းမို့ ဆွံအစွာ ရှေးဦးစကြာဝဠာ အတွင်းမှ ထွက်လာခဲ့သည် ။ သူ၏ တူလေးက နတ်ဘုရားများ ဆင်းကယ်လျှင်ပင် ရမည်မထင်တော့ ။
" အကို Black Earth က ဘာလို့ လိုင်းပေါ်က ချက်ချင်းဆင်းသွားတာလဲ.. "
ဟောက်ရန် အံ့သြသွားသော်လည်း ဆက်မစဥ်းစားတော့ ။
' ငါ့နာမည်ကို ကျောင်းနာမည်နဲ့ တွဲထည့်ရအုံးမယ်.. '
သူ ရုတ်တရက် သတိရသွား၏ ။ ကျောင်းတွင်းအဆင့်တွင် ဝင်ချင်လျှင် တက်သည့်ကျောင်း၏ ကျောင်းသားဖြစ်ကြောင်း အတည်ပြုရပေမည် ။
ယခင်က ဟောက်ရန်သည် အရှက်ကွဲမည် ဆိုးသဖြင့် ကျောင်းနာမည် မထည့်သွင်းခဲ့ချေ ။ ယခု အမှတ်များ မျိုးမျိုးမြတ်မြတ် ရထား၍ သတ္တိရှိလာလေပြီ ။ သူထုတ်မကြွားရလျှင် စျေးကြီးသော အဝတ်အစားများဝတ်၍ ညဘက်အမှောင်ထဲ ခရီးသွားသည်နှင့် တူနေပေလိမ့်မည် ။ သူ သေချာပေါက် ထုတ်ကြွားရမှ စိတ်ထဲ နေသာထိုင်သာ ရှိသွားမည်ဖြစ်သည် ။
" Righteousness .. နာမည်ရင်း ကောင်းဟောက်ရန်.. ကျောင်း.. ကျန်းနန် တက္ကသိုလ်.. စာရင်းသွင်းပြီး.."
စာရင်းသွင်းရသည်က မကြာပေ ။
' ငါအမှတ်နဲ့ဆို ငါ့ထက်များတဲ့သူ အများကြီးတော့ မရှိလောက်ဘူး.. အဆင့်ထဲတော့ သေချာပေါက် ဝင်မှာပဲ.. '
ဟောက်ရန် တွေးသည် ။ သူက ကျန်းနန် တက္ကသိုလ်၏ တစ်ဦးချင်း အဆင့် သက်မှတ်ချက်ကို ဖွင့်ကြည့်လိုက်၏ ။
နောက်တစ်စက္ကန့်တွင် ဟောက်ရန်၏ ခပ်ကျဥ်းကျဥ်း မျက်လုံး နှစ်လုံးမှာ လင်ဗန်းလောက်ပင် ပြူးကျယ်သွားသည် ။
သူ၏ နာမည်မှာ အဆင့် ၁ တွင် မိန့်မိန့်ကြီး ထိုင်နေ၏ ။ တစ်ကျောင်းလုံး၏ ပထမ ဖြစ်သည် ။ အဆင့် ၂ ထက် အမှတ် ၅၀ နီးပါ သာနေပေသည် ။
Chapter 194
~