← Chapters

နိုးထလာသောနေ့တစ်နေ့

Vol. 1 Ch. 1

နိုးထလာသောနေ့တစ်နေ့

Vol. 1 Ch. 1

ဘုန်းကျက်သရေမြို့ဆိုသည်မှာ နေလအင်ပါယာအဖွဲ့ချုပ်ရဲ့ အရှေ့ဘက်ခြမ်းတွင် တည်ရှိသောပင်လယ်ဆိပ်ကမ်းမြို့ငယ်လေးတစ်မြို့ပင်ဖြစ်သည်။

ယနေ့ကတော့ တော်တော်ပက်အလုပ်ရှုပ်သောနေ့တစ်နေ့ပင်ဖြစ်လေသည်။

ယနေ့တွင်

သိုင်းဝိညာဥ်နိုးထပွဲအခမ်းအနားနေ့ကျင်းပမည်ဖြစ်သည်။ကလေးငယ်များအကုန်လုံးသည် ဝိညာဥ်ကုန်းမြေအခေါ်အရ သိုင်းဝိညာဥ်ဟူသော အရာတစ်ခုကိုပိုင်ဆိုင်ဖို့ ရင်ခုန်နေကြသည်။သိုင်းဝိညာဥ်တစ်ခုသည် အသက်ခြောက်နှစ်အရွယ်တွင်နိုးထနိုင်ပြီး သိုင်းဝိညာဥ်များအနေဖြင့် အပင်သိုင်းဝိညာဥ်၊လက်နက်သိုင်းဝိညာဥ်များအဖြစ်အမျိုးမျိုးနိုးထနိုင်သည်။ယခုအခမ်းအနားမှာ လူငယ်များရဲ့ သိုင်းဝိညာဥ်တွေကို နှိုးထလာအောင်ပြုလုပ်ပေးမည်ဖြစ်သည်။

လူတစ်ယောက်သည် ပေါက်ပြားသိုင်းဝိညာဥ်တစ်ခုအားရ မည်ဆိုလျှင် ထိုသူသည် လယ်ထွန်သည်နေရာတွင် အခြားသူများထက် ပိုမိုပြီးမြန်ဆန်နေလိမ့်မည်။

တစ်စုံတစ်ယောက်သည် သားရဲသိုင်းဝိညာဥ် တစ်ခုကိုရမည်ဆိုလျှင် ထိုသားရဲရဲ့ အစွမ်းသတ္တိတွေကို ပိုင်ဆိုင်လိမ့်မည်။ ထိုသို့ပင် လက်နက်သိုင်းဝိညာဥ်တစ်ခုကိုပိုင်ဆိုင်မည်ဆ်ိုရင် လူတစ်ယောက်ရဲ့အသက်ကိုတောင်ခြိမ်းခြောက်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်လာလိမ့်မည်။

သို့သော် ဝိညာဥ်စွမ်းအားဆိုသည် အရာသည်လည်း ထိုသိုင်းဝိညာဥ်များထက်ပို အရေးခဲ့သည်။

ဝိညာဥ်စွမ်းအားဆိုသည်မှာ သိုင်းဝိညာဥ်မျာကိုအစွမ်းထက်စေဖို့ သို့မဟုတ် ပိုမိုစွမ်းအားကြီးလာအောင်လုပ်ပေးတဲ့စွမ်းအားတစ်ခုပင်ဖြစ်သည်။

ဝိညာဥ်စွမ်းအားအဆင့်များသည် သိုင်းဝိညာဥ်မာစတာတစ်ယောက်ရဲ့ အနာဂတ်နဲ့စွမ်းအားကိုဆုံးဖြတ်ပေးတဲ့အရာဖြစ်သည်။

သိုင်းဝိညာဥ်များ နှိုးထလာပါက ဝိညာဥ်စွမ်းအားသည် ထိုသူတို့ကို အစွမ်းမြင့်တင်ပေးနိုင်လေသည်။ ထိုအရာကပဲ ဝိညာဥ်ကုန်းမြေကိုနှစ်၁သိန်းကျော်တည်ရှိနေစေသော အဓိကအကြောင်းအရင်းဖြစ်နေလေသည်။

ထို့ကြောင့် လူအများစုသည် သူတို့၏ ကလေးများ ၏ အသက် ၆နှစ် တွင် သိုင်းဝိညာဥ်နှိုးထအောင်ပြုလုပ်ကာ

ဝိညာဥ်စွမ်းအားများကို ပိုင်ဆိုင်စေသည်။ ထိုသို့ပိုင်ဆိုင်သွားပါက ကလေးများ၏ ဘဝသာမက သူတို့၏တစ်မိသားစုလုံးဘဝလည်းပြောင်းလဲသွားလိမ့်မည်။သူတို့သည် ပိုမိုကောင်းမွန်သော ဘဝက်ိုပိုင်ဆိုင်ရမည်ဖြစ်သည်။

အနီရောင်ကုန်းမြင့်အကယ်ဒမီ၏ရှေ့ရှိလမ်းမကြီးပေါ်တွင် ကလေးများနှင့်ကလေးမိဘများပြည့်နေသည်။သူတို့အားလုံးမှာ နှိုးထခြင်းအခမ်းအနားကို လာကြခြင်းဖြစ်သည်။

"အဖေ့ သားသိုင်းဝိညာဥ်နှိုးထနိုင်မယ်လို့ထင်လား"

ကလေးလေးတစ်ယောက်၏ အသံဖြစ်သည်။ အသက်၆နှစ်ကျော်ရုံလေးသာရှိသေးသော ကလေးလေးက သူ့အဖေကိုမေးလိုက်ခြင်းပင်။ ကလေးငယ်သည် သူအဖေပြောပြတတ်သော ပုံပြင်များ နားထောင်ရသည်ကိုအလွန်သဘောကျသည်။

ပုံပြင်များမှာ များသောအားဖြင့် ဝိညာဥ်မာစတာများအကြောင်းဖြစ်သည်။

ထိုကလေး၏မျက်လုံးထဲတွင်အနာဂတ်အတွက် ရည်ရွယ်ချက်များပြည့်လျက်ရှိနေသည်။

ထိုကောင်လေးမှာ အနက်ရောင်ဆံပင်တိုများဖြင့် ပိန်ပိန်ပါးပါးဖြစ်ကာ ရွယ်တူကလေးများထက်အရပ်အနည်းငယ်ပိုရှည်သည်။ အဓိက ထင်ရှားသည်မှာတော့ သူ့မျက်လုံးများမှာ ဝိုင်းစက်ကာ နက်မှောင်နေသည်။

ဘယ်ကောင်မလေးမှရုန်းမထွက်နိုင်တဲ့

မျက်ဝန်းမျိုးပင်

သူ့အဖေမှာ လူလတ်ပိုင်းအရွယ်ဖြစ်ပီး ကောင်လေးနှင့် ရုပ်ချင်းဆင်လေသည်။

ပုံမှန်အရွယ် ပုံမှန်အရပ်အမောင်းရှိလေသည်။ ထိုသူ့အတွက်ကလည်းအရာအာလုံးကလည်းပုံမှန်ပင်။

"အဖေ့ အရာအာလုံးက ကံအပေါ်မှာမူတည်နေတာလားဟင်"

ကောင်လေးကမေးလိုက်သည်။

အဖေဖြစ်သူက သက်ပြင်းချလိုက်သည်။

နှိုးထခြင်းအခမ်းအနားနေ့သည် လူတစ်ယောက်ရဲ့အနာဂတ်နဲ့ဘဝကိုအဆုံးအဖြတ်ပေးမည်ဆိုတာသူသိနေခြင်းကြောင့်ဖြစ်သည်။

ဝိညာဥ်စွမ်းအားရှိရှိမရှိရှိကသူ့အတွက်ဘာမှအရေးမကြီးပါဘူး။သူ့သားကလွဲလို့ပေါ့။

အဖေ့သက်ပြင်းချသံကြားတော့ ကောင်လေးရဲ့ စိတ်ထဲမှာ

‘ငါဝိညာဥ်စွမ်းအားရကိုရမယ်’ လို့ဆုံးဖြတ်ချက်ချလိုက်တယ်။

သူ့အဖေက

" သားမှာဝိညာဥ်စွမ်း ရှိရှိ မရှိရှိ အဖေကချစ်နေမှာပါ "

အနီရောင်ကုန်းမြင့်အပြင်ဘက်….

မရေနိုင်သောမိဘနဲ့ကလေးများရပ်နေကြသည်။ တစ်ချို့မှာစိတ်ပျက်နေသည်။ တစ်ချို့က ပျော်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် သူတို့တွေရဲ့သိုင်းဝိညာဥ်များ မွေးဖွားတော့မည်ဖြစ်သောကြောင့်ဖြစ်သည်။

အချိန်များကုန်လာပြီ နေဝင်လာသည်နှင့်အတူ အဖြစ်အပျက်များက ကောင်လေးကိုရိုက်ခတ်တော့မည်ကိုတော့ သားအဖ နှစ်ယောက် မသိခဲ့ပေ။

"ထန်ဝူလင်း"

ဆရာတစ်ယောက်ထွက်လာပီးတော့ စာရင်းထဲကနာမည်ကိုခေါ်လိုက်သည်။

" ရှိပါတယ်ဗျ "

မျက်လုံးကျယ်ကျယ်နဲ့ချစ်စရာ ထိုကောင်လေးကထူးလိုက်သည်။

ထန်ကျီရမ်မှာ ကောင်လေးရဲ့အဖေ၏ နာမည်ဖြစ်သည်။

နာမည်ခေါ်တဲ့ဆရာ က ကောင်ေလးကို သူ့နောက်ကိုလိုက်ခဲ့ဖို့အမူအရာပြလိုက်သည်။

အနီရောင်ကုန်းမြင့်အကယ်ဒမီသည် ကျောင်း သားနှစ်သောင်းကျော်ကို လက်ခံသင်ကြားပေးနိုင်သော ကျောင်းတစ်ခုဖြစ်သည်။ ။အဆောက်အဦးများက ရိုးရှင်းပြီးတော့ အဖြူရောင်ဆေးနံရံ အနီရောင်အမိုးများဖြင့် တည်ဆောက်ထားသည်။

ထန်ကျီရမ်က သူ့သားကို

"သား ဆရာတွေပြောတာအကုန်နားထောင်နော်အဖေဒီကစောင့်နေမယ်"

ထန်ဝူလင်းက ခေါင်းငြိမ့်လိုက်ပီး "စိတ်ချအဖေ သားသိုင်းဝိညာဥ်ပိုင်ကိုပိုင်ရမယ်။"

သူ့သားလိုက်သွားသည်ကိုကြည့်ပီး ထန်ကျီရမ် သက်ပြင်းအရှည်ကြီးချလိုက်မိသည်။ သူလည်းအရင်တုန်းက ယခုလိုပဲ လိုက်သွားခဲ့ဖူးသည့်အတိတ်ကိုပြန်မြင်ယောင်လာသည်။

နှိူးထခြင်းအခမ်းအနားကျင်းပရန် ဝိညာဥ်စေတီတော်ကို ဆက်သွယ်ရသည်။ ထို့အခါမှ ဝိညာဥ်စေတီတော်မှ ဆရာတစ်ယောက်ကို လွှတ်ပေးပြီး အကယ်ဒမီတစ်ခုတွင် နှိုးထပွဲအခမ်းအနားကိုကျင်းပပေးလေသည်။

အရင်တုန်းက သူလည်းပဲ ယခုလို့နှိုးထပွဲအခမ်းအနားကို မျှော်လင့်ချက်တွေအများကြီးဖြင့်လာခဲ့ဖူးသည်။

အခမ်းအနားဧရိယာမှာ ရိုးရိုးတန်းတန်းမဟုတ်ပေ။ အထပ်၇ထပ်မျှရှိသည်။ ဆရာသည် ထန်ဝူလင်းကို၃ထပ်မြောက်သို့ ခေါ်သွားလေသည်။

အခမ်းအနားအဆောက်အအုံများကို ထန်ဝူလင်း လိုက်ကြည့်နေမိသည်။

ထို့နောက်သူသည် လိမ္မော်ရောင်ဝတ်ရုံကိုဝတ်ထားသော လူတစ်ယောက်ကိုတွေ့လိုက်ရသည်။

ထန်ဝူလင်း ငယ်ငယ်ထဲက သူ့အဖေရဲ့ပုံပြင်တွေကိုနားေထာင်ရတာကြိုက်နှစ်သက်သည်။ ထိုပုံပြင်များထဲတွင် ဝိညာဥ်မာစတာများအမြဲတမ်းပါတတ်သည်။

ဝိညာဥ်စေတီတော်မှ ဝိညာဥ်မာစတာများသည် အစွမ်းထက်ပြီး လျှိဝှက်ကြသည်။ သူတို့သည် အထူးအဖွဲ့အစည်းတစ်ခုဖြစ်ပီး ဝိညာဥ်ကုန်မြေးရဲ့ပြရုပ်တစ်ခုလည်း ဖြစ်သည်။

ထန်ဝူလင်းသည် ဝိညာဥ်မာစတာတစ်ယောက်ကို ယခုမှပထမဆုံးမြင်ဖူးခြင်းဖြစ်သည်။

"မဂ်လာပါ"

ထန်ဝူလင်းနှုတ်ဆက်လိုက််သည်။

ဝိညာဥ်ဆရာကပြုံးပြလိုက်ပီးတော့

" လာခဲ့ ကလေးလေး၊ ဒီအလယ်နားမှာနေ"

ထန်ဝူလင်းသည် ခေါင်းကိုညိတ်ကာ အလယ်တွင်သွားရပ်လိုက်သည်။

ထန်ဝူလင်းကဝိညာဥ်မာစတာကို

" ကျနော်ဘယ်လိုသိုင်းဝိညာဥ်မျိုးရနိုင်လဲဆရာ

ထန်ဝူလင်းအမေးကြောင့် ဝိညာဥ်မာစတာက ပြုံးပြီး "အ့တာတော့ငါမသိဘူး။ မင်းနှိုးထလာရင် မင်းကို့ဟာကိုသိလာလိမ့်မယ်။ ဒါနဲ့ မင်းမျက်လုံးတွေကတော်တော်လှတာပဲ။ မင်းမှာမျက်လုံးနဲ့ပက်သက်တဲ့သိုင်းဝိညာဥ်တစ်ခုရရင်တော်တော်အဆင်ပြေမှာပဲ"

ထန်ဝူလင်းက ကြားဖူးသည်မှာ ဝိညာဥ်စေတီတော်ရဲ့တည်ထောင်သူမှာ မျက်လုံးသိုင်းဝိညာဥ်ပိုင်ရှင်ဆိုသည်ကို ပြန်သတိရသွားသည်။

ဝိညာဥ်မာစတာက

"ငါစတော့မယ် "

All Chapters