← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

ထန်ဝူလင်းမှာ ခန်းမရဲ့အလယ်မှာရပ်နေပြီး ခန်းမ ပတ်ပတ်လည်ကိုလိုက်ကြည့်နေသည်။

သူသည် ပထမဦးဆုံးအကြိမ် မိဘမပါပဲ တစ်ယောက်ထဲ တစ်စိမ်းတစ်ယောက်ရဲ့ရှေ့မှာရပ်နေဖူးခြင်းဖြစ်သည်။သူဘယ်လိုမှစိတ်အေးအေးထားလို့မရဘူး။

အ့အချိန်မှာပဲ ဝိဉာာဥ်မာစတာရဲ့လက်ထဲမှာရှိတဲ့ကျောက်တုံးရဲ့အဖြူရောင်အလင်းတန်းက သူ့အာရုံကိုဖမ်းစားလိုက်သည်။

အဲ့ဒီအဖြူရောင်အလင်းတန်းက ဒီဝိဉာဥ်မာစတာပိုင်တဲ့သိုင်းဝိညာဥ်လားလို့တောင်သူတွေးလိုက်သေးသည်။သူတွေးနေတုန်းမှာပဲ ဝိဉာဥ်မာစတာရဲ့လက်ကမြောက်သွားပီးတော့အလင်းတန်းက ခန်းမတစ်ခုလုံးကိုလှည့်ပတ်နေသည်။

အ့လိုနဲ့လှည့်ပတ်ပီး ထန်ဝူလင်းရဲ့ခြေထောက်နားမှာရပ်သွားလေသည်။

အ့နောက်မှာ စွမ်းအားတွေအများကြီး ထန်ဝူလင်းရဲ့ခန္တာကိုယ်ထဲကနေထွက်လာကာ သူ့ကိုသူ ထိန်းချုပ်လို့မရတော့ပဲ တစ်ကိုယ်လုံးဓာတ်လိုက်နေသလို ခံစားနေရသည်။

မျက်လုံးထဲမှာလည်း အရာအာလုံးကိုမှုန်ဝါးနေပြီး မပြတ်သားသော ပုံရိပ်များကိုပဲမြင်နေရသည်။သူအားစိုက်ပြီးကြည့်ပေမဲ့လည်း သူမြင်ရတာ အရိပ်များကဲ့သို့ပဲဖြစ်နေသည်။နောက်ဆုံးမှာ သူမြင်တော့မြင်လိုက်ရသည်။

သို့သော် သူဘာမြင်လိုက်တာလဲဆိုတာကို သူမမှတ်မိဘူးဖြစ်နေသည်။

အပြင်ရှိ ဝိဉာဥ်မာစတာမြင်နေရတာကတော့ ထန်ဝူလင်းရဲ့ခန္တာကိုယ်မှာ လေထဲမှာလွင့်နေပြီးတော့အလင်းတွေထွက်နေပြီး ရွှေရောင်အလင်းများ လည်ပတ်နေသည်။ ထို့နောက် အလင်းတန်းများပွင့်ထွက်လာပီးတော့ ထန်ဝူလင်းရဲ့

သိုင်းဝိညာဥ်နှိုးထလာခဲ့တယ်

ထန်ဝူလင်း ရုတ်တရက် ”အားးးးး”

နာကျင်စွာထအော်လိုက်သည်။

ဝိညာဥ်မာစတာလည်းလှုပ်ရှားဖို့ပြင်လိုက်တယ် ဘာလို့လဲဆိုတော့ နှိုးထခြင်းဖစ်စဥ်မှာ ပုံမှန်က အ့လောက်နာကျင်မှုမရှိလို့ပါ။

ဝိဉာဥ်မာစတာ မှာ ဖျက်ခနဲပျောက်သွားပြီးတော့ ထန်ဝူလင်းရဲ့ရှေ့မှာပေါ်လာတယ်။ ပုံမှန်ဆိုရင်တော့

ဒီလိုဖြစ်ရင် နှိုးထခြင်းဖြစ်စဥ်ကိုသူရပ်လိုက်မှာပါ။

ဒါပေမဲ့ထန်ဝူလင်း ခန္တာကိုယ်ကနေ ရွှေရောင်လှိုင်းတွေထွက်လာတော့ ဘာသိုင်းဝိဉာဥ်လဲဆိုတာ သိချင်ဇောနဲ့ မရပ်ပဲထားလိုက်တယ်။

”မင်းဘာသိုင်းဝိဉာဥ်ရတာလဲကလေး” ဆိုပီး တန်းမေးလိုက်တယ်။

ဘာလို့လဲဆိုတော့သူကျောင်းသားပေါင်းသောင်းနဲ့ချီပြီးသိုင်းဝိဉာဥ်နှိုးထပေးခဲ့ပင်မဲ့ ခုလိုတစ်ခါမှမြင်ဖူးသေးဘူး။

ထန်ဝူလင်းနဲ့မှပထမဆုံးမြင်ဖူးတာပဲ။စွမ်းအားတွေက ထန်ဝူလင်းရဲ့ခန္တာကိုယ်ကနေထွက်လာတယ် နောက်ပီး အဲ့စွမ်းအားတွေက ဝမ်းဗိုက် ဝိညာဥ်စွမ်းအားတွေသိမ်းတဲ့နေရာကထွက်လာတာကြောင့်ဝိညာဥ်မာစတာလုံးဝကိုအံ့သြနေတယ်။

တစ်နေကုန်မရပ်မနာ ကလေးတွေကို သိုင်းဝိညာဥ်နှိုးပေးနေပေမဲ့ ခုလိုမတွေ့သေးဘူး။ဒီနေ့တောိတော်ကံကောင်းတာပဲလို့တွေးနေတယ်။ အ့တော့မေးချင်တာက သူ့ရဲ့သိုင်းဝိညာဥ်ကဘာလဲ။

ခုဏက ရွှေရောင်အလင်းလှိုင်းတွေကတော့ချက်ချင်းပဲပျောက်သွားပြီး ထပ်ထွက်မလာတော့ပေ။ထန်ဝူလင်းသူ့မျက်လုံးတွေမဖွင့်နိုင်လောက်အောင်နာကျင်နေတယ်။သူ့လက်ကိုမြောက်လိုက်တဲ့အချိန်မှာ ပြာလဲ့လဲ့အလင်းရောင်လေးထွက်လာတယ်။ သူ့လက်ထဲမှာ အပြာရောင်တောက်နေတဲ့မြက်ပင်လေးထွက်လာတယ်။သူအားစိုက်လိုက်တဲ့ထည့်လိုက်တဲ့အချိန်မှာ အ့တာလေးက လှုပ်စိလှုပ်စိဖစ်ပြီးပျောက်သွားသည်။

“ငွေပြာမြက်” ဟုတ်ပါတယ် ငွေပြာရောက်မြက်ပါ။

ဝိညာဥ်မာစတာကစိတ်ပျက်စွာ

”ငွေပြာမြက်က နေရာတကာမှာပဲ။ ဒီဝိညာဥ်ကုန်းမြေတစ်ခုလုံးမှာငွေပြာမြက်သိုင်းဝိညာဥ်ကိုခဏခဏတွေ့နေရတယ်။ ကြယ်တာယာအဖွဲ့ချုပ် ကောင်းကင်အဖွဲ့ချုပ် ဒီအနီရောင်ကုန်းမြင့်အကယ်ဒမီမှာတောင်တွေ့နေရတယ်”

ဆိုပီးဝိညာဥ်မာစတာကစိတ်ပျက်သွားတယ်။

”ဒီငွေမြက်ရောင်မြက်ကသိုင်းဝိညာဥ်အဖြစ်နှိုးထလာပေမဲ့ ဘာသွားသုံးရမှာလဲ အသုံးမှမဝင်တာ”

ဆိုပြီးတိုးတိုးလေးပြောနေတယ်။

အရမ်းနာတာပဲဆိုပီးထန်ဝူလင်းငြီးလိုက်တယ်။

သူ့ခန္တာကိုယ်ကတော်တော်ကိုနာကျင်နေတယ်

အရိုးတွေကြွက်သားတွေအရမ်းကိုနာကျင်နေပီးပေါက်ထွက်တော့မဲ့အတိုင်းပဲခံစားနေရတယ်။

ခဏလေးနားလိုက်ပြီးသက်သာတာနဲ့မျက်လုံးကိုဖြည်းဖြည်းချင်းဖွင့်လိုက်တယ်။ အပြာရောင်မြက်ပင်လေးကသူလက်ထဲကထွက်လာတာမြင်တော့

“ငွေပြာမြက်”

ထန်ဝူလင်းကငယ်ပေမဲ့သူကောင်းကောင်းသိတယ် သူ့ရဲ့ငွေပြာမြက်ဝိညာဥ်ကဘာလဲဆိုတာကိုသူသိတယ်။ ငွေပြာမြက်ဆိုတာသုံးစားမရတဲ့ သိုင်းဝိညာဥ်ထဲမှာပါတယ်ဆိုတာသူသိတယ်။ အ့ထဲမှာမှ ငွေပြာမြက်က အသုံးမဝင်ဆုံးဆိုတာပါသိနေတယ်။

”ဟူတ်တယ်မင်းရဲ့သိုင်းဝိဉာဥ်က ငွေပြာမြက်ပဲကလေး”ဆိုပြီး ဝိညာဥ်မာစတာကပြုံးပြီးပြောလိုက်တယ်။

ထန်ဝူလင်းနှလုံးသားထဲမှာတော်ကိုဝမ်းနည်းသွားတယ် သူစိတ်ကူးယဥ်ခဲ့သမျှ က အခုတော့အသုံးမဝင်နဲ့ငွေပြာမြက်သိူင်းဝိဉာဥ်နဲ့ပီးဆုံးသွားပြီဆိုတာသူသိလိုက်တယ်။

“ကလေးရယ်ဝမ်းမနည်းပါနဲ့မင်းမှာဝိညာဥ်စွမ်းအားရှိပါသေးတယ်”ဆိုပြီး ဝိဉာဥ်မာစတာကပြောလိုက်တယ်။

”ကျနော့်မှာဝိဉာာဥ်စွမ်းအားရှိတယ်”

ထန်ဝူလင်းအံ့သြသွားတယ်။ ဝိညာဥ်မာစတာက ခေါင်းညိတ်လိုက်ပြီးတော့

”ဟုတ်တယ်မင်းမှာအဆင့်3ဝိညာဥ်စွမ်းအားရှိတယ်မင်းကြိုးစားမယ်ဆိုရင်မင်းဝိညာဥ်မာစတာတစ်ယောက်ဖြစ်နိုင်တယ်”

ထန်ဝူလင်းက ” ကျနော့်မှာဝိဉာဥ်စွမ်းအားရှိလည်း ကျနော့်သိုင်းဝိဉာဥ်က ငွေပြာမြက်လေ”

ဝိဉာဥ်မာစတာက

” မင်း ထန်ဂိုဏ်အကြောင်းကိုကြားဖူးလား

ထန်ဂိုဏ်းတည်ထောင်သူ ထန်စန်းအကြောင်းရောသိလား သူ့ရဲ့အဓိကသိူင်းဝိညာဥ်က ငွေပြာမြက်ပဲ။သူကသူရဲ့သိုင်းဝိညာဥ်နဲ့လွန်ခဲ့တဲ့

နှစ်နှစ်သောင်းတုန်းက မိုးမြေက်ိုပြောင်းပြန်လှန်ပြခဲ့တာပဲ”

ထန်ဝူလင်းလုံးဝကိုအံ့သြ သွားတယ်။

”ဒါပေမဲ့ထန်စန်းရဲ့သိုင်းဝိဉညာဥ်ကငွေပြာမြက်ဘုရင်မဟုတ်ဘူးလား”

ထန်ဝူလင်းမေးလိုက်ရာ ဝိညာဥ်မာစတာမှာ အနည်းငယ်တော့ရှက်သွားတယ်။ သူ သူရွှီးလိုက်တာကို ကလေးငယ်သိနေသောကြောင့်ဖြစ်သည်။

”ငွေပြာမြက်ဘုရင်ဆိုတာငွေပြာမြက်ကနေ

ပြောင်းလာတာပဲ မင်းသာကြိုးစားမယ်ဆိုရင်မင်းလည်းငွေပြာမြက်နဲ့သိုင်းဝိညာဥ်မာစတာတစ်ယောက်ဖစ်လာနိုင်ပါတယ်”

All Chapters