← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

“နှစ်တိုင်းနှစ်တိုင်း သိုင်းဝိညာဥ်နိုးထနိုင်တဲ့ကလေးတွေကိုအနီရောင်ကုန်းမြင့်အကယ်ဒမီကနေ ကျောင်းသားအသစ်အဖစ်လက်ခံပြီးတော့ ဝိညာဥ်မာစတာသိုင်းသင်တန်းကိုတက်ရောက်ခိုင်းတယ် ဘယ်လိုအမျိုးစားဖစ်ဖစ် အရေးမကြီးဘူးသား။အဖေမင်းအတွက်အကြံပေးတာပါ”

ထန်ကျီရမ်က သူ့သားကိုပြောနေတယ်။

”သားမင်းက တစ်သန်းမှာတစ်ယောက်တွေ့ရတဲ့လူပဲ”

ထန်ကျီရမ်က သိုင်းဝိညာဥ်နိုးလာတဲ့ သူ့သားကိုဘေးကနေပြောနေတယ်။

ထန်ဝူလင်းက

“အဖေသားသိုင်းဝိညာဥ်က ငွေပြာမြက်လေ သုံးစားလို့မရဘူး”

ထန်ကျီရမ်က ” ဘာလို့သုံးစားမရရမှာလဲ သားမှာဝိညာဥ်စွမ်းအားတွေ ရှိတယ်လေ။ အ့တာကြောင့် သားကိုတစ်သန်းမှာတစ်ယောက်တွေ့ရတဲ့လူလို့ပြောတာပေါ့သားရဲ့ ။ သား မင်းကိုအဖေ ထန်ဂိုဏ်တည်ထောင်သူ ထန်စန်းအကြောင်းပြောပြထားတယ်လေ။

သူရဲ့သိူင်းဝိညာဥ်ကလည်း ငွေပြာမြက်ပဲလေ သားရဲ့”

ထန်ကျီရမ်ကတော့သူ့သားကိုနားချနေရသည်။

ထန်ဝူလင်းတို့မိသားစုကဘုန်းကျက်သရေ မြို့မှာနေထိုင်ပီးတော့သူ့အဖေကတော့ စက်ပြင်ဆရာတစ်ယောက်ပါ။အထူးသဖြင့်ဝိညာဥ်စက်ပစ္စည်းတွေကိုပြင်ရတာကျွမ်းကျင်တယ်။သူရဲ့ကျွမ်းကျင်မှုက သာမန်ပဲဖစ်တော့သူ့မိသားစုကို စားသောက်နိုင်ရုံပဲတတ်နိုင်တယ်။

ထန်ဝူလင်းအမေ လန်ယွဲ့က အိမ်အထိန်းအသိမ်းကောင်းပြီးတော့ ထန်ဝူလင်းကိုအရမ်းဂရုစိုက်တယ်။

အချက်အပြုတ်လည်းအရမ်းကောင်းတယ်။သူတို့မိသားစုက မီးဖိုချောင် အိပ်ခန်းနှစ်ခန်းနဲ့10မီတာလောက်ပဲရှိတဲ့အိမ်လေးထဲမှာနေကြတယ်။

“သားအိမ်ပြန်ရောက်ပီ ဗိုက်စာနေပီလား။ အမေသားအတွက်အရသာရှိတာလေးတွေချက်ပေးမယ်နော်”ဆိုပီးလန်ယွဲ့ဖက်လိုက်တယ်။

” သားဗိုက်မစာသေးဘူးအမေ ”

ထန်ဝူလင်းအိပ်ဖို့အခန်းဝင်သွားတယ်။

”ဒီကလေးက ငယ်ငယ်ကတည်းက ဝိညာဥ်မာစတာဖစ်ချင်နေတာ ဒါပေမဲ့ အ့လိုဖစ်ဖို့ကမလွယ်ဘူးလေ ငါတို့သူ့ကိုတစ်ယောက်ထဲခဏလောက်ပေးနေလိုက်ရအောင်”ဆိုပီးထန်ကျီရမ်က သူမိန်းမကိုပြောလိုက်တယ်။

ထန်ကျီရမ်က အခန်းထဲဝင်ပြီးတော့သူ့မိန်းမကို သူတို့သားရဲ့သိုင်းဝိညာဥ်နဲ့ဝိညာဥ်စွမ်းအားအဆင့်အကြောင်းကိုပြောပြတယ်။

သူ့တိူ့သားက ဝိညာဥ်အဆင့်3ပဲရှိတော့ ကျောင်းသွားတက်ရင် အနှိမ်ခံရမှာကိုသူတို့စိုးရိမ်နေကြတယ်။လန်ယွဲ့ကသူ့သားအခန်းက်ုကြည့်ပြီးတော့

“ငါတို့ခဏတော့သူ့ကိုလွှတ်ထားကြတာပေါ့။နောက်မှအဆင်မပြေရင်သူ့ကိုရိုးရိုးကျောင်းကိုပြန်ပြောင်းဖို့လုပ်တာပေါ့ “

အမှန်တော့ထန်ဝူလင်းက ထမင်းမစားချင်လို့မဟုတ်ပါဘူး သူအရမ်းကိုမောနေတယ် အခန်းထဲပြန်ရောက်ရောက်ချင်း တန်းထိုးအိပ်ပြီးတန်းအိပ်ပျော်သွားတယ်။

ခဏလေးနေတော့ ထန်ဝူလင်းခန္တာကိုယ်ကနေ ရွှေရောင်အလင်းတန်းတွေထွက်လာပြီးတော့ သူ့ခန္တာကိုယ်ကိုလှည့်ပတ်နေတယ်။

ခန္တာကိုယ်ကအရမ်းကိုပူလာပြီးတော့ ဖြူဖတ်ဖြူရော်ဖစ်လာတယ်။ ခေါင်းကနေ ေခြဖျားထိသုံးကြိမ်လှည့်ပတ်ပြီးတဲ့အချိန်မှာ ရွှေရောင်အလင်းတန်းတွေက ခန္တာကိုယ်ထဲဝင်ပြီးပြန်ပျောက်သွားပြန်တယ်။ ခန္တာကိုယ်အပူချိန်တွေပြန်ကျသွားတယ်။

ခဏကြာတော့ ထန်ဝူလင်းခန္တာကိုယ်က လေထဲမှာလှည့်ပတ်ပြီးတော့ သွေးအပူချိန်တွေလည်းပြန်တက်လာတယ်အရေပြားတွေနီရဲလာပြီးသွေးလည်ပတ်စီးဆင်းမှုတွေအရမ်းမြန်လာတယ်။

နှလုံးခုံနှုန်းကတော်တော်လေးပိုမြန်လာပြီးရွှေရောင်အလင်းတန်းပြန်ပေါ်လာပြီးခန္တာကိုယ်ကိုသုံးကြိမ်ခေါင်းကနေခြေဖျားထိပတ်ပြီးမှ

နှလှုံးခှုန်နှုန်းက ပုံမှန်ပြန်ဖစ်သွားတယ်။

ရွှေရောင်အလင်းတန်းလည်းပြန်ပျောက်သွားတယ်။

ထန်ဝူလင်းတစ်ကိုယ်လုံးက အသံပေါင်းစုံထွက်လာတယ် ခဏကြာတော့ အပူချိန်တွေပြန်ကျသွားပြီးအိပ်မောကျနေတဲ့ပုံစံပြန်ဖြစ်သွားတယ်။

သူ့အိမ်မက်ထဲမှာတော့ရွှေရောင်သန်းနေတဲ့

ကောင်းကင်ကြီးအောက်က ငွေပြာမြက်တွေနဲ့ပြည့်နေတဲ့နေရာတစ်ခုကိုရောက်သွားတယ်။ အ့အချ်န်မှာကောင်ကင်က ကျလာတဲ့ရွှေရောင်အပေါက်ကြီးတစ်ခုထဲကိုဆွဲခေါ်ခြင်းခံရပီး အဆုံးမဲ့ ကျယ်ဝန်းတဲ့ရွှေရောင်လောကကြီးတစ်ခုစီကိုရောက်သွားတယ်။

”အား.....”

ထန်ဝူလင်းအော်ပီးတော့နိုးလာတယ်။

သူသိလိုက်တာကသူချွေးတွေရွဲနေတာပဲ သူ့အိမ်မက်ကိုပြန်တွေးနေပြီး ရေချိုးလိုက်တယ်။

သူ့အမေတက်လာပြီးညစာစားဖို့လာခေါ်တော့ရေချိုးပြီးရင်လာခဲ့မယ်ဆိုပြီးပြောလိုက်တယ်။သူအဝတ်လဲပြီးအပြင်ထွက်လိုက်တော့မိုးတောင်ချုပ်နေပီ။ သူတစ်ညနေလုံးအိပ်နေမိခြင်းပင်။ထန်ကျီရမ်က အလုပ်မှာဒီနေ့ခွင့်ယူပြီးတော့ အိမ်မှာနေနေတယ် သူ့မိသားစုအတွက်အမြဲတန်းအချိန်မပေးနိုင်တော့ရတဲ့အချိန်ကိုမိသားစုနဲ့ကုန်ဆုံးချင်တာပေါ့။ ထန်ဝူလင်းရောက်လာတော့ထန်ကျီရမ်

” လာသားထိုင်”

အဖေ့ဘေးမှာထိုင်လိုက်ပြီးတော့

“အမေ့ထမင်းစားလို့ရပီလား”

လန်ယွဲ့က “ရပါပီ ရပါပီ” ဆိုပြီး ပြင်ထားတဲ့ဟင်းပွဲတွေကိုကိုချပေးတယ်။သူယောက်ျားကိုလည်းထမင်းစားပြီးရင်းစကားပြောဖို့အချက်ပြလိုက်တယ်။ သူတို့စစားကြသည်။ ထန်ဝူလင်း ဗိုက်အရမ်းဆာနေတဲ့ပုံပဲ။

လင်မယားနှစ်ယောက်လုံးအံ့သြနေတယ် ထန်ဝူလင်းက ညစာကိုအများကြီးမစားတတ်လိုပါ။အခုသူ

ထမင်းထပ်တောင်းတာလေးခါမြောက်ရှိနေပြီမလို့ပါ။

All Chapters