အခန်း (၄)
Vol. 1 Ch. 4
စားပွဲပေါ်ရှိအစားအစာများအားလုံးကို ထန်ဝူလင်းအကုန်စားသွားတာကြောင့် ထန်ကျီရမ်နဲ့ လန်ယွဲ့တို့ပင်မစားလိုက်ရပေ။ ဒါတောင် ထန်ဝူလင်ဗိုက်မပြည့်သေးဘူး။
“သား၊ မင်း ဖုတ်များဝင်နေတာလား “
ထန်ကျီရမ် အကူအညီမဲ့စွာပြောလိုက်မိသည်။
ထန်ဝူလင်း အံ့သြသွားပြီး သူ့အဖေကို ကြည့်လိုက်တယ်
“ဖေဖေ ဘာပြောချင်နေတာလဲ”
ထန်ကျီရမ် က
“အဖေ မင်းကို တကယ်မေးချင်တာတစ်ခုရှိတယ်။ သား ဝိညာဉ်မာစတာကျောင်းကိုတကယ်တက်ချင်တာလား ဒါမှမဟုတ် မင်းအဖေကို ရိုးရိုးကျောင်းပဲထားပေးရမလား”
ထန်ဝူလင်းက
“သားတကယ် ဝိညာဥ်မာစတာကျောင်းတက်ချင်တယ်။ ကျနော်နာမည်ကြီး ဝိညာဥ်မာစတာ ဖြစ်ချင်တယ်!”
ထန်ကျီရမ် က
“မင်းရဲ့ သိုင်းဝိဥာဉ်က ငွေပြာမြက်ပဲ။ ကျင့်ကြံဖို့တကယ်ခက်ခဲမှာသေချာပြီးတော့ စိန်ခေါ်မှုများစွာကိုမင်းကြုံတွေ့ရလိမ့်မယ်။ မင်း ဒီလမ်းကို တကယ်လျှောက်ချင်နေတာလား။”
“ဟုတ်! ကျွန်တော် ဝိညာဥ်မာစတာ ဖြစ်ချင်ပါတယ်။ ကျွန်တော် ဝိညာဥ်မာစတာ ဖြစ်လာပြီးရင် ပိုက်ဆံအများကြီးရှာပြီး အရသာရှိတဲ့ အစားအသောက်တွေကို အမေနဲ့ အဖေဖို့ ဝယ်ပေးချင်တယ်”
ထန်ဝူလင်းတွင် ကလေးဆန်သော အိပ်မက်များဖြင့်ပြည့်နှက်နေသည်။ လန်ယွဲ့ကတော့မျက်လုံးများနီရဲကာ ထန်ဝူလင်းကိုကြည့်နေမိသည်။
“ကောင်းပြီ”
ထန်ကျီရမ်ခေါင်းညိတ်လိုက်သည်။
“ဒါကိုမင်းတကယ်ဆုံးဖြတ်ထားပီးပီဆိုတော့ အဖေနဲ့အမေ မင်းကို ပံ့ပိုးပေးမယ်။ ဒါပေမယ့် နောင်တစ်ချိန်မှာ ဒီရွေးချယ်မှုကို နောင်တရရင် ဖေဖေ့ကိုတန်းပြောပါ၊အဖေကျောင်းပြောင်းဖို့ ကူညီမယ်။ အဖေနဲ့အမေက မင်းကို နဂါးတစ်ကောင်လည်းမဖြစ်စေချင်ဘူးဖီးနစ်တစ်ကောင်လိုလည်းမဖြစ်စေချင်ဘူး။ အဖေတို့ ကသားကို ပျော်ရွှင်စေချင်တယ်။ သားပျော်နေသရွေ့အဖေ့ ကျေနပ်နေမှာပါ။ သားရဲ့ပျော်ရွှင်မှုထက်အဖေ့တို့ရဲ့နှလုံးသားထဲမှာ တခြားဘာမှ ပိုအရေးကြီးတာမရှိဘူး။ သားနားလည်လား?”
ထန်ဝူလင်းကပြုံးကာ
“သား အခုအရမ်းပျော်နေပါပြီ!”
….
နောက်တစ်နေ့တွင်၊ ထန်ဝူလင်းကိုသူ့အဖေလာ နိုးတယ်။ ဒီနေ့က သူအကယ်ဒမီစတက်မယ့်နေ့ပါ။ အနီရောင်ကုန်းမြင့်အကယ်ဒမီရဲ့ ဝိညာဥ်မာစတာသင်တန်းမှာကိုးနှစ်တာပညာရပ်များကိုသင်ယူရမယ်။ ယနေ့ကပထမဆုံးနေ့ဖြစ်သည်။
နေလပြည်ထောင်စုအဖွဲ့ချုပ်မှ သတ်မှတ်ထားသော စည်းမျဉ်းများအရ မူလတန်းနှင့် အလယ်တန်း အကယ်ဒမီများတွင် ကျောင်းလခ အခမဲ့ဖြစ်ပြီး မသင်မနေရ ဖြစ်သည်။ မူလတန်းကျောင်းသည် သုံးနှစ်ဖြစ်ပြီး အလယ်တန်းကျောင်းသည် ခြောက်နှစ်ဖြစ်သည်။ အထက်တန်းအဆင့်မြင့်အကယ်ဒမီသို့ ဝင်ရောက်ရန် နည်းလမ်းများစွာလည်းရှိသည်။
အကယ်ဒမီသည် ထန်ဝူလင်းတို့အိမ်နှင့် အလွန်နီးသည်။ အလုပ်မသွားခင် ထန်ကျီရမ်က ထန်ဝူလင်းကျောင်းပို့သည်။ ဝိညာဥ်မာစတာသင်တန်းတွင် ကျောင်းသားအသစ်များကို ကြိုဆိုရန်အတွက်ဆရာတစ်ဦးရှိသည်။ သာမာန်ကျောင်းသားတွေထက် အများကြီးပိုအလေးပေး ဆက်ဆံခံရတယ်။ သာမာန်လူတန်းစားများသည် သာမာန်သင်ကြားမှုများကိုသာ ရရှိမည်ဖြစ်ပြီး ဝိညာဥ်မာစတာအတန်းသည် သူတို့ရဲ့ ပင်ကိုယ်ဝိညာဉ်စွမ်းအားကို ဘယ်လိုအသုံးပြုပြီး ဝိညာဥ်မာစတာဖြစ်လာဖို့သင်ယူမှာဖြစ်တယ်။ ဝိညာဥ်မာစတာများအတွက် မရှိမဖြစ်လိုအပ်သော အသိပညာများကို သင်ကြားပေးမည်ဖြစ်သည်။
ယခုနှစ် ဝိညာဥ်မာစတာ အတန်းတွင် ကျောင်းသား 15 ဦးသာရှိကာ ဝိညာဉ်စွမ်းအားပါလာသော ကလေးအရေအတွက်မှာလည်း အလွန်နည်းသည်။
“ဟေ့ မင်းရဲ့ သိုင်းဝိညာဉ်က ဘာလဲ”
ထန်ဝူလင်းအနားက အရပ်သိပ်မရှည်ပဲ ခပ်ထွားကျိုင်းကောင်လေးက ထန်ဝူလင်းကိုမေးတယ်။
အသက်အရွယ်တူများဖြစ်ပြီးကျောင်းတက်ရန် စိတ်လှုပ်ရှားမှုအပြည့်ဖြင့်စောင့်နေကြသည်။
ထန်ဝူလင်း က ဂုဏ်ယူစွာနဲ့
“ထန်ဂိုဏ်းကို တည်ထောင်ခဲ့တဲ့ ဘိုးဘေးထန်စန်းနဲ့ အတူတူပဲ ငါ့သိုင်းဝိညာဥ်က ငွေပြာမြက်ပဲ “
ပြောရင်း သူ့လက်ဖဝါးကို လှန်လိုက်ပြီး သူ့လက်ဖဝါးမှာ အပြာရောင်အလင်းတစ်ခု လင်းလက်သွားတယ်။ ငွေပြာမြက်ပင်တစ်ပင်ထွက်လာသည်။ သို့သော် ယနေ့ငွေပြာမြက်သည် မနေ့ကနှင့်ကွဲပြားနေ သည်ကို သူ သတိမထားမိလိုက်ပေ။အပင်ရဲ့ အမြစ်များကရွှေရောင်ဖျော့ဖျော့အရောင်သို့ ပြောင်းလဲနေသည်ကို သူသတိမထားမိလိုက်ပေ။
“ဖွီး”
ဖက်တီးလေးက မထီမဲ့မြင်ပြုကာ
“အော် ငွေပြာမြက်! အဲဒါ သုံးစားမရတဲ့ သိုင်းဝိညာဉ်ပဲ”
ထန်ဝူလင်ကိုထိုစကားများနဲ့စော်ကားပြီးနောက် သူ့ကို လျစ်လျူရှုကာ အေးစက်စွာ ထွက်ခွာသွားသည်။ ထန်ဝူလင်းဒါကို လက်မခံနိုင်ဘူး။
“ဒါဆို မင်းကကော? မင်းရဲ့သိုင်းဝိဥာဉ်ကဘာလဲ”
နှာခေါင်းရှုံလိုက်ကာ ဖက်တီးလေးသည် သူ့ညာလက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်သောအလင်းရောင်တစ်ခုနှင့် သူ့လက်ထဲတွင် ဓားငယ်တစ်ချောင်း ပေါ်လာသည်။
“မင်းကြည့်လိုက် ငါ့ရဲ့သိုင်းဝိဥာဉ်က ဓားတစ်ချောင်းပဲ။ အကယ်လို့ ငါက ဖုန်းဟောက်တုံ့လော်အဆင့်အထိလေ့ကျင့် နိုင်ခဲ့ရင် ငါက ဓားနတ်ဘုရားတုံ့လော်ဖြစ်လာမှာကွ။ ငါ့မှာ ဝိညာဉ်စွမ်းအား အဆင့် 5 ရှိတယ်။ မင်းရဲ့ ငွေပြာမြက်ကိုအေးအေးဆေးဆေး ခုတ်ထစ်နိုင်တယ်”
ဖက်တီးရဲ့ဓားတိုနှင့် သူ့ကိုယ်ပိုင် ငွေပြာမြက် အကြား ခြားနားချက်ကို ကြည့်ရင်း၊ ထန်ဝူလင်း မနေ့ညက သူ့အဖေပြောခဲ့သော စကားများကို ရုတ်တရက် သတိရသွားသည်။
ငွေပြာမြက်သိုင်းဝိညာဥ်နဲ့ ဝိညာဉ်မာစတာဖြစ်အောင်ကျင့်ကြံရမှာအမှန်တကယ်ပဲ ခက်ခဲမှာလား။ အခြားကျောင်းသားအားလုံးသည် ၎င်းတို့၏ သိုင်းဝိဉာဉ်ကို ပြသပြီးကြွားနေကြသည်။ ဘယ်သိုင်းဝိညာဉ်ပဲဖြစ်ဖြစ်၊ သူတို့အားလုံးဟာ သူ့ရဲ့ ငွေပြာမြက်သိုင်းဝိညာဥ်ထက် အများကြီးသာတယ်။ ထို့ကြောင့် အခြားဘယ်ကျောင်းသားတစ်ဦးကမှ သူ့ကို ဂရုမစိုက်ခဲ့ပေ။
‘ငါ သေချာပေါက်ဝိဉာဉ်မာစတာတစ်ယောက် ဖြစ်လာရမယ်!’
ထန်ဝူလင်း လက်သီးတွေကို ဆုပ်ထားရင်းဆုံးဖြတ်လိုက်တယ်။
“အားလုံးမင်္ဂလာပါ။ ငါက မင်းတို့ရဲ့ အတန်းပိုင်ဆရာမ လင်ရှီးမိန် ပါ။ အခု လာမည့်သုံးနှစ်အတွင်း မင်းတို့အားလုံးအတွက် လိုအပ်တဲ့ အခြေခံဗဟုသုတတွေကိုသင်ကြားပေးမယ်။ ကဲ အားလုံးပဲ မိတ်ဆက်ပေးပါဦး။ မင်းတို့ရဲ့နာမည်၊ သိုင်းဝိဥာဉ်နဲ့ ဝိညာဥ်စွမ်းအားအဆင့်ကို ပြောပြပါ။”
ကျောင်းသား ၁၅ ဦးသာ ရှိသောကြောင့် မိတ်ဆက်ပွဲများ လျင်မြန်စွာ ပြီးဆုံးခဲ့သည်။ ထန်ဝူလင်းရဲ့သိုင်းဝိညာဉ်သည် ငွေပြာမြက်ဖြစ်ကြောင်းကိုအခြားကျောင်းသားများကြားသောအခါရယ်မောကြသည်။
ထန်ဝူလင်း မျက်နှာငယ်လေးနီရဲသွားသည်။ သူ့နှလုံးသားထဲမှာအရမ်းခံစားရတယ်။
‘ဒါတွေက ဖေဖေပြောခဲ့တဲ့ စိန်ခေါ်မှုတွေလား။’
လင်ရှီးမိန်ပြုံးလိုက်ကာ
“ဒီနေ့ ကအတန်းရဲ့ ပထမဆုံးနေ့ပါ၊ ဒါကြောင့် သိုင်းဝိဥာဉ်တွေရဲ့ ကွဲပြားတဲ့ အမျိုးအစားတွေကို အရင်ရှင်းပြမယ်။ နေ့ခင်းမှာ တရားထိုင်နည်း သင်ပေးမယ်။ မင်းတို့ အားလုံး အပြင်းအထန်ကြိုးစားကြရမယ်။”
“အားလုံးသိကြတဲ့အတိုင်း၊ ငါတို့ကမ္ဘာမှာ လူတိုင်းမှာ သိုင်းဝိဥာဉ်ရှိတယ်။ အသက်ခြောက်နှစ်အရွယ်မှာ လူတစ်ယောက်ရဲ့ သိုင်းဝိညာဉ်က နိုးထလာပြီး ဘာသိုင်းဝိညာဥ်မဆိုဖြစ်နိုင်တယ်။
“ပထမအနေနဲ့၊ အဓိကနှစ်ခုက လက်နက်သိုင်းဝိညာဉ် နဲ့ သားရဲသိုင်းဝိညာဉ်တွေပဲ။”
လင်ရှီးမိန်ရဲ့ သိုင်းဝိဥာဉ်များနှင့် ဝိညာဉ်မာစတာ အမျိုးအစားခွဲခြားမှုများကို နားထောင်ရင်း ထန်ဝူလင်းရဲ့ စိတ်ဓာတ်ကျဆင်းမှု တဖြည်းဖြည်း လျော့ပါးလာတယ်။ ဒီနေ့ကသူ့အတွက် ကမ္ဘာသစ်ကိုသွားမည့်တံခါးတစ်ချပ်ကိုစဖွင့်လိုက်တဲ့နေ့ပဲ။