← Chapters

ဘယ်သူနှင်ထုတ်ခံရမှာလဲ။

Vol. 148 Ch. 2107

ဘယ်သူနှင်ထုတ်ခံရမှာလဲ။

Vol. 148 Ch. 2107

နန်ဟိုင်ချင်းက မြေပြင်တွင် ဖိနှိပ်ခံထားရပြီး မလှုပ်ရှားနိုင်ပေ။ သူ၏ အသက်ရှုနှုန်းက လျင်မြန်လာပြီး သူ့ခန္ဓာကိုယ်ပေါ်ရှိ အရှိန်အဝါက မတည်မငြိမ်ဖြစ်ကာ မည်သည့် အသုံးဝင်သည့် စွမ်းအင်သဏ္ဌာန်မှ စုစည်း၍ မရနိုင်အောင် ပရမ်းပတာ ဖြစ်နေခဲ့သည်။

အသက်ရှုကြပ်မှုကြောင့် သူ၏ မျက်နှာက နီရဲလာ၏။ သူ့ မျက်လုံးများက သူ့ အရှေ့တွင် ရှိနေသော ကြွက်သားများနှင့် ခန္ဓာကိုယ်ပေါ်သို့ ကျရောက်နေသည်။ ထိုသူက သူ့ကို နေရာမှာပင် မလှုပ်နိုင်အောင် ချုပ်နှောင်ထားခဲ့သည်။

သူသည် အလယ်အလတ်အဆင့် ရန်ဟောင်တစ်ပါးအနေနှင့် နန်ဟိုင်မိသားစုအတွင်းတွင် အရည်အချင်းရှိသော ပါရမီရှင် တစ်ယောက်အဖြစ် သတ်မှတ်နိုင်ခဲ့သည်။ သူ၏ အဆင့်အတန်းက အပြင်ဘက် လောကတွင် အလွန်မြင့်မား၏။ သို့သော်လည်း ယခုအခိုက်အတန့်တွင် သူ၏ ဘဝ၌ အဆိုးရွားဆုံးသော စော်ကားမှုကို ခံစားနေရသည်။ သူ၏ လက်ရှိ စိတ်အခြေအနေကို မည်သူမှ မှန်းဆနိုင်လိမ့်မည် မဟုတ်ပေ။

သို့သော် သူ့အနီးရှိ လူများက မတူညီသော ယူဆချက်များရှိကြသည်။ နန်ဟိုင်ချင်း၏ စော်ကားခံရမှုကို ထိတ်လန့်ခြင်းထက် သူတို့သည် မျက်မမြင်ထျယ် ပြသခဲ့သော ခွန်အားကြောင့် ပိုမို အံ့အားသင့်နေကြသည်။

အထူးသဖြင့် အပြင်ဘက် လောကမှ တန်ခိုးရှင်များအတွက် လေးမျက်နှာကျေးရွာသည် အမြဲတစေ ထူးခြားဆန်းကြယ်သော နေရာဖြစ်ခဲ့သည်။ ရွာမှ အစွမ်းထက်ပုဂ္ဂိုလ်အမြောက်အများ မမွေးထုတ်နိုင်ခဲ့သော်လည်း တစ်ယောက်ချင်းစီက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အားကောင်းသန်မာလှသည်။ ယခင်က ထိုမျက်မြင်ထျယ်သည်လည်း ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့သည်။

ထို့နောက်တွင် သူက မျက်မမြင်ဖြစ်ကာ ရွာသို့ ပြန်ရောက်လာခဲ့သည်။ အချိန်များ ကုန်လွန်သွားသည့်အခါ သူသည် လောက်ကကြီးမှ မေ့ပျောက်ခံခဲ့ရပြီး သူ၏ တည်ရှိမှုက ဝေဝါးသော မှတ်ဉာဏ်တစ်ခုသာလျှင် ဖြစ်လာခဲ့သည်။

သို့သော် မျက်မမြင်ထျယ် အသာအယာ အနိုင်ယူခဲ့သော ရန်ဟောင်မှာ ပြီးပြည့်စုံသော မဟာလမ်းစဉ်နှင့် အဆင့်ခြောက်တန်ခိုးရှင်တစ်ယောက်ဖြစ်သည့် နန်ဟိုင်ချင်း ဖြစ်သည်။ မျက်မမြင်ထျယ်သည် သူ့ကို မည်သည့်ခုခံမှုမှပင် မပြုနိုင်အောင်  ထိန်းချုပ်ထားနိုင်စွမ်းရှိသည်။ နန်ဟိုင်ချင်း၏ မဟာလမ်းစဉ်စွမ်းအားများက စုစည်း၍ မရဘဲ ပုံသဏ္ဌာန်ပင် မဖော်ဆောင်နိုင်လောက်အောင် ဖြစ်နေခဲ့သည်။ မျက်မမြင်ထျယ် ပိုင်ဆိုင်ထားသည့် စွမ်းအားကမှန်းဆ၍ မရနိုင်အောင်ပင် ဖြစ်၏။ နန်ဟိုင်မိသားစု၏ ပါရမီရှင်သည် ယခင်က ထိုကဲ့သို့သော အနိုင်ကျင့်စော်ကားမှုမျိုးကို မခံစားဖူးခဲ့ပေ။ အပြင်ဘက်မှ လူများသည် သူတို့မိသားစုကို စိုးရွံ့ကြပြီး ထိုမျှ ရဲရဲတင်းတင်း ပြုမူရဲလိမ့်မည် မဟုတ်ပေ။

သို့သော် လေးမျက်နှာ​ကျေးရွာ အတွင်းရှိ လူများက မတူညီကြပေ။

ရွာသားများ ကိုယ်တိုင်လည်း အံ့သြမှင်တက်သွားခဲ့ကြသည်။ မျက်မမြင်ထျယ်က ဤနှစ်တစ်လျှောက်လုံးတွင် ပန်းပဲဆိုင်အတွင်း၌ သံများကို ထုရိုက်ရင်းသာ ကုန်ဆုံးနေခဲ့ပြီး သူ၏ စွမ်းအားကို ထပ်မံဖော်ပြခဲ့ခြင်း မရှိပေ။ သူရွာသို့ ပြန်ရောက်လာသည့် အခါ မျက်မမြင်ဖြစ်နေခဲ့ပြီး သေခြင်းတရားနှင့် ရင်ဆိုင်နေခဲ့ရခြင်း ဖြစ်သည်။ ဆရာသခင်က သူ့ကို ကယ်ခဲ့ပြီး အသက်ဆက်ပေးခဲ့​သော်လည်း လူများက သူ၏ ကျင့်ကြံခြင်းကို ဆုံးရှုံးခဲ့ရသည်ဟု ခန့်မှန်းခဲ့ကြသည်။ သူက ထိုမျှထိ အစွမ်းထက်နေဆဲဖြစ်ကြောင်း ထင်မှတ်မထားကြပေ။

ဆရာသခင်က မျက်မမြင်ထျယ်ကို ကယ်ဆယ်ပြီး သူ၏ ခွန်အားကို ယခင်နှင့် တူညီသောအဆင့်၌ ထိန်းသိမ်းထားနိုင်သည်မှာ အလွန် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။

"မျက်မမြင်ထျယ် မင်းရူးသွားပြီလား။"

နန်ဟိုင်ချင်း အလဲထိုးခံလိုက်ရသည့်အခါ မုယွင်လုံသည် ရှေ့သို့ ခြေလှမ်းလာပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော မဟာလမ်းစဉ်အရှိန်အဝါတို့ ပေါက်ကွဲထွက်လာသည်။ သူက မျက်မမြင်ထျယ်ထံသို့ တိုးဝင်သွားပြီး သူတို့အနီးတွင် ပြင်းထန်သော လေပွေလှိုင်းတစ်ခု တိုက်ခတ်သွားသဖြင့် လူတိုင်းသည် အလျင်အမြန် အဝေးသို့ ဆုတ်ခွာသွားကြသည်။

မုယွင်လုံသည် မုယွင်မိသားစု၏ ခေါင်းဆောင်ဖြစ်ပြီး အစွမ်းထက်သော လူတစ်ဦးဖြစ်သည်။

မျက်မမြင်ထျယ်က ခေါင်းကိုမော့ကာ မုယွင်လုံအား ရင်ဆိုင်ရင်း အေးစက်စွာ ပြောလိုက်သည်။ "မုယွင်လုံ မင်းက ကိုယ့်ကိုကိုယ် လေးမျက်နှာကျေးရွာရဲ့ အကြီးအကဲတွေထဲက တစ်ယောက်အဖြစ် မှတ်ယူထားပေမယ့် ရွာစည်းမျဉ်းတွေကို ချိုးဖောက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြုမူနေတဲ့ အပြင်လူတစ်​ယောက်ရဲ့ အပြစ်တွေကို လျစ်လျူရှုပြီး သူတို့ ရွာအတွင်းက လူတွေကို ဆန့်ကျင်တိုက်ခိုက်နေတာကို ခွင့်ပြုထားတာလား။"

မုယွင်လုံ၏ မျက်နှာက တင်းမာခက်ထန်သွားသည်။ ရွာ၏ သံမဏိစည်းကမ်းမှာ ရွာသားများကို ဆန့်ကျင်တိုက်ခိုက်သည်အား အသာထား၍ အပြင်လူများ အချင်းချင်းပင် ရွာအတွင်း၌ တိုက်ခိုက်ခြင်းအား မည်သည့်အခါမှ ခွင့်မပြုခဲ့ခြင်း ဖြစ်သည်။

"ရွာက ပြောင်းလဲသွားပြီ။ အမွေအနှစ်တွေက လေးမျက်နှာကျေးရွာထဲမှာ ပေါ်ပေါက်လာတဲ့ ဆရာသခင်ကလည်း အပြောင်းအလဲကို သဘောတူခဲ့ပြီးပြီ။ လေးမျက်နှာကျေးရွာကို အပြင်လူတွေနဲ့ အဆက်အသွယ်ပြုလုပ်ဖို့ ခွင့်ပြုခဲ့တယ်။ ဒါကြောင့် တချို့စည်းမျဉ်းတွေကို ပြောင်းလဲဖို့ လိုအပ်တာ သဘာဝပဲ။ ဒီအခြေအနေအောက်မှာ ပဋိပက္ခတစ်ချို့ မရှိဖို့ ဆိုတာတော့ ခက်ခဲလိမ့်မယ်။" မုယွင်လုံက အေးစက်စွာ ဆက်ပြောလိုက်သည်။ "မင်းနောက်က လူတွေက ငါ့သား မုယွင်ရှုကို ဆန့်ကျင်ဖို့ ကြိုးစားခဲ့တာကို မမေ့နဲ့။ ငါ သူတို့ကို ရွာက နှင်ထုတ်ချင်ပေမယ့် ဘယ်လို ရပ်တန့်ခဲ့ရလဲ မှတ်မိလား။"

"မုယွင်လုံ အရင်ဦးဆုံး စလှုပ်ရှားတဲ့ သူက ဘယ်သူလဲ။" ထိုအချိန်တွင် အဘိုးမာက ထွက်လာကာ ပြောလိုက်သည်။ "မင်းရဲ့သားက ထျယ်ထိုကို ဆန့်ကျင်ဖို့ အပြင်လူတွေကို ညွှန်ကြားခဲ့ပေမယ့် မင်းက မုယွင်ရှုကို မတားဆီးရုံမကဘဲ တခြားလူတွေကို နှင်ထုတ်ချင်တဲ့ သူအပြုအမူတွေကိုပါ ကူညီပေးခဲ့တယ်။ ပြီးတော့ စည်းမျဉ်းတွေကို အရင် ချိုးဖောက်တာ မုယွင်မိသားစုရဲ့ ဧည့်သည်တွေပဲ။ မုယွင်လန်ရဲ့ နာမည်က အပြင်လောကမှာ ကျော်ကြားပြီး သူက နန်ဟိုင်မိသားစုရဲ့ သားမက်ဖြစ်တာကို ငါသိတယ်။ ဒါကြောင့် မုယွင်မိသားစုက လေးမျက်နှာကျေးရွာရဲ့ အရေးကိစ္စတွေကို အာရုံမစိုက်တော့ဘူးပေါ့လေ။ မင်းရဲ့ မျက်လုံးထဲမှာ ကျုပ်တို့ရွာသားတွေက နန်ဟိုင် မိသားစုက လူတွေလောက် တန်ဖိုးမရှိတော့တာလား။"

မုယွင်လုံက အဖိုးဘိုးမာကို စိုက်ကြည့်လိုက်ပြီး ရွာထဲရှိ လူတိုင်းသည်လည်း အတူတူပင် ဖြစ်သည်။

ယခုတွင် ပဋိပက္ခဖြစ်ပွားသည့် နှစ်ဖက်အဖွဲ့ရှိလာပြီး ၎င်းတို့မှာ မုယွင်လုံနှင့် အဘိုးမာ၏ မိသားစုတို့ပင် ဖြစ်သည်။ ဤ တစ်ကြိမ်၌ ရှောင်လင်းက နတ်ဘုရားနည်းစနစ်တစ်ခုကို ဆက်ခံနိုင်လိမ့်မည်ဟု မည်သူမှ ထင်မှတ်မထားခဲ့ကြပေ။ မုယွင်လုံသည် ထိုသို့ ဖြစ်ပွားခဲ့သည်ကို မြင်သည့်အခါ အလွန် စိုးရိမ်ပူပန်မှုကို ခံစားခဲ့ရပြီး နန်ဟိုင်မိသားစုအား လှုပ်ရှားစေခဲ့သည်။ သို့သော်လည်း မည်သူမှ ထင်မှတ်မထားခဲ့သည်မှာ မျက်မမြင်ထျယ်က ထိုမျှ အစွမ်းထက်သော ဝင်ရောက်ဟန့်တားသူ ဖြစ်လာလိမ့်မည်ကိုပင် ဖြစ်သည်။

"ငါ့ အမြင်အရဆိုရင် မုယွင်လုံ မင်းက အရမ်းတစ်ကိုယ်ကောင်းဆန်တယ်။ မင်းက အပြင်လူတွေရဲ့ စိတ်ဝင်စားမှု အကြောင်းကိုပဲ ဂရုစိုက်ပြီးတော့ ရွာရဲ့အရေးကိစ္စတွေကို စိတ်မဝင်စားဘူး။ မင်းနဲ့ မုယွင်ရှုက လေးမျက်နှာကျေးရွာကနေ မောင်းထုတ်ခံရသင့်တယ်။" အဘိုးမာက ဂရုမစိုက်စွာ ပြောလိုက်သည်။ ဤသည်မှာ ချက်ချင်းပင် ရွာအတွင်းမှ လူတိုင်း၏ နှလုံးသားများကို ခုန်ပေါက်လာစေ၏။

မုယွင်လုံက လေးမျက်နှာကျေးရွာမှ ဖယ်ထုတ်ခံရမည်လား။

"ခင်ဗျား ဘာအကြောင်းပြောနေလဲဆိုတာ ကိုယ့်ကိုကိုယ် သိရဲ့လား။" မုယွင်လုံက အဘိုးမာကို စိုက်ကြည့်လိုက်သည်။ သူ့မိသားစုကို လေးမျက်နှာကျေးရွာမှ ထုတ်ပယ်မည်လား။

မုယွင်မိသားစုက လေးမျက်နှာကျေးရွာတွင် အဆင့်မြင့်မားသော အဆင့်အတန်းရှိခြင်းအပေါ် ကျေနပ်နေကြပြီး သူက ယခုတွင် ကျေးရွာအတွင်းရှိ မိသားစုလေးစုအကြောင်း ခေါင်းဆောင်တစ်ယောက်ပင် ဖြစ်လုနီးနီး ဖြစ်နေပြီ ဖြစ်သည်။ အဘိုးမာက သူ့ကို ထုတ်ပယ်မည့်အကြောင်း မည်သို့ ပြောရဲရသနည်း။

"ဒီတစ်ခေါက် အောက်မေ့တမ်းတခြင်း အခမ်းအနားနေ့မှာ ထျယ်ထိုနဲ့ရှောင်လင်းက နိုးထမယ့် အခွင့်အရေးကို ရရှိခဲ့တာကြောင့် သူတို့ ဘိုးဘေးတွေရဲ့ နည်းစနစ်ကို ဆက်ခံနိုင်ခဲ့ပြီး ကျုပ်တို့ရွာကို ဂုဏ်ဆောင်နိုင်စေခဲ့တယ်။ ဒါက ရွာအတွက်ကြီးမားတဲ့ ပျော်ရွှင်မှု ဖြစ်သင့်ပေမယ့် မုယွင်လုံက သူတို့ရဲ့အနာဂတ်ကို မနာလိုခဲ့တာကြောင့် ရှောင်လင်းနဲ့ ထျယ်ထိုကို ရပ်တန့်ဖို့ နှစ်ခါတောင် ကြိုးစားခဲ့တယ်။ သူက ဒီရွာရဲ့ အကျိုးရှိမှုကို တိုက်ရိုက် ဖျက်ဆီးချင်နေတာပဲ။ မုယွင်မိသားစုက ရွာမှာနေဖို့ မထိုက်တန်တော့ပါဘူး။ ဆရာသခင် ကျေးဇူးပြုပြီး ဆုံးဖြတ်ပေးပါ။"

အဘိုးမာက လက်နှစ်ဖက်ကို ဆုပ်ကာပြောလိုက်သည်။ ကြည့်ရသည်မှာ သူသည် ဤ တစ်ကြိမ်၌ အလေးအနက်ဖြစ်နေပြီး နောက်ပြန်မဆုတ်တော့ပုံပေါ်လေသည်။ သူက မုယွင်မိသားစုကို ရွာမှ အမှန်တကယ် နှင်ထုတ်ချင်နေသည်။

ထိုပြင်ပအင်အားစုများက စွပ်စွဲချက်များကြောင့် စိတ်အနှောက်အယှက် ဖြစ်သွားကြ၏။ လေးမျက်နှာကျေးရွာက လောကမှ သီးခြားနေထိုင်ခဲ့ပြီး ရွာအတွင်းရှိ လူများသည် အချို့သော ရန်ငြိုးရန်စများ သိုဝှက်ထားကြသည်။ ကြည့်ရသည်မှာ ဤ တစ်ကြိမ် ပဋိပက္ခက ထိုစိတ်မကျေနပ်ချက်များကို ပေါက်ကွဲထွက်လာစေပြီး နှစ်ဖက်လုံးက ယခုကဲ့သို့ ချောင်ပိတ်မိသော အခြေအနေ ဖြစ်လာစေခြင်း ဖြစ်နိုင်သည်။

"ကျွန်တော် သဘောတူတယ်။" မျက်မမြင်ထျယ်က နန်ဟိုင်ချင်းကို လွှတ်ပေးလိုက်ပြီး ဆရာသခင်ဘက်သို့ မျက်နှာမူကာ အကြံပြုလိုက်သည်။

မုယွင်မိသားစုမှ လူများသည် ယခင်က သူ့သားကို ဆန့်ကျင်ရန် ကြိုးစားခဲ့ကြသည်။ ဤ တစ်ကြိမ်၌ သူတို့က ရှောင်လင်းကို ရည်ရွယ်ခဲ့သည့်အတွက် သူနှင့် အဘိုးမာက လုံးဝ ဒေါသထွက်သွားကြသည်။ သူသည် အဘိုးမာက အလွန် ဒေါသကြီးနေသည်အား အပြစ်တင်ခြင်း မပြုနိုင်ပေ။

နတ်ဘုရားနည်းစနစ် ခုနှစ်ပါးမှာ လေးမျက်နှာကျေးရွာ၏ အပိုင်ဖြစ်သည်။ သူတို့က ရွာသားများဖြစ်နေသရွေ့ မည်သူမဆို နတ်ဘုရားနည်းစနစ်ကို ဆက်ခံနိုင်ရန် အခွင့်အရေးရှိသည်။ ထျယ်ထိုနှင့် ရှောင်လင်းက နတ်ဘုရားနည်းစနစ်ကို ဆက်ခံပြီး လေးမျက်နှာကျေးရွာအတွက် ဂုဏ်ဆောင်နိုင်ခဲ့သော်လည်း မုယွင်မိသားစုက မည်သည်တို့ ပြုလုပ်ခဲ့သနည်း။

ချက်ချင်းပင် လေးမျက်နှာကျေးရွာအတွင်းရှိ လူများက တီးတိုး ရေရွတ်လိုက်ကြပြီး မုယွင်လုံကို လက်ညှိုးထိုးကာ ပြောဆိုနေခဲ့ကြသည်။ မုယွင်လုံ၏ ရီဖူရှင်းကို မောင်းထုတ်ရန် ကြိုးစားခဲ့မှုကြောင့်သာမဟုတ်လျှင် သူတို့သည်အောက်မေ့တမ်းတခြင်း အခမ်းအနား နေ့ရက်အတွင်း မုယွင်ရှုက ထျယ်ထိုအပေါ်ပြုလုပ်ချင်ခဲ့သည့် တစ်စုံတစ်ခုကို သိရှိကြလိမ့်မည် မဟုတ်ပေ။

သို့သော် ယခုတွင် လူအများသည် မုယွင်မိသားစု၏ ဧည့်သည်များက ရှောင်လင်း၏ နိုးထခြင်းကို ဖျက်လိုဖျက်ဆီး လုပ်ချင်နေကြသည်ကို သူတို့၏ မျက်လုံးများနှင့် မြင်တွေ့ခဲ့ရသည်။ ဤ သည်မှာ အမှန်တကယ်ပင် ရွာအတွင်းရှိ လူများကို ဒေါသထွက်စေခဲ့သည်။ လွန်ခဲ့သည့် ဤ နှစ်များအတွင်း မုယွင်လုံ၏ အပြုအမူများနှင့် အတွေးအခေါ်တို့ကို ဂရုတစိုက် စဉ်းစားကြည့်လျှင် သူသည် အမြဲတစေ ဦးစားပေးခဲ့သည့်အရာမှာ သူ့မိသားစုသာ ဖြစ်ကာ ရွာအရေးကိစ္စများကို မဟုတ်ပေ။

သူတို့သည် ယခင်က အများကြီး မတွေးခဲ့သော်လည်း အဘိုးမာ၏ စကားလုံးများက လူအများကို နိုးထစေခဲ့သည်။ အဆုံးမှာတော့ သူတို့သည်ထို ကိစ္စများကို မည်သည့်အခါကမှ မတွေးခဲ့ဖူးသော ရိုးရှင်းသည့် ရွာသားများသာ ဖြစ်ကြပေသည်။

သူ့အနောက်မှ လက်ညှိုးထိုးကာ ပြောဆိုနေကြမှုများကို သတိပြုမိသည့် အခါ မုယွင်လုံ၏ အမူအရာက သိပ်မကောင်းတော့ပေ။ ဤသည်မှာ သူ ရွာသားများ၏ ဆူပူခြင်းခံရသည့် ပထမဆုံး အကြိမ်ပင် ဖြစ်သည်။ ထို တီးတိုးပြောဆိုသော စကားများက သူ့ကို စိတ်မကျေမနပ် ဖြစ်လာစေသည်။

သူသည် ဤ အခြေအနေမျိုးနှင့် အဆုံးသတ်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

"လေးမျက်နှာကျေးရွာရဲ့ အရေးကိစ္စတွေကို ရွာအတွင်းမှာပဲ ကိုယ်တိုင် ရှင်းရမယ်လို့ ကျုပ်အရင်က ပြောခဲ့ဖူးတယ်။ အခု မဆုံးဖြတ်နိုင်ဘူးဆိုရင် ကျုပ်တို့က အတူတကွ ဆုံးဖြတ်နိုင်ဖို့အတွက် နတ်ဘုရားနည်းစနစ်ခုနစ်ခု ပေါ်ပေါက်လာပြီး ဆက်ခံသူ မိသားစု ခုနှစ်ယောက်ရှိလာတဲ့အထိ စောင့်ကြရလိမ့်မယ်။ ဒီနည်းလမ်းကပဲ လေးမျက်နှာကျေးရွာရဲ့ ဆန္ဒကို ကိုယ်စားပြုနိုင်လိမ့်မယ်။" အဝေးမှ ဖမ်းဆုပ်ရန် ခက်ခဲသော အသံတစ်ခုကို ကြားလိုက်ရသည်။

ယခု ထျယ်ထိုနှင့် ရှောင်လင်းက နှစ်ယောက်လုံး နိုးထလာခဲ့ပြီး ထျယ်ထိုရဲ့ မိသားစုသည်လည်း သူတို့ထဲမှ တစ်စုအပါအဝင် ဖြစ်လာသည်။ ရှောင်လင်းနှင့် ဖန်းမိသားစုကို ထည့်ပေါင်းလျှင် သူတို့က သုံးမိသားစု ရှိနေပြီး ဖြစ်သည်။ ယခင်က ရှီမိသားစုက ရီဖူရှင်းအား ထောက်ခံခဲ့သည့်အတွက် ရွာအတွင်းမှ ညီမျှခြင်းက စတင်၍ ပြောင်းလဲနေခဲ့ပြီဟု ဆိုလိုပေသည်။ ရှီမိသားစုသည်လည်း မုယွင်မိသားစုကို စိတ်မကျေနပ်ခဲ့လျှင် မုယွင်လုံ၏ ထုတ်ပယ်ခံရခြင်းက ပို၍ အစစ်အမှန် ဖြစ်လာနိုင်လိမ့်မည်။

ဆရာသခင်၏ အပြောအရ နတ်ဘုရားနည်းစနစ်ခုနှစ်ခု အားလုံး ပေါ်ထွက်လာလိမ့်မည် ဖြစ်သောကြောင့် ဖန်းမိသားစုက အစားထိုးခံရရန် ဖြစ်နိုင်သော်လည်း အစားထိုးမည့် သူမှာ မည်သူများ ဖြစ်​ကြောင်း မည်သူ ဖြစ်လိမ့်မည်ဟု မည်သူမှ သေချာမသိကြပေ။

သို့သော် ဆရာသခင်၏ စကားလုံးများကို ဆုံးဖြတ်ရလျှင် အဆုံးသတ်က သိပ်မဝေးတော့ပုံ ရလေသည်။ အထူးသဖြင့် ရှောင်လင်း နိုးထခြင်းပြီးသည့်နောက် ရွာအတွင်းမှ လူတိုင်း၏ အတွေးက ပို၍ပင် ခိုင်မာလာသည်။ နတ်ဘုရား နည်းစနစ်ခုနှစ်ခုလုံးက ပေါ်ပေါက်လာလိမ့်မည် ဖြစ်ပြီး သူတို့၏ ဆက်ခံသူကို ရှာဖွေကြလိမ့်မည်။

"ကြည့်ရတာ အဘိုးမာက ကံအရမ်းကောင်းပုံရတဲ့ ရီဖူရှင်းကို ရှာခဲ့တာ မှန်သွားပုံပဲ။ သူက ရှောင်လင်းကို ကူညီခဲ့ပုံရတယ်" လူအများသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး သူတို့၏ နှလုံးသားထဲမှ အကြောင်းအရာများအား လျှို့ဝှက်စွာ ဆက်စပ်နေခဲ့ကြသည်။

"အပြင်လူတွေအနေနဲ့ လေးမျက်နှာကျေးရွာက အခုချိန်မှာ ပုံမှန် မဟုတ်တဲ့အတွက် ဝင်ရောက်စွက်ဖက်လို့မရဘူး။ ဒါပေမယ့် တစ်ခုတော့ရှိတယ်။ အပြင်လူတွေက လေးမျက်နှာကျေးရွာရဲ့ ရွာသားတွေကို တိုက်ခိုက်တာကိုတော့ ခွင့်ပြုမှာ မဟုတ်ဘူး။" အသံထွက်ပေါ်လာသည်နှင့် ကောင်းကင်မှ ကြောက်မက်ဖွယ် ဖိနှိပ်မှုတစ်ခု ကျဆင်းလာပြီး လူအများ၏ နှလုံးသားက အခုန်မြန်သွားသည်။ သူတို့က မဟာလမ်းစဉ်၏ ခမ်းနားထည်ဝါသော ချူပ်ကိုင်လွှမ်းမိုးမှုကို ခံစားမိလိုက်ကြ၏။

"ပြီးတော့ အနာဂတ်မှာ အပြင်လောကနဲ့ ဘယ်လိုဆက်လုပ်မလဲဆိုတာ နတ်ဘုရားနည်းစနစ်ခုနစ်ပါးကို ဆက်ခံတဲ့သူ ခုနှစ်ယောက် ထွက်လာတဲ့အခါ သူတို့ ဆုံးဖြတ်လိမ့်မယ်။" ဆရာသခင်က ဆက်ပြောလိုက်သည်။ သူက ယခုထိတိုင် ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ အရာအားလုံးသည် လေးမျက်နှာကျေးရွာ၏ ဆန္ဒအတိုင်း ဖြစ်ပျက်လိမ့်မည်ဟု ပြောနေခဲ့သည်။

***

All Chapters