Chapters

အခန်း (၆)

Vol. 1 Ch. 6

အခန်း (၆)

Vol. 1 Ch. 6

“နာအယ် တော်တော်လှတဲ့နာမည်ပဲ မင်းအသံကလည်းနားထောင်လို့ကောင်းတယ်”

ထန်ဝူလင်းထူရင်နဲ့ပြောလိုက်တယ်။ကောင်မလေးကခေါင်းကိုငုံ့ထားပြီးဘာမှမပြောဘူး။

“မင်းမိဘတွေကရောဘယ်မှာလဲ”

မေးနေတုန်းမှာပဲ နှစ်ယောက်လုံးဗိုက်ထဲကနေအသံတွေထွက်လာတယ်။ ဗိုက်စာနေကြတာပါ။

“မင်းလည်းဗိုက်ဆာနေတာလား မင်းမိဘတွေဘယ်မှာလည်းမသိသေးရင် ငါမင်းကိုအိမ်ခေါ်သွားမယ် ငါ့အမေက ဟင်းချက်ကောင်းတယ် မင်းကိုကျွေးမယ်”ဆိုပြီးနာအယ်လက်ကိုဆွဲကာသူအိမ်ကိုဦးတည်ပြီးခေါ်သွားလိုက်တယ်။နာအယ်က နောက်ကနေလိုက်သွားပြီးတော့ ကျေးဇူးတင်နဲ့အကြည့်နဲ့ထန်ဝူလင်းရဲ့နောက်ကျောကိုကြည့်နေတယ်....

“”အမေ့သားပြန်ရောက်ပြီ””

ထန်ဝူလင်းအိမ်ထဲဝင်တာနဲ့အော်လိုက်တယ်။

“တိုးတိုးအော်ပါ အိမ်နီးနာချင်းတွေလန့်ကုန်ပါဦးမယ်”

လန်ယွဲ့က တံခါးဖွင့်ပေးရင်းရီကာပြောလိုက်တယ်။

”ဒီနေ့ကျောင်းတက်ရတာဘယ်လိုလဲ။ နေပါဦးဘာလို့နင်ကညစ်ပတ်နေရတာလဲ”

ပြီးတော့ ထန်ဝူလင်းကောင်မလေးးတစ်ယောက် ရဲ့လက်ကိုဆွဲတာထားတဲ့သူ့သားကိုကြည့်ပြီး

ထူးဆန်းနေတယ်။

“အမေသား လူဆိုးတွေနဲ့တိုက်ခိုက်လာတာ”ဆိုပြီးဖစ်ပျက်ခဲ့ကမျှကိုပြောပြလိုက်တယ်။သူ့သားပြောတာတွေကြားပြီးတော့လန်ယွဲ့က

“ ကလေးရယ် အ့တာတွေက အန္တရာယ်များတာကို သားဘယ်လိုတောင် လုပ်ရတာလဲ”ဆိုပြီး အရမ်းစိုးရိမ်ပြီးပြောနေတယ်။နောက်တော့

လူငယ်တွေက ဒီလိုပဲစိတ်မြန်လက်မြန်ရှိတာပါပဲ ဖြည့်တွေးလိုက်ရတယ်။

ထန်ဝူလင်းက”အဖေကသင်ထားတယ်လူဆိုးတွေနဲ့တိုက်ခိုက်တဲ့အခါကြောက်နေစရာမလို့ဘူး ရဲရဲတိုက်ရမယ်တဲ့”လို့ပြောတော့ လန်ယွဲ့က တော်တော့ထပ်မပြောနဲ့ဆိုပြီး ငေါက်လိုက်တယ်။

လန်ယွဲ့ကရောက်ကတည်းက ဘာစကားမှမပြောပဲငြိမ်နေတဲ့ နာအယ်ကိုကြည့်ပြီး

”သမီးနာမည်ကနာအယ်လား သမီးရဲ့မိဘတွေကရော”

မေးသာမေးနေရတာပါ နာအယ်ကတစ်လုံးမှပြန်မဖြေပဲဲကြည့်ပဲနေတယ်။သားကြင်နာတတ်တာကသူ့အမေကလည်း

ကြင်နာတတ်လို့ဆိုတာမမေ့ပါနဲ့။

လန်ယွဲ့က “ကောင်းပါပြီး နင်တို့နှစ်ကောင်ခုတော့ရေချိုးရမယ် ညစ်ပတ်နေတာပဲ”ဆိုပြီး မျောက်လောင်းရုပ်နဲ့နှစ်ကောင်ကို ရေချိူးခန်းထဲခေါ်သွားတယ်။ ရေချိုးအဝတ်စားလဲပြီးချိန်မှာတော့ထန်ဝူလင်းက

“ နာအယ် နင်တော်တော်ချစ်စရာကောင်းတာပဲ”ဆိုပြီးပြောလိုက်တယ်။ အဝတ်အစားပွပွကြီးတွေဝတ်ထားတာတောင်မှ နာအယ်က ချစ်စရာကောင်းနေတုန်းပဲ သူ့အသားရည်က ထန်ဝူလင်းထက်တောင်ပို ချောမွေ့နေသေးတယ်။သူ့အဝတ်စားပွပွကြီးတွေဝတ်နေတာတောင်နာအယ်ကအရမ်းချစ်စရာကောင်းနေတယ်။သူတို့ ထမင်းစားစားပွဲကိုသွားကြတယ်။ ညစာစားချိန်မဟုတ်သေးတော့ သူတို့ကို လန်ယွဲ့က ဘီစကစ်တွေကိုပန်ကန်နဲ့ထည့်ပြီးနွားနို့တစ်ခွက်စီတိုက်တယ် ။ နာအယ်ကတော်တော်ဗိုက်ဆာနေပုံရတယ်။ ခဏလေးနဲ့ မုန့်တွေနဲ့နွားနို့တွေကိုမြန်မြန်ပဲစားသောက်ပလိုက်တယ် ။သူကြည့်ရတာထပ်တောင်လိုချင်သေးတဲ့ပုံ။ အ့မှာ ထန်ဝူလင်းက သူ့ဝေစုထဲကနေ ဘီစကစ်တစ်ချို့ကိုထည့်ပေးလ်ိုက်ပြီး “ရော့ရော့ငါဟာပါစားလို့ရတယ်” သူလည်းဆက်စားနေတယ်။

လန့်ယွဲ့က “သမီးမိဘတွေကိုဘယ်လ်ုဆက်သွယ်ရမလဲ သိလား”လို့ နာအယ်ကို မေးတော့ နာအယ်က ခေါင်းခါပြတယ်။”အ့တာဆိုသမီးကဘယ်က လာပြီးသမီးမိသားစုကိုကဘယ်မှာလဲ”ဆိုပြီးမေးတော့နာအယ်က ခေါင်းကိုဆက်ခါနေတုန်းပဲ။

”အ့တာဆိုသမီးအသက်ဘယ်လောက်လဲ”

အဲ့မှာတော့ နာအယ်က “5နှစ်ခွဲ”လို့ဖြေလိုက်တယ်။ နောက်ဆုံးတော့အသံထွက်လာတယ်။

ထန်ဝူလင်းက “ ငါက မင်းထပ်ကြီးတာပေါ့ ငါက6နှစ်တောင်ရှိပြီကွ” လန်ယွဲ့က နာအယ်ကို အုပ်ချုပ်ရေးရုံးကိုခေါ်သွားပြီး သူ့မိသားစုအကြောင်းစုံစမ်းနိုင်အောင်လို့ နာအယ်နဲ့အတူထွက်သွားတယ်။ ထန်ဝူလင်းလည်း အိမ်စောင့်တစ်ယောက်ထဲကျန်နေခဲ့တော့ နေ့လည်းကသင်ပေးတဲ့ ကျင့်ကြံနည်းကိုစတင်ကျင့်ကြံဖို့ စိတ်ကူးပြီးအခန်းထဲဝင်သွားတယ်။ ဒီကျင့်ကြံနည်းက လူတစ်ယောက်ကဲ့ သဘာဝတရားကိုခံစားသိရှိဖို့ကပထမပဲ။ ထန်ဝူလင်းကအစကတည်းက အတွေးများစရာမရှိတဲ့လူမလို့ စိတ်အာရုံကိုမြန်မြန်ဆန်ဆန်ပဲ စုစည်းနိုင်တယ်။နောက်ပြီး သူ့သိုင်းဝိညာဥ်ငွေပြာမြက်နဲ့ ဝိညာဥိစွမ်းအားတွေချိတ်ဆက်နေတာကိုခံစားလို့ရနေတယ်။

ပထမဆုံးအကြိမ်ခုလိုခံစားဖူးတာပဲ။စိတ်အာရုံစုစည်းပြီးဆက်သွယ်မှုတွေ ရသွားတဲ့အချိန်မှာ သူစပြီးတရားထိုင်တော့တယ်။စိတ်အာရုံထဲမှာငွေပြာမြက်ရဲ့အလင်းရောင်တွေကိုခံစားနေရတယ်။ နောက်ပြီး ကမ္ဘာပေါ်က ပေါက်နေတဲ့ငွေပြာမြက်တစ်ချို့ကိုလည်းခံစားလို့ရနေတယ်။အားတော့မသန်မာသေးပေးမဲ့မဝေးတော့တဲ့အနာဂတ်မှာသူအောင်မြင်တော့မှာကိုသိနေတယ်။