အခန်း (၈)
Vol. 1 Ch. 8
“ခဏစောင့်ဦး” ထန်ကျီရမ်သူ့သားကိုပြောလိုက်တယ်။ထန်ကျီရမ်ကသူ့အနားကကုလားထိုင်ကိုပုတ်လိုက်တယ်။ “ လာထိုင်။ အဖေမင်းနဲ့ဆွေးနွေးစရာရှိတယ် “ထန်ကျီရမ်က“ သား၊ မင်းက ဝိညာဥ်မာစတာ ဖြစ်ဖို့လမ်းကြောင်းကိုရွေးခဲ့တယ်၊ ဒါကြောင့်အဖေကမင်းကိုထောက်ခံမယ်။မင်းအခက်အခဲများစွာနှင့်ရင်ဆိုင်ရမှာကိုမင်းနားလည်ရ
မယ်။ အ့တာကတော့စာလေ့တာရမှာတင်မဟုတ်ဘူး မင်းအိမ်မှာလည်းရင်ဆိုင်မှာပဲ။
“ ဝိညာဥ်စွမ်းအား အဆင့် ၁၀ ကိုရောက်ပြီးတာနဲအဲ့အဆင့်ကိုဖြတ်ကျော်နိုင်ဖို့ ၀ိညာဉ်ကွင်းတစ်ကွင်းလိုအပ်လိမ့်မယ်။
အရင်တုန်းကတော့ ဝိညာဉ်သားရဲတွေကိုလိုက်လံရှာဖွေပီးတော့ဝိညာဉ်ကွင်းကိုရနိုင်တယ်။ဒါပေမဲ့ နှစ်ပေါင်းတစ်သောင်းကြာလာတော့ ငါတို့ဝိညာဉ်စွမ်းအားတွေက ဝိညာဉ်ကွင်းတွေ ထက်ပိုစွမ်းအားရှိတယ်ဆိုတာကို သုတေသနတွေက တဆင့်တွေ့ရှိခဲ့တယ်။တကယ်တော့အဆင့်မြင့်သိုင်း၀ိညာဥ်တွေကအဆင့်တိုးတက်ပြောင်းလဲနိုင်တယ်။ အဆင့်တွေလည်းပြောင်းလာနိုင်နေပြီ။အခုဆို
သိုင်းဝိညာဥ်တွေက ဝိညာဥ်ကွင်းတွေထက်ကိုပိုမိုအစွမ်းထက်လာပြီ။ဝိညာဥ်စွမ်းအားအဆင့်ဘယ်လောက်ပဲဖစ်ဖစ်လိုအပ်တဲ့ဝိညာဥ်ကွင်းတွေကို ပေးနိုင်တဲ့ဝိညာဥ်ကွင်းအတုတွေကို ဝိညာဥ်စေတီတော်ကနေ ၀ ယ်လို့ရနေပြီ ”
ပြောချင်တာကာ အစစ်လို့အစွမ်းထက်တဲ့ဝိညာဥ်ကွင်းတွေကို အဆင့်ပေါ်လိုက်ပြီး ဝယ်လို့ရနေပြီကွာ။(ဝိညာဥ်သားရဲတွေမျိုးတုန်းခါနီးတော့ ဝိညာဥ်စေတီတော်ဆိုတဲ့ အဖွဲ့အစည်းက ဝိညာဉ်ကွင်းအတုလိုမျိုး ဝိညာဉ်ကွင်းတွေကိုဖန်တီးခဲ့ကြတယ်။ စိတ်ဝိညာဉ်လို့ခေါ်တဲ့ အသိဥာဏ်မရှိတဲ့ ဝိညာဉ်သားရဲအသေးစားဗားရှင်းလေးတွေပါ။ သူတို့ကိုလည်း သက်တမ်းခွဲထားတယ်။ ဆယ်နှစ်၊နှစ်တစ်ရာ၊နှစ်တစ်ထောင်၊နှစ်တစ်သောင်းနဲ့နှစ်တစ်သိန်းအမျိုးမျိုးရှိတယ်။ သူတို့ကဝိညာဥ်မာစတာတွေနဲ့ပေါင်းပီးတော့ ဝိညာဥ်ကွင်းတွေထုတ်နိုင်တယ်။ဝိညာဥ်သားရဲအစစ်တွေနဲ့မတူတာက စိတ်ဝိညာဉ်ဆိုတဲ့အကောင်တွေက တစ်ကွင်းမကဘူးထုတ်ပေးနိုင်တယ်။ သက်တမ်းအလိုက်ပေါ့ ဆယ်နှစ်စိတ်ဝိညာဥ်အကောင်ဆိုရင် ဝိညာဥ်ကွင်းတစ်ကွင်း။ နှစ်တစ်ရာစိတ်ဝိညာဥ်ဆိုရင် နှစ်ကွင်းအဲ့လိုတိုးတိုးသွားတာ။ စိတ်ဝိညာဉ်ကောင်တွေရဲ့ အားနည်းချက်က သက်တမ်းပေါ်လိုက်ပြီးဝိညာဥ်ကွင်းကိုထုတ်နိုင်တာပဲ။ ဘယ်လိုလဲဆိုတော့ ဆယ်နှစ်စိတ်ဝိညာဥ်က အဖြူကွင်းပဲထုတ်ပေးနိုင်တယ်။ နှစ်တစ်ရာအကောင်က အဝါကွင်းနှစ်ကွင်း။ နှစ်တစ်ထောင်ဆိုရင် ခရမ်းသုံးကွင်း ။ )
“ အဖေကရဲ့လစာနည်းနည်းလေးနဲ့ဒီကိစ္စကိုဘာမှမလုပ်ပေးနိုင်ဘူး။ ငါတို့အိမ်သားတွေအတွက်ထောက်ပံ့ဖို့ပဲလုံလောက်တယ်။အခုဆို နာအယ်ကိုပါထည့်ပြီးမင်းတို့နှစ်ယောက်စားပိုရှာရမယ်၊ မင်းအဆင့် ကိုမြှင့်တင်တဲ့အခါအဖေကမင်းအတွက်အနိမ့်ဆုံးအဆင့် ၀ိညာဉ်ကွင်းကိုတောင်၀ယ်ပေး ဖို့ခက်ခဲလာပြီ။ ဝိညာဉ်စေတီတော်က ၀ိညာဉ်ကွင်းကိုရယူဖို့ကနည်းလမ်းနှစ်ခုပဲရှိတယ်။ ပထမဆုံးကတော့မင်းအရမ်းတော်ပြီးတိုးတက်နှုန်းအရမ်းမြန်တဲ့ ဝိညာဥ်မာစတာ ဖြစ်ရမယ်။ အ့လ်ိုထူးချွန်သူတွေကိုသူတို့ရဲ့ပထမဦးဆုံးစိတ်ဝိညာဉ်ကိုအခမဲ့ပေးတယ်။ ဒါပေမဲ့မင်းရဲ့ငွေပြာမြက်သ်ိုင်းဝိညာဥ်နဲ့က ဘယ်လိုမှမဖစ်နိုင်ဘူး ။အဲ့ဒါကြောင့်ငါတို့က ဒုတိယနည်းလမ်းတစ်ခုဖစ်တဲ့ဝိညာဥ်ကွင်းကို ၀ယ်ဖို့ပဲ ကျန်တော့တယ်။ ”
ထန်ဝူလင်းက သူ့အဖေရဲ့စကားကြောင့်အံ့သြသွားတယ်။ သူကဒီပြဿနာကိုဘယ်တုန်းကမှမစဉ်းစားခဲ့ဖူးဘူး။ အမှန်ပဲ! ဝိညာဥ်မာစတာတွေက ဝိညာဉ်ကွင်းတွေ လိုအပ်တယ်။ ဝိညာဉ်ကွင်းတွေကိုဝိညာဉ်သားရဲတွေ (သို့) ၀ိညာဥ်စေတီတော်က ရရှိနိုင်တယ်။ ဝိညာဉ်သားရဲတွေကအခုအခါအလွန်ရှားပါးလာပြီးသူတို့ထံမှအဆင့်မြင့်ဝိညာဉ်ကွင်းရရှိဖို့အလွန်ခက်ခဲတယ်။ သူ့ရဲ့တစ်ခုတည်းသောရွေးချယ်မှုက ဝိညာဥ်ကွင်းတစ်ခု ၀ ယ်ရမှာပဲ။ခြောက်နှစ်အရွယ်ထန်ဝူလင်းအတွက် ပထမဆုံးအကြိမ်ငွေရေးကြေးကိုစိတ်ပူလာရတာပါ
“ဒါဆိုဖေဖေဘာလုပ်မှာလဲ”သူ့အဖေကိုမေးလ်ိုက်တယ်။ထန်ကျီရမ်ကရယ်ပြီး“ ဒါကအဖေ့ရဲ့အရည်အချင်းအရပါ။ နောက်နှစ်အနည်းငယ်လောက်ဆိုရင်တော့ မင်းကိုနည်းနည်းလောက်ကူညီဖို့လုံလောက်တဲ့ငွေရှာဖို့ကြိုးစားနိုင် လိမ့်မယ်။ ဒါပေမယ့်မင်းရဲ့ကိုယ်ပိုင်ကြိုးစားအားထုတ်မှုအပေါ်မှာမူတည်နေသေးတယ်။ ဦး လေးမန်ထျန် ကိုမှတ်မိသေးလား “
“ကျွန်တော်မှတ်မိတယ်! “ထန်ဝူလင်းရဲ့ စိတ်ထဲတွင်အရပ်ရှည်။ ကြမ်းတမ်းသောသက်လတ်ပိုင်းလူတစ်ယောက်ရဲ့ပုံပေါ်လာတယ်။
ထန်ကျီရမ် က“ မင်းရဲ့ ဦး လေးမန်ထျန် ကထူးချွန်တဲ့ပန်းပဲဆရာ။ ငါတို့ရဲ့အခြေအနေတွေအကြောင်းသူ့ကိုငါပြောပြီးပြီ၊ သူကမင်းကိုသူ့လက်အောက်မှာအလုပ်သင်သင်တန်းတက်ဖို့ပြောတယ်။နောက် သုံးပတ်ကြာရင် သူကနေ့တိုင်းနှစ်နာရီကြာသင်ပေးလိမ့်မယ်။ မင်းကသုံးလကျော်လို့အနည်းငယ်တက်ကျွမ်းသွားရင် မင်းငွေနည်းနည်းရှာနိုင်လိမ့်မယ်။ ”
ထန်ဝူလင်းရဲ့မျက်လုံးများတောက်ပလာပြီး “ သားလုပ်ချင်တယ်ဖေဖေ။ ကျေနာ်ဘယ်အချိန်မှာစသင်ရမလဲ။ “
ထန်ကျီရမ် ကသူ့သားကိုအဓိပ္ပါယ်ရှိစွာကြည့်လိုက်ပြီး“ပန်းပဲပုံသွင်းခြင်းအလုပ်ကအလွန်ခက်ခဲတဲ့အလုပ်တစ်ခုေနာ်။ မင်းတကယ်လုပ်ချင်တာလား? “
ထန်ဝူလင်း ခေါင်းညိတ်လိုက်တယ်။ “ကျွန်တော်လုပ်နိုင်ပါတယ်!ကျနော့်သိူင်းဝိညာဥ်အတွက် ဝိညာဉ်ကွင်းတစ်ခု ၀ ယ်ဖို့ကျနော် ငွေရှာမယ်။ “
ထန်ကျီရမ်ကပြုံးပြီးတော့ “မင်းစမ်းကြည့်ပေါ့ အဆင်မပြေရင်တော့ဆက်မလုပ်ပါနဲ့လို့ပြောတယ်
“ ဟုတ်အဖေ ဒါဆိုသားတရားထိုင်တော့မယ် “
ထန်ဝူလင်း သူ့အခန်းသို့ပြန်လာပြီးနောက် ထန်ကျီရမ်ရဲ့ပုခုံးပေါ်ကိုမျက်ရည်လေးတစ်စက်ကျလာသည်။ သူကမျက်ရည်လည်နေသောဇနီးကိုကြည့်လိုက်တယ်။
ထန်ကျီရမ်က သက်ပြင်းချလိုက်တယ် “ ငွေပြညမြက် နဲ့ ဝိညာဥ်မာစတာ ဖြစ်ဖို့တကယ်ကိုခက်ခဲလွန်းတယ်။ ပန်းပဲလုပ်ငန်းကလက်မှုပညာတစ်ခုပဲ၊ လင်းလင်းကငယ်ရွယ်ပင်မဲ့သူ့မှာခိုင်မာသောစ်တ်ဓာတ်ရှိတယ်။ သူကဒီအခက်အခဲတွေကိုတကယ်ခံနိုင်ရည်ရှိမယ်ဆိုရင်သူကြီးလာရင်ငွေရှာလာနိုင်လိမ့်မယ်။ အ့တာအပြင်ပန်းပဲလုပ်ငန်းက သူ့ရဲ့ခွန်အားဗလကိုသန်မာစေလိမ့်မယ်။ မန်ထျန်းရဲ့လက်အောက်မှာဆို ထန်ဝူလင်းကသူ့ထက်အောင်မြင်လိမ့်မယ်လို့တွေးမိတယ်”
……..
နောက်တစ်နေ့နံနက်သူ့အမေနဲ့နာအယ် ကိုနှုတ်ဆက်ပြီး ထန်ဝူလင်း စိတ်အားထက်သန်မှုတွေနဲ့ကျောင်းကိုသွားခဲ့တယ်။
တစ်ညတရားထိုင်ပြီးနောက်မှာထန်ဝူလင်းကငွေပြမြက်နဲ့ပိုရင်နှီးလာသလိုခံစားရတယ်။။
ထန်ဝူလင်းသည် ဝိညာဉ်မာစတာ အကြောင်းအရာများအကြောင်းကိုနေ့စဉ်သင်ယူခဲ့သည်။ ယနေ့သည်ယဉ်ကျေးမှုအတန်းအလှည့်ဖြစ်သည်။ထန်ဝူလင်းက အလွန်ထက်မြက်တယ် ဆရာမတောင်သူ့ကိုချီးမွမ်းတယ်။
ကျောင်းဆင်းတော့ လန်ယွဲ့ကသူ့သားက်လာကြိုတယ်။ လန်ယွဲ့ရဲ့ မျက်လုံးထဲတွင်နောင်တရစရာတစ်ခုရှိနေတယ်။ သူ့သားနားကိုအမြန်လျောက်သွားပြီး
” ငါမင်းကို ဦးလေးမန်ထျန် ဆီခေါ်သွားဖို့လာတာ။သားမင်းပန်းပဲပညာကိုတကယ်သင်ချင်တာလား။ ”
ထန်ဝူလင်းက ခေါင်းညိတ်လိုက်တယ်။ “အမှန်ပဲ!။ကျနော့်ဝိညာဥ်ကွင်းဝယ်ဖို့ အတွက်ကျနော် ငွေရှာချင်တယ်။ ”
လန်ယွဲ့က သူ့သားကိုမျက်ရည်တွေနဲ့နမ်းလိုက်ပြီး “ဟုတ်ပါပြီးသားရယ်သွားရအောင်”
မိနစ် ၂၀ ခန့်လမ်းလျှောက်ပြီးသောအခါ လန်ယွဲ့ နှင့်ထန်ဝူလင်း တို့အလုပ်ရုံတံခါးဝကြီးရှေ့သို့ရောက်လာတယ်။အလုပ်ရုံ၏အပြင်ပိုင်းသည်အနည်းငယ်ရှုပ်ထွေးသည်။ အပေါ်တွင်စာလုံးသုံးလုံးရေးထားသည်
မန်ထျန်းအလုပ်ရုံ
သူတို့သည်တံခါးများရှေ့တွင်ရှိနေစဉ်ပင်သတ္တုနံ့သည်သူတို့၏နှာခေါင်းကိုရိုက်ခတ်လာသည်။
လန်ယွဲ့ကတံခါးဘဲလ်ကိုဖိလိုက်ပြီးတံခါးဖွင့်လိုက်တာနဲ့ တံခါးဝမှာလူလတ်ပိုင်းတစ်ယောက်ရောက်လာတယ်။လူလတ်ပိုင်းအမျိုးသားကအရပ်ရှည်ပြီးအသားမည်းတယ်။ သူရဲ့မုတ်ဆိတ်အပြည့်နဲ့အနည်းငယ်ခက်ထန်ပုံရတယ်။
“ ဦး လေး မန်ထျန်း”ထန်ဝူလင်းယဉ်ယဉ်ကျေးကျေးနှုတ်ဆက်လိုက်တယ်။မန်ထျန်းကခေါင်းညိတ်ပြတယ်။ထို့နောက် လန်ယွဲ့ ဘက်သို့လှည့်ကာ “ညီမလေးကအရင်ပြန်လာတော့ နောက်နှစ်နာရီနေရင်မင်းသူ့ကိုလာကြိုလို့ရတယ်”
“အစ်ကိုကြီး မန်ထျန် ကျေးဇူးတင်ပါတယ်” လန်ယွဲ့ကသားဖြစ်သူနှင့်လမ်းခွဲလိုက်ပြီးသူ့ကိုနောက်ဆုံးတစ်ချက်ကြည့်လိုက်တယ်။ သူမမှာပြောစရာတစ်ခုရှိပေမယ့်သူမအံသွားတွေကိုအံကြိတ်ပြီးထိန်းလိုက်တယ်