အခန်း (၁၀)
Vol. 1 Ch. 10
လူတစ် ဦးရဲ့အသက်အရွယ်ပေါ် မူတည်ပီးပါရမီရှင်တစ် ဦးရဲ့အရည်အချင်းများကကွဲပြားသည်။
သံတူကိုကြိမ်တစ်ထောင်လှန်ရိုက်နိုင်ခဲ့သောခြောက်နှစ်အရွယ်ကလေးတစ်ယောက်သည်ပါရမီရှင်ဟုခေါ်ဆိုရန်လုံးဝထိုက်တန်သည်။သို့သော် မန်ထျန် ကသူ့ကိုရပ်ရန်မပြောခဲ့ပါ။ အဲ့ဒီ့အစားသူကဘေးမှာရပ်ပြီး ထန်ဝူလင်း ဆက်လက်ရိုက်နေတာကိုတိတ်တဆိတ်ကြည့်နေတယ်။
သူ့လှုပ်ရှားမှုများသည်အားကောင်းလွန်းသည်။ အကြိမ်ငါးဆယ်၊ ရှစ်ဆယ်၊ အကြိမ်တစ်ရာ
ချွေးများတစ်ဖန်ပြန်လည်စီးဆင်းလာပြီးထန်ဝူလင်းခံစားရသောနာကျင်မှုသည်ယခင်ထက်ပိုနာကျင်လာသည်။ သူ့လက်နှစ်ဖက်ပူလာသည်။ သူကိုယ်တိုင်တူကိုရိုက်ရန်ကြိုးစားသည့်အခါတိုင်းသူ့အရေပြားဖောင်းကားလာသည်။ သို့သော်လည်း ထန်ဝူလင်းအံသွားကိုကြိတ်ခါ ဆက်ရိုက်ရင်းနာကျင်မှုကိုဆက်လက်ခံနေရသည်။ ကြိမ်ပေါင်း ၁၅၀ ကြိမ်ရိုက်ပြီးနောက် ထန်ဝူလင်း ၏ခန္ဓာကိုယ်သည်စတင်ယိမ်းယိုင်လာသည်။ သူ့အမြင်အာရုံမှုန်ဝါးလာသည်၊ သူ့လက်နှစ်ဖက်လုံးရောင်ရမ်းပြီးနာကျင်ခြင်းခံစားနေရသော်လည်းအံကိုတင်းတင်းကြိတ်ထားသည်။ငါသည်းခံနိုင်တယ်။ ငါဒီစာမေးပွဲကိုကျော်ဖြတ်နိုင်တယ်။ ငါဟာယောက်ျားတစ်ယောက်ပဲ။ ဇွဲရှိခြင်းကအောင်ပွဲဆီသို့ ဦး တည်လိမ့်မယ်။
ထန်ဝူလင်း သည် မန်ထျန်နောက်ဆုံးတွင်သူ့အားရပ်တန့်ရန်ပြောလိုက်သောအခါသူကသံတူကိုရိုက်ခဲ့သည့်အကြိမ်အရေအတွက်ကိုပင်မသိတော့ပေ။ မန်ထျန်း သာသူ့ကိုမထိန်းထားခဲ့ရင်သူကြမ်းပြင်ပေါ်လဲကျသွားလိမ့်မယ်။ထန်ဝူလင်းလက်ကသံတူကိုဖယ်လိုက်တာနှင့်လက်ရောင်ရမ်းနေသည်ကိုရှင်းရှင်းလင်းလင်းမြင်ရသည်။ ထန်ဝူလင်းပင်ကိုယ်အရည်အချင်းများကြောင့်သာမကသူ၏ဇွဲလုံ့လကြောင့်လည်းဒီအထိခံနိုင်တာဖြစ်သည်။
....…….
“ မင်းတို့နှစ်ယောက်ကကလေးကောင်းကောင်းမွေးထားပြီးပြီ။ ငါသူ့ကိုတပည့်အဖြစ်လက်ခံမယ်။ မနက်ဖြန်မှ စပီး ယနေ့လိုသူ့ကိုနေ့တိုင်းလာခိုင်းပါ။ မင်းအိမ်ပြန်ရောက်ရင်ဒီဆေး ကိုသူ့လက်မောင်းမှာလိမ်းပေးပါ။ “ လန်ယွဲ့ သည် ထန်ဝူလင်းက်ိုခေါ် ရန်ရောက်လာသောအခါသူမကိုဆေးဗူး တစ်ဘူးကိုပေးလိုက်ပြီး မန်ထျန်ကနှုတ်ဆက်လိုက်သည်။ တစ်နာရီအနားယူပြီးနောက် ထန်ဝူလင်းသည်သူ့အားအင်များကိုပြန်လည်ရရှိနေပြီဖြစ်သည်။ သို့သော် သူ၏လက်မောင်းများအလွန်နာကျင်နေခဲ့သည်။
ဝိညာဥ်မာစတာ နှင့် စက်လက်နက်မာစတာ......(စက်ရုပ်တွေထဲကိုဝင်ပီး ထိန်းချုပ်ရတဲ့ ဝိညာဉ်မာစတာတွေပါ)
ထိုအရာများသည်လူငယ်ယောက်ျားလေးများအားလုံး၏အိပ်မက်များဖြစ်သည်။
“ အားး ” ထန်ဝူလင်ကသူ့လက်ကိုဆွဲလိုက်သောအခါနာကျင်စွာအော်ဟစ်လိုက်သည်။ ထိုအချိန်တွင် လန်ယွဲ့ သည်သူမသား၏လက်ဖဝါးတွင်ဒဏ်ရာများကိုတွေ့ရှိသွားသည်။
“ဘာ သူ၊ မင်းကိုဒီလိုလုပ်လိုက်တာလား “ သူမမျက်လုံးမှမျက်ရည်များစီးကျလာသည်။ သူမ၏သားသည်နှစ်နာရီသာသာလောက်အချိန်လေးမှာ ဒီလောက်နာကျင်လာလိမ့်မည်ဟုသူမမျှော်လင့်ခဲ့ပေ။
ထန်ဝူလင်း ကခေါင်းယမ်းလိုက်ပြီး “သူဘာမှမလုပ်ဘူး! ဦးလေးမန်ထျန် ကျနာ့်ကိုစမ်းသပ်တာကျေနာ်အောင်မြင်ခဲ့တယ်။ ကျနော်မတော်ဘူး လားအမေ မငိုပါနဲ့! သား မနာပါဘူး။ ”
“အိမ်ပြန်ရအောင်။ “ လန်ယွဲ့က ကသူမမျက်ရည်များကိုဝမ်းနည်းမှုအပြည့်ဖြင့်သုတ်လိုက်သည်။
“ တကယ် အမေရဲ့။ တကယ်တော့သား တကယ်ပျော်တယ်။ ကျနော် ဦးလေးမန်ထျန် ရဲ့စာမေးပွဲကိုအောင်ခဲ့တယ်။အမေသား အတွက်မပျော်ဘူးလား? ဒါကအဖေပြောခဲ့တဲ့အောင်မြင်မှုရဲ့အဓိပ္ပာယ်မဟုတ်ဘူးလား။ “
“အမေ ပျော်တယ်၊အမေ တကယ်ပျော်တယ်။ “ လန်ယွဲ့ ကသူမသားရဲ့ခေါင်းကိုပုတ်လိုက်ပြီးနောက်တစ်ကြိမ်မျက်ရည်များကျလာသည်။
သူတို့အိမ်ပြန်ပြီးနဲ့တံခါးဝကိုဝင်လိုက်တာနဲ့ က နာအယ် ထိုင်နေတာကိုတွေ့လိုက်တယ်။လန်ယွဲ့ ညနေစာချက်ပြုတ်ရန်မီးဖိုချောင်သို့သွားနေစဉ်သူမချက်ချင်းထန်ဝူလင်းဆီပြေးလာသည်။
“နာအယ် မင်းသိလား။ ဒီနေ့အန်ကယ် မန်ထျန်ရဲ့စာမေးပွဲကိုငါအောင်သွားပြီ၊ ငါအခုသူ့ဆီကနေပန်းပဲဘယ်လိုလုပ်ရမလဲဆိုတာကိုသင်ယူနိုင်တယ်။ အကိုကြီးပန်းပဲ လုပ်ပီး ငွေအနည်းငယ်ရအောင်စောင့်။အ့ဆို ၀ိညာဥ်ကွင်းတစ်ခု ၀ ယ်ဖို့ငွေကိုစုနိုင်တယ်။ ငါနင့်အတွက်မုန့်လည်းဝယ်ကျွေး နိုင်တယ် ... “ ကလေးတစ်ယောက်၏စိတ်နေစိတ်ထားကြောင့် နာအယ် အားသူ၏အောင်မြင်မှုများအကြောင်းပြောသောအခါသူ၏ရင်ခွင်ထဲရှိနာကျင်မှုကိုသူမေ့နေပြီဖြစ်သည်။
နာအယ် သည်စိတ်ထက်သန်စွာနားထောင်သော်လည်းသူမ၏မျက်လုံးများသည်ဘာမှနားမလည်တဲ့ သဘောကိုဖော်ပြနေသည်။ထန်ဝူလင်းက”ဘာမှမဖစ်ဘူးဒါ အခုမင်းရဲ့အိမ်ဘဲ။ ငါ့အမေနဲ့အဖေကမင်းအမေနဲ့အဖေပဲ။ မင်းကငါ့ရဲ့ညီမ “ နာအယ် ကသူ့ကိုငေးကြည့်ရင်းချိုသောအပြုံးကိုပြုံးလိုက်တယ်။ ဒါကသူတို့အိမ်ကိုသူရောက်လာကတည်းကပထမဆုံးအကြိမ်သူမပြုံးလိုက်ခြင်းဖြစ်သည်။
“အလို! မင်းအပြုံးကတကယ်လှတယ် နာအယ် ငါမင်းကိုလျှို့ဝှက်ချက်တစ်ခုပြောပြမယ်။ အကိုကြီးက ဝိညာဥ်မာစတာ တစ်ယောက်ဖြစ်လာဖို့အပြင်းအထန်ကြိုးစားတော၊အ့ကြောင့် ငါအနာဂတ်မှာမင်းကိုကာကွယ်နိုင်မယ်။ ဟုတ်ပီလား?”
“ ဟုတ်။ ”
ထန်ကျီရမ် ပြန်လာသောအခါညစာကိုအသင့်ပြင်ထားပြီးဖြစ်သည်။
“ဇီရန်၊ ငါနဲ့လိုက်ခဲ့။ အရင်သွားစားပါ၊ ကလေးတွေ “ တည်ငြိမ်သောအသွင်ဖြင့် လန်ယွဲ့ သည် ထန်ကျီရမ် အားတစ်ချက်ကြည့်လိုက်ပြီးပြောလိုက်သည်။ ထန်ကျီရမ်က ထန်ဝူလင်းကိုတစ်ချက်ကြည့်လိုက်သည်။ ထန်ဝူလင်းကပခုံးတွန့်ပြပြီးသူအမေဘာဖြစ်နေသည်ကိုမသိကြောင်းပြသည်။ ထန်ကျီရမ် သည် သူတို့၏အခန်းထဲသို့လိုက်သွားပြီး လန်ယွဲ့က တံခါးကိုပိတ်လိုက်သည်။
ထမင်းစားခန်းထဲတွင်....
“ငါတို့အရင်စားမယ် နာအယ် မင်းဗိုက်မဆာဘူးလား “ သူမခေါင်းညိတ်ပြီးဟက်ဟက်ပက်ပက်စားတော့တယ်။ သူမခဏစားပြီးနောက်သူမ ထန်ဝူလင်း ကအရင်နေ့ကနဲ့မတူတော့ဘူးဆိုတာကိုသတိထားမိသည်။ သူမခေါင်းကိုမော့ပြီးသူ့ကိုကြည့်လိုက်ပြီး
“အစ်ကိုကြီးဘာဖြစ်နေတာလဲ” နာအယ် ကမေးလိုက်သည်။
“ စာမေးပွဲပြီးလို့ငါ့လက်တွေအရမ်းနာေနတယ်။ “ နာအယ် သည်မျက်တောင်အနည်းငယ်ခတ်လိုက်သည်။ “ဒါဆိုငါမင်းကိုချွံ့ကျွေးမယ်”
“ဟုတ်တယ်! ကောင်းတယ်!” ထန်ဝူလင်း က
၀ မ်းသာအားရပြောတယ်။ နာအယ် သည် ထန်ဝူလင်း အားဇွန်းတစ်ဇွန်းစီကျွေးသည်။”နာအယ် မင်းကအတော်ဆုံးပဲ”