အကိုကြီး ငါ့ကိုကူညီပါ
Vol. 13 Ch. 189
~
Little Yu က ယုံကြည်မှု အပြည့်ရှိနေ၍ မောက်မာလှပေ၏ ။ Black Earth မည်မျှပင် သန်မာစေကာမူ သူ့ကို ဖမ်းမမိလျှင် ဘာတက်နိုင်မည်နည်း ။ အရှိန်မြှင့် ခြေနင်းဖြင့်ဆိုလျှင် သူဘာမှ ပူစရာမလိုတော့ ။
" အိုး အို.."
လင်းမို့လည်း အံ့သြသွား၏ ။ သူ့အား အဖေခေါ်နေသူ က ရုတ်တရက် ပြောင်းလဲသွားလေသည် ။ ခြေနင်းကို မြင်မှ သဘောပေါက်သွားသည် ။
' ဒီကောင်က ငါ ဖမ်းလို့ မမီဘူးဆိုပြီး သောက်ချိုးပြောင်းသွားတာပဲ.. '
လင်းမို့၏ အမြန်နှုန်းဖြင့် ဆိုလျှင် အမှန်ပင် လိုက်၍ မမီနိုင်ပေ ။ သို့သော်လည်း မမီရုံဖြင့် သူဘာမှ မတက်နိုင်တော့ဘူးလော ။ သူသည် စိတ်ပညာရှင် ဖြစ်သဖြင့် Little Yu အားသတ်ရန် နည်းလမ်းများစွာ ရှိပေသည် ။
Little Yu က မသိ ။ သူက လင်းမို့အား အရှိန်ဖြင့် လှည့်ပတ်ရင်း သောက်ခွက်ပြောင်နေသည် ။
" ဟေ့ Black Earth ဘာလဲ စိတ်ဆိုးနေတာလား.. "
" လာလေ.. လာသတ်လေ..ဟားဟားဟား.."
" လိုက်ဖမ်းလို့ မမိရင် ထိုင်ငိုချင် ငိုနေလိုက်နော်.. ဟဲဟဲ.. "
" ဘာလဲ အနေတာလား.. စကားတောင် ပြန်မပြောရဲတော့ဘူးလား.. "
လင်းမို့ က စိတ်မဆိုး ။ သူ၏ မျက်လုံးများ တောက်ပလာသည် ။
' ခြေနင်းက မိုက်လိုက်တာ.. မြန်လိုက်တာ.. ငါ့အတွက် ကွက်တိပဲ.. '
လင်းမို့သည် နဂါးသတ်ဆေဘာဖြင့် ဆိုလျှင် ပြိုင်ဘက် မရှိတော့ပေ ။ နာနိုဝတ်စုံဖြင့် သူ၏ ခုခံအားကို ဖောက်နိုင်သူ မရှိတော့ပေ ။ ယခု မြန်နှုန်းမြှင့် ခြေနင်းဖြင့်ဆိုလျှင် မြေပုံတစ်ခုလုံးပတ်၍ လူသတ်နိုင်လေပြီ ။
ဓားနှင့် ဝတ်စုံက လွှင့်ပစ်ရမည်ကို နှမြော၍ ကိုင်လာခြင်းဖြစ်သော်လည်း ဤခြေနင်းကား သူအမှန်တကယ်လိုအပ်နေ၏ ။
အထူးလက်နက်များ လာပေးနေသည့် Little Yu ကို သူမည်သို့ ကျေးဇူးတင်ရမှန်းမသိ ။
" ငါမင်းကို ကျေးဇူးတင်ပါတယ်.. "
လင်းမို့က ပြုံး၍ ပြောလိုက်၏ ။
' ကျေးဇူးတင်တာလား..'
" ဘာအတွက်လဲ.. "
Little Yu ရှုပ်ထွေးသွားသည် ။
လင်းမို့က ပြောပြီးသည်နှင့် လက်ထဲမှ နဂါးသတ်ဆေဘာဖြင့် Little ထံသို့ ပစ်လိုက်သည် ။ ဓားက လေထဲတွင် လှပစွာ ပျံသန်းလာပြီး စူးရှသည့်အသံ ထွက်ပေါ်လာသည် ။ ဓား၏ ဦးတည်ရာက Little Yu ၏ ရှေ့အနည်းငယ် အကွာတွင် ဖြစ်သည် ။
' ဘာလဲ.. သောက်ခွက်ပြောင်တာလား.. ဒီလိုပစ်တော့ ငါဘယ်လို ရှောင်ရှောင်လွတ်နေတာကို.. '
Little Yu သည် ဦးတည်ချက်ပြောင်းလိုက်ရုံဖြင့် ဓားအားအလွယ်တကူရှောင်နိုင်မှန်း သိလိုက်၏ ။ သူ ရှောင်စရာပင် မလိုအပ် ။
' သူက ငါ့ကို တစ်ချက်ထဲနဲ့ သတ်ချင်တာလား.. ဒါပင်မဲ့ ငတုံးပဲ.. '
Little Yu က သူ့ကိုသူ ညဏ်ကောင်းသည်ဟုတွေးကာ အလွန်ကျေနပ်သွားသည် ။
' ရှားနိုင်ငံရဲ့ ပထမနှစ်တွေထဲမှာ Black Earth ကို ဒီအခြေအနေအထိ ဒေါသထွက်အောင် လုပ်နိုင်တာ ငါတစ်ယောက်ပဲ ရှိမယ်ထင်တယ်.. '
Little Yu စိတ်ကူးထဲတွင် နစ်မြုပ်သွားသည် ။
' ငါ ဓားကို ယူပြီး ထွက်ပြေးရမလား ..အဲ့တာဆို ဒီကောင် ဒေါသအထွက်လွန်ပြီး သေသွားလောက်တယ်.. '
' ငါ နဂါးသတ်ဓားကို ကိုင်ပြီး ခြေနင်းစီးလာရင် ပုံပြင်တွေထဲက ဂွမ်ယု လိုပဲ ခန့်ချောကြီး ဖြစ်နေတော့မှာ.. ဟီးဟီးဟီး.. '
' ငါ ဓားကို ရပြီး Black Earth ကို နောက်ကနေချောင်းပြီး တိုက်နိုင်ရင် ငါအနိုင်ရနိုင်မလား.. '
သူ၏ အတွေးများက ရဲရင့်လာ၏ ။ သို့သော်လည်း သူစီးလာသော ခြေနင်းက တစ်စုံတစ်ခုကို တိုက်မိသလို တန့်သွား၍ Little Yu လေပေါ်ပျံတက်သွားသည် ။
ရုတ်တရက်ကြီး ဖြစ်သဖြင့် သူဘာမှ မလုပ်နိုင်လိုက် ။
' ဘာလဲ မြေပေါ်မှာလဲ ဘာမှ မရှိဘဲနဲ့ ဘာကို တိုက်မိတာလဲ.. ငါ့တိုက်ခိုက်ရေးစွမ်းရည်နဲ့ဆို အပြည့်အဝ ထိန်းချုပ်နိုင်တယ်လေ.. အောက်ရောက်တာနဲ့ ခြေနင်းပေါ်တက်ပြီး အမြန်ပြေးရမယ်.. '
Chapter 190
~