ပရော်ဖက်ရှင်နယ် ဒလီသမား ၂ ~
Vol. 13 Ch. 188
' သွားပြီ..'
Little Yu သည် Black Earth အားမြင်လိုက်ရချိန်တွင် ခြေထောက်များပင် ပျော့ခွေသွား၏ ။ ပွဲပြီးသွားပြီဆိုတာ သိလိုက်လေသည် ။
နဂါးသတ်ဆေဘာ အလုခံရရုံမက အသတ်ပါ ခံရတော့ပေမည် ။ သူ မသေချင်သေး ။ သူ၏ ရည်မှန်းချက်ဖြစ်သော တစ်ဦးချင်းအဆင့်တွင် ပါဝင်ချင်သေးသည် ။ သူ ရုတ်တရက် အကြံတစ်ခုရလိုက်၏ ။
" ဖေကြီး.."
Little Yu က နှစ်ပေါင်းများစွာ ဝေးကွာနေသော အဖေတစ်ယောက်ကို မြင်လိုက်ရသလို တုန်ရီစွာ လှမ်းခေါ်လိုက်သည် ။
" အဖေ လက်နက် ရှာမတွေ့သေးဘူးလား.. ဒီမှာ အဖေကိုင်ဖို့ လက်နက် သား ရှာလာတယ်.. "
" အ.. "
လင်းမို့ ရှုပ်ထွေးသွား၏ ။ သူ Little Yu အား သင်ခန်းစာပေးရန် ဆုံးဖြတ်ထားပြီး ဓားလုရန် ပြင်နေစဥ် အဖေခေါ်ခံရမည်ဟု မ မျှော်လင့်မိ ။
' ဒါ Little Yu ရဲ့ ဗျူဟာလား.. '
လင်းမို့ တွေးသည် ။
' လေယာဥ်ထဲတုန်းက အကုန်လုံးကို အဖေခေါ်တယ်.. ခု သေတော့မယ်လဲဆိုရော အဖေလာခေါ်နေတယ်.. '
သို့သော်လည်း လင်းမို့သည် တိုက်ခိုက်ရမည်ကို အားနာသွား၏ ။ အဖေဟု ရိုရိုသေသေ ခေါ်နေသူ တစ်ယောက်ကို မည်သို့ တိုက်ခိုက်ရပါမည်နည်း ။
" အဖေ.. ဓားထားခဲ့ပြီနော်.. သား သွားတော့မယ်.. "
Little Yu က လင်းမို့ တုံ့ဆိုင်းနေသည်ကို မြင်လျှင် ဓားပစ်ချ၍ ပြေးတော့သည် ။
" ဟင်း...."
လင်းမို့က သက်ပြင်းချလိုက်ပြီး ဓားကို ကောက်ယူလိုက်သည် ။ ထွက်ပြေးသွားသော Little Yu နောက်သို့ မလိုက်တော့ပေ ။
ထွက်ပြေးလာသော Little Yu သည် လင်းမို့ လိုက်မလာသည်ကို မြင်မှ သက်ပြင်းချနိုင်တော့သည် ။
' ကံဆိုးလိုက်တာ.. အထူးလက်နက် ရှာတွေ့တာတောင် Black Earth နဲ့မှ လာတွေ့ရတယ်လို့.. သူငါ့ကို မသတ်ချင်တာ တော်သေးတာပဲ.. '
Little Yu စိတ်သက်သာရာ ရသွား၏ ။ နဂါးဓား ဆုံးရှုံးရသည်က ကိစ္စ မရှိ ။ အသက်ရှင်နေနိုင်လျှင် အမှတ်ပိုရမည်ဖြစ်သည် ။
' Black Earth က နဂါးသတ်ဓား ကိုင်ထားတော့ ဘယ်သူ ယှဥ်နိုင်တော့မှာလည်း.. '
ဂိမ်းအသိပေးချက်တွင် Black Earth သတ်သော နာမည်များက ဆက်တိုက်ပေါ်ထွက်နေသည် ။
' သူ သတ်တာ ၆၀ လောက်တောင်ရှိနေပြီ ..ကြောက်စရာကောင်းလိုက်တာ.. '
Little Yu ကြက်သီးများ ထလာ၏ ။ သူ မနာလို ဖြစ်သွားသည် ။ ယခုကဲ့သို့ ဆက်တိုက်သတ်ဖြတ်နေသူမှာ Black Earth မဟုတ်ဘဲ သူသာလျှင် ဖြစ်ချင်သွား၏ ။
' တစ်နေ့ကြရင် ငါလည်း Black Earth လိုနာမည်ကြီးရမယ်.. '
Little Yu သူ့ကိုယ်သူ အားပေးလိုက်သည် ။
' လက်နက် ဆက်ရှာရင်း သတ်ဖို့လူ လည်း လိုက်ရှာရမယ်.. '
Little Yu သည် သူ့ခွန်အားကို သူယုံကြည်၏ ။ သက်တူရွယ်တူများအား မကြောက်ပေ ။ Black Earth တစ်ယောက်သာ ချွင်းချက်ဖြစ်သည် ။
" အယ်.. "
Little Yu ပစ္စည်းရှာရင်း စားသောက်ဆိုင်တစ်ခုအတွင်းသို့ ဝင်သွားစဥ် အထူးလက်နက် အလင်းရောင်ကို မြင်လိုက်ရ၏ ။
' ငါ့ကံက သောက်ကျိုးနည်းကို ကောင်းနေတာပါလား.. '
လက်နက်အား ကောက်ယူကြည့်လိုက်၏ ။
[ အမြှေးပါးတိုက်ပွဲဝင်ဝတ်စုံ: နာနို အလွှာတစ်ခု ခန္ဓာကိုယ်အား ဖုံးအုပ်ပေးမည်ဖြစ်ပြီး ခန္ဓာကိုယ်၏ ခုခံနိုင်စွမ်း ဆယ်ဆ တိုးလာမည် ]
" ရှီး..."
Little Yu l ၏ မျက်ခုံးပင့်လိုက်၏ ။
' နဂါးသတ်ဓားက အထက်ဆုံး လက်နက်ဆို ဒီ ဝတ်စုံက ခုခံအားအကောင်းဆုံး ပစ္စည်းပဲ.. '
နဂါးသတ်ဓားထက် ပို၍ ကောင်းသည်မှာ ဤဝတ်စုံက တောက်ပမနေပေ ။ ဝတ်ဆင်လိုက်သည် ခန္ဓာကိုယ်နှင့် တစ်သားတည်းဖြစ်သွားပြီး ပျောက်ကွယ်သွားပေမည် ။
' ငါ့အတွက် ဒီ ဝတ်စုံက နဂါးသတ်ဓားထက်တောင် အသုံးဝင်နေသေးတယ်.. '
Little Yu တွေးသည် ။
' ဒီပွဲတော့ Black Earth က လွဲရင် ဘယ်သူ့ ကြောက်နေရအုံးမှာလဲ.. '
" ဟားဟားဟားဟားဟားးးးး..."
Little Yu ထိုသည်ကို တွေးမိသည်နှင့် ကျယ်လောင်စွာ ရယ်လိုက်မိ၏ ။ လင်းမို့က အနားတွင် ရှိနေသည်ကို သူ မသိ ။
" အာ..."
နဂါးဓားကို ထမ်းရင်း လမ်း လျှောက်လာသော လင်းမို့သည် ရယ်သံကို ကြားလျှင် စပ်စုချင်သွား၏ ။
' Little Yu အသံမှတ်လား.. ဘာလို့ အဲ့လောက် ပျော်နေတာလည်း.. '
" ဘုန်း.. "
လင်းမို့ က စားသောက်ဆိုင် တံခါးကို ကန်ဖွင့်လိုက်ပြီး အထဲသို့ ပြေးဝင်သွားသည် ။
" ဟားဟား..အဟွတ်.. အဟွတ်.. "
အားရပါးရရယ်နေသော Little Yu နင်သွား၏ ။ ဓားထမ်းလာသော နတ်ဆိုးက ရောက်လာချေပြီ ။ သူ၏ မျက်နှာက ဖားယားသော အမူအရာသို့ ပြောင်းသွားပြီး...
" အဖေ ရောက်လာတာ အတော်ပဲ.. "
Little Yu က လက်ထဲ ကိုင်ထားသော တိုက်ပွဲဝတ်စုံကို လက်နှစ်ဘက်ဖြင့် ကမ်းပေး၍...
" အဖေ့အတွက် အထူးလက်နက်တစ်ခု သားရှာတွေ့ထားတာ.. ခုပဲ လာပေးတော့မလို့.. "
စေတနာအပြည့်ဖြင့် ပြောလိုက်ရသော်လည်း Little Yu ၏ ရင်ထဲဝယ် နှလုံးသွေးများ ယိုစီးကျနေလေပြီ ။ အထူးလက်နက်များက ရှာတွေ့ရန် လွယ်သည်မဟုတ် ။ ရှာတွေ့သမျှကို ထိုနတ်ဆိုးကောင်အား ဆက်သနေရသည် ။
" အိုး.."
လင်းမို့ အံသြသွားသည် ။ Little Yu က စစ်မှန်သော နတ်ဘုရားတစ်ယောက်ပင် ။ အထူးလက်နက်နှစ်ခုအား ဆက်တိုက်ပင် တွေ့နိုင်သည် ။
" ပေးပေး.."
လင်းမို့ တုံ့ဆိုင်းမနေဘဲ ယူလိုက်၏ ။
" အဲ့တာဆို သား သွားတော့မယ်နော်.. "
Little Yu က ခွင့်တောင်း၍ ပြေးတော့သည် ။
' ဒီဝတ်စုံက မိုက်လိုက်တာ.. '
လင်းမို့ အသုံးပြုမည်ကို နိုပ်ကြည့်လိုက်၏ ။ သူ့လက်အတွင်းကိုင်ထားသော ဝတ်စုံမှာ အရည်ပုံသဏ္ဍာန်ပြောင်းပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးအုပ်သွားသည် ။
' အလွှာရဲ့ အထူက ၀.၀၁ မီလီမီတာတောင် မရှိဘူး.. ဘာမှ ဝတ်မထားသလိုပဲ.. လှုပ်ရှားရတာလည်း ပြသနာမရှိဘူး.. '
ကွန်ဒုံး အပါးလေး ဝတ်ဆင်ထားရသည့် ခံစားချက်မျိုးပင် ။ အလွှားပါးသော်လည်း ကမ္ဘာခြားနေသည့် ခံစားချက်မျိုးတော့ ရပေသည် ။
' ဒါမျိုး တိုက်ပွဲဝင် ဝတ်စုံတွေ အပြင်လောကမှာလဲ ရှိတယ်လို့ ကြားဖူးတယ်.. အပြင်မှာရော ဝတ်လိုက်ရင် ဒီလိုမျိုးပဲလားမသိဘူး.. '
လင်းမို့ တွေးသည် ။ သူအပြင်ဘက်တွင် ဤကဲ့သို့ ဝတ်စုံမျိုး လိုချင်မိပေသည် ။
လင်းမို့ ဝတ်စုံအား လေ့လာနေစဥ် အဝေးသို့ ပြေးသွားသော Little Yu တစ်ယောက် အလွန်ဒေါသထွက်နေ၏ ။
' ဆိုးလိုက်တဲ့ကံ.. မသိရင် ငါကပဲ Black Earth ကို ပို့ပေးရတဲ့ ပရော်ဖက်ရှင်နယ် ဒလီသမား ကြနေတာပဲ.. '
Little Yu စိတ်ဓာတ်ကျလာ၏ ။
' မဖြစ်ဘူး.. ငါ စိတ်ဓာတ်ကျလို့မဖြစ်ဘူး.. '
Little Yu ၏ မျက်လုံးများက ကျဥ်းမြောင်းသွားပြီး သူ့ကိုသူ အားပေးလိုက်သည် ။
' ကြက်ဘုရင်ဂိမ်းဆိုတာ ကစားသမားတွေကို ဘက်ပေါင်းစုံက စမ်းသပ်တဲ့ စာမေးပွဲမှာ ဒီဂိမ်းမှာ စိတ်ဓာတ်ကြံ့ခိုင်မှုက အရေးကြီးဆုံးပဲ ..ဘာပဲဖြစ်ဖြစ် ငါ ဒီပွဲမှာ ထိပ်ဆုံး ဆယ်ယောက်ထဲ ဝင်နိုင်အောင် ကြိုးစားရမယ်.. '
Little Yu က ပန်းတိုင်တစ်ခုသတ်မှတ်ပြီး ရန်သူများကို ကြိုးစား၍ ရှာဖွေတော့သည် ။
သူ့အား ကံကောင်းခြင်း နတ်ဘုရားက မစနေလားမသိ ။ တတိယ အထူးလက်နက်ကို ရှာတွေ့သွားသည် ။
' ငါ နတ်ဘုရား ဖြစ်နေတာလား..'
ကြက်ဘုရင် ဂိမ်းတွင် အထူးလက်နက် သုံးခုဆက်တိုက် ရှာတွေ့သည်ကို မည်သူ ယုံနိုင်ပါမည်နည်း ။
[ အထူးခြေနင်း .: စီးနင်းပြီးနောက် အမြန်နှုန်း ဆယ်ဆတိုးလာမည် ]
' အမြန်နှုန်း ဆယ်ဆလား.. '
Little Yu ၏ မျက်လုံးများ တောက်ပလာသည် ။ ဤသို့သော အမြန်နှုန်းဖြင့် သူ့အား မည်သူလိုက်မီနိုင်ပါမည်နည်း ။ ခိုးဝင်တိုက်ခိုက်ရာတွင်လည်း အသုံးပြုနိုင်သည် ။ သူ Black Earth အား ကြောက်စရာမလိုတော့ ။
' ငါ ဒီခြေနင်းနဲ့ဆို ထိပ်တန်း ၃ ယောက်ထဲတောင် ဝင်နိုင်တယ်.. '
Little Yu မျက်ရည်များပင် ဝဲလာ၏ ။ ဆင်းရဲနေသူတစ်ယောက် ရုတ်တရက် ထီပေါက်လိုက်သလိုပင် ခံစားမိချေသည် ။
' ငါ့မာနကို နှိမ့်ချပြီး ခေါင်းငုံ့နေခဲ့ရတာ ခုတော့ အကျိုးဖြစ်လာပြီ.. '
Little Yu တွေးသည် ။
' ငါ အဆင့် ၃ ရနိုင်ရင် လူသတ်တာနည်းရင်တောင် Black Earth က အမှတ်အရမ်းများတော့.. ငါလည်း အမှတ်များများ ရမှာပဲ.. '
" ဟားဟားဟား..."
Little Yu ရယ်ချင်စိတ်ကို ထိန်း၍ မရလိုက် ။ သူ့ပါးစပ်သူ အမြန်ပိတ်လိုက်ရသည် ။ ရယ်မိသောကြောင့် ဒုက္ခရောက်ရသည်ကို သူစိတ်ဒဏ်ရာ ရနေလေပြီ ။
" မင်းခုနက ရယ်လိုက်သလိုပဲ.. "
ထုံးစံအတိုင်း လင်းမို့၏ အသံထွက်ပေါ်လာပြီး ...
" ဘာလို့ ဆက်မရယ် တော့တာလည်း.. "
" Black Earth.. "
Little Yu ယုံကြည်မှု ရှိနေပြီဖြစ်သည် ။ သူခြေနင်းအား အသုံးပြုလိုက်၏ ။ သူမနိုင်လျှင်ပင် ထွက်ပြေး၍ ရလေပြီ ။
Little Yu က လင်းမို့ကို လက်ညိုးဖြင့် ထိုး၍...
" သောက်ခွေး Black Earth.. ငါ့ကို ဖေဖေကြီးလို့ ခေါ်စမ်း.. "
Chapter 189
~