မင်းတို့အားလုံးက ငါ့အဖေ ~ ညသန်းခေါင်ယံအချိန်...
Vol. 13 Ch. 182
ပြိုင်ပွဲ စတင်လေပြီ ။
လင်းမို့သည် ရှေးဦးစကြာဝဠာ ထဲသို့ အချိန်မီ ရောက်ရှိခဲ့ပြီး ပါဝင်ရန် နိပ်လိုက်သည် ။
" ကစားသမားBlack Earth အသက် ၁၈ နှစ်.. ပါဝင်ရန် အခြေအနေများ ကိုက်ညီပါသည်.. ပါဝင်မည်မှာ သေချာပါသလား.. "
လင်းမို့ Yes ကို နှိပ်လိုက်၏ ။
" တက္ကသိုလ် နာမည် ဖော်ပြမည်လား.."
လင်းမို့ No ကို နှိပ်လိုက်၏ ။ သူ၏ အကြောင်းကို မဖော်ပြချင်ပေ ။ လူမသိ သူမသိ Black Earth အဖြစ်သာ လှုပ်ရှားပေမည် ။
အုပ်ထိန်းသူက Black Earth အားခေါ်ဆောင်သွားသည်ဟူသော သတင်းမှာ အထက်ပိုင်းတွင်သာ ပြန့်နှံ့နေခြင်းဖြစ်သည် ။ အောက်ခြေ လူတန်းစားများမှာ မသိကြ ။
" ပါဝင်ကစားလို့ ရပါပြီ.. သင်၏ ကနဦး ရမှတ်မှာ အမှတ် ၁၀၀၀ ဖြစ်ပါသည်.. ရလဒ်များ ကောင်းမွန်ပါစေ.. "
' စလို့ရပြီ.. '
လင်းမို့သည် ရှေးဦးစကြာဝဠာ ထဲရှိ ကြက်ဘုရင် ဂိမ်းကို တစ်ခါမှ မဆော့ဘူးသဖြင့် စိတ်ဝင်စားနေလေသည် ။
ပြိုင်ပွဲက ယခုမှ စသည်ဖြစ်၍ ပွဲရှာနေသူ များလှသဖြင့် ချက်ချင်း ရှာတွေ့သွားသည် ။
လင်းမို့၏ ပတ်ဝန်းကျင်တစ်ခုလုံး အမှောင်ထု အတွင်းနစ်မြုပ်သွားပြီး စာတန်းများ ပေါ်လာသည် ။
" ကြက်ဘုရင် စစ်မြေပြင်မှ ကြိုဆိုပါတယ်.. "
" ကစားသမားများ၏ လက်သီးပြင်းအားကို ၁၂၀၀ ကီလိုတွင် ကန့်သတ်ထားပါတယ်.. "
" စိတ်စွမ်းအားရှင်များနှင့် စိတ်ထိန်းချုပ်သူများ၏ စိတ်စွမ်းအား တချို့တဝက်ကို ကန့်သတ်ထားပြီး ဂိမ်း၏ မျှချေကို ထိန်းသိမ်းထားပါတယ်.. "
" တစ်ဦးချင်း ကစားပွဲဖြစ်သောကြောင့် အနိုင်ရရှိရန် ပြိုင်ဘက်များအားလုံးကို သုတ်သင်ရပါမည်.. "
ဆယ့်ငါးစက္ကန့်အကြာတွင် အလင်းဖျော့ဖျော့လင်းလက်လာပြီး စာတန်းများ မှေးမိန်ပျောက်ကွယ်သွားသည် ။
ခဏအကြာတွင် လင်းမို့သည် ကုန်တင်လေယာဥ် တစ်စီး၏ ခရီးသည်စီးသည့် နေရာတွင် ရောက်နေသည်ကို သိလိုက်ရသည် ။
ကစားသမားတစ်ရာလုံး ရောက်ရှိနေပြီဖြစ်ပြီး အနိုင်ရရန် နောက်ဆုံးအထိ ရှင်သန်ရပေမည် ။
" တိုက်ခိုက်ခြင်းကို ခွင့်မပြုပါ.. "
သတိပေးချက် ကို လင်းမို့ မြင်လိုက်ရသည် ။
" လေထီးခုန်ပြီးသည့် အချိန်မှ စ၍ တိုက်ခိုက်နိုင်ပါပြီ.. "
တစ်ချိန်တည်းမှာပင် ဂိမ်းမျက်နှာပြင်ပေါ်တွင် မြေပုံနှင့် လက်ကျန်လူအရေအတွက် ပြထားသည်ကို တွေ့လိုက်၏ ။
ပတ်ဝန်းကျင်တစ်ခုလုံး အသက်ဝင်လာပြီး တစ်ယောက်နှင့် တစ်ယောက် စတင်၍ ဆဲကြတော့သည် ။
" မင်းတို့အားလုံး သောက်သုံးမကျတဲ့ကောင်တွေ.. မကျေနပ်ရင် ငါ့လာရိုက်လေ .."
" ပွဲစတာနဲ့ ပင်လယ်ထဲ ခုန်ချရဲတယ့်သူ ရှိလား.. "
" မင်းတို့အားလုံးကို သတ်ပြီး အနိုင်ယူမှာ ..ငါ့သောက်ခွက်ကို သေချာကြည့်ထားကြ.. "
" ရပ်အုံး..ရပ်အုံး.. အားလုံး တိတ်တိတ်နေကြအုံး.. "
Little Yu ဆိုသော ကစားသမားက မတ်တပ်ရပ်၍ အော်လိုက်၏ ။ ဆဲဆိုနေကြသူအားလုံး ရပ်တန့်လိုက်ပြီး Little Yu ကို လှည့်ကြည့်လိုက်ကြသည် ။
' Little Yu ဆိုပါလား.. '
လင်းမို့၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည် ။
' လိုင်းပေါ်မှာ ငါ့ကို စိန်ခေါ်တဲ့ကောင်ပဲ.. '
' ရန်သူတွေ လမ်းကျဥ်းထဲမှာ လာတွေ့တာပဲ.. '
လင်းမို့သည် စိတ်ထဲနတ်ဆိုးတစ်ကောင်လို ရယ်လိုက်၏ ။
" အားလုံးနားထောင်ကြအုံး.. "
Little Yu က ကလေးရုပ်မပျောက်သေး ။ လင်းမို့လိုပင် ပထမနှစ် ဖြစ်ပုံရသည် ။ လူတိုင်းက သူ့အား ကြည့်နေသဖြင့် Little Yu က ရင်ကော့ ခေါင်းမော့၍ အားလုံးကို အထက်စီးမှ ကြည့်လိုက်ပြီး အောင်မြင်ထည်ဝါလှသောအသံဖြင့်...
" မင်းတို့အားလုံးက ငါ့အဖေ ပဲ.. "
လေထုက ရုတ်တရပ် အေးခဲသွားပြီး လေယာဥ်တစ်ခုလုံး တိတ်ဆိတ်သွားသည် ။
လူတိုင်း Little Yu စကားပြောမည်ကို စောင့်နေကြသော်လည်း ဤသို့သော စကားမျိုးဟု ထင်မထားကြ ။
' ငါတို့အားလုံးက သူ့အဖေလား.. '
လူတိုင်း Little Yu အား တိုက်ခိုက်ရမည်ကို အားနာသွား၏ ။
" ညိုကီတို့.. ငါ့ကို မျက်နှာသာ နဲနဲပေး ..ငါ့သားကို ဒီပွဲ အနိုင်ပေးလိုက်ပါ.. "
" မင်းရဲ့သားပဲ မဟုတ်ဘူးလေ.. သူက ငါ့သားလည်းဟုတ်တယ်.. "
" Little Yu ကို ဒီပွဲမှာ အနိုင်ပေးရမယ်.. ကန့်ကွက်ရဲတဲ့ကောင်ရှိရင် ထွက်ခဲ့.. "
လင်းမို့ ထိတ်လန့်သွား၏ ။ လူတိုင်းအား အဖေအဖြစ် အသိအမှတ်ပြုလိုက်သည့် ဗျူဟာက မည်သို့သော ဗျူဟာမျိုးနည်း ။
သို့သော်လည်း အသုံးဝင်သည်မှာ သေချာ၏ ။ လင်းမို့ပင်လျှင် Little Yu အား ရိုက်နှက်ရန် အားနာသွားသည် ။
Chapter 183
~