မင်းတို့အားလုံးက ငါ့အဖေတွေ ၂ ~
Vol. 13 Ch. 183
' ငါ သူ့ကို ဒီပွဲ အနိုင်ပေးလိုက်သင့်လား.. '
လင်းမို့ မစဥ်းစားဘဲ မနေနိုင်တော့ ။
" ငါ.. ငါ.."
Little Yu သည် သူ့စကား မှားနေသည်ကို သတိထားမိသွားပြီး လက်ဝှေ့ယမ်း၍...
" မဟုတ်ဘူး..မဟုတ်ဘူး..မှားလို့.. ငါ က မင်းတို့ အားလုံးရဲ့သား.. အဲ မဟုတ်.. ဟုတ်.."
Little Yu က ထိတ်လန့်သွားပြီး ဘာပြောရမည်မှန်း မသိတော့ ။ သူ ရုတ်တရက် လင်းမို့၏ နာမည်ကို သတိထားမိသွားသည် ။
" ဟမ်.."
Little Yu အံ့သြသွားပြီး...
" Black Earth လား.. "
တိုက်ဆိုင်လွန်းနေသောကြောင့် သူအံ့အားသင့်သွားသည် ။ သူ အင်တာနက်ပေါ်တွင် အမြဲ တိုက်ခိုက်နေသူက သူနဲ့ ပြိုင်ပွဲတစ်ခုထဲတွင် အတူတူ လာတွေ့နေမည်ဟု သူထင်မထားမိခဲ့ ။
" Black Earth လား.. "
" ရှားနိုင်ငံ ပါရမီရှင်စာရင်း အဆင့် ၁ Black Earth လား.. "
လူတိုင်းအံ့သြ သွားကြပြီး အဖေနှင့် သား ရှုပ်ထွေးနေသော Little Yu ကို ဂရုမစိုက်အားကြတော့ ။
အကုန်လုံး လင်းမို့အား မယုံနိုင်စွာ စိုက်ကြည့်နေကြသည် ။
" ဟေ့ကောင်ရေ.. တကယ် Black Earth ကြီးဟ.. "
" ID နံပါတ်က ဟုတ်တယ်ဟေ့.. "
" ပွဲထဲမှာ အရှင်လတ်လတ်ကြီးကို တွေ့နေရပြီဟ.. "
" ငါတို့ ကံကောင်းတာလား ကံဆိုးတာလား.. "
" ချီး.. ငါ့ရဲ့ တိုက်ခိုက်ရေးစွမ်းရည်က အဆင့် ၃ တောင် မရောက်သေးဘူး.. သူနဲ့တွေ့ရင် အသတ်ခံရတော့မယ်.. "
အင်တာနက်ပေါ်တွင် လှောင်နိုင်ကြသော်လည်း နဖူးတွေ့ ဒူးတွေ့ ကြုံလာသည့်အခါတွင်မူ ကြောက်လန့်သွားကြသည် ။
Black Earth ၏ တိုက်ခိုက်ရေးစွမ်းရည် ပါရမီကို မသိသူ မည်သူရှိအံ့နည်း ။ စစ်မြေပြင်တွင် သူ့အား ရပ်တန့်နိုင်သူ ရှိမည်မထင် ။
" ပြိုင်ပွဲ ပထမဆုံးပွဲမှာ မှ Black Earth နဲ့ လာကျရတယ်လို့.. "
" ပြီးသွားပြီ.. ဒီပွဲက Black Earth ရဲ့ ပွဲပဲ.. "
" Black Earth ကို ဘယ်သူယှဥ်နိုင်မှာလဲ.. "
အားလုံး စိတ်ဓာတ်ကျသွားကြ၏ ။ တစ်ဦးချင်း ပြိုင်ပွဲ ဖြစ်သဖြင့် နောက်ဆုံးကျန်နိုင်သူမှာ Black Earth မှလွဲ၍ မည်သူဖြစ်နိုင်မည်နည်း ။ သူတို့အားလုံး Black Earth နင်းမည့် လှေကားထစ်များ ဖြစ်လာကြလေပြီ ။
" ဟေ့..ဟေ့.. မကြောက်ကြနဲ့.. "
Little Yu က ရုတ်တရက် အော်လိုက်၏ ။
" Black Earth က တစ်ယောက်ထဲလေ ငါတို့က ၉၉ ယောက်ကို ဘာတွေ ကြောက်နေရမှာလဲ.. သူ့မှာ ခေါင်းသုံးလုံးနဲ့ လက်ခြောက်ဖက် ပါတာမဟုတ်ဘူး.. ငါတို့ ဝိုင်းတိုက်ရင် သေမှာပဲ.. "
လူတိုင်းက ဖြစ်နိုင်သည်ဟု ခံစားမိလိုက်ကြသည် ။ တစ်ယောက်ချင်းဆိုလျှင် သေရမည်ဖြစ်သော်လည်း ဝိုင်းတိုက်ကြမည်ဆိုပါက အနိုင်ရရန် အခွင့်အရေး ရှိပေသည် ။
" ဟုတ်တယ်.. ငါတို့အားလုံး ပူးပေါင်းရမယ်.. "
" လက်သီးပြင်းအားက ၁၂၀၀ ကီလိုမှာ ကန့်သတ်ထားတာ.. ငါတို့ ဝိုင်းတိုက်လို့ မနိုင်ဘူးဆိုတာ မဖြစ်နိင်ဘူး.. "
" ငါတို့ လက်နက် ရှာနိုင်ရင် အခွင့်အရေးပိုများ လာလိမ့်မယ်.. "
" ချ...."
" အားလုံး.. ငါ့စကားကို နားထောင်ကြအုံး.. "
Little Yu က...
" Black Earth လေထီးခုန်ရင် ငါတို့အားလုံး အတူတူလိုက်ခုန်ကြမယ်.. အားလုံး အတူတူ ပူးပေါင်းပြီး Black Earth ကို သတ်ကြ.. "
လင်းမို့ ဆွံ့အ သွား၏ ။ ဤသည်က မည်သို့သော အခြေအနေမျိုးနည်း ။ သို့သော်လည်း သူ မကြောက် ။
ကလေးများ တစ်စုက သူ့အား ဘာလုပ်နိုင်မည်နည်း ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အဆင့် ၅ အစောပိုင်းတွင်သာ ရှိပါက ထွက်ပြေးရမည်ဖြစ်သော်လည်း ယခု အဆင့် ၅ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည် ။
အဆင့် ၅ အထွတ်အထိပ်တွင် ခန္ဓာကိုယ်ရှိ ဆဲလ်များအားလုံးကို ထိန်းချုပ်ထားနိုင်သဖြင့် သွေးထွက်မည်နှင့် ဒဏ်ရာ ရမည်ကို ကြောက်စရာမလိုတော့ချေ ။ ကြက်ဘုရင် စစ်မြေပြင်တွင် အအေးလက်နက်များသာရှိပြီး သေနတ်များကဲ့သို့ အပူလက်နက်မျိုး မရှိ ။
ထိုကလေးတစ်သိုက်က သူ့အား ဝိုင်းချသည်ကို မတ်တပ်ရပ်၍ ခံနေလျှင်ပင် သေအောင် သတ်နိုင်မည် မဟုတ်ပေ ။ ဤသည်ကား တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ အထွတ်အထိပ်၏ ကြောက်မက်ဖွယ်ကောင်းပုံပင် ဖြစ်သည် ။
လင်းမို့က သွေးမကုန် ဟက်၍ လာဆော့သော ချီတာ တစ်ကောင်နှင့်ပင် တူနေ၏ ။ အဆင့်တူများနှင့် တွေ့လျှင်သာ သူစိုးရိမ်ရမည်ဖြစ်သည် ။ သူနှင့် သက်တူရွယ်တူများတွင် အဆင့် ၅ သို့ရောက်သည့်သူ မရှိပေ ။
သို့သော်လည်း လေယာဥ် ပေါ်ရှိ ပြိုင်ပွဲဝင်များက ထိုသည်ကို မသိဘဲ Black Earth အား မည်သို့ အနိုင်ယူမည်ဟု ကျယ်လောင်စွာ ပြောနေကြလေသည် ။
" အားလုံး အသင့်ပြင်ထားကြ.. Black Earth ခုန်တာနဲ့ လိုက်ခုန်မယ်နော်.. "
" အောက်ကို ရောက်တာနဲ့ လက်နက် အရင်ရှာကြ ..လက်နက် အရင်ရတဲ့ သူတွေက Black Earth ကို ဝိုင်းထားကြ .."
" အတူတူပေါင်းပြီး သူ့ကိုသတ်.. "
" ငါတို့ ဂိမ်းရှုံးရင်တောင် Black Earth ကို သေအောင်သတ်နိုင်ရမယ်.. "
" Black Earth ကို တစ်ခါသတ်ဖူးရင် တစ်သက်လုံး ကြွားလို့ရပြီကွ.. "
" ချ... သတ်... "
ကစားသမားများ အားလုံး စိတ်လှုပ်ရှားနေကြ၏ ။ Black Earth ကို သတ်နိုင်သူက နာမည်ကျော်ကြားလာမည်ဖြစ်သည် ။
လင်းမို့သည် ကုန်းမြေပေါ်သို့ လေယာဥ်ရောက်သောအခါ ခုန်ဆင်းလိုက်၏ ။
" ဝှီး..ဝှီး..ဝှီး..ဝှီး..."
နောက်မှ လူငါးဆယ် ခြောက်ဆယ်လောက် လိုက်ပါလာသည် ။ အရင်က လူတိုင်း တက်ကြွစွာ အော်ဟစ်နေခဲ့သော်လည်း အကုန်လိုက်မလာကြချေ ။
" သောက်ပေါတွေ.. "
Little Yu က လေယာဥ် ခုန်ဆင်းသည့်အပေါက်တွင် မက်တပ်ရပ်ရင်း ရေရွတ်လိုက်၏ ။ Black Earth အား တိုက်ခိုက်ရန် ကြိုးစားလျှင် သေအပျောက် များစွာရှိပေမည် ။
' မင်းတို့ ကြိုးစားလိုက်ကြ.. ငါ ပုန်းနေပြီး အဆင့် ၁ ရအောင်ပဲ လုပ်လိုက်တော့မယ်.. '
Little Yu က သူ့ကိုသူ ညဏ်ကောင်းသည်ဟု ခံစားမိလိုက်သည် ။ ဦးနှောက်မရှိ နှစ်ဖက်စလုံး သေသည်အထိ တိုက်ခိုက်ကြပြီး သူ အကျိုးအမြတ် ရရှိမည်ဖြစ်သည် ။
ထိုအခိုက်...
" Little Yu.. မင်း ငါ့ကို မှတ်မိလား.. "
အရပ်ရှည်ရှည်ပိန်ပိန် ကစားသမားတစ်ယောက်က စိုက်ကြည့်ပြီး မေးလိုက်၏ ။
" မင်းက..."
Little Yu ရုတ်တရက် မမှတ်မိ ။
" ချီး.. မင်းက ကျေးဇူးမသိတက်တဲ့ကောင်ပဲ.. "
ထိုကစားသမားက ကျိန်ဆဲလိုက်ပြီး...
" မင်းစားချင်တယ် ပြောတုန်းက မင်းမလောက်မှာစိုးလို့ ဆယ်ကီလိုလောက် ကားမောင်းပြီး ငါ့ ရတနာတွေ လာ ပို့ပေးတဲ့သူလေ.. အဲ့လောက် အဝေးကြီး လာပို့ပေးရတာတောင် မမှတ်မိဘူးလား.. "
" fu*k.. မင်း.. ခွေးမသား.. "
Little Yu ၏ မျက်လုံးများက အမုန်းတရားကြောင့် မီးများတောက်လောင်လာပြီး..
" ငါ ဓားရတာနဲ့ မင်းသေပီသာမှတ်.. "
" ဟားဟားဟား.. မင်းအဆင့်နဲ့လား.. "
ကစားသမားက အထင်သေးဟန်ဖြင့် လှောင်ရယ် ရယ်လိုက်ပြီး...
" သားပေါက်လေး.. မင်းသတ္တိရှိရင် ငါနဲ့ အတူတူ ခုန်လိုက်.. "
" သောက်ခွေး.. မင်းလိုကောင်ကိုများ ကြောက်နေရမှာလား.. "
Chapter 184