← Chapters

ကံဆိုးသူမောင်ရှင် ~

Vol. 13 Ch. 184

ကံဆိုးသူမောင်ရှင် ~

Vol. 13 Ch. 184

" ဝှစ်.. ဝှစ်..ဝှစ်.."

ကောင်းကင်ယံ၌ အမဲရောင်အစက်အပြောက်များ အပြည့်ဖြစ်သည် ။

မြေပြင်အထက် မီတာ တစ်ထောင်ခန့်မှ ခုန်ချလာကြသော လင်းမို့တို့အဖွဲ့ပင် ။

လင်းမို့က ရှေ့ဆုံးမှ ဦးဆောင်လာပြီး နောက်တွင် လူ ခြောက်ဆယ်လောက် လိုက်ပါလာကြသည် ။

' ငါ လေထီးမဖွင့်ဘဲ တိုက်ရိုက် ခုန်ချရင် သေလောက်တယ်.. '

လင်းမို့တွေးသည် ။

သူ၏ ခန္ဓာကိုယ်မှာ ဆဲလ်များအထိ ထိန်းချုပ်ထားနိုင်သော်လည်း ဤမျှအမြင့်မှ ပြုတ်ကျလျှင် သေမည်သာဖြစ်သည် ။ သူ၏ ခွန်အားမှာ ၁၂၀၀ ကီလိုတွင် အကန့်သတ်ခံထားရသောကြောင့်ပင် ။

' ဟမ့် ဂိမ်းထဲမို့သာပေါ့.. အပြင်မှာသာဆို အိပ်ရင်း ခုန်ချလို့ရတယ်.. '

ကြယ်ကိုးပွင့် အဆင့်များက ဤမြင့်ကို ကြောက်စရာမလိုတော့ပေ ။

ဂိမ်းထဲတွင် လေယာဥ်ပေါ်မှ ခုန်ချပြီး အကွာအဝေးတစ်ခုသို့ ရောက်လာသည်နှင့် လေထီး ဖွင့်မှ ရပေမည် ။

လင်းမို့သည် စိတ်စွမ်းအားရှင် ဖြစ်သဖြင့် စိတ်စွမ်းအားနှင့် ထိန်းချုပ်၍ ဆင်းနိုင်သော်လည်း ဖော်ထုတ်မပြချင်၍ လေထီးဖွင့်ရန်သာ ဆုံးဖြတ်လိုက်သည် ။

" ဟေး Black Earth.. "

လင်းမို့နှင့် အနီးဆုံးသူက...

" မင်းခနနေ ဝိုင်းသတ်တာကို ခံရတော့မယ်.. ခုဘယ်လို ခံစားရလဲ.. "

ထိုသူက လင်းမို့အား စိတ်အနှောက်အယှက်ဖြစ်စေရန် တမင်ပြောလိုက်ခြင်းဖြစ်သည် ။ တိုက်ပွဲအတွင်း စိတ်ဓာတ်ခွန်အားက အရေးကြီးလှပေသည် ။ ယုံကြည်မှု အပြည့်ရှိပါက အနိုင်ရရန် ပို၍ လွယ်ကူပေမည် ။

" ဟေ့ Black Earth ငါ ပြောဖို့ မေ့နေလို့.. ဒီပွဲမစခင်ကတည်းက ငါ ဗီဒီယို ရီကော့ ယူထားတယ် သိလား.. ပြီးရင် မင်းအသတ်ခံရတယ့် ဗီဒီယိုကို သူများတွေပါ မြင်ရအောင် လိုင်းပေါ်တင်ပေးမယ်.. "

ထိုကစားသမားက...

" ကျွတ်ကျွတ် သနားစရာကောင်းလိုက်တာ.. ရှားနိုင်ငံရဲ့ အဆင့် ၁ ကြီးက ပထမဆုံးပွဲတင် ဝိုင်းရိုက်သတ်တာကို ခံရတော့မယ်.. "

လင်းမို့က ထိုသူ၏ စကားကို လျစ်လျူရှုကာ ကြင်နာသည့်ဟန်ဖြင့် မေးလိုက်၏ ။

" မင်း လေထီး မဖွင့်သေးဘူးလား.. "

" မဖွင့်သေးဘူးလေ.. ဘာလို့ ဖွင့်ရမှာလဲ.. လေထီးဆိုတာ အကန့်အသတ်နေရာရောက်မှ ဖွင့်ရတာ.. အဲ့တာမှ သူများထက်အရင် မြေပြင်ပေါ် ဆင်းနိုင်မှာပေါ့.. "

ထိုသူက အေးစက်စက် လှောင်ရယ်လိုက်ပြီး...

" ပြီးတော့.. အဲ့တာ မင်းသောက်ပူ ပါလို့လား.. "

" ဟဟ.. ငါမင်းကို သတိထားစေချင်လို့ပါ.. ဂိမ်းထဲက လေထီးတွေက အရည်အသွေးမကောင်းဘူးလို့ ကြားဖူးလို့.. "

လင်းမို့က အဓိပ္ပါယ်အပြည့်ဖြင့် ပြုံးလိုက်၏ ။

" သောက်တုံး.. "

ထိုလူက အထင်သေးဟန်ဖြင့်...

" ငါ ဆော့လာတာ ကြာပြီ ဘယ်တုန်းကမှ မကြားဖူးဘူး.. "

မကြာမီပင် သူလေထီးဖွင့်မည့် အမြင့်သို့ ရောက်လာ၏ ။

" ဒီမှာကြည့်ထား ငါလေထီးဖွင့်ပြမယ်.. "

ကစားသမားက လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်ပြီး လေထီးဖွင့်သည့် ခလုပ်ကို နိုပ်လိုက်၏ ။ သို့သော်လည်း လေထီးက ပွင့်မလာ ။

' ဘာဖြစ်နေတာလည်း.. '

ကစားသမား ရှုပ်ထွေးသွား၏ ။ သူကစားလာသည်မှာ ကြာပြီ ဖြစ်သော်လည်း တစ်ခါမှ မကြုံဖူး ။ သူမသိသည်မှာ လင်းမို့က လေထီးပွင့်မလာစေရန် စိတ်စွမ်းအားဖြင့် ထိန်းချုပ်ထားခြင်းပင် ။

' ဒီဂိမ်းထဲမှာ အရည်အသွေးမကောင်းတဲ့ လေထီး တစ်ကယ်ရှိတာလား.. ဒါမှမဟုတ် ကံဆိုးသူမောင်ရှင် ရွေးချယ်တဲ့ စနစ် ရှိတာလား.. '

သူ တွေးသည် ။ အမြင့်မှ ခုန်ဆင်းလာသည် ဖြစ်သောကြောင့် အရှိန်က ပိုမြန်လာ၏ ။ သူတွေးရန်အချိန်မရှိ ။ ခလုပ်ကို သာ အားဖြင့် နိုပ်နေလိုက်သည် ။

" ဂွက် ..."

ကော်ခလုပ်က ကျိုးပဲ့သွားသည် ။ ဂိမ်းက လင်းမို့၏ စိတ်စွမ်းအားကို ကန့်သတ်ထားသော်လည်း ခလုပ်တစ်ခု ကို ပျက်ဆီးအောင်လုပ်ရန် လွယ်ကူပေသည် ။

" ဒါ.. "

ကစားသမား ဇောချွေးများ စီးကျလာသည် ။ သူ၏ အမူအရာက ရှုပ်ထွေးနေသော အမူအရာမှ ထိတ်လန့်သည့် အမူအရာသို့ ​ပြောင်းသွားပြီး အားကုန်အော်တော့သည် ။

" ခရီးလမ်း ချောမွေ့ပါစေ.. "

လင်းမို့က လက်ယမ်း နှုတ်ဆက်လိုက်ပြီး လေထီး ဖွင့်လိုက်သည် ။

ထိုကစားသမားက အောက်သို့ ပြုတ်ကျသွားသည် ။

" အားးးးးး...."

ရှည်လျားသော အော်သံက ထွက်ပေါ်လာပြီး...

" ဘုန်း......"

ကျယ်လောင်သော ပြုတ်ကျသံ ထွက်​ပေါ်လာသည် ။ ကျောက်မြေပြင်ပေါ် ကျသည်ဖြစ်၍ အသားပြား ဖြစ်သွားသည် ။

ထိုအခိုက် ဂိမ်းအတွင်းရှိ ကစားသမားအားလုံး အသိပေးချက်ကို မြင်လိုက်ရသည် ။

" ကစားသမား Big Boss ကိုယ့်ကို ကိုယ် သတ်​သေ သွားပါတယ်.. "

" ကျွတ်ကျွတ် သနားစရာလေး.. "

လင်းမို့ ခေါင်းယမ်းရင်း သက်ပြင်းချလိုက်၏ ။ မည်သည့်အတွက်ကြောင့် သူ့အား လာစနေပါသနည်း ။ ယခု အသားပြား ဖြစ်သွားလေပြီ ။

' ဒါပင်မဲ့.. ငါဘာလို့ kill မရတာလဲ.. "

လင်းမို့ ရှုပ်ထွေးသွားသော်လည်း ခဏအကြာတွင် စဥ်းစားမိသွား၏ ။

' ငါ လုပ်တဲ့ဟာကို သတ်တယ်လို့ မယူဆဘူးထင်တယ်.. တစ်ယောက်ထဲပဲ ဘာဖြစ်လဲ ရှိစေတော့.. နောက်မှာ kill ခြောက်ဆယ်လောက် ရဖို့ ရှိသေးတယ်.. '

တခြား ကစားသမားများလည်း အံ့သြသွားကြသည် ။

" ဒီ Bigboss ဆိုတဲ့ကောင်က ခေါင်းထဲ ချီးတွေပြည့်နေတာလား.. ''

" သူ ပထမဆုံး အကြိမ်ကစားတာလား ..လေထီးတောင်မဖွင့်တက်ဘူးလား.. "

" ခွေးတောင် လေထီးဖွင့်တက်လောက်တယ်.. သူ မဖွင့်တက်ဘူးလား.. "

" သူလိုကောင်က ငါတို့နဲ့ ပေါင်းပြီး Black Earth ကို သတ်ချင်သေးတာလား.. အဲ့ ဦးနှောက်နဲ့ဆို Black Earth အမှတ်ပိုရသွားတာကလွဲလို့ ဘာမှ ထူးမှာ မဟုတ်ဘူး.. "

Bigboss သည် ဂိမ်းထဲမှ ရှက်ရွံ့ဟန်ဖြင့် ထွက်လာလိုက်သည် ။ ထိုကဲ့သို့ ကံအဆိုးဆုံးသူကို ရွေးချယ်သည့် စနစ်မျိုးရှိမှန်း သူမသိခဲ့ပေ ။

' ဟူး.. ဂိမ်းဆော့ရတာလည်း မလွယ်ပါဘူး.. '

လင်းမို့က မြေပြင်ပေါ်သို့ အရင်ဆုံး ရောက်သူဖြစ်သည် ။ အရင်ဆုံး ခုန်ချခဲ့သည့်အပြင် အချိန်ကိုက် လေထီး ဖွင့်ခဲ့သဖြင့် တခြားသူများထက် စော၍ ရောက်လာ၏ ။

" ဟ သောက်ခွေး.. Black Earth က မြန်လိုက်တာ.. "

" မြန်မြန် ဆင်းကျပါဟ.. သူကျွမ်းကျင်တဲ့ လက်နက် ရသွားရင် ငါတို့ ခွေးဖြစ်တော့မယ်.. "

" အယ် Black Earth က ရပ်​ပြီး ငါတို့ကို စောင့်နေတာလား.. "

" သူ လက်နက်မရှာဘဲ ငါတို့ကို လက်ဗလာနဲ့ ချမလို့လား.. "

" မောက်မာလိုက်တာ.. "

" ငါတို့ အောက်ရောက်မှ သူနောင်တရသွားလိမ့်မယ်.. "

" ပြီးရင် အဲ့ကောင် သောက်ခွက် ဆက်တိုက် ဖြတ်တီး ပစ်မယ်.. "

Chapter 185

~

All Chapters