Chapters

ဆက်တိုက်သတ်ခြင်း

Vol. 13 Ch. 185

ဆက်တိုက်သတ်ခြင်း

Vol. 13 Ch. 185

~

လင်းမို့သည် မောက်မာနေခြင်း မဟုတ် ။ သူ ပထမဆုံးအကြိမ် ကစားဖူးခြင်း ဖြစ်သောကြောင့် မည်သည့်နေရာတွင် လက်နက် ရှာရမည်မှန်း မသိပေ ။ ထို့အပြင် သူ့အား လက်နက် ရှာရန် အချိန်ပေးကြမည် မဟုတ်သလို သူလို ပျင်းရိသူတစ်ယောက်က လက်နက် ကိုယ်တိုင်ရှာရမည်အား ပျင်းရိလွန်းလှသည် ။

သူ့အား လာသတ်သူများထံမှ လက်နက်လုခြင်းကသာ အမြန်ဆုံးဖြစ်သည် ။

" ဟားဟား.. Black Earth.. "

လင်းမို့နှင့် သိပ်မဝေးသော လေပေါ်မှ His Majesty the Emperor ဆိုသူက လှမ်းခေါ်လိုက်ပြီး...

" စောင့်နေလိုက်စမ်း ..မင်းအဖေ မီတာ လေးဆယ် ရှည်တဲ့ဓား တွေ့ရင် မင်းကို လာသတ်မယ်.. "

" အိုး..."

လင်းမို့ စိုက်ကြည့်မိလိုက်၏ ။ ဤကလေးက သူ၏ အာရုံကို လျင်မြန်စွာ ဖမ်းစားနိုင်ပေသည် ။ သူက Emperor မြေပြင်ပေါ်သို့ ကျလာမည့် နေရာသို့ လျောက်သွားလိုက်သည် ။

" ခဏနေ မင်းဖေဖေ ဘယ်လောက် စွမ်းလဲ သိလိမ့်မယ်.. "

Emperor သည် စာမေးပွဲတုန်းက တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ နောက်ဆုံးအဆင့် ရှိသော ပါရမီရှင်တစ်ယောက်ပင် ။ ယခု တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ အထွတ်အထိပ်သို့ ရောက်နေလေပြီ ။

သူ့ကိုယ်သူ ဂုဏ်ယူနေသည့်အချိန်တွင် Black Earth အား သတ်ခွင့်ရတော့မည်ဖြစ်၍ မောက်မာလာခြင်းပင် ။

သို့သော်လည်း လင်းမို့က သူကျလာမည့်နေရာသို့ လာနေသည်ကို မြင်လျှင် ထိတ်လန့်သွား၏ ။

" ဟေ့ဟေ့ Black Earth မင်းဘာလုပ်မလို့လဲ.. "

" ညီလေး.. ကိုယ်ကျင့် တရားအကြောင်း ပြောရအောင်ကွာ.. အောက်မရောက်သေးတဲ့သူကို တိုက်ခိုက်တာ ကျင့်ဝတ်နဲ့ မညီဘူးကွ.. "

" မင်းမှာ အရည်အချင်းရှိရင် ငါ့ကို ဓားရှာခွင့်ပေးလိုက်.. ပြီးရန် တရားမျှမျှတတ တိုက်ကြတာပေါ့.. "

" Black Earth ငါ ပြောတာ ပြန်ပြောအုံးလေ.."

Emperor က ထိတ်လန့်လာ၏ ။ သူ လင်းမို့ ရှေ့ နှစ်မီတာလောက်အကွာတွင် ဆင်းသက်လာခဲ့သည် ။ သူကအံကြိတ်ပြီး မချိပြုံး ပြုံးပြလိုက်ကာ...

" အဖေကြီး.. ငါမှားပါတယ်.. "

သို့သော်လည်း နောက်ကျသွားလေပြီ ။ သူ့အား ဆီးကြိုနေသည်မှာ လက်သီးတစ်လုံးပင် ။

" ဖောင်း.. "

ဂိမ်းအတွင်း အသိပေးချက်တစ်ခု တက်လာ၏ ။

" ကစားသမား Black Earth က ကစားသမား Emperor ကို သတ်လိုက်သည် .. "

တစ်ချိန်တည်းမှာပင် လူငါးဆယ်ကျော်က မြေပြင်ပေါ်သို့ ဆင်းလာကြသည် ။ ထိုမြင်ကွင်းကို မြင်လိုက်ရ၍ ထိတ်လန့်သွားကြ၏ ။

" ကြမ်းလိုက်တာ.. "

" ငါအဲ့ကောင်ကို သိတယ် ချင်မူတက္ကသိုလ်က ပါရမီရှင်တစ်ယောက်ဟ.. တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၃ အထွတ်အထိပ်ရောက်နေပြီ.. "

" မြန်မြန် .. မြန်မြန် လက်နက်ရှာကြ ဒီတိုင်းဆို အားလုံး သေကုန်တော့မှာပဲ.. "

" Black Earth ရဲ့ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ကို ဟာသ မှတ်နေကြတာလား.."

လူတိုင်းက Black Earth ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အဆင့် ၅ အစောပိုင်းဟုသာ မှတ်ယူထားကြသည် ။ တိုက်ခိုက်ရေးစွမ်းရည်တိုးတက်လာရန် ခက်ခဲသဖြင့် အချိန်တိုအတွင်း အဆင့် ၅ ၏ အထွတ်အထိပ် ရောက်လာမည်ဟု ဘယ်တော့မှ ထင်မိမည်မဟုတ် ။

တခြားကစားသမားများ လက်နက်အပြေးအလွှား ရှာနေသည်ကို မြင်လျှင် လင်းမို့က လက်နှစ်ဖက် နောက်ပစ်၍ ရပ်စောင့်နေလိုက်သည် ။ ယခုအချိန် လိုက်သတ်လျှင် ထွက်ပြေးသွားနိုင်သည် ။ လက်နက်ရှာပြီး လူစုပြီးချိန်မှ သတ်လျှင် kill ရော လက်နက်ရောပါ ရမည်ဖြစ်၍ ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်ခြင်းပင် ။

နှစ်မိနစ်ပင် မကြာလိုက် လက်နက်ပေါင်းစုံကိုင်ထားသော လူများ ဝိုင်းရံလာကြသည် ။

" သတ်.. "

" တက်ကြ.. Black Earth ကိုသတ်.. "

" Black Earth က ဒီဂိမ်းပထမဆုံးအကြိမ်ဆော့တာ.. ငါ့ဆီက kill လာမလုကြနဲ့.. "

အပေါင်းအဖော် များစွာရှိလျှင် ကြောက်တက်သူတစ်ယောက်ပင် ရဲရင့်လာပေလိမ့်မည် ။ ဤကစားသမား ၅၀ ကျော်တွင် အများစုမှာ တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၂ သာ ရှိကြ၏ ။ အသက် ၁၈ နှစ် တွင် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၃ သို့ ရောက်နိုင်သူအား ပါရမီရှင်ဟု သတ်မှတ်နိုင်မည် ဖြစ်ပြီး မြို့ငယ်လေးများတွင် တစ်နှစ်တစ်ယောက် ပေါ်လာရန်ပင် ခက်ခဲလှသည် ။

လင်းမို့က တိုက်ခိုက်ရေးစွမ်းရည်အဆင့် ၂ သာရှိသော ကြက်ပေါက်တစ်အုပ် ပြေးလာသည်ကို မြင်လျှင် ရယ်ချင်သွား၏ ။

' လက်နက်တောင် ကျွမ်းကျွမ်းကျင်ကျင် မကိုင်တက်ကျပဲနဲ့ သေဖို့ပြေးလာကြတာ.. '

လင်းမို့၏ အမြင်တွင် သူတို့အားလုံးတွင် ဟာကွက်များနှင့် ပြည့်နေပြီး နှေးကွေးစွာလာနေကြ၏ ။

သို့သော်လည်း လင်းမို့သည် ဝန်းရံပြီးသည်အထိ စောင့်မနေပဲ အရင်လှုပ်ရှားလိုက်၏ ။ သူ မတော်တဆ သေသွားပါက တိုင်းသိပြည်သိ အရှက်ကွဲပေမည် ။

" ဝှစ်.. ဖုန်း.. "

လက်သီးပြင်းအား ၁၂၀၀ ကီလိုချင်းတူသော်လည်း တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ အထွတ်အထိပ်သို့ ရောက်နေသဖြင့် လင်းမို့၏ အရှိန်က ပိုမြန်သလို အင်အားကလည်း ပိုများပေသည် ။

Chapter 186

~