← Chapters

ဆက်တိုက်သတ်ခြင်း ၂ ~

Vol. 13 Ch. 186

ဆက်တိုက်သတ်ခြင်း ၂ ~

Vol. 13 Ch. 186

လင်းမို့က ချက်ချင်းပင် ပုဆိန်ကိုင်လာသော ထွားကြိုင်းသည့် ကစားသမားရှေ့တွင် ပေါ်လာသည် ။

" ဘာလဲ.."

ကစားသမား လန့်သွား၏ ။ ဝှစ်ဆိုပြီး သူ့ရှေ့တွင် လူတစ်ယောက် ပေါ်လာပေသည် ။ လက်သီးတစ်လုံး၏ ပုံရိပ်က သူ၏ မျက်လုံးထဲတွင် တဖြည်းဖြည်း ကြီးလာလေသည် ။ ထိုကစားသမား တုံ့ပြန်ချိန်ပင် မရလိုက် ။ ချက်ချင်း သေသွားသည် ။

မီတာ အနည်းငယ် အကွာမှ မိန်းကလေးကစားသမားက အမြန်တုံ့ပြန်လိုက်သည် ။ သူမ၏ ကြာပွတ်မှာ ပုံရိပ်ယောင်များ ကျန်ခဲ့သည်အထိ လင်းမို့အား အမြန်လှမ်းရိုက်လိုက်၏ ။

အနီးကပ်လက်နက်များတွင် ကြာပွတ်က အမြန်ဆုံးဖြစ်ပေသည် ။ ထို့အပြင် လင်းမို့က အကောင်းဆုံး အကွာအဝေးတွင် ရှိနေ၏ ။

' ငါ သတ်နိုင်တော့မှာလား..'

သူမ စိတ်ကူးယဥ်နေခြင်းသာ ဖြစ်ပေလိမ့်မည် ။ သူမထင်ထားသည်ထက် လင်းမို့က ပို၍ လျင်မြန်စွာ ရှောင်ထွက်သွားပြီး သူမအနားတွင် ပြန်ပေါ်လာသည် ။

လင်းမို့သည် ကျားမတန်းတူ ဆက်ဆံရေးကို ထောက်ခံသူ ဖြစ်သဖြင့် ကြောင်ပေါက်လေးတစ်ကောင်လို ကြည့်နေသော မိန်းကလေးကို လက်သီးတစ်ချက်ဖြင့် အဆုံးသတ်ပေးလိုက်သည် ။

လူသတ်ပွဲက ယခုမှ စတင်ခြင်းပင် ။ လင်းမို့က အနီးဆုံးတွင် ရှိသော ဓားနှစ်လက် ကိုင်ထားသော ကစားသမားထံ ပြေးဝင်သွားလိုက်သည် ။

ထိုကစားသမားက ထိတ်လန့်သွားပြီး ကိုင်ထားသော ဓားနှစ်လက် လွတ်ကျသွား၏ ။ ထွက်ပြေးရန် ပြင်လိုက်သော်လည်း ထွက်ပြေးချိန်မရလိုက်ဘဲ ကန်ချက်ဖြင့် လေပေါ်ပျံသန်းသွားသည် ။

လင်းမို့ က ရပ်တန့်မနေဘဲ တစ်ယောက်ပြီး တစ်ယောက် သတ်တော့သည် ။ ကစားသမားများ ထိတ်လန့်သွားကြသည် ။

" ဝိုင်းထား ဝိုင်းထား.. ဝိုင်းထားပါဟ.. "

" သောက်ခွေး သူဒီဘက် လှည့်လာပြီ.. "

" ဘယ်ကောင့် ငါ့လာတွန်းတာလဲကွ.. "

" ချီး သေချာဝိုင်းထားကြဟ.. အကုန်သေကုန်တော့မှာပဲ.. "

" ဟိုသတောင်းစား နောက်လှည့် မပြေးနဲ့ဟ.. သေချာဝိုင်းထား.. မနိုင်ရင် လူနဲ့ ဖိသတ်မယ်.. "

" ကျားး..."

အနည်းငယ် ထိတ်လန့်သွားကြသော်လည်း ထွက်ပြေးသည်အထိ မကြောက်ကြသေးပေ ။ ဤဂိမ်းတွင် သေသည်က ပုံမှန်သာဖြစ်၍ အသေခံ၍ ကံစမ်းချင်ကြသည် ။ Black Earth အား သတ်နိုင်လျှင် နေ့ချင်းညချင်း နာမည်ကြီးပေတော့မည် ။

အတင်းဝင်တိုးလာကြသဖြင့် လင်းမို့လည်း ဖိအားအနည်းငယ်ခံစားလိုက်ရသည် ။ သို့ရာတွင် အနည်းငယ်သာ ဖြစ်သည် ။

လင်းမို့၏ အမြင်တွင် သူ့ပတ်ညာလည်ရှိ ကစားသမားများက လက်နက်မျိုးစုံဖြင့် ဝိုင်းဝန်း ထိုးခုတ်နေကြသည်မှာ ကလေးများ ကော်အရုပ်များဖြင့် ကစားနေကြ သလိုပင် ။ ကော်အရုပ်များ ဖြစ်လျှင်ပင် လင်းမို့က အထိမခံချင်ပေ ။

လင်းမို့၏ လှုပ်ရှားမှုများက တိကျသေချာလှပြီး လက်နက်တိုင်းက သူ့ဘေး တစ်စင်တီမီတာ လောက်အကွာမှ ဖြတ်သန်းသွားကြသည် ။ လူအုပ်ကြားထဲတွင် လိပ်ပြာတစ်ကောင်လို လှုပ်ရှား ပျံသန်းနေပြီး တစ်ယောက်ပြီး တစ်ယောက် သတ်နေ၏ ။

" ဆယ်ယောက် ဆက်တိုက်သတ်ဖြတ်ခြင်း.. "

" အယောက်နှစ်ဆယ် ဆက်တိုက် သတ်ဖြတ်ခြင်း.. "

" အယောက်သုံးဆယ် ဆက်တိုက်သတ်ဖြတ်ခြင်း.. "

" အယောက် လေးဆယ် သတ်ဖြတ်ခြင်း.. "

နောက်ဆုံးတွင် လူတစ်ဒါဇင်ခန့်သာ ကျန်တော့သည် ။

" ပြေးးးး..."

တစ်ယောက်က စအော်လိုက်၏ ။

" ချီးကို ဝိုင်းသတ်ပါလား.. သူ့ကို kill လာပေးနေသလိုပဲ.. "

" ဒီပွဲပြီးရင် Black Earth က ကြက်ဘုရင်ဂိမ်းရဲ့ ဆက်တိုက်သတ်ဖြတ်ခြင်း စံချိန်ကို ချိုးသွားလောက်တယ်.. "

" ချီး ငါ့လမ်း မပိတ်နဲ့ဟ.. "

" မြန်မြန် ပြေးဟေ့ လိုက်လာပြီဟ.. "

အခြေအနေကို သတိထားမိသွားသည့် ကစားသမားများက ခြေဦးတည့်ရာ ပြေးကြတော့သည် ။

' ခုမှ ပြေးရင် နောက်ကျသွားပြီကွ.. '

လင်းမို့က လူယုတ်မာပြုံး ပြုံးလိုက်ပြီး နောက်မှ လိုက်သတ်၍ သတ်တော့သည် ။

သို့သော်လည်း အယောက် ငါးဆယ် ပြီး​နောက် ကျန်သည့် ကစားသမားသုံးယောက်မှာ ညဏ်ကောင်း၍ တောနက်အတွင်း ဝင်ပြေးသွားကြသဖြင့် လွတ်သွား၏ ။

' ထားလိုက်ပါ​တော့..'

လင်းမို့ လွတ်ပေးလိုက်သည် ။ လိုက်ဖမ်းရန် ပျင်းရိလွန်းပေသည် ။ သူကျေနပ်စွာဖြင့် သတ်ထားသော အရေအတွက်ကို ကြည့်လိုက်သည် ။ မိနစ်အနည်းငယ် အတွင် မည်သူ အယောက် ငါးဆယ် သတ်နိုင်မည်နည်း ။

ပြီးနောက် မြေပြင်ပေါ်ရှိ လက်နက်များကို လိုက်ကြည့်လိုက်သည် ။

' အကုန်လုံး သာမန်လက်နက်တွေကြည့်ပဲ.. '

လင်းမို့ ခေါင်းခါလိုက်သည် ။

ကြက်ဘုရင်ဂိမ်းတွင် အထူးလက်နက်များရှိလေသည် ။ထိုလက်နက်များက သံကို ရွှံ့သဖွယ်ဖျက်နိုင်ပြီး ဆဲလ်များအား ထိန်းချုပ်နိုင်သည့် သူပင် ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်သည် ။

' အဆင့်မြင့်လာရင် အတွေ့များတယ်လို့တော့ ကြားဖူးတာပဲ ဒီအဆင့်မှာ မရှိလောက်သေးဘူး.. '

လင်းမို့ အထူးလက်နက်များအား စိတ်ဝင်စားနေခြင်းမှာ သူတစ်ခါမှ မမြင်ဘူး၍ မြင်ဖူးချင်စိတ်ကြောင့်ပင် ။

' ဒီအမှိုက်တွေကတော့ ကိုင်လည်း ဘာမှ မထူးဘူး.. ငါ့လက်သီးကမှ ပိုပြင်းအုံးမယ်.. ငါ့အရှိန်ကိုလည်း ထိခိုက်နိုင်တယ်.. "

ထို့​နောက် ဂိမ်းမြေပုံကို ကြည့်၍ စစ်မြေပြင်၏ အလယ်ဗဟိုသို့ ပြေးတော့သည် ။ ရန်သူများက နောက်ဆုံးတွင် အလယ်ဗဟို၌ ဆုံကြမည်ပင် ။

လင်းမို့၏ဆန့်ကျင်ဘက် အရပ်ရှိ ဝေးကွာသောနေရာတစ်ခုတွင် ။

Little Yu က သူ၏ ရန်သူဖြစ်သော အရပ်ရှည်ရှည်ပိန်ပိန်လူကို သတ်လိုက်သည် ။

' ဟမ့် မင်း စကေးလောက်နဲ ငါ့ကို လာယှဥ်နေတယ်.. '

Little Yu မောက်မာစွာ တွေးသည် ။ ဤလူအား သတ်ရန် သူအားသိပ်မစိုက်ရပေ ။ ထိုစဥ် သူ၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွား၏ ။

အသိပေးချက်များ ဆက်တိုက်ဝင်လာသည် ။

" ကစားသမား Black Earth က ကစားသမား Emperor ကို သတ်လိုက်သည်.. "

" ကစားသမား Black Earth က ကစားသမား Tough Guy ကို သတ်လိုက်သည်.. နှစ်ယောက်ဆက်သတ်ခြင်း.."

" ကစားသမား Black Earth က ကစားသမား Miss Violent ကို သတ်လိုက်သည်.. သုံးယောက်ဆက်..."

" ကစားသမား Black Earth က ကစားသမား Wang Dashuai ကို သတ်လိုက်သည်.. ​လေးယောက်ဆက် ..."

' ကြမ်းလှချည်လား..'

Little Yu အနည်းငယ် အံ့သြသွား၏ ။

' ဒါပင်မဲ့ လူတွေအကုန်လုံးကို သတ်နိုင်ပါ့မလား.. '

သူတွေးသည် ။ သို့သော်လည်း ခဏအကြာတွင် သူနုံအမှန်း သိသွား၏ ။

" ကစားသမား Black Earth ၁၀ ကြိမ်ဆက်တိုက် သတ်လိုက်ပါသည်.. "

..........

" ကစားသမား Black Earth အကြိမ်ငါးဆယ်ဆက်တိုက် သတ်လိုက်ပါသည်.. "

" ချီး.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ.. "

Little Yu ဆွံ့အ သွား၏ ။

" ဒီကောင်တွေက Black Earth ကို သွားသတ်တာလား kill သွားပေးတာလား.. "

သူ့ကိုယ်သူ ကံကောင်းသည်ဟု ခံစားမိလိုက်သည် ။

' ငါလေး ညဏ်ကောင်းလို့ လိုက်မသွားတာ.. မဟုတ်လို့ စောစော သေရင် အမှတ်တွေ အများကြီး နှုတ်ခံရလိမ့်မယ်.. '

Little Yu အတွက် အရေးအကြီးဆုံးက ဂိမ်းအမှတ်များပင် ။

' လက်နက်ကောင်းကောင်း သွားရှာတာပဲ ကောင်းတယ်.. '

Chapter 187

~

All Chapters