ပရော်ဖက်ရှင်နယ် ဒလီသမား
Vol. 13 Ch. 187
~
ကြက်ဘုရင်ဂိမ်း၏ အစောပိုင်းအဆင့်တွင် ကစားသမားများ အားလုံးကို အမှတ် ၁၀၀၀ စီပေးထားမည်ဖြစ်ပြီး ပွဲအတွင်း အသက်တူသူများသာ တွေ့ကြမည်ဖြစ်သည် ။ နောက်ပိုင်း အမှတ်များ မြင့်လာချိန်မှ အသက် တူခြင်းချပေးသည့် စနစ်ကို ဖျောက်၍ အမှတ်အလိုက် ချပေးမည်ဖြစ်သည် ။
Little Yu သည် နောက်ပိုင်းကာလ အဆင့်သတ်မှတ်ချက်ထဲတွင် ဝင်ရန် ကြိုးပမ်းနေခြင်းမဟုတ်ပေ ။
' ဒီတစ်ရက် နှစ်ရက် အတွင်း တစ်ဦးချင်းအဆင့်မှာ ဝင်နိုင်ရင် မဆိုးဘူး ..'
ကြက်ဘုရင်ဂိမ်း ဆိုသည်က ဂိမ်းတစ်ခုသာ မဟုတ် ။ ကစားသမားများအား အရည်အချင်းစမ်းသပ်သည့် နေရာတစ်ခုဖြစ်သည် ။ တိုက်ခိုက်ရေးစွမ်းရည် ၊ ရှင်သန်နိုင်စွမ်း ၊ စိတ်ဓာတ် ကြံ့ခိုင်မှု ဘက်ပေါင်းစုံမှ စမ်းသပ်စစ်ဆေးသော စာမေးပွဲ တစ်ခုလိုပင် ။
ထို့ကြောင့် အဆင့် ဝင်နိုင်သူအားလုံးမှာ ခေါင်းမော့၍ နေနိုင်ကြလေသည် ။
' ငါသာ အဆင့်ဝင်နိုင်ခဲ့ရင် ကျောင်းက နတ်ဘုရားမလေးတွေက ငါ့ကို စိတ်ဝင်စားသွားလိမ့်မယ်.. "
Little Yu က သူ့အား လက်ပြနှုတ်ဆက်နေသော နတ်ဘုရားမလေးကိုပင် စိတ်ထဲတွင် မြင်ယောင်မိလိုက်သည် ။
' ဒီပွဲထဲ Black Earth ပါလာတာက ကောင်းတာလား ဆိုးတာလား မသိဘူး.. '
Little Yu တွေးရင်း မျက်မှောင်ကြုပ်လိုက်မိ၏ ။
' Black Earth က လူငါးဆယ်လောက် သတ်လိုက်တော့ ဒီပွဲမှာ စောစောသေရင်တောင် အမှတ်လျော့မှာ မဟုတ်တော့ဘူး.. အမှတ်နဲနဲ တောင် ရချင်ရအုံးမယ် ..'
' ဆိုးတာက သူကပဲ လူသတ်နေတော့ ငါသတ်ဖို့ ကျန်တော့မှာ မဟုတ်ဘူး.. ငါဘာလို့ သူ့လို မသတ်နိုင်ရတာလဲ.. '
ဂိမ်းမျက်နှာပြင်အား ကြည့်ရင်း Little Yu မျက်လုံးများက မနာလိုမှုများကြောင့် နီရဲလာသည် ။ စိတ်သက်သာ သွားစေရန် ရက်ဘက်ကို ပုတ်လိုက်၏ ။
' ထားလိုက်ပါတော့ ငါ့ဟာငါ လက်နက်ရှာတာပဲ ကောင်းမယ်.. အထူးလက်နက်ရှာတွေ့ရင် ဒီပွဲ အဆင့် ၂ တောင် ရနိုင်တယ်.. '
" အယ်.. "
Little Yu မြက်ခင်းပြင်ထဲတွင် တလက်လက်တောက်ပနေသော အလင်းရောင်ကို တွေ့လိုက်သည် ။
" ဒါ အထူးလက်နက်မဟုတ်လား.. "
Little Yu သေချာသွားကြည့်လိုက်ရာ ရွှေရောင်အလင်း တောက်ပနေသည့် ဆေဘာ တစ်လက်ကို တွေ့လိုက်ရသည် ။ ဓား၏ အပေါ်တွင် ဝေ့ပျံနေသည့် နဂါးသတ်ဆေဘာ ဟူသည့် နာမည်ဖြင့်ပင် ဤဓားက ပေါ့သေးသေး မဟုတ်မှန်း သိနိုင်ပေသည် ။ ပုံစံအရ အထူးလက်နက်များထဲတွင်ပင် အဆင့်မြင့်ပုံရ၏ ။
Little Yu က ကောက်ယူကြည့်လိုက်ရာ လက်နက်မိတ်ဆက် ပေါ်လာသည် ။
[ နဂါးသတ်ဆေဘာ : အရာအားလုံး ဖြတ်တောက်နိုင်သည့် ဓားသွား.. ဓားဖြင့် ထိလျှင် တိုက်ခိုက်ရေးစွမ်းရည် အဆင့် ၅ အောက်ရှိ လူအားလုံး သေမည် ။ အဆင့် ၅ အထက်....]
" ဟူး..."
Little Yu သက်ပြင်းချလိုက်မိ၏ ။ အလွန်စွမ်းအားကြီးမားသော ဓားတစ်ချောင်းပင် ။
' ငါဒီဓားနဲ့ဆို ဒီပွဲဘုရင်ဖြစ်ပြီ.. Black Earth နဲ့တွေ့ရင်တောင် နှစ်ချက်သုံးချက် ခုတ်နိုင်ရင် ငါနိုင်မှာပဲ.. '
" ဟားဟားဟားးးး..."
Little Yu က ခေါင်းမော့၍ အားရပါးရ အော်ရယ်လိုက်သည် ။ သူ ပြိုင်ဘက်ကင်း ဖြစ်ချေတော့မည် ။
' သွားမယ်.. သတ်ဖို့ လူလိုက်ရှာမယ်.. '
သူ လူအနည်းငယ် မသတ်နိုင်ပါက ဓားအား စော်ကားသလို ဖြစ်နေပေလိမ့်မည် ။ ဓား၏ အလေးချိန်က ကီလို ရာဂဏန်းအနည်းငယ် ရှိသော်လည်း Little Yu က ပခုံးပေါ် ထမ်း၍ မြောက်ကြွ မြောက်ကြွ လျောက်သွားတော့သည် ။
' လူတွေ ဘယ်ရောက်ကုန်တာလဲ.. ငါ့ကို ခုတ်ခွင့်လာပေး.. '
Little Yu လမ်းမကြီးတစ်လျောက် လျှောက်ရှာနေသော်လည်း လူတစ်ယောက်မှ မတွေ့ပေ ။
' ဟမ်း.. ဘယ်သွားသေနေကြတာလဲ.. '
Little Yu က တိုးတိုးလေး ညီးလိုက်၏ ။
" ကျေးဇူးပြုပြီး လူတစ်ယောက်လောက် တွေ့ခွင့်ပေးပါ.. "
Little Yu ၏ ဆုတောင်းစကားက အလုပ်ဖြစ်သွားပြီး ထောင့်အကွယ်တစ်ခုမှ လူတစ်ယောက်ထွက်ပေါ်လာသည် ။
" တကယ် တစ်ယောက်ရှိနေတာပဲ.. "
Little Yu ၏ မျက်လုံးများ တောက်ပလာပြီး ပြေးသွားလိုက်သည် ။ လူကို သေချာ မြင်လိုက်ရသောအခါ သူ၏ တစ်ကိုယ်လုံး တုန်ရီ သွားလေသည် ။
" သောက်ခွေး Black Earth ကြီးဟ.. "
သူ အထူးလက်နက်အား ရှာတွေ့ ခဲ့သော်လည်း ပထမဆုံးလာတွေ့နေသူက Black Earth ဖြစ်နေ၏ ။ သူငိုချင်သော်လည်း မျက်ရည်မကျ ။
" အမ်..."
လင်းမို့လည်း Little Yu ကို မြင်လိုက်သည် ။ ရန်သူများ၏ လမ်းက ကျဥ်းမြောင်းလှပေ၏ ။
လင်းမို့သည် Little Yu ပခုံးပေါ် ထမ်းလာသော ဓားအားလျစ်လျူရှု ထားလိုက်၏ ။ ခွန်အား အပြတ်အသတ်ကွာသဖြင့် Little Yu နတ်ဘုရား လက်နက် အစုံလိုက် ဝတ်ဆင်ထားလျှင်ပင် သူမကြောက်ချေ ။
Chapter 188