အခန်း (၁၄)
Vol. 1 Ch. 14
ထန်ဝူလင်း လမ်းတစ်လျှောက်လုံးအိမ်ပျော်ရွှင်စွာခုန်ပေါက် ခဲ့သည်။ သူတကယ်ပျော်နေခဲ့တယ်။
သုံးနှစ်။ သုံးနှစ်လုံးလုံး နေ့စဉ်သတ္တုကိုအပြင်းအထန်လုပ်ကိုင်ခဲ့သည်။ ဝိညာဉ်ကွင်းတစ်ခုအတွက်ငွေအလုံအလောက်ရရှိရန်အတွက်ဖြစ်သည်။
သူကဒီလပီးရင် ၀ိညာဉ်ကွင်းတစ်ခုအတွက်ငွေလုံလုံလောက်လောက်ရှိမယ်လို့အရင်လကတွက်ထားပြီးသားပါ။ အခုသူ့မှာလက်ထဲမှာပိုက်ဆံတကယ်ရှိလာတော့ သူစိတ်လှုပ်ရှားစွာအော်ဟစ်လိုက်ချင်သည်။ဒင်္ဂါးပြားသုံးသောင်း အထက်တန်းစားချမ်းသာတဲ့မိသားစုတွေအတွက်ဒါကဘာမှမဟုတ်ခဲ့ပါဘူး။ သို့သော်ကိုးနှစ်အရွယ်သာရှိသေးသော ကလေးတစ် ဦး အတွက်ရက်ပေါင်းတစ်ထောင်ကျော်ကြိုးစားမှုနှင့်ချွေးများရဲ့အသီးအပွင့်ဖြစ်ခဲ့သည်။ သူကသူ့အတွက်ချွေးဘယ်လောက်ထွက်ခဲ့တယ်ဆိုတာမပြောနဲ့ဒီငွေကိုရဖို့သူ့ရဲ့တူကိုမြှောက်ခဲ့တဲ့အကြိမ်အရေအတွက်ကိုတောင်ရေတွက်လို့မရခဲ့ပါဘူး။
နောက်ဆုံးတော့သူအောင်မြင်သွားပါပြီ။ သူ့ရဲ့အောင်မြင်မှုအကြောင်းကိုသူတွေးလေလေပိုပီတိဖြစ်လာလေလေပါပဲ။ သူ၏စိတ်ခံစားချက်များကိုယခုချက်ချင်းဖော်ပြရန်မဖြစ်နိုင်ပေ။
သူ့ဝိညာဉ်စွမ်းအားသည် အဆင့် ၁၀ သို့ရောက်ရှိတာနှင့် သူသည် ဝိညာဥ်မာစတာ ဖြစ်လာမည်။ထန်ဝူလင်း သည်ပန်းပဲပစ္စည်းပြု လုပ်ခြင်းကိုနှစ်သက်သော်လည်းသူရဲ့အသက်မွေးဝမ်းကျောင်းအဖြစ်မလုပ်ကိုင်လိုပါ။ သူ၏အိပ်မက်က ဝိညာဥ်မာစတာ တစ်ယောက်ဖြစ်ရန်နှင့်အနာဂတ်တွင် စက်လက်နက်မာစတာ ဖြစ်လာရန်ပင်အိပ်မက်မက်ခဲ့သည်။
ယောင်္ကျားလေးတိုင်းမှာဒီလိုအိပ်မက်မျိုးရှိပေမယ့်သူတို့ရဲ့အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့လိုအပ်တဲ့အားထုတ်မှုတွေကိုလူဘယ်လောက်များများလုပ်နိုင်ခဲ့လဲ။
လွန်ခဲ့သောသုံးနှစ်တာကာလအတွင်း ထန်ဝူလင်း သည်ဤစကားကိုသူ၏နှလုံးသားထဲတွင်အမြဲသိမ်းထားပြီးသွန်သင်ချက်များကိုလိုက်နာခဲ့သည်။
နောက်ဆုံးတော့သူအောင်မြင်ခဲ့တယ်။
“ အမေ၊ အဖေ၊ အခုငါငွေအလုံအလောက်ရပီ အခုကျေနာ်လုံလောက်ပြီ! “ ထန်ဝူလင် အိမ်ထဲဝင် တာနဲ့သူစိတ်လှုပ်ရှားစွာအော်ဟစ်နေပြီ။
နာအယ် သည်ဧည့်ခန်း၌ထိုင်ပြီး ချိုချဥ်စုပ်နေသည်
“ အစ်ကိုကြီး၊ နင့်မှာ ၀ိညာဉ်ကွင်းတစ်ခု ၀ ယ်ဖို့ပိုက်ဆံအလုံအလောက်ရပြီ လား။ထန်ဝူလင်းက စိတ်လှုပ်ရှားနေတာကိုသူမြင်နေရတယ်။
“ ငါလုံလောက်ပြီ။ ငါ့မှာအားလုံးသုံးသောင်းရှိတယ် “ ထန်ဝူလင်း သည်ငွေကိုအလျင်အမြန်ထုတ်လိုက်ပြီးစားပွဲပေါ် တွင်တင်လိုက်သည်။ ထို့နောက်သူ့အခန်းသို့အမြန်ပြန်လာပြီးသူ၏အိပ်ယာအောက်မှသံထည်သံဘူးတစ်ခုကိုထုတ်ယူလိုက်သည်။ဧည့်ခန်းကိုပြန်သွားပြီးအထဲမှာရှိတဲ့ပိုက်ဆံအားလုံးကိုသွန်ပစ်လိုက်တယ်။ ”
“ တစ်ရာ၊ နှစ်ရာ၊ နှစ်ရာနှစ်ဆယ်…”
“ နှစ်သောင်းကိုးထောင်ခြောက်ရာ၊ နှစ်သောင်းကိုးထောင်ခုနစ်ရာ… ၃ သောင်းသုံးသောင်းသုံးထောင်နှစ်ရာ။ အမှန်တော့နောက်ထပ်နှစ်ရာရှိတယ်။ နာအယ် မင်းအတွက်စားလို့ ကောင်းတဲ့မုန့် တွေ ၀ ယ်ဖို့မင်းကိုတစ်ရာပေးမယ်။
သူ့ရှေ့တွင်ဝိဉာဏ်ဒ်ဂါးအပုံကိုကြည့်လိုက်သောအခါ ထန်ဝူလင်း ၏မျက်နှာစိတ်လှုပ်ရှားစွာနီရဲလာသည်။
လန်ယွဲ့အလုပ်ပြီးသွားပြီ ဖြစ်၍ အိမ်သို့ပြန်လာခဲ့သည်။ မီးဖိုချောင်ကနေတောင်မှသူ့သားရဲ့အော်သံကိုသူကြားနိုင်တယ် ထန်ကျီရမ်လည်း အလုပ်ပြီးသွားသည်နှင့်သူသည်သူ့သား၏ရယ်သံကိုကြားသောအခါတံခါးဝသို့အမြန်လျှောက်လာလိုက်သည်။ စားပွဲပေါ် ရှိငွေများလိုသူတို့မြင်လိုက်ရသောအခါသူတို့နှစ် ဦး သည်နည်းနည်းလေးမှမျက်ရည်မကျပဲမနေနိုင်ခဲ့ပေ။
ဒီကလေးအတွက်တကယ်ကိုခက်ခဲလွန်းခဲ့တယ်။ အခြားကလေးများကစားနေစဉ်သူသည်ငွေရှာနေရသည်
လန်ယွဲ့ သည်သူမ၏ခင်ပွန်း၏နံဘေးသို့လျှောက်သွားပြီးသူ့ပခုံးကိုကိုင်လိုက်သည်။ သူမျက်ရည်တွေကျနေတာကိုသူမသိတယ်
အပြုံးတစ်ပွင့်နှင့် ထန်ကျီရမ် သည်ထန်ဝူလင်း ဆီသို့လျှောက်သွားပြီးသူ့ပုခုံးတစ်ဖက်ကိုပွေ့ဖက်လိုက်ပြီးသူ့ကိုလက်မထောင်ပြလိုက်သည်။
“သားဆင့် ၁၀ ကိုကျော်ဖြတ်ပြီးတာနဲ့စိတ်ဝိညာဉ်တစ်ခုကို ၀ ယ်ယူနိုင်မယ်မလား၊ အဖေ?” ထန်ဝူလင်း ကစိတ်လှုပ်ရှားစွာမေးလိုက်သည်။
“ မှန်တာပေါ့ အဲဒီအချိန်ရောက်ရင်ငါမင်းနဲ့အတူသွားမယ် မဟုတ်ဘူး၊ ငါတို့တစ်မိသားစုလုံးသွားကြမယ်။ မင်းက ဝိညာဥ်မာစတာ တစ်ယောက်ဖြစ်တော့မယ်။ ငါမင်းအတွက်အရမ်းဂုဏ်ယူတယ်။ “
သူတကယ်စိတ်လှုပ်ရှားတယ်။ ညရောက်လာတော့ ဘယ်လောက်ပဲကြိုးစားကြိုးစား ထန်ဝူလင်းတရားမထိုင်နိုင်ဘူး။ ထိုည၌လနှင့်ကြယ်များသည်အထူးတောက်ပသည်။ နောက်နေ့သည်နေသာသောနေ့ဖြစ်လိမ့်မယ်
ထန်ဝူလင်း သည်သူ့အိပ်ရာပေါ်မှတိတ်တဆိတ်ဆင်းလာသည်။ သူတံခါးကိုဂရုတစိုက်ဖွင့်လိုက်ပြီးနောက်တိုးညှင်းစွာနှင့်တိတ်တဆိတ်ထွက်သွားသည်။ သူလမ်းလျှောက်ထွက်ပြီးသူ့နှလုံးသားကိုတည်ငြိမ်လာသည်။
………….
တောက်ပသောလရောင်သည် နာအယ့်ခန္ဓာကိုယ်ပေါ်သို့ကျဆင်းလာသည်။ ဒီညရဲ့လဟာအထူးတောက်ပခဲ့တယ်။ နာအယ် ၏ငွေရောင်ဆံပင်များသည်တလက်လက်တောက်ပနေပြီးလရောင်အောက်တွင်ပိုတောက်ပနေသည်။
လရောင်ဖြင့်ဖုံးလွှမ်းထားသောနာအယ်ရဲ့ခန္ဓာကိုယ်မှရုတ်တရက်အလင်းရောင်တစ်ခုထွက်ပေါ်လာသည်။ အဝါ၊ အစိမ်း၊ အနီ၊ အပြာ၊ ခရမ်း၊ ရွှေနှင့်ငွေ။ ဤအရောင်ခုနစ်မျိုးသည်တစ်ခုပြီးတစ်ခုထွက်လာသည်။
ထန်ဝူလင်းသာ အခန်းထဲမှာရှိနေသေးရင်ဒီထူးခြားတဲ့မြင်ကွင်းကိုသူမြင်နိုင်မှာပါ။
နာအယ်ခန္ဓာကိုယ်အနည်းငယ်တုန်သွားသည်။ ခဏကြာတော့အရော်ခုနှစ်မျိုးတောင်ပနေတဲ့သူ့မရဲ့မျက်လုံးတွေက ပြန်လည်ပျောက်ကွယ်သွားပြီး။ အချိန်အတော်ကြာပြီးမှသူပုံမှန်ပြန်ဖစ်သွားသည်။
လရောင်သည်အရင်လိုတောက်ပနေဆဲဖြစ်သော်လည်း နာအယ် ၏ခန္ဓာကိုယ်ပေါ်ရှိအလင်းရောင်သည်ပျောက်ကွယ်နေပြီဖြစ်သည်။ သူမ၏နူးညံ့သောခန္ဓာကိုယ်သည်နည်းနည်းကြီးထွားလာသည်။ သူမဟာလွန်ခဲ့တဲ့သုံးနှစ်ကအရမ်းကြီးထွားမလာခဲ့ပေမဲ့ဒီနေ့ညမှာတော့ကြီးထွားလာခဲ့တယ်။
သူမတုန်နေတာတွေလည်းပျောက်ကွယ်သွားပြီး နာအယ် ၏အသက်ရှူသံသည်ပုံမှန်ပြန်ဖြစ်သွားသည်။
ဒီညလေဟာတော်တော် အေးတယ်။ထန်ဝူလင်း နေထိုင်သောသာမန်ရက်ကွပ်တွင်ဥယျာဉ်ငယ်တစ်ခုရှိသည်။ ကျောင်းပိတ်ရက်ဖြစ်သည့်အခါ နာအယ်နှင့်သွား ကစားတတ်သည်။
သူဥယျာဉ်ထဲသို့ ၀ င်သည်နှင့်သူသည် ငွေပြာမြက် တစ်ပင်ရဲ့အင်အားကြီးဆွဲဆောင်မှုစွမ်းအားတစ်ခုကိုခံစားလိုက်ရသည်။ အပင်ရဲ့မွှေးရနံ့အပြင်လေကောင်းလေသန့်တိုနဲ့စိတ်ကြည်လင်လာတယ်။ မသိစိတ်နဲ့အတူသူတင်ပျဉ်ခွေထိုင်လိုက်သည်။
ကျေးငှက်များတေးဆိုနေကြသည်၊ လေကအေးစက်။ကြယ်တို့ရဲ့မှိန်ဖျော့ဖျော့အရောင်ကို သူငေးမောနေသည်။ဤအခြေအနေများအောက်တွင်သူသည်တဖြည်းဖြည်းစိတ်တည်ငြိမ်သွားပြီးတရားထိုင်လာနိုင်သည်။