← Chapters

ဘိုးဘွားအမွေခံ

Vol. 1 Ch. 10

ဘိုးဘွားအမွေခံ

Vol. 1 Ch. 10

နောက်တစ်နေ့ မနက်စောစောတွင်။

ချင်ကျီသည် မုချန်းယွင်ဆီသို့ စောစောစီးစီး သွားရောက်ကာ အလွန်ရိုးသားသည့် သဘောထားဖြင့် တောင်းပန်ခဲ့သည်။

တစ်ညတာလုံး ဖခင်ဖြစ်သူ၏ ကုသပေးမှုနှင့် နှစ်သိမ့်မှုများအောက်မှာ မုချန်းယွင်ကလည်း ထိုဖြစ်ရပ်အပေါ် အငြိုးမထားတော့ပေ။

မည်သို့ပင်ဆိုစေကာမူ ချင်ကျီကလည်း လူယုတ်မာတစ်ယောက်၏ ဆေးခတ်ခြင်းကို ခံခဲ့ရတာဖြစ်ပြီး သူမ၏ဖခင်ကလည်း ရိုက်နှက်ခဲ့သေးရာ သူကလည်း သားကောင်တစ်ကောင် ဖြစ်ခဲ့ရသည်ပင်။ ထို့အပြင် သူမက အသေးစားဒဏ်ရာသာ ရခဲ့ပြီး မပြင်းထန်ပေ။

နှစ်ဖက်စလုံး ပြန်လည်သင့်မြတ်ပြီးနောက် ချင်ချွမ်းနှင့် သူ့သားသည် မြို့အရှင်၏အိမ်တော်ကနေ ထွက်ခွာခဲ့ပြီး မင်ဟောက်မြို့ဘက်ကို ဦးတည်ခဲ့ကြ၏။

မင်ဟောက်မြို့။

ထိုမြို့သည် ရွှင်းယန်မြို့၏ အကြီးဆုံးပင်မမြို့တော်ဖြစ်ပြီး နေကိုးလုံးနယ်မြေ၏ အဓိကပင်မမြို့တော်ကြီး သုံးဆယ်ခြောက်ခုထဲမှ တစ်ခုဖြစ်သည်။ ထင်ရှားသော မိသားစုများ၊ လူအမျိုးမျိုးတို့ဖြင့် ပြည့်နှက်နေကာ အင်အားကြီးသူများက နေရာတိုင်းမှာ ရှိလေ၏။

ချင်ချွမ်းသည် သူ ပိုပြီးအင်အားကြီးလာရန်အတွက် မဟာဗျူဟာတစ်ခုကို အချိန်အတော်ကြာကတည်းက သတ်မှတ်ထားခဲ့သည်။ သူ၏ အပေါစားသားလေးကို အင်အားကြီးသူများ စုဝေးရာအရပ်များဆီ ခေါ်သွားပြီး ပြဿနာရှာရန်ပင်။

မဟုတ်သေး၊ ထိုစကားက မမှန်ပေ။

ပြဿနာရှာသူက သူ၏ အပေါစားသားပင်။

(T/N - ဒီမှာ တစ်ခါတည်း ရှင်းပြချင်တာက အပေါစားသားဆိုတာ ခေါ်ရလွယ်အောင် တိုက်ရိုက်ပြန်ထားတာပါ၊ တစ်ကယ်တော့ သားအရင်းမဟုတ်ဘဲ အလကားရထားတဲ့သားကို ဆိုလိုခြင်းပါ)

သူကိုယ်တိုင်ကတော့ လုံလုံခြုံခြုံနေရလိမ့်မည်။

အကြောင်းမှာ သူ့သားက အင်အားကြီးသူများနှင့် ရင်ဆိုင်ရသောအခါမှသာ သူ ပိုပြီးအင်အားကြီးလာနိုင်ပြီး သူကိုယ်တိုင် ရင်ဆိုင်လျှင်တော့ အင်အားမတိုးလာနိုင်ပေ။

သူက မီးသတ်သမားတစ်ယောက်ပင်။

မီးရှိသောနေရာကို သူသွားမည်!

မီးမရှိရင်တောင် သူ စတင်၍ ရှို့ရလိမ့်မည်။

ကြမ်းတမ်းသောလမ်းပေါ်တွင် ရထားလုံး၏ ဘီးသံများမှ အသံများ အဆက်မပြတ်ထွက်နေလေသည်။

ချင်ချွမ်းက ရထားလုံးကို ကိုယ်တိုင်မောင်းနေခြင်းပင်။ ချင်ကျီကတော့ ရထားလုံးအတွင်းမှာ သိုင်းလေ့ကျင့်နေလေ၏။

ဤအရာသည် ချင်ချွမ်းမှ သူ၏ အပေါစားသားလေးအား အနည်းငယ် လျော်ကြေးပေးခြင်းဟု ယူဆနိုင်သည်။

သားအဖနှစ်ယောက်စလုံးက နှစ်ရက်တာလုံး တိတ်ဆိတ်စွာပင် ရှေ့ဆက်သွားခဲ့ကြ၏။

နောက်ဆုံးမှာ ချင်ကျီသည် သူ့ရင်ထဲ၌ အချိန်အတော်ကြာထိန်းထားခဲ့သော မေးခွန်းတစ်ခုကို မေးလိုက်သည်။

"အဖေ အဖေ ဒီလောက်အင်အားကြီးနေတာ ဘာလို့ ကျွန်တော်တို့တွေ မပျံသန်းတာလဲ"

အဖေ့ရဲ့ချိတ်ပိတ်စည်းက ပွင့်သွားပြီမလား။

အဖေရဲ့ခွန်အားက အခု အများကြီး ပြန်ရလာပြီဆိုမှတော့ ကျွန်တော့်ကို ပုခုံးပေါ်တင်ပြီး ပျံသန်းတာက ပြဿနာမရှိနိုင်ဘူးမလား။

"အာ...အရူးလေး"

ချင်ချွမ်းသည် ကူကယ်ရာမဲ့နေသောအပြုံးဖြင့် ခေါင်းခါယမ်း၍ ပြောလာသည်။

"အဖေ့ရဲ့ခွန်အားက ပြန်ကောင်းမွန်ဖို့ ဖြစ်စဥ်တစ်ခု လိုအပ်တယ်၊ မင်းထင်သလောက် မြန်မြန်ပြန်ကောင်းမှာ မဟုတ်ဘူး"

"အာ"

ချင်ကျီ၏မျက်နှာက တောင့်သွားပြီး အနည်းငယ် စိတ်ပျက်သွားပုံလည်းရ၏။ ထို့နောက် သူ ဆက်မေးလိုက်သည်။

"ဒါဆို အခု အဖေ့ရဲ့သိုင်းပညာအဆင့် ဘယ်လောက်လဲ"

"သန့်စင်သောယန်အဆင့်တစ်ဝက်"

ချင်ချွမ်းက ရိုးရိုးသားသားပင် ပြန်ဖြေလေ၏။ ထိုအရာက လက်စွပ်ထဲရှိ အကြီးအကဲဆီကနေ

ဖုံးကွယ်လို့မရသောအရာဖြစ်ပြီး ရိုးသားတာက ပိုကောင်းသည်။

ရိုးသားခြင်းက ယုံကြည်မှုကို ကိုယ်စားပြုလေ၏။

ရည်ရွယ်ချက်ရှိရှိ ဖုံးကွယ်ထားပြီးမှ တစ်ယောက်ယောက်က သိသွားလျှင် စိုးရိမ်နေမှုကို ပေါ်လွင်စေပြီး ရလဒ်က ဆန့်ကျင်ဘက်ဖြစ်သွားလိမ့်မည်။

"ဒါဆို… ကျွန်တော်တို့ ပင်မမြို့တော်ကိုသွားရင် အန္တရာယ်ရှိနိုင်မလား"

ချင်ကျီက စိုးရိမ်တကြီးဖြင့် မေးသည်။

မင်ဟောက်မြို့တွင် အင်အားကြီးသူများနှင့် ပြည့်နေပြီး သန့်စင်သောယန်အဆင့်ကျွမ်းကျင်သူများကလည်း မနည်းပေ။

"အန္တရာယ်ကတော့ မဖြစ်နိုင်ဘူး၊ အဖေ့ရဲ့ခွန်အားက အရမ်းမြန်မြန်ကြီး ပြန်ကောင်းလာနိုင်တာ မဟုတ်ပေမယ့် အဖေ့အနေနဲ့ အဖိုးအခပေးရမယ်ဆိုရင်တောင် အသစ်တဖန်မွေးဖွားခြင်းအဆင့် ဒါမှမဟုတ် ကောင်းကင်ဘုံအဆင့်လောက်ထိကို ချက်ချင်း မြှင့်တင်ဖို့ ဖြစ်နိုင်ပါသေးတယ်"

ချင်ချွမ်းက တည်ငြိမ်စွာ ပြောလာ၏။

"ဘာကြီး!"

အစပိုင်း၌ အနည်းငယ် စိတ်ဓာတ်ကျသွားခဲ့သော ချင်ကျီသည် ထိုစကားကိုကြားသောအခါ သူ၏ လူငယ်ဘဝအား ပြန်ရလိုက်သကဲ့သို့ ချက်ချင်းပင် ပြန်လည်နိုးကြားလာခဲ့သည်။

သူ ခဏတာစဉ်းစားပြီးနောက် စိုးရိမ်တကြီး မေးလိုက်၏။

"အဖေ အဖေ့ရဲ့သိုင်းပညာ ပြန်ပြီးကောင်းမွန်အောင် အရှိန်မြှင့်ဖို့အတွက် ဘယ်လိုအဖိုးအခမျိုး ပေးရမှာလဲ"

"အများကြီးမဟုတ်ဘူး"

ချင်ချွမ်းက ပေါ့ပေါ့ပါးပါး ပြောလေသည်။

"အခြေခံအုတ်မြစ်ကို နည်းနည်းတော့ ထိခိုက်နိုင်တယ်၊ နောက်ပိုင်းမှာ ပြန်ပြီးကောင်းမွန်ဖို့ အချိန် ပိုကြာနိုင်တယ်၊ ဒါပေမဲ့ ယေဘုယျအားဖြင့်တော့ ပြဿနာကြီးကြီးမားမားမဟုတ်ဘူး"

ထိုအကြောင်းကိုကြားမှသာ ချင်ကျီလည်း ချက်ချင်းပင် စိတ်သက်သာရာရသွားခဲ့၏။

တကယ်သာဆိုလျှင် ထိုအဖိုးအခက ကိစ္စကြီးကြီးမားမားမဟုတ်ပေ။

ဆိုလိုသည်မှာ သူ၏အဖေသည် မရှုံးနိမ့်နိုင်သော အဖေအဖြစ်ရှိနေတုန်းပင်။ အနည်းဆုံးတော့ နေကိုးလုံးနယ်မြေထဲမှာဆိုလျှင် သူက အလွယ်တကူ မရှုံးနိမ့်နိုင်ပေ။

ထိုအချိန်၌ ချင်ချွမ်းက သတိပေးလာသည်။

"မှတ်ထား...ဘယ်တော့မှ ပြဿနာလိုက်မရှာနဲ့၊ ဒါပေမဲ့…ပြဿနာကို ကြောက်ရမယ်လို့ မဆိုလိုဘူး"

"အဖေက မင်း ပြဿနာရှာတာကို အလိုလိုက်မှာမဟုတ်ဘူး၊ ဒါပေမဲ့ မင်းကို လာပြီးအနိုင်ကျင့်ကြတာကိုလည်း လုံးဝခွင့်ပြုမှာမဟုတ်ဘူး!"

ဝုန်း!

ပြောနေရင်းဖြင့် စွမ်းအားကြီးမားသော ခွန်အားတစ်ခုက ပျံ့နှံ့သွားခဲ့၏။

ထိုအရာက ယုံကြည်ချက်တစ်မျိုးပင်။ လုံးဝယုံကြည်ချက်ရှိကာ တွန့်ဆုတ်ခြင်းမရှိနေပေ။

ဘယ်သူပဲ ဖြစ်နေပါစေ ငါ့သားကို လာပြီး အနိုင်ကျင့်မှာကို ခွင့်မပြုနိုင်ဘူး!

"အဖေ"

မသိစိတ်မှ အလိုလိုပင် ချင်ကျီ၏ မျက်လုံးထဲ၌ မျက်ရည်များက စုပြုံလာလေ၏။ သူ ချင်ချွမ်း၏ နောက်ကျောကိုကြည့်ကာ အချိန်အကြာကြီး စကားမပြောနိုင်ခဲ့ပေ။

လက်စွပ်အတွင်းပိုင်း၌။

ရွှေရောင်ဆံပင်ပိုင်ရှင်အမျိုးသမီးလည်း အလွန်အမင်း အံ့အားသင့်သွားခဲ့သည်။

"ဒီလို သန့်စင်တဲ့အော်ရာနဲ့ သန့်စင်တဲ့ယုံကြည်မှု၊ သူက ဒီကမ္ဘာမှာ တကယ်ကို လုံးဝမရှုံးနိမ့်နိုင်တဲ့ လူများလား"

သူမ၏နှလုံးသားက ထိတ်လန့်သွားရ၏။

ထိုအော်ရာက စွမ်းအားနှင့် မဆိုင်ပေ။ သို့သော် နှလုံးသားထဲနေ လာသည့် ယုံကြည်မှုတစ်မျိုးဖြစ်ပြီး ကမ္ဘာပေါ်၌ အမြင့်ဆုံးနေရာမှာရှိသော လူတစ်

ယောက်ကသာ ထိုကဲ့သို့ယုံကြည်မှုမျိုး ရှိနိုင်လေသည်။

…

နောက်ထပ်နှစ်ရက်ကြာပြီးနောက် သားအဖနှစ်ယောက်စလုံးက မင်ဟောက်မြို့သို့ ရောက်လာခဲ့ကြ၏။ မြို့ရိုးက မိုင်ထောင်ချီရှည်လျားပြီး အဆုံးအစမရှိပေ။

မင်ဟောက်မြို့တော်သည် တကယ်ကို ကြီးမားသော မြို့တော်ကြီးဖြစ်ပြီး မြို့ရိုးများက မီတာသုံး

ဆယ်ကျော်မြင့်လျက် ခမ်းနားထည်ဝါကာ ကြီးကျယ်ထင်ပေါ်နေလေသည်။

ထို့အပြင် အဝေးမှ မြို့တော်၏ ကောင်းကင်ကလည်း ရွေ့လျားနေသော တိမ်များဖြင့် ဝန်းရံနေ၏။ ခွန်အားကြီးမားသော လူအများကြီး၏ စွမ်းအင်များဖြင့် လွှမ်းမိုးခံထားရပုံပေါ်သည်။

"မြို့ထဲဝင်တဲ့လူမှန်သမျှ ဝင်ကြေးအဖြစ် စိတ်ဝိညာဥ်ကျောက်တုံးဆယ်ခု ပေးရမယ်"

"မတွန်းနဲ့! စနစ်တကျတန်းစီကြ"

ကြီးမားကာ မီတာသုံးဆယ်ကျော်ကျယ်သည့် မြို့တံခါးဝတွင် မြို့စောင့်တပ်မှ ရာနှင့်ချီသော စစ်သည်များသည် ငွေရောင်သံချပ်ကာဝတ်စုံများဖြင့် စည်းကမ်းကြီးကြပ်နေကြ၏။

ထို့အပြင် ဝင်ကြေးများ ကောက်ခံသော လုပ်ငန်းစဥ်များလည်း ပါဝင်သည်။

မင်ဟောက်မြို့တော်က ပင်မမြို့တော်ကြီးတစ်မြို့ဖြစ်သည့်အတွက် အင်အားကြီးမားသောမြို့အရှင်နှင့်အတူ မြို့စောင့်တပ်ကို တပ်စွဲထားလေ၏။ ထိုအရာကြောင့်လည်း အခကြေးငွေကောက်ခံခြင်း၌ ယုံကြည်ချက်ရှိနေကြခြင်းပင်။

ရွှင်းယန်မြို့ကဲ့သို့ မြို့ငယ်လေး၏ မြို့အရှင်ကသာ တော်ဝင်မိသားစုကို ကိုယ်စားပြုသည်ဟု ပြောခဲ့လျှင် အနည်းငယ်မျှ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးမိနေတာ ဖြစ်လိမ့်မည်။ သို့သော်ငြား မင်ဟောက်မြို့တော်၏ မြို့အရှင်အတွက်ကတော့ သူက တော်ဝင်မိသားစုကို ကိုယ်စားပြုသည်ဟု ပြောခဲ့လျှင် လုံးဝပြဿနာမရှိပေ။

မည်သို့ပင်ဆိုစေကာမူ နေကိုးလုံးနယ်မြေတွင် ပင်မမြို့တော်ကြီး စုစုပေါင်း သုံးဆယ်ခြောက်ခုရှိပြီး မြို့အရှင်တစ်ယောက်စီတိုင်းက ရာထူးကြီးအရာရှိတစ်ဦးနှင့် ညီမျှ၏။

"မြို့ထဲကို ဝင်လာမယ့် ရထားလုံးတွေက စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာ ထပ်ပေါင်းပေးရမယ်"

မြို့စောင့်တပ်သည် ရထားလုံးမောင်းသူတချို့ကို တားခဲ့ရာ သူတို့ထဲမှ အများအပြားသည် ကုန်ပစ္စည်းများကို တင်ထားခဲ့တာကြောင့် ထားခဲ့လို့မရဘဲ နာကျင်စွာဖြင့် စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာကို ပေးလိုက်ရသည်။

တချို့လူများ၏ ရထားလုံးများမှာမူ အလွတ်ဖြစ်နေသောကြောင့် သူတို့၏ရထားလုံးများကို မြို့တံခါးမှာချန်ထားခဲ့ပြီး မြို့ထဲသို့ သူတို့ကိုယ်တိုင်ဝင်သွားကြ၏။ ထိုရထားများက စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာတောင် တန်ဖိုးမရှိပေ။

ထိုအပြင် ထိုလူများမှ သူတို့၏ရထားလုံးများကို စွန့်၍ မြို့ထဲသို့ ဝင်သွားကြသောအခါ မြို့စောင့်တပ်သည် တာဝန်ချမှတ်ထားသော လူများကို ခေါ်၍ ရထားလုံးများကို ယူသွားစေသည်။

ကောင်းကောင်းလေ့ကျင့်ထားခြင်းပင်။

အလေ့ကျနေသော လုပ်ငန်းစဥ်တစ်ခုကဲ့သို့ပင်။

အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ရထားလုံးကို မြို့စောင့်တပ်ကို ရောင်းချင်လျှင် သူတို့က မယူကြပေ။ ထို့အပြင် မြို့ကနေ ထွက်ခွာမည့် သူများကိုလည်း ရောင်းချခြင်းအား ခွင့်မပြုပေ။

ထို့ကြောင့် ဤနေရာကို ရထားလုံးနှင့် မောင်းလာသောလူများသည် သူတို့၏ကံဆိုးမှုကို လက်ခံရုံသာတတ်နိုင်ပေ၏။

ချင်ချွမ်းသည် စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာနှင့် ပတ်သက်၍ ပြဿနာမရှာချင်လေရာ စိတ်ဝိညာဥ်ကျောက်တုံးတစ်ရာကို ပေး၍ ရထားလုံးကို မြို့ထဲသို့ မောင်းဝင်သွားခဲ့သည်။

ဒါဇင်နှင့်ချီသော မီတာအနက်ရှိသည့် အေးစက်နေသော မြို့တံခါးကို ဖြတ်ပြီးနောက် လူများ၏

လှုပ်ရှားမှုများက သူ့ဆီကို ရောက်လာလေ၏။ လေထုအပူချိန်ကလည်း သိသိသာသာ မြင့်တက်လာသည်။ အရှေ့ကိုကြည့်လိုက်ရာ ကျယ်ပြန့်သောလမ်းမများနှင့် ခမ်းနားသည့် အဆောက်အအုံများကို မျက်စိတစ်ဆုံးတွေ့ရလေ၏။ ၎င်းက အထင်ကြီးစရာကောင်းကာ ခမ်းနားထည်ဝါလှသည်။

လူများစွာက ဒီကို ရောက်လာကြပြီး ပြန်ထွက်သွားကြ၏။ ထိုလှုပ်ရှားမှုမျိုးစုံက ပင်လယ်လှိုင်းများကဲ့သို့ပင်။ ဤနေရာနှင့်ယှဥ်လျှင် တစ်ချိန်ကစည်ကားခဲ့သော ရွှင်းယန်မြို့သည် ကျေးလက်ဒေသကဲ့သို့ ခံစားရပေသည်။

ကွာခြားချက်က အလွန်ကြီးလွန်း၏။

"ဝါး! ခမ်းနားလိုက်တာ!"

ချင်ကျီက ရထားလုံးထဲကနေ ထွက်လာသည်။ သူ့မျက်နှာပေါ်၌ အံ့အားသင့်မှုများ အပြည့်ပင်။ သူ အခုလို မြင်ကွင်းမျိုးမြင်ရသည်မှာ ပထမဆုံးအကြိမ်ပင်။

"ဟင်း~အဆင်ပြေပါတယ်လေ"

ချင်ချွမ်းက ပေါ့ပေါ့ပါးပါး ပြန်ဖြေလာ၏။ သူ၏မျက်ခုံးထဲ၌ မထီမဲ့မြင်ပြုသော သဘောထား

တစ်ခုရှိနေသော်လည်း နောက်တစ်ကြိမ်မှာတော့ သူ၏အမူအရာက တည်ငြိမ်သွားခဲ့သည်။

ဤအရာအားလုံးက ဟန်ဆောင်မှုပင်။

အရာအားလုံးက သူ၏ ပြိုင်ဘက်ကင်းပုံစံကို ထိန်းသိမ်းထားရန်ဖြစ်ပြီး ထိုအကြောင်းကြောင့်

မဟုတ်လျှင်လည်း သူသည် ထိုကဲ့သို့ အမူအရာကို ပြသနေမည်ပင်။

ဤလောကကြီးက သိုင်းပညာလောကတစ်ခုပင်။

ဤလောကထဲရှိ လူများ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားများက ထူးခြားပေ၏။ ထို့ကြောင့်လည်း ဆောက်လုပ်ရေးများကို ပို၍လွယ်ကူစေလိမ့်မည်ဖြစ်ကာ ဤလောက၏ ဗိသုကာလက်ရာများသည် ယေဘုယျအားဖြင့် ခမ်းနားပေသည်။

ဒီသိုင်းပညာလောကထဲရှိ လူများကသာ ပိရမစ်များကိုဆောက်မယ်ဆိုလျှင် တစ်ရက်သာ ကြာနိုင်၏။ ၎င်းက ချဲ့ကားပြောဆိုနေခြင်း မဟုတ်ပေ။

"မင်းကြားလား၊ နေကိုးလုံးနယ်မြေရဲ့ နာမည်ကျော် အဂ္ဂိရတ်ဆရာ ဖန်ချီက မင်ဟောက်မြို့ကို အဂ္ဂိရတ်ပညာပြိုင်ပွဲကျင်းပဖို့ လာနေတယ်တဲ့!"

"ဘာ! ဖန်ချီ ဟုတ်လား! ငါသိတဲ့ ဂဏန်းအမျိုးအစားလား၊ ရွှေရောင်သန်းနေအောင် အကြွပ်ကြော်ထားတာလား"

(T/N - ဖန်ချီက ဂဏန်းရဲ့အသံထွက်နဲ့ ဆင်လို့ပါ)

"ဟားဟား! တကယ့် တောသားပဲ၊ နာမည်ကျော် ပဉ္စမအဆင့် အဂ္ဂိရတ်ဆရာဖြစ်တဲ့ ဖန်ချီကိုတောင် မသိဘူး"

"ဘာ! ပဉ္စမအဆင့်လား!"

"ကျုပ် ကြားတာတော့ သက်စောင့်ဆေးတွေဆိုတာ အရမ်းကို ဆန်းကြယ်တဲ့အရာပဲ၊ သာမန်စိတ်

ဝိညာဉ်ဆေးတွေနဲ့ လုံးဝကို ကွာခြားတယ်တဲ့၊ အဲ့ဒါ မှန်လား"

"ဟုတ်ပါ့ဗျာ! သက်စောင့်ဆေးတွေရဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အကျိုးသက်ရောက်မှုတွေကို သဘာဝကျကျ ပေါ်လာတဲ့ စိတ်ဝိညာဉ်ဆေးတွေနဲ့ အစားထိုးလို့မရဘူး၊ မဟုတ်ရင် ဘာလို့များ ဆေးဖော်စပ်နည်းနဲ့ ပတ်သက်ပြီး စိတ်ပူနေရမှာလဲ၊ စိတ်ဝိညာဉ်ဆေးတွေရဲ့ အသုံးဝင်မှုကို မြှင့်တင်ပေးဖို့လောက်နဲ့ အဂ္ဂိရတ်ပညာရှင်တွေက အပင်ပန်းခံနေမှာ မဟုတ်ဘူး"

"အိုး...ဘယ်လိုမျိုး လျှို့ဝှက်ဆန်းကြယ်တဲ့ အကျိုးသက်ရောက်မှုတွေလဲ"

"ဥပမာအနေနဲ့ အလှအပနဲ့ဆိုင်တဲ့ ဆေးလုံးက သာမန်အမျိုးသမီးတစ်ယောက်ကို ထူးခြားတဲ့အသွင်အပြင်ဖြစ်စေဖို့အတွက် သူ့ရဲ့သွေးထဲမှာရှိတဲ့ အရင်းအမြစ်တွေကို အသက်ဝင်စေပြီး အရည်အသွေးမြင့်စေတယ်"

"ရင်သားကောင်းမွန်ခြင်းဆေးလုံးလိုမျိုးပေါ့၊ အဲ့ဒါကခန္ဓာကိုယ်ရဲ့ အတွင်းပိုင်းသွေးလည်ပတ်မှုကို ထိန်းညှိပေးနိုင်တယ်၊ ဒါကြောင့်လည်း တစ်ချို့နေရာတွေရဲ့

ကြီးထွားမှုကို လှုံ့ဆော်ပေးနိုင်နေတာ...မင်း သိတယ်မလား…"

"ဒါမှမဟုတ် ပြန်လည်သန်စွမ်းခြင်းဆေးလုံး၊ ဒဏ်ရာတွေကို လျင်မြန်စွာ ကုသနိုင်ပြီး လုံလုံလောက်လောက် သောက်သုံးထားရင် ပြတ်တောက်ထားတဲ့ကိုယ်အင်္ဂါတွေတောင်မှ ပြန်ပေါက်နိုင်တယ်!"

"ဒါပေါ့...ဒါတွေက အခြေခံအကျဆုံး လုပ်ဆောင်ချက်တွေပဲ"

"နောက်ပြီးရင် အိပ်မက်ဆိုးဆေးလုံး၊ အမှန်တရားဆေးလုံး၊ အတိတ်မေ့ဆေးလုံး၊ လိင်ပြောင်းလဲခြင်းဆေးလုံး၊ အိပ်မွေ့ချခြင်းဆေးလုံး…အဲ့ဒီဆေးလုံးတွေမှာ ဆန်းကြယ်တဲ့ လုပ်ဆောင်ချက်တွေအားလုံး ရှိတယ်၊ မင်းရဲ့စိတ်ကူးစိတ်သန်းလောက်နဲ့ အဂ္ဂိရတ်ပညာရှင်တစ်ယောက်ရဲ့ စွမ်းရည်တွေကို ပုံမဖော်နိုင်ဘူး"

"ဝိုး! ဒါက အရမ်းကြောက်စရာကောင်းနေတာ မဟုတ်ဘူးလား"

"ဟားဟား! စိုးရိမ်စရာမလိုပါဘူး၊ သက်စောင့်ဆေးတွေရဲ့ အကျိုးသက်ရောက်မှုက ကြောက်စရာကောင်းပေမယ့် ဆေးဖော်စပ်နည်းတွေက အရမ်းရှားတယ်၊ အဂ္ဂိရတ်ပညာရှင်တစ်ယောက်မှာ ဆေးနည်းသုံးခု ဒါမှမဟုတ် လေးခုလောက်ပဲ ရှိကြပြီး ပါဝင်ပစ္စည်းတွေအားလုံးကို ရှာရတာကလည်း မယုံနိုင်စရာကောင်းလောက်အောင် ခက်ခဲတယ်"

"ကောင်းပြီ...မင်ဟောက်မြို့မှာရှိတဲ့ သူတို့ရဲ့ လက်နက်တွေကို ထက်မြက်အောင် လုပ်နေတဲ့ ပါရမီရှင်တွေအများကြီးက ဆရာဖန်ချီရဲ့ အဂ္ဂိရတ်ပြိုင်ပွဲကို လာရောက်ကြမှာ သေချာတယ်"

"တကယ်တော့ ဆရာဖန်ချီက ပဉ္စမအဆင့်အဂ္ဂိရတ်ပညာရှင်ဖြစ်ရုံတင်မကဘူး သူ့ရဲ့သိုင်းပညာကလည်း အသစ်တစ်ဖန်မွေးဖွားခြင်းအဆင့်ကို ရောက်နေပြီဆိုတော့ ပုဂ္ဂိုလ်ကြီးတစ်ပါးလို့ သတ်မှတ်လို့ရတယ်"

အဝေးတွင် ချင်ချွမ်းသည် သတင်းများကို နားထောင်ရင်း သူ၏ အပေါစားသားကို တစ်ချက်

ကြည့်လိုက်သည်။

ဆေးဖော်စပ်နည်းလား။

သူ၏ အပေါစားသားက ပြဿနာတစ်ခုခုရှာနိုင်လိမ့်မည်ဟု သူ ထင်၏။ ပြဿနာရှာတတ်သူတစ်ယောက်ဖြစ်ခြင်းသည် အာရုံစိုက်မှုကို ဆွဲဆောင်ရန်အတွက် အလွယ်ကူဆုံး နည်းလမ်းဖြစ်နေပေသည်။

သူ့သားထံ၌ အဂ္ဂိရတ်ပညာစွမ်းရည်ရှိမရှိဆိုတာကို သူတစ်စက္ကန့်လေးတောင် သံသယမဝင်ထားပေ။

အသုံးမကျတဲ့လူက ဆေးမဖော်စပ်နိုင်ဘူးတဲ့လား။

အဂ္ဂိရတ်ပညာစွမ်းရည်သည် အသုံးမကျသူများအတွက် မျိုးရိုးလိုက်တတ်သော ကျွမ်းကျင်မှုဖြစ်ပေ၏။ သူ အခု မလုပ်နိုင်လျှင်တောင် သူမှာ သေချာပေါက် စွမ်းရည်ရှိပေသည်။

ဘိုးဘေးများက သူ့ကို အမွေခံပေးရန် ငြင်းပယ်ခဲ့ခြင်းမှ လွဲ၍ပင်။

သို့သော် ထိုအရာက အခြေခံအားဖြင့် မဖြစ်နိုင်ပေ။

ထို့ကြောင့် ချင်ချွမ်းသည် အပေါစားသား၏ လက်ထဲမှာရှိသော လက်စွပ်ကို အဓိပ္ပာယ်ရှိစွာ ကြည့်ပြီးနောက် သူ့သားကို ပြန်ကြည့်လိုက်လေ၏။

"အဖေက မင်းကို ဒီအဂ္ဂိရတ်ပြိုင်ပွဲမှာ အနိုင်ရသူဖြစ်စေချင်တယ်…မင်းမှာ ယုံကြည်မှုရှိလား"

*****************

All Chapters