နေအိမ် မျှသုံးမည့် အမျိုးသမီးကျင့်ကြံသူများ၊ မြင်မြင်ချင်းအချစ်
Vol. 1 Ch. 3
မျက်စိတစ်မှိတ်အတွင်း အချိန်သုံးရက်က ကုန်ဆုံးသွား၏။
“ဟူး…”
ကျိုးစွေ့ စိတ်ဓာတ်ကျနေလေသည်။ အစက သူသည် ကျင့်ကြံသူအပျိုဟိုင်းကြီးများအား ရှာကာ “မျက်နှာဖြူကောင်လေး” အဖြစ် သဲသဲလှုပ်ခံရမည့် ခံစားချက်အား စံစားရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။
[T.L Note - မျက်နှာဖြူကောင် ဆိုသည်မှာ ရုပ်ဗန်းပြကာ ချူစားသော ချူဆီကောင်လေးများအား ဆိုလိုသည်။]
သို့သော် ထိုအမျိုးသမီးကျင့်ကြံသူ အားလုံးက ဩဇာအာဏာကြီးသော ရာထူးရှိသူများ ဖြစ်ကြ၍ သူကဲ့သို့ ချီသန့်စင်ခြင်း အဆင့်(၁) ကျင့်ကြံသူတစ်ယောက်က ၎င်းတို့အား ဆက်သွယ်နိုင်ရန် မဖြစ်နိုင်ချေ။
သူတို့နှင့် တွေ့ဆုံရန်ပင် မဖြစ်နိုင်ပါက၊ ချစ်ခြင်းမေတ္တာကူအား အသုံးပြုရန် တွေးတောင် တွေးနိုင်တော့မည် မဟုတ်ပေ။
ဤသည်က နဂါးမရှိသော ကမ္ဘာ၌ နဂါးသတ်စွမ်းရည် ရရှိသကဲ့သို့ မည်သို့မျှအသုံးမဝင်ပေ။
သို့သော်လည်း သူအလျင်မလိုချေ။ အကယ်၍ သူသည် ၎င်းတို့နှင့် အမှန်တကယ် ဆက်သွယ်နိုင်ခြင်း မရှိတော့ပါက၊ အခြားသော ချီသန့်စင်ခြင်း နောက်ဆုံးအဆင့် အမျိုးသမီးကျင့်ကြံသူတစ်ဦးအား ရှာဖွေခြင်းက ဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်နိုင်သေးသည်။
မည်သို့ပင် ဆိုစေကာမူ၊ ချစ်ခြင်းမေတ္တာကူ၏ စွမ်းအားက အမျိုးသမီးကျင့်ကြံသူ တစ်ဦးတည်းအပေါ်တွင်သာ အလုပ်ဖြစ်သည် ဟူသော ကန့်သတ်ချက်မရှိချေ။
ဒေါက်၊ ဒေါက်၊ ဒေါက်!
ထိုအချိန်တွင်ပင် ခြံဝန်းတံခါးခေါက်သံအား ကြားရလေသည်။
သူက အပြင်ဘက် ခြံဝန်းဆီသို့ လမ်းလျောက်ကာ တံခါးဖွင့်လိုက်သည်။
ချက်ချင်းဆိုသလို ဆွဲဆောင်မှုကောင်းသော အမျိုးသမီးကျင့်ကြံသူ သုံးဦးက တံခါးအရှေ့တွင် ပေါ်လာပြီး၊ လေထုက လန်းဆန်းစေသော မွှေးရနံ့တစ်ခုဖြင့် ထုံလွှမ်းနေတော့သည်။
ထို အမျိုးသမီးကျင့်ကြံသူ သုံးဦးစလုံးက တကယ့်အလှလေးများဖြစ်ကာ ယခင်ဘဝက ရုပ်ရှင်ကြယ်ပွင့်များနှင် နှိုင်းယှဉ်နိုင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ ချောမွတ်သော အသားအရေ၊ လှပသောမျက်နှာနှင့် ဆွဲဆောင်မှုရှိသော ခန္ဓာကိုယ်လေးများက ကောင်းကင်ဘုံမှ ဆင်းသက်လာသော နတ်သမီးများအလား ထင်မှတ်မှားရလောက်၏။
၎င်းတို့က ပိုင်ဟွာအပျော်ဂေဟာမှ ညီအစ်မများထက်ပင် ပို၍ စိတ်လှုပ်ရှားစရာ ကောင်းသေသည်။
သို့သော်လည်း သူတို့ခန္ဓာကိုယ်ပေါ်ရှိ ချီမှာ သိသာစွာပင် သာမန်မဟုတ်၊ အနည်းဆုံး ချီသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူများ ဖြစ်ပေမည်။
“တဆိတ်လောက်ရှင့်၊ ဒီနေရာက တစ်လကို အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ပဲ ပေးရမယ့် အိမ်ဌားခေါ်ထားတဲ့နေရာလားလို့?”
ထိုအခိုက်အတန့်တွင် ခြေတံရှည်သော အမျိုးသမီးက ဆိုသည်။ သူမအသံက ကြည်မြနေကာ တေးသီဌက်ကဲ့သို့ ချိုသာလှသည်။
“ဟုတ်ပါတယ်ဗျ။ ခင်ဗျားတို့က အတူတကွ ဌားချင်တာများလား?”
ကျိုးစွေ့က မျက်ခုံးများအား ပင့်လိုက်သည်။
တကယ်တော့ သူ့တွင် ငွေကြေးချို့တဲ့နေပြီဖြစ်ကာ၊ ဝိညာဉ်ကျောက်တုံး ရှာနိုင်သော အစွမ်းသတ္တိလည်း သူ့တွင် မရှိချေ။ ထို့ကြောင့် သူ့ခြံဝန်းအား ဌားရမ်းလိုကာ၊ အိမ်ရှင်အဖြစ်နှင့် ငွေရှာလိုခြင်း ဖြစ်သည်။
ထို့အပြင်၊ ဤခြံဝန်းက စတုရန်းမီတာသုံးရာခန့် ကျယ်ဝန်းကာ၊ အခန်းခုနှစ်ခန်း၊ရှစ်ခန်းခန့်ရှိသောကြောင့် ကျင့်ကြံသူ ၈ဦးအား နေရာချထားပေးနိုင်သည်။
သိထားရမည်မှာ မီယွင်မြို့သို့ လာရောက်နေထိုင်ရန်မှာ ထင်သလောက် မလွယ်ကူပေ။ သာမန်အိမ်တစ်လုံးက တစ်လလျှင် အနည်းဆုံး အဆင့်နိမ့် ဝိညာဉ်ကျောက် တစ်ရာခန့် ကျသင့်မည်ဖြစ်ကာ နည်းငယ်ပိုကောင်းပါက အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး နှစ်ရာမှ သုံးရာအထိ ကုန်ကျနိုင်ပေသည်။
ထို့ကြောင့် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ငါးဆယ်ဟူသော ဈေးမှာ အခမဲ့ပေးသည်ဟုပင် သတ်မှတ်ရပေမည်။
တကယ်တမ်းတော့ ကျိုးစွေ့၏ မိဘများက မီယွင်မြို့ရှိ အိမ်ခြံမြေဈေးများ ထိုးမတက်ခင် ဉာဏ်ရှိစွာ ဝယ်ယူ၍ သူ့အား မီယွင်မြို့တွင် အခြေချနေထိုင်စရာ နေရာတစ်ခု ပေးအပ်ခဲ့ခြင်းက ကံကောင်းထောက်မ၍သာ ဖြစ်ချေသည်။
သို့မဟုတ်ပါက၊ သူသည် မီယွင်မြို့မှ နှင်ထုတ်ခံရပြီး လမ်းမပေါ်တွင်သာ ခက်ခက်ခဲခဲ ရှင်သန်ရပေမည်။
“ဟုတ်ပါတယ်။ ကျွန်မတို့ ညီအစ်မတွေက အခြားမြို့က လာတဲ့ ကျင့်ကြံသူတွေဆိုတော့ မီယွင်မြို့မှာ ယာယီနေထိုင်ချင်တာ။ အိမ်တွေအများကြီး ကြည့်ခဲ့ပြီးပြီ၊ မင်းအိမ်ကို သဘောကျရင် ငါတို့ ဌားမယ်။”
ခြေတံရှည်အမျိုးသမီးက ရှင်းပြသည်။
ထိုအခိုက်အတန့်တွင် အမျိုးသမီးသုံးဦးက လျှို့ဝှက်အသံလွင့်ကာ ဆွေးနွေးကြသည်။
“အစ်မကျိ၊ ဒီခြံဝန်းကို ဘယ်လိုထင်လဲ?”
“ရိုးရိုးသားသားပြောရရင် မဆိုးဘူး။ အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ငါးဆယ်ဆိုတာက ဈေးကွက်ပေါက်ဈေးရဲ့ တစ်ဝက်ပဲ ရှိတယ်။ ငါတို့မှာ ဝိညာဉ်ကျောက်တုံး မရှားပေမယ့် နည်းနည်း ပိုချွေတာနိုင်တာက ကောင်းတာပဲလေ။”
“အမှန်ပဲ၊ ပြီးတော့ ဒီခြံဝန်းပိုင်ရှင်ကလည်း ကောလဟာလထဲကအတိုင်း ချီသန့်စင်ခြင်း အဆင့်(၁)ကျင့်ကြံသူတစ်ယောက်ပဲ ငါတို့ကို ဘာမှ မခြိမ်းခြောက်နိုင်ဘူး။ အကယ်လို့ မကောင်းကြံခဲ့ရင်တောင် ငါတို့ သူ့ကို အလွယ်လေး သတ်လိုက်နိုင်တယ်။”
“ယောက်ျားတစ်ယောက်နဲ့ တူတူနေရတာ နည်းနည်းတော့ ဒုက္ခရောက်ပေမယ့် ငါတို့က မီယွင်မြို့မှာ ကြာကြာနေကြမှာ မဟုတ်ဘူး။ အခြေတည်အဆင့်အတွက် အခွင့်အရေးတစ်ခုခု ရှာနိုင်တာနဲ့ ငါတို့ ထွက်သွားရုံပဲလေ။”
“မှန်တယ်။ ခြံဝန်းအနေအထားက အဆင်ပြေရင် ဌားလိုက်ကြတာပေါ့။”
အမျိုးသမီးကျင့်ကြံသူသုံးဦးက လျှို့ဝှက်အသံ ပို့လွှတ်ကာ အိမ်ပတ်ဝန်းကျင်အား မှတ်ချက်ပေးနေလေသည်။
ဒီအမျိုးသမီးကျင့်ကြံသူ သုံးဦးက မရိုးရှင်းဘူး!
ထိုအချိန်တွင် ကျိုးစွေ့ကလည်း အမျိုးသမီးကျင့်ကြံသူ သုံးဦးအား အလိုအလျောက် သုံးသပ်နေလေသည်။ ရိုးရိုးသားသား ပြောရလျှင်၊ အသွင်အပြင်လက္ခဏာအရ သူတို့က ပိုင်ဟွာအပျော်ဂေဟာမှ ထိုမိန်းမများထက် အများကြီး သာ၏။ စရိုက်လက္ခဏာများအရ မိသားစုကြီးများမှ လာသူများ ဖြစ်ပေမည်။
အမှန်ပင်၊ ၎င်းတို့၏ စွမ်းအားကို သူ ပို၍ ဂရုစိုက်သည်။ သံသယဖြစ်ဖွယ်မလို ခေါင်းဆောင်ဖြစ်သော ခြေတံရှည်အမျိုးသမီးသည် ချီသန့်စင်ခြင်း အဆင့်(၉)သို့ ရောက်ရှိပြီး ဖြစ်ရမည်။ သူတို့က ချီကို ဖိနှိပ်ထားနိုင်သော နည်းစနစ်တစ်ခုခုအား
လေ့ကျင့်ထားသော်လည်း သူ၏ ဝိညာဉ်အာရုံခံမှုမှ ဖုံးကွယ်ထားနိုင်ခြင်း မရှိပေ။
အခြားအမျိုးသမီး နှစ်ဦးသည် ခြေတံရှည်အမျိုးသမီးလောက် မတော်သော်လည်း အနည်းဆုံး ချီသန့်စင်ခြင်း အဆင့်(၇) အထက်ရှိ ကျင့်ကြံသူများ ဖြစ်သည်။
ချစ်ခြင်းမေတ္တာကူအား သူတို့ပေါ်တွင် ပျိုးထောင်နိုင်ရန်မှာ ဖြစ်နိုင်ချေရှိ၏။
ထိုအခါတွင် သူသည် ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိ ကျင့်ကြံသူတစ်ဦး နောက်ခံရှိသူ ဖြစ်လာပေမည်။
အဆုံးသတ်၌ ထိုသခင်မများအား ယခုအထိ သူအနားမကပ်နိုင်သော်ငြား၊ ယခုအချိန်တွင် ချီသန့်စင်ခြင်း နောက်ဆုံးအဆင့်ရှိ အမျိုးသမီးကျင့်ကြံသူ တစ်ဦးနှင့် ထိတွေ့နိုင်မည့် အခွင့်အရေး ပေါ်လာပေသည်။ ထိုသည်က တကယ့်ကို ကြီးမားသော ကံကောင်းမှု ဖြစ်သည်။
ဤအခွင့်အရေးအား သူလွဲချော်ခဲ့ပါက နောက်တစ်ကြိမ် ပြန်ရနိုင်တော့မည် မဟုတ်ပေ။
ထိုသို့တွေးမိသည်နှင့် ကျိုးစွေ့ တွန့်ဆုတ်မနေတော့ပေ။ အတွေးတစ်ချက်ဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ ချစ်ခြင်းမေတ္တာကူ၏ ကူခွဲအား ချက်ချင်း ထုတ်လွှတ်လိုက်သည်။ ယင်းက ဖောက်ထွင်းမြင်နေရပြီး မည်သည့်ချီမှ မရှိပေ။
နောက်တစ်စက္ကန့်တွင် ယင်းက ခြေတံရှည်အမျိုးသမီး၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသော်လည်း တစ်ဘက်လူမှာ ဘာကိုမျှ သတိမထားမိချေ။
ဤသည်က ချစ်ခြင်းမေတ္တာကူ၏ အစွမ်းပင် ဖြစ်သည်။ ၎င်းက လူတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ခြေရာလက်ရာမကျန် တိတ်တဆိတ် ဝင်ရောက်နိုင်ပြီး၊ မည်သည့်အကာအကွယ်ကိုမဆို လျစ်လျူရှုနိုင်သည်။ အဆုံးမဲ့သော ဆန်းကြယ်မှုများအား ပိုင်ဆိုင်ထားသည်ဟုသာ ဆိုရပေမည်။
တစ်ဘက်လူမှ သတိထားမိချိန်တွင်၊ အချစ်နွံ၌ နက်နက်ရှိုင်းရှိုင်း ကျရောက်နေပြီး ဖြစ်ပေမည်။
“ဒီလိုဆိုမှတော့ အထဲဝင်ပြီး အခန်းတွေကို အရင်ကြည့်လိုက်ကြပါ့လား”
အရာအားလုံး ပြီးမြောက်သွားသဖြင့် ကျိုးစွေ့ စိတ်သက်သာရာ ရသွားသည်။ သူလုပ်ဆောင်ရမည်များ အားလုံး ပြီးမြောက်သွားပြီ ဖြစ်ရာ ယခုတွင် ပြောထားသလို ချစ်ခြင်းမေတ္တာကူက စွမ်းအားရှိ၊မရှိ စောင့်ကြည့်ရုံသာ လိုတော့သည်။
တစ်ဘက်လူများအား ခြံဝန်းအတွင်းသို့ သူ ဖိတ်ခေါ်လိုက်သည်။
“ဘာတွေဖြစ်နေတာလဲ?!”
ထိုအချိန်တွင်၊ ခြေတံရှည်အမျိုးသမီးက သူ့ကိုယ်ထဲတွင် ထူးဆန်းသော ပြောင်းလဲမှုတစ်ခု ဖြစ်ပေါ်လာသည်အား သတိပြုမိလိုက်သည်။ အစတွင် ကျိုးစွေ့နှင့် ပတ်သက်၍ မည်သည့်ခံစားမှုမှ မရှိခဲ့ပေ။ သူက ချီသန့်စင်ခြင်း အဆင့်(၁)ရှိ သာမန်ကျင့်ကြံသူလေးသာ ဖြစ်သည်။
သူမ၏ အသက်အရွယ်အရ တစ်ဘက်လူမှာ မောင်ငယ်လေးတစ်ဦးသာ ဖြစ်သည်။
သို့သော် ယခုအခါတွင်၊ တစ်စုံတစ်ရာအကြောင်းပြချက်ကြောင့် ကျိုးစွေ့အား သူမကြည့်မိလိုက်တိုင်း ရင်ခုန်သံ စည်းချက်မှားကာ၊ ငယ်ရွယ်စဉ်က ပထမဦးဆုံးအချစ်အား စတင်တွေ့သကဲ့သို့ ဖြစ်နေချေသည်။ သူမ၏ လှပသောမျက်နှာသည်လည်း မသိလိုက်၊မသိဘာသာ ပန်းရောင်သန်းလာတော့သည်။
မည်သို့ကြောင့် ဖြစ်သည်အား မသိသော်လည်း ကျိုးစွေ့၏ သာမန်ရုပ်ရည်သည် ယခုအခါ ထူးထူးခြားခြား ချောမောလာလေတော့သည်။ လှုပ်ရှားမှုတိုင်း၊စကားလုံးတစ်လုံးဆီတိုင်းက မယုံနိုင်လောက်အောင် ဆွဲဆောင်များဖြင့် ပြည့်နေလေသည်။
ပေါ့ပေါ့ပါးပါး စကားတစ်ခွန်းကပင် ယောက်ျားဆန်သော ဆွဲဆောင်မှုအပြည့် ဖြစ်နေ၏။
မဖြစ်နိုင်တာ၊ ငါဘာတွေ ဖြစ်နေတာလဲ? အဲ့လို သူစိမ်း ယောက်ျားလေး ကျင့်ကြံသူ တစ်ယောက်ကို ငါ ဘယ်လို ကြိုက်သွားနိုင်မှာလဲ?!
ထိုသို့သော ခံစားချက်မျိုးအား သူမ ဘယ်တုံးကမှ မခံစားဖူးပေ။
ဒီလူ စွဲလမ်းစေတဲ့ တစ်ခုခုများ ငါ့အပေါ် သုံးလိုက်တာလား?!
သို့သော်လည်း ထိုသည်က မဖြစ်နိုင်ပေ။ သူသည် အမှန်တကယ် မှော်အတတ်တစ်ခုခု သုံးလိုက်သည် ဆိုလျှင် သူမကဲ့သို့ ဂုဏ်သိက္ခာရှိ ချီသန့်စင်ခြင်း အဆင့်(၉) ရှိ ကျင့်ကြံသူက သတိမပြုရန်မှာ မဖြစ်နိုင်ပေ။ ထိုသည်အား သူမထံမှ တစ်ဘက်လူသည် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ထိုသို့ဆိုလျှင် ဤပြဿနာအရင်းခံက သူမသာလျှင် ဖြစ်နိုင်၏။ ၎င်းက ဒဏ္ဍာရီလာ မြင်မြင်ချင်းအချစ် ဖြစ်ပုံရသည်။
သို့သော်ငြား သူမကဲ့သို့ အသက်သုံးဆယ်ကျော် အမျိုးသမီးကြီးက အသက်၁၈နှစ်အရွယ် ကောင်လေးအား ကြွေသွားခြင်းက မယုံနိုင်စရာ ဖြစ်နေပေသည်။
ယင်းအား စဉ်းစားလိုက်ရင်း၊ သူမ၏ သိမ့်မွေသော ငန်းမျက်နှာလေးက လုံးဝနီမြန်းသွားကာ ခန္ဓာကိုယ် အပူချိန်လည်း မြင့်တက်လာသည်။ ထိုခံစားချက်က အဖျားရောဂါ ခံစားနေရသကဲ့သို့ပင်။
“အစ်မ၊ ဘာဖြစ်နေတာလဲ?”
ထိုအချိန်တွင် ကျင့်ကြံသူ အမျိုးသမီးနှစ်ယောက်က ခြေတံရှည်အမျိုးသမီး၏ ပုံမှန်မဟုတ်မှုအား သတိထားမိကာ သိချင်စိတ်အား မည်သို့မှ မထိန်းချုပ်နိုင်ကြတော့ပေ။
“ဘာ…ဘာမှမဖြစ်ပါဘူး။ ဒီအိမ်က မဆိုးဘူး၊ ငါ စိတ်တိုင်းကျတယ်၊ ဒါကိုပဲ ဌားလိုက်ကြစို့!”
ခြေတံရှည်အမျိုးသမီးက သူမ၏ ထူးဆန်းသော ခံစားချက်များအား အတန်ငယ် ဖိနှိပ်နိုင်သွားသည်။ သူမ၏ညီမငယ်နှစ်ဦး အရှေ့၌ သူမ မျက်နှာမပျက်လိုပေ။
“ဟုတ်ကဲ့!”
အမျိုးသမီး ကျင့်ကြံသူနှစ်ဦးသည် သံသယများပြည့်နေသော်လည်း ဤအိမ်အား အစောကတည်းက သဘောကျနေပြီး ဖြစ်ကာ၊ သူတို့၏ အမကြီးက ဆုံးဖြတ်ချက်ချလိုက်သောအခါ ငြင်းဆန်မနေတော့ပေ။
“စကားမစပ်၊ ငါ့နာမည်က ကျိပင်းယွီ၊ ဒါက ငါ့ညီမနှစ်ယောက် မုဇီယန် နဲ့ ရှားကျင်းယန်” ခြေတံရှည်အမျိုးသမီးက သူမအမည်က ကျိပင်းယွီဖြစ်ကြောင်း သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။
“ဟုတ်ကဲ့၊ ကျွန်တော်နာမည်က ကျိုးစွေ့ပါ”
ကျိုးစွေ့က ခေါင်းညိတ်လိုက်ကာ နှစ်ဦးနှစ်ဖက် သိရှိကြပြီ ဖြစ်ကြောင်း အသိအမှတ်ပြုလိုက်ချေသည်။