← Chapters

ခရီးဝေးထွက်ခြင်း

Vol. 169 Ch. 2406

ခရီးဝေးထွက်ခြင်း

Vol. 169 Ch. 2406

ထိုနှစ်သည် ကောင်းကင်ပြက္ခဒိန်(၁၀၀၈၀)ခုနှစ်၊ ရီဖူရှင်း၏ကျင့်ကြံခြင်း နှစ်(၈၀)ပြည့်သည့်နှစ်ဖြစ်သည်။

ထိုနေ့တွင် ကြယ်တာရာကောင်းကင်အောက်တွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့သည် ကြယ်အလင်းများအောက်တွင် ထိုင်နေကြသည်။

သူတို့နှစ်ယောက်စလုံး၏ ကိုယ်‌ရောင်ကိုယ်ဝါများသည် များပြား၊ သန်မာကြပြီး သူတို့၏ခန္ဓာကိုယ်များသည် ခမ်းနားစွာတောက်ပနေသည်။ ကောင်းကင်အလင်းများသည် သူတို့ကို လှည့်ပတ်နေသည်။ သူတို့၏အဆင့်သည် ထပ်မံမြင့်တက်ခဲ့ပေပြီ။

ရီဖူရှင်းသည် ရန်ဟောင်အဆင့်ရှစ်ကို ရောက်ရှိသွားပြီဖြစ်သည်။ သူသာ နောက်ထပ်တစ်ဆင့်ထပ်တက်နိုင်ခဲ့လျှင် ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်သွားမည်ဖြစ်သည်။ ဟွာဂျီယူမှာမူ ဗြမ္မာ့ကောင်းကင်သန့်စင်ဧကရီ၏ ကျင့်ကြံခြင်းနှင့် သူမ၏ သန်းပေါင်းများစွာသော ကိုယ်ပွားများကိုရရှိခဲ့သဖြင့် ရန်ဟောင်အဆင့်ကိုးသို့ ရောက်ရှိသွားပေပြီ။ သူမသည် ရှေ့နှစ်ပိုင်းအတွင်းတွင် သူမ၏ကျင့်ကြံခြင်းအဆင့်ကို တည်ငြိမ်အောင်လုပ်နေခြင်းသာဖြစ်ပြီး မဟာအင်ပါယာတစ်ပါး၏ အမွေအနှစ်ကိုတွေ့မှသာ အဆင့်တက်နိုင်ခဲ့ခြင်းဖြစ်သည်။

ဟွာဂျီယူသည် ရန်ဟောင်အထွတ်အထိပ်အဆင့်ဖြစ်သော အဆင့်ကိုးသို့ ရောက်ရှိသွားပြီဖြစ်သဖြင့် အဆင့်ဆက်တက်ရန် တစ်သွားပြီဖြစ်သည်။ အကယ်၍ သူမသာ နောက်ထပ်ခြေတစ်လှမ်းဆက်လှမ်းလိုပါက နတ်ဘုရားကပ်ဘေးသုံးကြိမ်ကို ခံရမည်ဖြစ်သည်။

သူတို့နှစ်ဦးစလုံးသည် ကျင့်ကြံခြင်းကိုရပ်တန့်လိုက်သည်။ သူတို့သည် ကြယ်အလင်းအောက်တွင် ကျင့်ကြံနေသော များပြားသည့်လူများကိုကြည့်နေရင်း သူတို့၏ရင်ထဲတွင် ခံစားချက်အမျိုးမျိုး၊ အတွေးအမျိုးမျိုး ဝင်လာလေသည်။

“ဆယ်နှစ်တောင်ကျော်သွားပြီပဲ။ ငါက ပထမဆုံးအကြိမ် ဒီလောက်အချိန်အကြာကြီး ကျင့်ကြံဖူးတာပဲ”

ရီဖူရှင်း နူးနူးညံ့ညံ့ပြောလိုက်သည်။ သူသည် တစ်ခါမှ ဆက်တိုက် အချိန်ကြာမြင့်စွာ မကျင့်ကြံဖူးပေ။ သို့သော် ဤအကြိမ်တွင် သူ၏ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန်လိုအပ်ခဲ့ပေရာ ထိုသို့ကျင်ကြံရန် လိုအပ်ခဲ့ပေသည်။ အပြင်လောက၌ အန္တရာယ်များသည် နေရာအနှံ့ရှိနေလေသည်။ ထို့ပြင် လူအများအပြားသည် သူ့ကိုသေစေလိုနေကြသဖြင့် သူသည် သူ၏စွမ်အားများတိုးပွားလာစေရန် အာရုံစိုက်ခဲ့ရသည်။

“အင်း…”

ဟွာဂျီယူ အသာအယာ ခေါင်းညိတ်လိုက်သည်။ သူမအတွက်လည်း ပထမဆုံးအကြိမ် အချိန်ကြာမြင့်စွာ ကျင့်ကြံဖူးခြင်းဖြစ်သည်။ သူတို့သည် ကြယ်တာရာကောင်းကင်အောက်တွင်ထိုင်ကာ မဟာအင်ပါယာတစ်ပါး၏ ကောင်းကင်စွမ်းအားများအောက်တွင် ကျင့်ကြံခြင်းသည် သူတို့ကို ကျင့်ကြံခြင်းအကြောင်းကို နက်နက်ရှိုင်းရှိုင်းနားလည်စေရန် ကူညီပေးလေသည်။ ထိုသို့နက်နက်ရှိုင်းရှိုင်း နားလည်လာခြင်းသည် သူတို့၏ကျင့်ကြံခြင်းအတွက် များစွာအထောက်အကူဖြစ်ပေသည်။

“ကောင်းကင်ပြက္ခဒိန်(၁၀၀၈၀)ခုနှစ်တောင်ရောက်ပြီပဲ... ငါလည်း မကြာခင် အသက်(၁၀၀)ပြည့်တော့မယ်။ အချိန်တွေကုန်တာ မြန်လိုက်တာ”

ရီဖူရှင်းသည် ပြုံး၍ ပြောလိုက်သည်။

“အင်း... ညီမလည်းအတူတူပါပဲ”

ဟွာဂျီယူသည်လည်း ပြုံး၍ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူတို့နှစ်ယောက်သည် ကောင်းကင်ပြက္ခဒိန်(၁၀,၀၀၀)ခုနှစ်တွင် တစ်ဦးကိုတစ်ဦး သိကျွမ်းခဲ့ကြခြင်းဖြစ်သည်။ ထိုစဉ်က သူတို့နှစ်ဦးစလုံးသည် ဆယ်ကျော်သက်လေးများဖြစ်ကြသည်။ ယခုတွင် သူတို့သည် အသက်(၁၀၀)ပင် ပြည့်တော့ပေမည်။ ထို့ကြောင့် သူတို့သည် အတိတ်နေ့ရက်များကို အနည်းငယ် အောက်မေ့တမ်းတမိနေကြသည်။

အသက်(၁၀၀)မပြည့်မီတွင် ထိုကဲ့သို့ကျင့်ကြံခြင်းအဆင့်သို့တက်လှမ်းနိုင်သည့် ကျင့်ကြံသူသည် ရှားပါးပေသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်များသည် သူတို့၏အသက်ထက် အလွန်လျင်မြန်စွာ မြင့်တက်နေလေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် အလွန်ငယ်ရွယ်ပုံပေါက်နေပေသည်။ ဆံပင်အဖြူရောင်နှင့် ရီဖူရှင်းသည် အလွန်ချောမောခံ့ညားပြီး သူ၏အကျင့်စရိုက်တစ်ခုတည်းနှင့်ပင် သူသည် မည်သည့်နေရာတွင်ဖြစ်စေ ထင်ပေါ်နေမည်ဖြစ်သည်။ သူသည် ဆယ်ကျော်သက်အရွယ်ကထက် များစွာပို၍ဆွဲဆောင်မှုရှိနေပြီဖြစ်သည်။ ဟွာဂျီယူသည်လည်း အသက်ရှူမှားလောက်‌အောင် ချောမောလှပပေသည်။ သူမသည် ကောင်းကင်ဘုံကိုးဘုံမှ နတ်သမီးတစ်ပါးအလားပင်။

“ဖူရှင်း..ဂျီယူ”

ကျူးကော့မင်းယွီသည် သူတို့ကိုလှမ်းခေါ်လိုက်သည်။

“မင်းတို့ အောက်ဆင်းမလာတာ တော်တော်ကြာပြီ”

သူမဘေးရှိ ဂူတုံးလျှို၏ ကိုယ်ရောင်ကိုယ်ဝါသည်လည်း လွန်ခဲ့သောနှစ်များကကိုယ်ရောင်ကိုယ်ဝါနှင့် သိသိသာသာ ကွာခြားနေပြီဖြစ်သည်။ မကြာသေးမီက သူသည် ရန်ဟောင်အဆင့်ခုနစ်သို့ တက်လှမ်းနိုင်ခဲ့လေသည်။ ယခင်က သူသည် နတ်ဆိုးဘုံမှ အမွေအနှစ်ကိုရရှိခဲ့သည်။ ထို့နောက် သူသည် ဤကြယ်တာရာကောင်းကင်အောက်တွင် အင်ပါယာကြယ်တာရာများ၏ စွမ်းအားများကို ရရှိခဲ့သည်။ သူရရှိခဲ့သော အခွင့်အရေးများသည် ရီဖူရှင်းနှင့်မယှဉ်နိုင်သော်လည်း လောကအတွင်းရှိ ကျင့်ကြံသူအများစုထက် များစွာသာပေသည်။ ထိုကဲ့သို့သော အခွင့်အရေးမျိုးကိုရသော ကျင့်ကြံသူအများအပြားမရှိချေ။

ရှောင်မုယွီ၊ သော‌ကျောက်၊ နန်လော့ရှန်တို့၏ ကျင့်ကြံခြင်းအဆင့်များနှင့် အခြားသူများ၏ ကျင့်ကြံခြင်းအဆင့်များသည်လည်း သိသိသာသာ တိုးတက်လာပြီဖြစ်သည်။ အမြန်ဆုံးတိုးတက်ခဲ့သူမှာ မည်သည့်အရာကိုမှ အလေးအနက်မထားတတ်သည့် ချန်ယိဖြစ်သည်။ သူ၏ကျင့်ကြံခြင်းအဆင့်သည် ရီဖူရှင်းထက် ပို၍မြင့်ခဲ့သော အချိန်တစ်ခု ရှိခဲ့ဖူးလေသည်။ ယခုတွင်ပင် သူသည် ရန်ဟောင်အဆင့်ရှစ်တွင်ရှိနေပြီး ရီဖူရှင်းနှင့်အဆင့်တူလေသည်။

သူသည် တုန်းဟွာကုန်းမြေတွင် ရီဖူရှင်းနှင့်တွေ့ခဲ့စဉ်ကတည်းက ဆန်းကြယ်သောအငွေ့အသက်များ ရှိခဲ့သူတစ်ဦးဖြစ်သည်။ ယနေ့တွင် ရီဖူရှင်းသည်ပင် ချန်ယိကို အလုံးစုံထွင်းဖောက်မမြင်နိုင်ဟု ခံစားခဲ့ရသည်။

ချန်ယိသည် သူ့ကဲ့သို့ပင် လျှို့ဝှက်ချက်တချို့ရှိကြောင်း ရီဖူရှင်းသိလေသည်။ သို့သော် သူ မမေးကြည့်ခဲ့ဖူးပေ။ လျှို့ဝှက်ချက်မရှိသောသူ မည်သူရှိမည်နည်း။ ချန်ယိသည် သူ၏အသက်ကိုကယ်ခဲ့ဖူးပြီး သူ့ကို ရိုးရိုးသားသားဆက်ဆံပေသည်။ သူ့အတွက် ထိုမျှဆိုလျှင် လုံလောက်ပေပြီ။

“အင်း... တော်တော်ကြာကြာ ကျင့်ကြံမိလိုက်တာပဲ”

ရီဖူရှင်းသည် ပြုံး၍ခေါင်းညိတ်ပြလိုက်သည်။

“ဖူရှင်း...”

အဘိုးမာ၊ မျက်မမြင်ထျယ်နှင့် အရှင်ထိုက်ရွှမ်တို့သည် ရှေ့သို့လျှောက်လာကြပြီး လူအုပ်သည် စုဝေးလိုက်ကြသည်။

“အကြီးအကဲ... အပြင်မှာ အခုဘာတွေဖြစ်နေပြီလဲ”

ရီဖူရှင်း မေးလိုက်သည်။ ရန်ဟောင်ချန်သည် အပြင်လောကမှအခြေအနေများကို ဆယ်နှစ်ကျော်မျှ အာရုံမစိုက်ခဲ့သော်လည်း အပြင်တွင် ဖြစ်ပျက်နေသောအခြေအနေများကို အကြမ်းဖျင်းသိထားရန် အပြင်လောကမှသတင်းအချက်အလက်များကို ပုံမှန်ရှာခဲ့လေသည်။

“အပြင်မှာ ပရမ်းပတာတွေဖြစ်နေပါတယ်.. ဒါပေမဲ့ အမွေအနှစ်တွေတော့‌ ပေါ်လာပါပြီ။ အဖွဲ့အစည်းတော်တော်များများလည်း တော်တော်လေးအကျိုးဖြစ်သွားတယ်။ အင်ပါယာအဆင့်အမွေအနှစ်ကို ရသွားတဲ့အဖွဲ့တွေလည်းရှိတယ်။ ဒီပရမ်းပတာခေတ်က အကောင်းဆုံးလည်းဖြစ်သလို အဆိုးဆုံးလည်းဖြစ်တယ်”

ရန်ဟောင်ချန်ပြောလိုက်သည်။

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ အခွင့်အရေးများသည် ပရမ်းပတာအချိန်များတွင် ပေါ်လာတတ်ပေသည်။

“ဒါပေမဲ့ နှစ်တွေလည်းကြာပြီဆိုတော့ လူတွေလည်း မူလဘုံကထွက်ပြီး သူတို့လာခဲ့တဲ့နေရာတွေကို ပြန်သွားကြပါပြီ။ အထူးသဖြင့် မဟာအင်ပါယာတွေရဲ့ အမွေအနှစ်တွေကို ရခဲ့တဲ့ ထိပ်သီးအင်အားစုတွေ ပြန်သွားကြပါပြီ။ သူတို့က သူတို့က တခြားသူတွေကပစ်မှတ်ထားလာမှာကြောက်လို့ ဒီမှာကြာကြာမနေရဲဘူးလေ... ပြီးတော့ သူတို့က လောဘကြီးလို့မရဘူးဆိုတာကို သိတယ်။ အဲ့ဒါကြောင့် မူလဘုံမှာရှိနေတဲ့ အင်အားစုတွေရဲ့အရေအတွက်က တဖြည်းဖြည်း နည်းလာပါပြီ”

ရန်ဟောင်ချန်ဆက်ပြောလိုက်သည်။

“လောကတွေကြားက ပဋိပက္ခတွေကတော့ ရှိနေတုန်းပါပဲ။ ဒါပေမဲ့ သူတို့က စစ်ပွဲကြီးတော့ မစသေးပါဘူး။ ကြည့်ရတာ အခု အချိန်မကျသေးဘူးထင်တယ်”

“ကောင်းကင်အာဏာစက်ဘုံရော ဘယ်လိုလဲ... သူတို့အခု ဘယ်လိုအခြေအနေရှိလဲ”

ရီဖူရှင်းမေးလိုက်သည်။

“ကောင်းကင်အာဏာစက်ဘုံရဲ့ အခုအခြေအနေကတော့ သိပ်မကောင်းပါဘူး”

ရန်ဟောင်ချန်သည် တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။ ရီဖူရှင်းသည် ထိုစကားက မည်သည်ကိုဆိုလိုကြောင်းသိသဖြင့် ထိုအကြောင်းကို ဆက်မမေးတော့ချေ။ ကောင်းကင်အာဏာစက်ကျောင်းတော်မရှိလျှင် ကောင်းကင်အာဏာစက်ဘုံသည် မည်ကဲ့သို့အခြေအနေကောင်းနိုင်မည်နည်း။

“ဖူရှင်း... မင်း ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားလဲ။ ဆက်ကျင့်ကြံပြီး မင်းရဲ့ စွမ်းအားအဆင့်ကိုမြှင့်မှာလား”

အရှင်ထိုက်ရွှမ်မေးလိုက်သည်။

ရီဖူရှင်းသည် ရန်ဟောင်အဆင့်ရှစ်သို့ ရောက်နေပြီဖြစ်သည်။ ရန်ဟောင်အဆင့်ရှိသည့် အခြားကျင့်ကြံသူများပင် သူနှင့်ယှဉ်ရန် ခက်ခဲပေလိမ့်မည်။ သို့သော် အပြင်လောကတွင် နတ်ဘုရားကပ်ဘေးအဆင့် ကျင့်ကြံသူများစွာရှိပြီး ဖုန်းရူကဲ့သို့သော ကြောက်မက်ဖွယ်စွမ်းအားများရှိသည့် ကျင့်ကြံသူများလည်း ရှိပေသည်။

သူတို့သာ အပြင်လောကတွင် စွန့်စားသွားလာလိုလျှင် သူတို့၏အဆင့်သည် အတန်ငယ်လိုသေးသည်ဟု ဆိုရပေမည်။ သူတို့ကြားတွင် ရီဖူရှင်းကိုကာကွယ်နိုင်ရန် အထိတ်အထိပ်အဆင့်ကျင့်ကြံသူများမရှိချေ။

“မဟုတ်ဘူး…”

ရီဖူရှင်း ခေါင်းခါပြလိုက်သည်။

“နှစ်တွေအကြာကြီး ကျင့်ကြံပြီးပြီဆိုတော့ ကျွန်တော်ရဲ့ တိုးတက်မှုနှုန်းက နှေးလာပြီလို့ ခံစားရတယ်။ ဒါက အတားအဆီးတစ်ခုပဲ။ ဂျီယူကလည်း ရန်ဟောင်အထွတ်အထိပ်အဆင့်ကို ရောက်သွားပြီဆို‌တော့ ရန်ဟောင်အဆင့်ရဲ့ အတားအဆီးတွေကိုကျော်ဖို့ အခွင့်အရေးတစ်ခုလိုတယ်။ အဲ့ဒါကြောင့် ကျွန်တော်အဝေးကို ခရီးထွက်ချင်တယ်”

မူလဘုံတွင် အန္တရာယ်များစွာရှိနေသေးသည်ဖြစ်ရာ သူတို့သည် စိတ်အေးလက်အေး မသွားလာနိုင်ပေ။ ရီဖူရှင်းသည် မူလဘုံမှထွက်၍ ခရီးသွားရန် ကြံရွယ်ထားခြင်းပင်။

“အဝေးကို ခရီးသွားမယ်ဟုတ်လား”

ကျင့်ကြံသူများသည် အနည်းငယ်ကြောင်သွားကြသည်။ သူတို့မေးလိုက်သည်။

“ဘယ်ကိုသွားမှာလဲ”

“ပထမဦးဆုံး ကျွန်တော်တို့ ကောင်းကင်ဒေသကိုသွားမယ်။ ကျွန်တော် လေးမျက်နှာရွာကို ခဏလောက်ပြန်ဖို့လိုတယ်။ ပြီးရင်တော့ ကျွန်တော်တို့ အနောက်လောကကို သွားဖြစ်နိုင်တယ်”

ရီဖူရှင်း ဖြေလိုက်သည်။

“အ‌နောက်လောက ဟုတ်လား”

ကျင့်ကြံသူများ၏ မျက်နှာပေါ်တွင် အတော်လေးအံ့အားသင့်သွားသော အရိပ်အယောင်များ ပေါ်လာလေသည်။ သူတို့သည် အနောက်လောကနှင့် မရင်းနှီးပေ။ ထို့ပြင် အရှင်ဒွန်ဟောင်သည် ကျင့်ကြံရန် တစ်ချိန်တုန်းက ထိုလောကသို့ သွားခဲ့ဖူးကြောင်း သူတို့သိလေသည်။ ရီဖူရှင်းသည် အဘယ်ကြောင့် ထိုလောကသို့ သွားလိုနေသနည်း။

လူအုပ်နောက်တွင် ရှိနေသော ဟွာချင်းချင်း၏လှပသောမျက်လုံးလေးများထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ပေါ်လာလေသည်။ သူအနောက်လောကသို့ သွားလိုခြင်းမှာ သူမအတွက်များ ဖြစ်နေမည်လော။

ဂျီယူသည် သူမ၏အကြောင်းကိုသိ၏။ သို့ဖြစ်ရာ ရီဖူရှင်းသည်လည်း သူမ၏အကြောင်းကို သိပေသည်။ ထို့ကြောင့် သူသည် အနောက်လောကသို့ ခရီးသွားလိုခြင်းဖြစ်သည်။

“အင်း... အနောက်လောကက မူလဘုံထက်စာရင်တော့ လုံခြုံတဲ့နေရာလို့ ပြောလို့ရပါတယ်”

ရီဖူရှင်းပြောလိုက်သည်။ သူသည် ယခင်က အနောက်လောကနှင့် မည်သည့်ပဋိပက္ခမှ မရှိခဲ့ဖူးပေ။ ထို့ပြင် ထိုလောကတွင် သူ့အကြောင်းကို မည်သူမှမသိချေ။

သို့သော် သူ ထိုလောကသို့သွားရခြင်းမှာ ထိုလောကတွင် အတွေ့အကြုံသွားရှာရန်သာမဟုတ်ဘဲ ဟွာချင်းချင်းအတွက်ကြောင့်လည်း ပါပေသည်။

ကျင့်ကြံသူများ ခေါင်းညိတ်ပြလိုက်သည်။ ရီဖူရှင်းသည် ဤအကြိမ်တွင် ခပ်ဝေးဝေး ခရီးသွားရန် လိုအပ်ပေသည်။

“ဆရာ... ကျွန်မလည်း လိုက်ပါမယ်”

‌ရှောင်မုယွီပြောလိုက်သည်။

“ငါရောပဲ…”

သောကျောက်နှင့် အခြားသူများလည်း ဝင်ပြောလိုက်သည်။ သူတို့အားလုံးသည် ရီဖူရှင်း၏နောက်သို့ လိုက်လိုနေကြသည်။

“ငါတို့ ဒီတစ်ခေါက်ခရီးမှာ အဲ့လောက်လူတွေအများကြီးမလိုသေးပါဘူး။ လူတပြုံကြီးနဲ့သွားရင် ငါတို့ကိုပစ်မှတ်ထားဖို့လွယ်သွားလိမ့်မယ်။ ပြီးတော့ အဲ့လိုဆို ဒီခရီးစဉ်က အတော်လေးအန္တရာယ်များသွားလိမ့်မယ်။ မင်းတို့တွေက ကျင့်ကြံခြင်းအပေါ်မှာပဲ အာရုံစိုက်ပြီးတော့ ရန်ဟောင်အထွတ်အထိပ်အဆင့်ကို အမြန်ဆုံးရောက်အောင် ကျင့်ကြံသင့်တယ်”

ရီဖူရှင်းသည် သူတို့၏ တောင်းဆိုမှုကို ငြင်းဆန်လိုက်သည်။ သူသည် သူနှင့်အတူ လူအများကြီး‌ခေါ်သွားရန် အစီအစဉ်မရှိပေ။

“ဦးလေးထျယ်နဲ့ ငါ မင်းနောက်ကိုလိုက်ခဲ့မယ်။ ငါတို့က မင်းကို ကာကွယ်ပေးနိုင်ပါတယ်”

အဘိုးမာပြောလိုက်သည်။

“ဦးလေးထျယ်ပဲဆိုရင် ရပါပြီ။ ဟွာဂျီယူနဲ့ ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအဆင့်အရဆို တော်တော်လေး လုံလောက်နေပါပြီ။ ဒါပေမဲ့ ချင်းချင်းက ကျွန်တော်တို့နဲ့ လိုက်ချင်တယ်ဆိုတော့ အပိုအကူအညီနည်းနည်းလောက် လိုတာပါ”

ရီဖူရှင်းပြောလိုက်သည်။ အဘိုးမာသည် ဆက်၍ပြောမနေတော့ပေ။ လက်ရှိတွင် ရီဖူရှင်းနှင့် ဟွာဂျီယူတို့၏ ကျင့်ကြံခြင်းအဆင့်သည် အမှန်ပင် အခြားသူများထက် မြင့်ပေသည်။

“အဲ့လိုဆိုလည်း ငါမင်းတို့နဲ့ ရွာအထိ ပြန်လိုက်ခဲ့မယ်။ ငါ လင်ကလေးနဲ့ မတွေ့ရတာ တော်တော်ကြာခဲ့ပြီ” အဘိုးမာပြောလိုက်သည်။

ဟုတ်တယ်... လင်ကလေး၊ ဖန်းစွင်နဲ့ တခြားကလေးတွေ... သူတို့ အခုဆိုရင် အရွယ်ရောက်နေလောက်ပြီ။ ဆရာသခင်က သူတို့ကို ကျင့်ကြံခြင်းသင်ပေးနေတာဆိုတော့ သူတို့အခုဆို တော်တော်လေးသန်မာနေလောက်ပြီ”

ရီဖူရှင်း ပြုံး၍ပြောလိုက်သည်။

“ငါလည်း လိုက်မယ်”

ထိုသို့ပြောလိုက်သူကား ချန်ယိပင်။ ချန်ယိ၏ ကျင့်ကြံခြင်းအဆင့်သည် သူနှင့်တူပေရာ ပြဿနာမရှိနိုင်ပေ။

“ငါတို့က ခရီးဝေးသွားမှာဆိုတော့ အနောက်လောကကိုမသွားခင် မင်းငါနဲ့ တစ်နေရာကို အရင်လိုက်ခဲ့နိုင်မလား”

ချန်ယိသည် ရီဖူရှင်းကို မေးလိုက်သည်။ ထိုအကြိမ်သည် သူ ရီဖူရှင်းကို ထိုနေရာသို့သွားရန် ကောက်ကာငင်ကာ ပထမဆုံးအကြိမ်တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ကောင်းပြီ”

ရီဖူရှင်းသည် မေးခွန်းများမေးမနေဘဲ သဘောတူလိုက်သည်။ သူမေးလိုက်သည်။

“မင်းက ဘယ်ကိုသွားချင်တာလဲ”

“ကောင်းကင်ဒေသက မဟာအလင်းကုန်းမြေ”

ချန်ယိပြန်ဖြေလိုက်သည်။

“မဟာအလင်းကုန်းမြေ”

ရီဖူရှင်း၏မျက်ဝန်းများထဲတွင် အံ့အားသင့်သွားသည် အရိပ်အယောင်တစ်ခု ပေါ်လာလေသည်။ သူသည် ချိန်ယိဘက်သို့လှည့်၍ မေးလိုက်သည်။

“မင်းက မဟာအလင်းကုန်းမြေကလား”

ချန်ယိသည် အလင်းလမ်းစဉ်ကို ကျင့်ကြံခဲ့သည်။ ထိုသို့ဆိုလျှင် သူသည် မဟာအလင်းကုန်းမြေမှ လာခဲ့သူတစ်ဦးဖြစ်နိုင်ပေသည်။

မဟာအလင်းကုန်းမြေသည် ကောင်းကင်ဒေသ၏ ကုန်းမြေဆယ့်ရှစ်ခုထဲမှ တစ်ခုဖြစ်သည်။ သို့သော် ထိုကုန်းမြေသည် တမူထူးခြားပြီး ခမ်းနားကြီးကျယ်သော သမိုင်းကြောင်းရှိလေသည်။ ထိုကုန်းမြေသည် ဆန်းကြယ်ပြီး ‌ရှေးကျပေသည်။ သို့သော် ယခုခေတ်တွင် ထိုကုန်းမြေသည် ကောင်းကင်ဒေသအတွင်းရှိ ရှေ့အကျဆုံးနယ်မြေဖြစ်သည်ဟုဆိုကြသည်။ ထိုကုန်းမြေသည် အချိန်၏တိုက်စားမှုကို ခံခဲ့ရလေရာ အုပ်ချုပ်သူအဖွဲ့အစည်းပင် မရှိတော့သည်အခြေအနေဖြစ်နေသည်။

သို့သော် သမိုင်းကြောင်းကို ကြည့်မည်ဆိုလျှင် မဟာအလင်းကုန်းမြေသည် ကောင်းကင်ဒေသတွင် အခမ်းနားဆုံး ကုန်းမြေဖြစ်ခဲ့လေသည်။ ထိုစဉ်က ကောင်းကင်ဒေသဟူ၍ပင် မခေါ်တွင်သေးပေ။

ထိုအစား ကောင်းကင်မဟာအလင်းကုန်းမြေဟူ၍သာ ခေါ်တွင်ခဲ့လေသည်။

ချန်ယိသည် မဟာအလင်းကုန်းမြေသို့ သွားလိုနေ၏။

“ကျေးဇူးပါပဲ”

ချန်ယိသည် ရီဖူရှင်းကို ကျေးဇူးတင်စကားဆိုလိုက်သည်။ သူသည် အတန်ငယ် လေးနက်နေပုံပေါ်လေသည်။ ထိုအရာသည် ချန်ယိ၏ လျှို့ဝှက်ချက်များထဲမှ တစ်ခုဖြစ်ရမည်ဖြစ်ကြောင်း ရီဖူရှင်းချက်ချင်း နားလည်လိုက်သည်။ ချန်ယိသည် မည်သည့်အရာကိုမှ အလေးအနက်မထားဟန်ရှိသော်လည်း ရင်ထဲတွင်မူ အမှောင်လျှို့ဝှက်ချက်များကို ဖုန်းကွယ်ထားပုံရလေသည်။

သို့သော် သူသည် ယခင်က အဘယ်ကြောင့် တုန်းဟွာကုန်းမြေတွင် လှည့်လည်သွားလာနေခဲ့ရသနည်း။

“မင်းတို့ ဘယ်အချိန်ထွက်မလဲ”

အရှင်ထိုက်ရွှမ်မေးလိုက်သည်။

“ဒီရက်ပိုင်းအတွင်းပေါ့... ကျွန်တော်မထွက်ခွာခင် ကျွန်တော့်ရဲ့ဆရာတွေဆီသွားပြီး ကျွန်တော့်ရဲ့ အသိစိတ်ရှိတဲ့ ကိုယ်ပွားတစ်ရုပ်ကို ချန်ခဲ့မှာပါ။ အရှင်တို့ ဆက်ပြီး ကျင့်ကြံနေလို့ရပါတယ်။ ကျွန်တော့်အတွက် စိတ်ပူစရာမလိုပါဘူး”

ရီဖူရှင်းပြောလိုက်သည်။ ထိုသို့ခရီးထွက်ခြင်းသည် ကိစ္စကြီးမဟုတ်သဖြင့် ထိုမျှအရေးစိုက်နေရန်မလိုပေ။ သူသည် လိုအပ်သည်များကို စီစဉ်ပြီးပါက တန်း၍ထွက်ခွာမည်ဖြစ်သည်။

ကျင့်ကြံသူများ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် ရီဖူရှင်းသည် လေပေါ်သို့ ပျံတက်သွားပြီး ကြယ်တာရာကောင်းကင်ထဲသို့ ပျံသန်းသွား၏။ သူ့ထံမှနေ၍ ခံ့ညားထည်ဝါသော ကောင်းကင်အလင်းများထွက်လာသည်။ ထို့နောက် ရီဖူရှင်း၏ ပုံရိပ်များထွက်ပေါ်လာပြီး ကြယ်တာရာများလင်းလက်လာလေသည်။ ထိုပုံရိပ်များ၏ အလယ်တွင် သူ၏ပုံရိပ်တစ်ခုသည် ကြယ်တာရာကောင်းကင်အောက်တွင် တင်ပျဉ်ခွေထိုင်နေသည်။ သူသည် ငြိမ်သက်အေးချမ်းနေပုံပေါ်ပေသည်။ သူသည် ကြယ်တာရာကောင်းကင်နှင့် ပေါင်းစည်းတော့မည်ဟုပင် ထင်ရလေသည်။

ထိုနှစ်များအတွင်း၌ မည်သူမှ သူ့ကိုမနှောက်ယှက်ရဲခဲ့ကြပေ။ ရီဖူရှင်းသည် ကြယ်တာရာကောင်းကင်၏ ကြယ်တာရာများကို ထိန်းချုပ်နိုင်ပြီး တိုက်ပွဲအတွင်းတွင် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအားကို ငှားယူအသုံးပြုနိုင်လေသည်။ သူသာ ထိုကောင်းကင်ထဲတွင်ရှိနေလျှင် ပြိုင်ဘက်ကင်းတစ်ဦးကဲ့သို့ပင် ဖြစ်သည်။ ထို့ကြောင့် မည်သူမှ သူ့ကိုရန်လာမရှာရဲခြင်းပင်။

သို့သော် ယခုတွင် သူသည် ထိုနေရာမှ ထွက်ခွာတော့မည်ဖြစ်၍ မမျှော်လင့်သည့်အရာများအတွက် ကြိုတင်ပြင်ဆင်ထားရမည်ဖြစ်သည်။ ထိုခရီးစဉ်သည် နှစ်ပေါင်းမည်မျှကြာမည်ကို သူမသိသည် မဟုတ်ပေလော။

ဤခရီးသည် သမားရိုးကျ ခရီးဝေးသွားခြင်းသာမဟုတ်ချေ။ သူသည် ကမ္ဘာကြီးတစ်ခုလုံးကို ဖြတ်သန်းသွားရမည်ဖြစ်သည်။

All Chapters