← Chapters

တစ်ခုခုက နည်းနည်းမှားနေသလိုပဲ

Vol. 1 Ch. 4

တစ်ခုခုက နည်းနည်းမှားနေသလိုပဲ

Vol. 1 Ch. 4

ညနက်ချိန်။

ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် ခြေချိတ်ထိုင်၍ အထွတ်အမြတ်ရတနာ ကူနတ်ဘုရား ပန်းကန်မှ သူရရှိထားသော ပြိုင်ဘက်ကင်း ကျင့်ကြံမှုနည်းစနစ် ကူနတ်ဘုရားကျမ်းအား ကျင့်ကြံနေသည်။ ၎င်းက လောကထဲရှိ ကူများအား သန့်စင်၍ သူ၏အပိုင်ဖြစ်လာစေရန် ပြုလုပ်ပေးနိုင်သည်။ ထိုအရာက အဆုံးမရှိအသုံးဝင်ကာ နတ်ဘုရားအဆင့် ကျင့်ကြံနည်းစနစ်ဟု ခေါ်ဆိုနိုင်သည်။

ဟူးရှ်…!

ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဉ်ချီများက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ကာ၊ မရီဒန်များထဲသို့ စီးဆင်းသွားပြီး သူ့အတွင်းရှိ အစစ်အမှန်အဆီအနှစ်အား နည်းနည်းချင်းစီ တိုးပွားစေသည်အား သူမြင်နေရသည်။

“နှေးတယ်၊ တကယ့်ကို နှေးလွန်းတယ်”

(၁၀၈)ကြိမ်မြောက် လှည့်ပတ်ပြီးနောက် ကျိုးစွေ့က မျက်လုံးဖွင့်လိုက်ကာ ကျင့်ကြံမှုအား ရပ်လိုက်သည်။ သူ့မျက်နှာက ကူကယ်ရာမဲ့သော အမူအရာ ဖြစ်နေသည်။ သူ့ကိုယ်တွင်းရှိ အစစ်အမှန်အဆီအနှစ်အား တိုးပွားစေသော ထိရောက်မှုက သိသာစွာပင် အလွန်နှေးကွေးနေ၏။

နတ်ဘုရားအဆင့် ကျင့်ကြံနည်းစနစ်ဖြင့်တောင်မှ ချီသန့်စင်ခြင်း အဆင့်(၂)သို့ ရောက်ရန် သူသည် အနည်းဆုံး နှစ်နှစ်မှသုံးနှစ်ခန့် ကြာမြင့်စွာ ကျင့်ကြံရပေမည်။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းသည် သူ၏ အလွန်ညံ့ဖျင်းသော ပင်ကိုယ်ပါရမီ၊ နဝမအဆင့်သာ ရှိသော စိတ်ဝိညာဉ်အမြစ်ကြောင့် ‌ဖြစ်သည်။

သိထားရမည်မှာ ဤကမ္ဘာ၌ နဝမအဆင့်မှ ပထမအဆင့် စိတ်ဝိညာဉ်အမြစ်များပေါ် လိုက်၍ ပင်ကိုယ်ပါရမီအဆင့် ခြားနားကြသည်။ နဝမအဆင့် စိတ်ဝိညာဉ်အမြစ်သည် အညံ့ဆုံး ဖြစ်ကာ၊ ပထမအဆင့်သည် အကောင်းဆုံး ဖြစ်သည်။

နဝမအဆင့်မှ သတ္တမအဆင့်အား အဆင့်နိမ့် စိတ်ဝိညာဉ်အမြစ်များအဖြစ် သတ်မှတ်သည်။ ဆဌမအဆင့်မှ စတုတ္ထအဆင့်သည် အလယ်လတ် စိတ်ဝိညာဉ်အမြစ်များဟု သတ်မှတ်သည်။ တတိယအဆင့်မှ ပထမအဆင့်အား ထိပ်တန်းစိတ်ဝိညာဉ်အမြစ်များအဖြစ် သတ်မှတ်ကြ၏။

အင်မော်ဆယ်ရှားဂိုဏ်းကဲ့သို့ ဂိုဏ်းတစ်ခုအား ဝင်ရောက်နိုင်ရန် အနည်းဆုံး အလယ်လတ် စိတ်ဝိညာဉ်အမြစ်တစ်ခု ရှိဖို့ လိုအပ်သည်။

အဆင့်နိမ့်စိတ်ဝိညာဉ်အမြစ်များအတွက်မူ၊ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူများသာ ဖြစ်နိုင်သည်။ မည်သည့်ဂိုဏ်းကမျှ ၎င်းတို့အား တပည့်အဖြစ်လက်မခံပေ။

ပထမအဆင့် စိတ်ဝိညာဉ်အမြစ်၏ အထက်တွင် ကောင်းကင် စိတ်ဝိညာဉ်အမြစ်ဟူသော အဆင့်ရှိသည်ဟု ဆိုကြ၏။

တစ်စုံတစ်ဦးတွင် ထိုကောင်းကင်စိတ်ဝိညာဉ်အမြစ် ပိုင်ဆိုင်ပါက ဂိုဏ်းအမျိုးမျိုးမှလူများ စုရုံးရောက်ရှိလာမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကောင်းကင် စိတ်ဝိညာဉ်အမြစ်ရှိသော ကျင့်ကြံသူသည် မလွဲမသွေ အခြေတည်အဆင့်သို့ ရောက်ရှိမည် ဖြစ်ကာ၊ ရွှေအမြုတေအဆင့်သို့ ရောက်ရှိနိုင်ရန်လည်း အလားအလာ အလွန်မြင့်မားသောကြောင့် ဖြစ်သည်။

သို့သော် ထိုသို့သော ပင်ကိုယ်ပါရမီရှိသူများက လွန်စွာ ရှားပါးလှသည်။

ထိုသို့ ထိပ်တန်းပါရမီရှင်အား သူ မြင်ပင်မမြင်ဖူးချေ။

“မေ့လိုက်တော့၊ ငါ ဘယ်တော့မှ မကျင့်ကြံတော့ဘူး။ ဝီရိယစိုက်ပြီး ကျင့်ကြံနေလို့လည်း ငါ့ကျင့်ကြံမှုက ဘာမှ တိုးတက်လာစရာ အကြောင်းမရှိဘူး။”

ကျိုးစွေ့ အလွန့်ကို မျှော်လင့်ချက် ကင်းမဲ့နေ၏။

ညံ့ဖျင်းသော ပင်ကိုယ်ပါရမီနှင့် ကျင့်ကြံသူများ မည်မျှခက်ခဲမည်အား ကျိုးစွေ့ ယခုနားလည်သွားသည်။ အဆင့်တစ်ခုတိုင်းအတွက် အချိန်များစွာ လိုအပ်ပြီး သေသည့်တိုင်အောင် ချီသန့်စင်ခြင်း အဆင့်(၉) အား ရောက်ရှိနိုင်မည် မဟုတ်။ အခြေတည်အဆင့် ကျင့်ကြံသူဖြစ်ရန်ကား ဝေးကွာလှချေသည်။

အမျိုးမျိုးသော စိတ်ဝိညာဉ်ဆေးဝါးများ၊ ဆေးလုံးများ၏ အကူအညီ မပါပါက အချိန်တိုအတွင်း အဆင့်ချိုးဖြတ်ရန်မှာ မဖြစ်နိုင်ပေ။

ယခင်ခန္ဓာပိုင်ရှင်က ကျင့်ကြံခြင်းအား များစွာ မနှစ်ခြိုက်သည်မှာလည်း အပြစ်မဆိုသာ။ သူမည်မျှ ကြိုးစားကျင့်ကြံသည် ဖြစ်စေ၊ မည်သည့်တိုးတက်မှု၊ မည်သည့်အောင်မြင်မှုခံစားချက်အား ခံစားရရှိနိုင်မည်မဟုတ်။ မည်သူမဆို ထိုသို့သော ညှင်းပန်းမှုအောက်၌ စိတ်ဓာတ်ကျသွားမည်သာ ဖြစ်သည်။

ဝူးရှ်…!

ဤအကြောင်းအား တွေးတောရင်း၊ ကျိုးစွေ့သည် အခန်းထဲမှ ထွက်၍၊ သူ၏စိတ်ပျက်အားငယ်နေမှုများအား ဖြေဖျောက်ကာ အပန်းဖြေနိုင်ရန် ခြံဝန်းထဲသို့ သွားလိုက်သည်။

“တာအိုရောင်းရင်းကျိုး”

သို့သော်လည်း ထိုအချိန်တွင် လှပသောပုံရိပ်တစ်ခုက ခြံဝန်းထဲတွင် ရောက်နှင့်နေပြီးသာ ဖြစ်၏။ အဖြူရောင် ညဝတ်အင်္ကျီက သူမ၏ တင့်တယ်လှသော ကောက်ကြောင်းများအား ဖော်ပြနေသည်။ လရောင်အောက်တွင် သူမသည် အမှန်တကယ် အသက်ရှုမှားလောက်စရာ နတ်မိမယ်အလားပင်။

“တာအိုရောင်းရင်းကျိပါ့လား၊ ညတာရှည်တော့ တာအိုရောင်းရင်းကျိလည်း အိပ်မပျော်ဘူးလား?”

ထိုမမကြီးအား မြင်လိုက်ရသောအခါ ကျိုးစွေ့သည် သွေးများပွက်ပွက်ဆူကာ ထိန်းချုပ်နိုင်စွမ်း ကင်းလွှတ်နီးပါး ဖြစ်သွားသော်လည်း သည်းခံထားလိုက်နိုင်သည်။ မည်သို့ပင်ဆိုစေ၊ တစ်ဘက်လူက ချီသန့်စင်ခြင်း နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်ပေသည်။

သူမအား ပြစ်မှားမိပါက သူ့အား သေသည့်တိုင် ရိုက်သတ်လိုက်လျှင်တောင်မှ တရားမျှတမှု တောင်းခံစရာ နေရာရှိမည် မဟုတ်ပေ။

သူသည် သူမအပေါ်၌ ချစ်ခြင်းမေတ္တာကူအား ပျိုးထောင်ထားပြီး ဖြစ်သော်လည်း မည်သည့်အချိန်တွင် စတင် အကျိုးသက်ရောက်မည်ကား ပြောရခက်လှချေသည်။ မည်သို့ပင်ဖြစ်စေ၊ သတိထားပြုမူရန် လိုပေသည်။

“ဟုတ်တယ်၊ ရောင်းရင်းကျိုးလည်း တူတူပဲလား?”

ကျိပင်းယွီ အသက်ပြင်းတစ်ချက် ရှုသွင်းလိုက်သည်။ ကျိုးစွေ့အား မြင်ရသည့်အခိုက်အတန့်တွင် သူ့နှလုံးသားက ခုန်ထွက်မတတ် ဖြစ်နေသည်။

ထိုယောက်ျားနှင့် တစ်မိုးအောက်တွင် တူတူနေရသည့် အကြောင်းအား တွေးမိလေလေ၊ သူ့နှလုံးသားက ကြောက်စရာကောင်းအောင် ခုန်လေလေနှင့် မကြာခဏ အတွေးလွန်မိသည်။ ထိုသို့ဖြင့်၊ စောစီးစွာတည်းက ကျင့်ကြံဈန်ဝင်စားမှု အခြေအနေအား ဝင်ရောက်ရမည် ဖြစ်သော်လည်း၊ သူမ မည်ကဲ့သို့ ကြိုးစားသည် ဖြစ်စေ၊ ဈန်ဝင်စားသော အခြေအနေသို့ မဝင်ရောက်နိုင်ကြောင်း တွေ့ရလေသည်။

ထို့ကြောင့် သူမသည် အခန်းထဲမှ ထွက်လာရန်မှတပါး ရွေးချယ်စရာ မရှိတော့သော်လည်း အခန်းအပြင်ထွက်လာသော ကျိုးစွေ့နှင့် တည့်တည့်တိုးမည်ဟု ထင်မထားချေ။

ဤသည်က ကံကြမ္မာဟု ခေါ်သောအရာပင်လော?။

ထိုအကြောင်းအား စဉ်းစားမိသည်နှင့်၊ သူမ၏ လှပသော မျက်နှာလေးမှာ ချက်ချင်းဆိုသလို နီမြန်းသွားကာ၊ နှလုံးခုန်သံက မြန်သထက် မြန်လာတော့သည်။

သို့သော်လည်း ကျိုးစွေ့က သူမ၏ မူမမှန်မှုအား သတိမထားမိဘဲ ပြန်ဖြေသည်။ “ဟုတ်တယ်၊ ကျင့်ကြံရတာက တကယ့်ကို ခက်ခဲလွန်းတယ်ဗျာ။ နာရီပေါင်းများစွာ အားထုတ်တာတောင်မှ ကျွန်တော့်ကျင့်ကြံမှုကို တိုးတက်အောင် မလုပ်နိုင်သေးဘူး။ စိတ်ပျက်အားငယ်လာလို့ အပြင်ထွက် လမ်းလာလျှောက်တာပါ။”

သူကား လုံးဝကို အကူအညီ မဲ့နေ၏။ သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီအား မြှင့်တင်နိုင်မည်ဆိုလျှင်၊ ကျင့်ကြံခြင်းက ယခုကဲ့သို့ ခက်ခဲနေမည် မဟုတ်ပေ။

“ရောင်းရင်းကျိုး၊ စိုးရိမ်စရာမလိုပါဘူး။ ကျင့်ကြံအားထုတ်တယ်ဆိုတာ အစပိုင်းမှာ ခက်ခဲစမြဲပဲ၊ နောက်ပိုင်းကျ လွယ်သွားလိမ့်မယ်။ ကျွန်မယုံကြည်တယ်၊ ရှင်သာ ဒီအခက်အခဲကို ကျော်လွှားနိုင်တာနဲ့ ရောင်းရင်းကျိုးရဲ့ အနာဂတ်က သေချာပေါက် တောက်ပနေမှာပဲ။”

“အနာဂတ်မှာ ရောင်းရင်းကျိုးက သေချာပေါက် အခြေတည်အဆင့်ကျင့်ကြံသူ၊ ဒါမှမဟုတ် ရွှေအမြုတေအဆင့် တကယ့်‌လူ ဖြစ်လာမယ်ဆိုတာ ကျွန်မယုံကြည်တယ်။”

ကျိပင်းယွီ၏ နှလုံးသားက ခုန်ထွက်တော့မလား ခံစားနေရသည်။ ကျိုးစွေ့၏ ပူပန်သောကရောက်နေသော မျက်နှာအား မြင်ရလေလေ၊ သူမ ပိုပို သဘောကျလေလေ ဖြစ်နေသည်။

အိုက်ယား၊ ချစ်စရာကောင်းလိုက်တာ! ဤယောက်ျားက စိုးရိမ်ပူပန်နေသော အသွင်အပြင်သည်ပင် လွန်စွာ ချစ်ဖွယ်ကောင်းလွန်းသည်။

ထိုသို့သော ချစ်စရာကောင်းသည့် ယောက်ျားတစ်ဦး ဤကမ္ဘာပေါ်တွင် ရှိနိုင်သည်လား?

၎င်းအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ကာ၊ အလွန်အကြူး တုန်နေအောင်သာ သူမ ချစ်ပစ်လိုက်ချင်တော့သည်။

သူမ၏မျက်လုံးများထဲ၌ ကျိုးစွေ့၏ လက်ရှိပုံသဏ္ဌာန်က မတရားခံနေရသော ကြောင်‌လေးတစ်ကောင်၊ ခွေးလေးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သူမ၏ အတွင်းစိတ်ထဲ၌ သနားစိတ်နှင့် ချစ်ခြင်းမေတ္တာက တစ်ဖွားဖွား ပေါ်ထွက်နေကာ၊ သူမ၏ ချုပ်တည်းနိုင်စွမ်းအား ကင်းမဲ့လုမတတ် ‌ဖြစ်နေစေသည်။

“ရောင်းရင်းကျိရဲ့ အားပေးစကားတွေအတွက် ကျေးဇူးတင်ပါတယ်” ၎င်းအား ကြားသည်နှင့် ကျိုးစွေ့၏ စိတ်အခြေအနေက အတော်ပင် ကောင်းမွန်လာသည်။ ဤချစ်ခြင်းမေတ္တာကူ၏ သက်ရောက်မှုက ကောင်းမွန်ပုံရသည်။ အနည်းဆုံးတော့ တစ်ဘက်လူမှ သူ့အပေါ် သဘောကျမှုအား တိုးမြှင့်ပေးနိုင်ခဲ့၏။

ဖြစ်နိုင်သည်မှာ အချိန်တချို့ကြာလျှင် တစ်ဘက်လူနှင့် သူ၏ဆက်ဆံရေးက ပိုမိုမြင့်တက်လာမည် ဖြစ်သည်။

“ဒါပေမယ့် ဆက်ပြောရမယ်ဆိုရင် တာအိုရောင်းရင်း၊ ရှင့်ပင်ကိုယ်ပါရမီက သာမန်ဖြစ်သလို ကြည့်ရတာ မိဘတွေလည်း မရှိရှာကြတော့ဘူး ထင်ရဲ့။ ရှင့်ကျင့်ကြံဆင့်ကလည်း ချီသန့်စင်ခြင်း အဆင့်(၁)ပဲ ရှိသေးတော့၊ မီယွင်မြို့မှာ နေထိုင်ရတာ ရှင့်အတွက် အရမ်းခက်ခဲမှာပဲ။”

ကျိပင်းယွီက စကားအကြောင်းအရာအား ပြောင်းလိုက်သည်။

“တကယ့်ကို ခက်ခဲတာပေါ့။ ကံကောင်းတာက ငါ့မိဘတွေက နေအိမ်တစ်လုံး ချန်ထားပေးခဲ့တော့၊ ဌားရမ်းခတွေနဲ့ဆိုရင် ငါ့ဘဝကို ထိန်းကျောင်းနိုင်ရုံ ရှိသေးတာပေါ့။” ကျိုးစွေ့က ဤအချက်အား ဝန်ခံသည်။

“ရှင့်ဘဝကို ထိန်းကျောင်းနိုင်ကောင်း နိုင်ပါလိမ့်မယ်။ ဒါပေမယ့် ရောင်းရင်း၊ ရှင်က ချီသန့်စင်ခြင်း အဆင့်(၁) ပဲရှိသေးသလို မီယွင်မြို့ထဲမှာ တန်ဖိုးကြီးအိမ်တစ်လုံးကိုလည်း ပိုင်ဆိုင်ထားသေးတယ်။ မကောင်းစိတ်ရှိတဲ့ ကျင့်ကြံသူအများကြီးက ရှင့်ကို ပစ်မှတ်ထားကြလိမ့်မယ်။” ကျိပင်းယွင်က တစ်စုံတစ်ရာအား စကားရိပ်သန်းသည်။

“တာအိုရောင်းရင်းကျိ ပြောသလိုပါပဲ၊ ဒီမှာ မကောင်းစိတ်ထားတဲ့သူတွေ အများကြီးပဲဗျာ။ ကံကောင်းတာက မီယွင်မြို့ရဲ့ အများပြည်သူဆိုင်ရာ ထုတ်ပြန်ထားတဲ့ စဉ်းမျဉ်းတွေက အတော်လေးကောင်းတော့၊ ဘာ်သူမှ ကျွန်တော့်ကို မထိပါးရဲကြဘူးလေ။ ကျွန်တော်ရဲ့ ကျင့်ကြံမှုသာ တိုးတက်လာမယ်ဆိုရင် ပစ်မှတ်ထားမယ့်သူတွေ နည်းသွားနိုင်တယ်ဗျ။” ကျိုးစွေ့က ပြောသည်။

“ကျင့်ကြံဆင့် တိုးတက်လာရင်? ရှင့်ရဲ့ ပင်ကိုယ်ပါရမီနဲ့ ဘယ်အချိန်ကျမှ တိုးတက်မှာလဲ? အဲ့အချိန်ရောက်ရင်၊ကျင်ကြံဆင့် မတိုးတက်ခင် မကောင်းကြံတဲ့ ခြေသလုံးအိမ်တိုင် ကျင့်ကြံသူတွေလက်ချက်နဲ့ သေနေလောက်ပြီ။”

“ကျွန်မအထင် ဒီအိမ်ကို ကာကွယ်နိုင်ဖို့ ကျောထောက်နောက်ခံတစ်ယောက်ယောက်ကို ရောင်းရင်း ရှာဖွေသင့်တယ်လို့ ထင်တယ်။”

ကျိပင်းယွီ၏ မျက်လုံးများက အရောင်များ လက်နေ၏။

“ဘာကိုဆိုလိုတာလဲဗျ?” ကျိုးစွေ့ အနည်းငယ် ရှုပ်ထွေးသွား၏။ စိတ်ထဲမှ တစ်စုံတစ်ခုအား ဝေဝါးစွာ ခန့်မှန်းမိသော်ငြား အတည်မပြုရဲပေ။

“ရောင်းရင်းက ဉာဏ်ကောင်းတဲ့သူပါ။ ငါ ကျိပင်းယွီက ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူဆိုတာ ရှင်ကောင်းကောင်း သိသင့်တယ်။ မီယွင်မြို့တစ်မြို့လုံးမှာ အခြေတည်အဆင့်က ဆရာသခင်တွေကလွဲရင် ဘယ်သူမှ ငါ့ကို ဘာမှမလုပ်နိုင်ဘူး။”

“ရှင်သာ ကျွန်မရဲ့ အကာအကွယ် ရမယ်ဆိုရင် ရောင်းရင်း၊ ရှင် အေးအေးဆေးဆေး၊ စိတ်ချမ်းချန်းသာသာနဲ့ ကျင့်ကြံအားထုတ်နေရုံပဲ။”

“ရှင့်ကို လိုချင်နေတဲ့ ခြေသလုံးအိမ်တိုင် ကျင့ကြံသူတွေရှိရင် ငါ့လက်ထဲက ဓားက ထက်၊မထက်ကို မေးစမ်းရလိမ့်မယ်။” ကျိပင်းယွီက အပြုံးလေးဖြင့် ပြောသည်။

“ဒါက!”

ကျိုးစွေ့ လုံးဝ စိတ်ရှုပ်ထွေးသွား၏။ တစ်ခုခု မှားယွင်းနေသည်ဟု စတင် ခံစားလာရ၏။ ယခုအနေအထားက သူ့အရှေ့ရှိ ခြေတံရှည် မမလှလှက သူ့အား သိမ်းပိုက်လိုသည့် ဗီလိန်တစ်ဦး ဖြစ်လာကာ၊ သူသည်ကား အပျိုစင်ဘဝအား ပေးအပ်ရန် ခြိမ်းခြောက်ခံနေရသည့် မိန်းမပျိုတစ်ဦးအလား ဖြစ်နေသည်။

ဤခြေတံရှည် မမလှလှဖြင့် တစ်စုံတစ်ရာ ဖြစ်ရင် သူလိုလားသော်လည်း၊ ဤသည်ကား သူမျှော်လင့်သော အနေအထားမဟုတ်ပေ။

“ရောင်းရင်းကျိုး၊ ဘာမှ တွန့်ဆုတ်မနေပါနဲ့တော့။ ဒီနေ့ ရှင်မလိုက်လျောချင်ရင်တောင်၊ လိုက်လျောရမှာပဲ။”

“အမှန်အတိုင်း ပြောရရင်၊ မင်းကို ပထမဆုံး စမြင်ကတည်းက ပိုင်ဆိုင်ချင်ခဲ့တာ။”

ကျိပင်းယွီက လွန်စွာ ကြီးစိုးခြယ်လှယ်မှုရှိ၏။ ကျိုးစွေ့အား တိုက်ရိုက်ပင် ပွေ့ချီကာ အခန်းထဲသို့ လျှောက်လှမ်းသွားသည်။

“ခင်ဗျား”

ကျိုးစွေ့သည် အကောင်းဆုံး ကြိုးစားရုန်းကန်သောငြား၊ ချီသန့်စင်ခြင်း အဆင့်(၁)သာရှိသော သာမန်ကျင့်ကြံသူတစ်ဦးက ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူအား မည်သို့ အံတုနိုင်မည်နည်း?။ သူ၏အားနည်းသော ရုန်းကန်မှုသည် ထိုအမျိုးသမီးအား ပို၍ စိတ်လှုပ်ရှားစေရုံသာ ရှိ၏။

All Chapters