← Chapters

ချီကျင့်ကြံခြင်း အဆင့်(၂)သို့ တိုးမြှင့်ခံရခြင်း

Vol. 1 Ch. 5

ချီကျင့်ကြံခြင်း အဆင့်(၂)သို့ တိုးမြှင့်ခံရခြင်း

Vol. 1 Ch. 5

တစ်ညတာကုန်ဆုံး၍ မုန်တိုင်းက ရုတ်တရက် ငြိမ်သတ်သွား၏။

အခန်းအတွင်း၌ အိပ်ရာခင်းများက ကြေမွနေကာ၊ အဝတ်အစားများက နေရာအနှံ ပျံကြဲနေချေသည်။

မနေ့ညက တိုက်ပွဲကား မည်မျှပြင်းထန်ခဲ့သည်အား သိသာထင်ရှားနေစေ၏။

အိပ်ရာအထက်၌ အားနည်းချိနဲ့နေသော ဖြူဖတ်ဖြူလျော့မျက်နှာနှင့် သနားစဖွယ် ယောက်ျားတစ်ဦး လဲလျောင်းနေကာ၊ သူ၏ဘေး၌ ကျေနပ်အားရနေသော ခြေတံရှည်ရှည် အသက်ကြီးသော မိန်းမတစ်ဦး ရှိနေ၏။

ဟုတ်ပေသည်။ ၎င်းတို့ကား ကျိုးစွေ့နှင့် ကျိပင်းယွီဖြစ်၏။

ဝှီး..!

ထိုအချိန်တွင် ကျိုးစွေ့က သူ့၏သိစိတ်ပင်လယ်အတွင်းသို့ တစ်ဟုန်ထိုးရောက်လာသော အချက်အလက်များအား သတိပြုမိလေသည်။

[သင်၏ တာအိုလက်တွဲဖော်နှင့် မနေ့ညတွင် ခုနှစ်ကြိမ် တူနှစ်ကိုယ်ကျင့်ကြံခဲ့ကာ၊ နှလုံးသားများ ယှက်နွယ်၍ သင်တို့၏ ချစ်ခြင်းအား နက်ရှိုင်းစေခဲ့သည်။ သင်သည် ဓားတာအိုအတွေ့အကြုံတချို့အား ရရှိခဲ့ပြီး၊ သင်၏ စိတ်ဝိညာဉ်အမြစ်၏ ပင်ကိုယ်ပါရမီအား အတိုင်းတာတစ်ခုအထိ တိုးမြှင့်ပေးနိုင်ခဲ့သည်။]

[သင်သည် တစ်ဘက်လူ၏ မူလယင်စွမ်းအားအား ရရှိခဲ့သောကြောင့်၊ သင်၏ကျင့်ကြံမှုသည် ချီသန့်စင်ခြင်း အဆင့်(၂)သို့ တိုးတက်သွားပြီ ဖြစ်သည်။]

သူ၏ကိုယ်အတွင်း၌ အစစ်အမှန် စွမ်းအင် ပမာဏ အမြောက်အများ ပေါ်ထွက်လာကာ၊ ချက်ချင်းပင် မရီဒန်တစ်ခုအား ချိတ်ဆက်သွားသည်အား ခံစားမိသည်။ သူ၏ အတွင်းစွမ်းအင်က ယခင်ထက် သိသိသာသာ သန်မာအားကောင်းလာသည်။

မူလက သူသည် ချီသန့်စင်ခြင်း အဆင့်(၂)သို့ ရောက်ရန် နှစ်နှစ်၊သုံးနှစ်ခန့် ကျင့်ကြံရမည် ဖြစ်သည်။

ယခုတွင်မူ၊ တူနှစ်ကိုယ်ကျင့်ကြံမှု အနည်းငယ်မျှဖြင့် သူ၏ကျင့်ကြံမှုက သိသိသာသာ တိုးတက်သွားကာ၊ ချီသန့်စင်ခြင်း အဆင့်(၂)သို့ ရောက်ရန် နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်ရမည့် အခြအနေမှ သူ့အား ကယ်တင်လိုက်သည်။

အကျိုးအမြတ်က မည်မျှကြီးမားသည်မှာ ရှင်းလင်းလှသည်။

“နေပါအုံး၊ ဓားတာအိုအတွေ့အကြုံတဲ့လား? စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီ တိုးတက်တယ်တဲ့လား? ဒါက ချစ်ခြင်းမေတ္တာကူရဲ့ လျှို့ဝှက်အစွမ်းများလား?”

ကျိုးစွေ့ ချက်ချင်းပင် အံ့အားသင့်သွားသည်။

ချက်ချင်းပင် ချစ်ခြင်းမေတ္တာကူ၏ အရေးကြီးသော အချက်အလက်အား သူသိလိုက်ရသည်။ ချစ်ခြင်းမေတ္တာကူ၏ အစွမ်းသည် အမျိုးသမီးကျင့်ကြံသူများအား သူ့အား ချစ်ကြိုက်စေရုံမျှသာမဟုတ်ပေ။

၎င်းတို့သာ တူနှစ်ကိုယ်ကျင့်ကြံမှုအား လုပ်ဆောင်ပါက၊ အချစ်များ ပိုမိုခိုင်မာလာလေလေ သူရရှိမည့် အကျိုးအမြတ်က များလေလေ ဖြစ်၏။

အမျိုးသမီးကျင့်ကြံသူများထံမှ ၎င်းတို့၏ အမျိုးမျိုးသော ကျင့်ကြံမှုအတွေ့အကြုံများအား ရယူနိုင်ကာ သူ၏ ကျင့်ကြံမှုအား တိုးတက်လာစေနိုင်မည့်အပြင်၊ သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီကိုပင် မြှင့်တင်နိုင်သေး၏။ ဤသည်က အမှန်ပင် အံ့ဖွယ်အသုံးဝင်မှု ဖြစ်သည်။

တကယ်တော့ ဤသည်မှာ နှစ်ဦးနှစ်ဘက် သက်ရောက်မှု ရှိမည်ဖြစ်ကာ၊ အမျိုးသမီးသည်လည်း သူ့ထံမှ အကျိုးအမြတ်ရရှိမည် ဖြစ်သည်။

သို့သော်လည်း ကျိုးစွေ့၏ ကျင့်ကြံမှုက လက်ရှိအချိန်တွင် အလွန်နိမ့်ကျနေသောကြောင့်၊ သူကသာလျှင် အလိုအလျောက် အကျိုးအမြတ် အများဆုံးသူ ဖြစ်သွားသည်။

“ဒီလိုဆိုရင်၊ ငါမှာ တာအိုလက်တွဲဖော် များများရှိရင် ငါ့ကျင့်ကြံမှု အရှိန် ပိုမြန်သွားမယ် မဟုတ်ဘူးလား?”

ကျိုးစွေ့က ချက်ချင်းပင် ချစ်ခြင်းမေတ္တာကူ၏ အသုံးဝင်မှု တစ်ခုအား တွေးမိသည်။

မူလက သူသည် စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီအား မည်သို့ မြှင့်တင်ရမည် ဆိုသည်အား ပူပန်နေခဲ့ရသည်။ သူ့တွင် တာအိုလက်‌တွဲဖော် များစွာရှိပါက သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီ တိုးတက်နှုန်းက ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။

ထိုအချိန်ကျလျှင် သူ၏ နဝမအဆင့် စိတ်ဝိညာဉ်အမြစ်အား အဌမ၊သတ္တမအဆင့် သို့မဟုတ် ပထမအဆင့်သို့ မြှင့်တင်နိုင်ပေမည်။

ကောင်းကင် စိတ်ဝိညာဉ်အမြစ် ဆိုလျှင်တောင် ဖြစ်နိုင်ခြေ ရှိ၏။

အကယ်၍ သူသာ ကောင်းကင် စိတ်ဝိညာဉ်အမြစ် ပင်ကိုယ်ပါရမီအား အမှန်တကယ် ပိုင်ဆိုင်နိုင်ပါက၊ သူ၏ ကျင့်ကြံခြင်းလမ်းက ချောချောမောမော ဖြစ်လာပေမည်။

“မစိုးရိမ်ပါနဲ့ ယောက်ျား၊ ကျွန်မ ရှင့်ကို တာဝန်ယူမှာပါ။”

“မနက်ဖြန်၊ မနက်ဖြန် ငါတို့ မင်္ဂလာဆောင်ပြီး တစ်လောကလုံးကို ကြေညာလိုက်မယ်”

ကျိပင်းယွီက ကျိုးစွေ့အား ပွေ့ဖက်ရင်း ပြောသည်။ သူ၏မျက်နှာသည်က ကျေနပ်မှုများနှင့် ပြည့်နှက်နေ၏။

ထိုအခိုက်အတန့်၌ သူမ၏ နှလုံးသားထဲ၌ တစ်ခါမှ မကြုံဖူးသော ဝမ်းမြောက်ပျော်ရွှင်မှုအား ခံစားရသည်။ ယခင်က သူမ၏ဘဝကား အချည်းနှီး ဖြတ်သန်းခဲ့သည့်အလား ခံစားနေရ၏။

မိမိဘက်မှ စတင်လိုက်ခြင်းသည် အမှန်ပင် မှန်ကန်သောလုပ်ရပ်ဖြစ်၏။ သို့မဟုတ်ပါက ဤကဲ့သို ချစ်စရာကောင်းသော ယောက်ျားအား အခြား မကောင်းသောမိန်းမများက ခိုးယူသွားကြပေမည်။

ထိုကဲ့သို့သော ယောက်ျားအား မိမိလက်ထဲသာ ထားခြင်းက အကောင်းဆုံး ရွေးချယ်မှုပင် ဖြစ်သည်။

ဘာရယ်?!

ထိုစကားအား ကြားပြီးနောက် ကျိုးစွေ့၏ နှုတ်ခမ်းများ တုန်သွားသည်။ သူတို့၏ အခန်းကဏ္ဍများ ပြောင်းလဲသွားသကဲ့သို ခံစားရသည်။ သူသည် အာဏာရှင်တစ်ဦး၏ အနိုင်ကျင့်ခြင်း ခံရသော မိန်းမငယ်လေးတစ်ဦး ဖြစ်သွားသည့်အလား ခံစားနေရသည်။

တစ်ဘက်လူသည် သူမ၏ပထမဦးဆုံးအချိန်အား ပေးအပ်ကာ သူ့အား အကျိုးအမြတ်များ ပေးခဲ့သည်မှာ ရှင်း‌လင်းနေသည် မဟုတ်လော။

သို့သော်လည်း သူ ငြင်းဆန်နေခြင်း မပြု၊ ဤသည်က ကောင်းသောအရာ ဖြစ်သည်။

နောက်ဆုံး ပြောရလျှင် တရားဝင်လက်ထပ်ပြီးမှသာ တူနှစ်ကိုယ်ကျင့်ကြံခြင်းက တရားဝင်လေသည်။

ထို့အပြင်၊ ကျင့်ကြံသူများအကြား လက်ထပ်ထိမ်းမြားခြင်းက အလွန်ရိုးရှင်း၏။ မည်သည့် အိမ်ထောင်စုစရင်းမှ သွင်းနေစရာမလို၊ မင်္ဂလာအခမ်းအနားကျင်းပ၍ လူတိုင်း၏ ချီးမြှောက်မှုအား ရရှိသည်နှင့် တာအိုလက်တွဲဖော်များ ဖြစ်သွားကြပြီ ဟူသော အမှတ်သညာပင် ဖြစ်သည်။

“ကောင်းပြီ၊ မင်းမငြင်းဘူးဆိုတော့ သဘောတူတယ်လို့ ယူဆလိုက်ပြီ။ အခုတော့ မင်းကောင်းကောင်း အနားယူသင့်တယ်၊ မနေ့ညက မင်း တော်တော် ပင်ပန်းခဲ့ရတာ” ကျိပင်းယွီက အဝတ်အစားများအား လျင်မြန်စွာ ဝတ်ဆင်ကာ အိပ်ရာမှ ထွက်သွားသည်။

အဆုံးသတ်တွင်၊ သူမသည် ချီသန့်စင်ခြင်း အဆင့်(၉)ရှိ ကျင့်ကြံသူတစ်ဦးဖြစ်၍ ရုပ်ပိုင်းဆိုင်ရာ ကြံခိုင်မှုကော၊ ကျင့်ကြံမှုကပါ ကျိုးစွေ့ထက် များစွာ ပိုမိုအားကောင်းသည် မဟုတ်လော။

အကြိမ်ပေါင်းများစွာ တူနှစ်ကိုယ်ကျင့်ကြံခဲ့ပြီးနောက်တွင်ပင်၊ သူမကား အားအင်ပြည့်ဝနေဆဲ ဖြစ်ကာ မည်သည့် ပင်ပန်းနွမ်းနယ်မှု အရိပ်အယောင် မရှိပေ။

…..

ထိုအခိုက်အတန့်၌ နေအိမ်ပင်မအခန်းတွင် မုဇီယန်နှင့် ရှားကျင်းယန်တို့က စောင့်မျော်နေသည်မှာ ကြာလှနေပြီ ဖြစ်သည်။

၎င်းတို့သည် ကျိုးစွေ့၏ အိပ်ခန်းထဲမှ ကျေနပ်နေသော အမူအရာနှင့် ထွက်လာသော ကျိပင်းယွီအား ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။ သူတို့သည် အရူးများမဟုတ်သလို၊ ချီသန့်စင်ခြင်း နောက်ပိုင်း ကျင့်ကြံသူများ ဖြစ်ရာ မနေ့ညက ကြီးမားသော ဆူညံသံများအား မည်သို့ သတိမထားမိပဲ နေမည်နည်း

“အစ်မကျိ၊ ရှင့်ကတော့ တကယ့်အံ့ဖွယ်ပဲ။ အဲ့ဒီယောက်ျားကို မြန်မြန်ဆန်ဆန် လှုပ်ရှားလိုက်တာလား? သူ့ကို အတင်းအဓမ္မ သိမ်းပိုက်လိုက်တာလား? ရှင်က ကျွန်မတို့ မိန်းမသားတွေရဲ့ စံပြပါပဲ။” မုဇီယန်၏ ကျိပင်းယွီအား ကြည့်သော အကြည့်ထဲတွင် လေးစားမှုများ ပြည့်နေသည်။

ယခင်က အမျိုးသားများကသာ အမြဲတမ်း မိန်းမသားများအား အတင်းအကျပ် ပြုမူခဲ့ကြပြီး၊ ယခုတွင်တော့ မိန်းမတစ်ဦးက ယောက်ျားတစ်ဦးအား အတင်းအကျပ် ပြုမူခြင်းဖြစ်သည်။ အစ်မကျိသည် မည်မျှစွမ်းအားကြီးသည်အား စိတ်ကူး၍ပင် ကြည့်နိုင်သည်။ ၎င်းက မည်သည့်ယောက်ျားသားမျှ မယှဉ်နိုင်သော မိန်းမသားများ၏ စံပြ သူရဲကောင်းမတစ်ဦး ဖြစ်သည်။

“ဟဟ၊ ငါလည်း မတတ်နိုင်ဘူး။ ဒီလိုချစ်စရာကောင်းတဲ့ ယောက်ျားကို ငါမှ မြန်မြန်မလှုပ်ရှားရင်၊ မကောင်းတဲ့မိန်းမတွေ သူ့ကို ခိုးယူသွားလိမ့်မယ်။” ကျိပင်းယွီ၏ လှပသောမျက်နှာက နီမြန်းသွား၏။

ဝန်ခံရလျှင် သူမသည် ယခင်အကျင့်စရိုက်ထက် ပို၍ ရဲတင်းလာသည်ကို ခံစားရကာ အနည်းငယ် ပြောင်းလဲသွားသလို ခံစားရသည်။

သို့သော် ဤသည်က “မြင်မြင်ချင်း အချစ်” ဖြစ်သည်။

မိမိနှစ်သက်သောအရာအား ဝယ်ယူခြင်း၊ သူမနှစ်သက်သော ယောက်ျားအား ခိုးယူခြင်း၊ ချစ်ရဲမုန်းရဲကာ လောကီအမြင်များအား လျစ်လျူရှုခြင်း။ ဤသည်ကား သူမ ကျိပင်းယွီ ဖြစ်၏။

“အစ်မကျိ၊ အဲ့ယောက်ျားက ဘာများကောင်းနေလို့လဲ? သူက မချောဘူး၊ ပင်ကိုယ်ပါရမီကလည်း သာမန်ပဲ၊ ချီသန့်စင်ခြင်း အဆင့်(၁) ကျင့်ကြံသူလေးပဲ မဟုတ်လား?” ရှားကျင်းယန်သည် သံသယများ ပြည့်နေ၏။ ကျိုးစွေ့၌ မည်သည့် ဆွဲဆောင်မှုကိုမျှ သူမတွေ့ပေ။

သိထားရမည်မှာ ကျိပင်းယွီအား ပိုးပန်းကြသူများက ရေတွက်၍ပင်မရချေ။ ဂိုဏ်းကျင့်ကြံသူတချို့တောင်မှ သူမအား လိုက်လံပိုးပန်းကြသေးသည်။ သို့သော် သူမက ၎င်းတို့အားလုံးအား ငြင်းဆန်ခဲ့ပြီး မျက်လုံးထဲတွင်ပင် မထည့်ခဲ့ချေ။

သို့သော် ယခုအခါတွင်၊ ချီသန့်စင်ခြင်း အဆင့်(၁)ရှိ သာမန်ကျင့်ကြံသူလေး တစ်ဦးက အစ်မကျိ၏ နှစ်သက်မှုအား ခံခဲ့ရသည်။ ယင်းက လုံးဝ ယုံနိုင်စရာ မရှိပေ။

တကယ်တမ်းတော့ သူမသည်လည်း ကျိုးစွေ့ တစ်ခုခု လုပ်ခဲ့သည်ဟု မထင်ပေ။ ချီသန့်စင်ခြင်း အဆင့်(၁)ရှိ ကျင့်ကြံသူလေးတွင် မည်မျှပင် လှည့်ကွက်များစွာ ရှိသည်ဖြစ်စေ၊ သူမ၏အစ်မအား ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

“အစ်မရှား၊ ဘာတွေ မေးနေတာတုံး? လူတိုင်းမှာ ကိုယ့်အကြိုက်နဲ့ကိုယ် ရှိတယ်။ ဒါက အစ်မကျိ သဘောကျတဲ့ပုံစံ နေမှာပေါ့။”

မုဇီယန်က ပွင့်ပွင့်လင်းလင်းပင် ပြောသည်။ “ သူက ယောက်ျားလေး တစ်ယောက်ပဲလေ။ သူမကြိုက်ရင် ကြိုက်လိုက်ရုံပေါ့။ အကြောင်းပြချက် လိုနေလို့လား? သူမ သဘောမကျတော့ရင် စွန့်ပစ်လိုက်ရုံပဲကို။”

ဒါက ဘုရင်မလို စိုမိုးသော စရိုက်ရှိ၊ သူမ၏အစ်မကျိ အစစ်အမှန် ဖြစ်သည်ဟု သူမ ခံစားရသည်။

ဘာကြောင့် ယောက်ျားများကသာ ဇနီးသုံးယောက်၊ အငယ်အနှောင်း လေးယောက် ထားခွင့်ရှိပြီး၊ မိန်းမများကကော ထိုနည်းတူ မလုပ်နိုင်ရမည်နည်း?

“ဟီးဟီး၊ နင်တို့ နားမလည်ပါဘူး။ ဒီယောက်ျားက အရမ်းထူးခြားတယ်လို့ ငါထင်တယ်၊ ငါ့ကို မကြုံစဖူးခံစားချက်တွေ ပေးတယ် အခြားယောက်ျားတွေနဲ့ မတူဘူး။ အဲ့တာကြောင့် ငါသူ့ကို ချစ်မိသွားတာ။”

“တိုတိုပြောရရင်၊ မနက်ဖြန် မင်္ဂလာပွဲကျင်းပပြီး သူနဲ့ တာအိုလက်တွဲဖော်တွေ ဖြစ်လာမယ်။”

“ဘယ်လိုပဲဖြစ်ဖြစ်၊ ငါ့မိဘတွေကလည်း မရှိကြတော့ဘူး။ ဘယ်သူ့ကိုမှ ဂရုစိုက်နေစရာမလိုဘူး။ ငါသူ့ကိုကြိုက်ရင် ယူလိုက်ရုံပဲပေါ့။”

ကျိပင်းယွီက အနည်းငယ် ပြုံးလိုက်၏။

“ကောင်းပါပြီ အစ်မကျိ”

မုဇီယန်က ကျိပင်းယွီအား လေးစားစွာ ကြည့်နေသည်။ ဤသည်က သူမလေးစားရသော ချစ်ရဲ၊မုန်းရဲသည့် အစ်မကြီးပင် ဖြစ်သည်။ သူမက ယခုမှ ပထမဆုံး တွေ့ဖူးသော ယောက်ျားကိုပင် လက်ထပ်ရဲပေသည်။

ဒါကမှ ရင့်ကျက်သော အမျိုးသမီး၏ ပုံစံ ဖြစ်သည်လော? ၎င်းက သူမကဲ့သို့ လောကီကိစ္စရပ်များအား သိပ်မသိသော အမျိုးသမီးနှင့် ကွဲပြား၏။ သူမကား အမှန်တကယ်ပင် အာဏာရှင်ဆန်လှပေသည်။

စဉ်းစားကြည့်လေ၊ မှန်လေပင်။ ချီသန့်စင်သော ကျင့်ကြံသူများ ဖြစ်လာသည်ကား သာမန်သေမျိုးများနှင့် ခြားနားနေနှင့်ပြီး ဖြစ်ရာ၊ သေမျိုးများ၏ စဉ်းမျဉ်းများအား အဘယ်ကြောင့် လိုက်နာနေစရာ လိုတော့မည်နည်း။

မိမိစိတ်ကြိုက် လုပ်ခွင့်မရှိပါက အင်မော်တယ်ဖြစ်ရန် ကျင့်ကြံနေခြင်းက အဓိပ္ပါယ် ရှိတော့မည် မဟုတ်ပေ။

All Chapters