← Chapters

တစ်လကြာပြီးနောက်၊ တိမ်မြူခိုးတောင်တန်း

Vol. 1 Ch. 10

တစ်လကြာပြီးနောက်၊ တိမ်မြူခိုးတောင်တန်း

Vol. 1 Ch. 10

မျက်စိတစ်မှိတ်အတွင်း တစ်လတာ ကုန်လွန်သွားလေသည်။

ထိုကာလအတွင်း ကျိုးစွေ့နှင့် သူ၏တာအိုလက်တွဲဖော် ကျိပင်းယွီသည် ညစဉ်ညတိုင်း တူနှစ်ကိုယ်ကျင့်ကြံခဲ့ကြပြီး၊ အခြေခံအားဖြင့် တစ်နေ့လျှင် ခုနှစ်ကြိမ်ခန့် အားထုတ်ကာ နှစ်ဦးနှစ်ဖက်စလုံး များစွာအကျိုးရှိခဲ့ကြလေသည်။

ယင်းသို့ဖြင့် သူ၏ကျင့်ကြံမှုသည် တည်ငြိမ်စွာ တိုးတက်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်အတွင်းရှိ အစစ်အမှန်ချီအား ဆက်လက်တိုးပွားစေခဲ့သည်။

ရက်အနည်းငယ်အတွင်း သူသည် ချီသန့်စင်ခြင်း အဆင့်(၃)သို ရောက်ရှိနိုင်ဖွယ်ပင် ရှိသည်။

ဝန်ခံရလျှင်မူ သူ၏ ကျင့်ကြံမှု ဤမျှ လျင်မြန်စွာ တိုးတက်လာမည်ဟု ထင်မှတ်မထားချေ၊ ယင်းက တူနှစ်ကိုယ်ကျင့်ကြံခြင်း၏ မြှင့်တင်ပေးမှုကြောင့် ဖြစ်၏။

မှန်ပေသည်၊ ဆေးလုံးများ၏ကူညီမှုသည်လည်း သူ၏ကျင့်ကြံမှု အချိန်အား များစွာသက်သာစေခဲ့သည် ဖြစ်သည်။

သို့သော်လည်း ကျိုးစွေ့အတွက် အရေးအကြီးဆုံးအရာသည်က ကူနတ်ဘုရားပန်းကန်၏ အကူအညီဖြင့် အိပ်မက်ဝိညာဉ်ကူအား သန့်စင်ခဲ့ခြင်းပင် ဖြစ်သည်။

၎င်းသည် လိပ်ပြာနှင့်တူသော ထွင်းဖောက်မြင်နေရသည့် ကူပိုးကောင် ဖြစ်ကာ၊ သူ၏ဝိညာဉ်နှင့် ပေါင်းစပ်ထားပြီး သဲလွန်စမရှိ တိတ်ဆိတ်၍ မမြင်တွေ့နိုင်ပေ။

အိပ်မက်ဝိညာဉ်ကူ၏ စွမ်းအားဖြင့် သူသည် ပတ်ပတ်လည် မီတာတစ်ရာအတွင်း စစ်မှန်သော ပုံရိပ်ယောင်များအား အလွယ်တကူ ဖန်တီးနိုင်၏။

ယေဘုယျအားဖြင့်၊ ရန်သူများသည် မည်သည်ကိုမှ သတိမထားမိလိုက်ပဲ ပုံရိပ်ယောင်အတွင်းသို့ ဆွဲခေါ်ခံလိုက်ရပြီး အသိစိတ် ပျောက်ဆုံးသွားကြမည် ဖြစ်သည်။

ပိုမိုအရေးကြီးသော အချက်သည်ကား၊ အိပ်မက်ဝိညာဉ်ကူသည် သူ့အား အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ ဝိညာဉ်အသိအမြင်ကဲ့သို့ မီတာရာချီအတွင်းရှိ လှုပ်ရှားမှုတိုင်းအား အလွယ်တကူ သိရှိစေနိုင်သော အာရုံခံနိုင်စွမ်းအား ပေးခြင်းပင်။

ရန်သူက သူ့အား ချောင်းမြောင်းတိုက်ခိုက်လျှင်ပင် ယင်းအား ချက်ချင်း သိရှိနိုင်မည် ဖြစ်၏။

အိပ်မက်ဝိညာဉ်ကူ မွေးဖွားလာခြင်းက သူ့၏ တိုက်ခိုက်ရေးစွမ်းရည်အား သိသိသာသာ တိုးတက်လာစေသည်မှာ သံသယဖြစ်စရာမလိုပေ။

ချီသန့်စင်ခြင်း အဆင့်(၄)၊ အဆင့်(၅) ကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်တွေ့လျှင်ပင်၊ ကြောက်လန့်စရာမလို အလွယ်တကူ ပြန်လည်သတ်ဖြတ်နိုင်မည် ဖြစ်သည်။

သို့သော် သူသည် အခြားကျင့်ကြံသူများနှင့် မိုက်မဲစွာ တိုက်ခိုက်နေမည် မဟုတ်ပေ။ အဆုံးသတ် သူ၏ပန်းတိုင်သည် ထာဝရအသက်၏ ကြီးမြတ်သော တာအိုအား ထိတွေ့နိုင်ရန်၊ သူ၏ကျင့်ကြံမှုနယ်ယ်နှင့် သက်တမ်းအား တိုးမြှင့်ရန်သာ ဖြစ်လေသည်။

“ယောက်ျား ငါ မရတော့ဘူး… တကယ်မရတော့ဘူး..”

ကျိပင်းယွီက တိုးညှင်းစွာ ညည်းရင်း လုံးဝ ပျော့ခွေသွားသည်။ သူမ၏လှပသော မျက်နှားလေးက နီမြန်းနေပြီး ကျိုးစွေ့အား မြတ်နိုးစွာ ကြည့်နေ၏။

တစ်ညတာ တိုက်ပွဲအပြီးတွင်တော့ သူမ လက်နက်ချလိုက်ရလေတော့သည်။

“ယွီအာ၊ မင်းတကယ်ပဲ မြို့အပြင် ထွက်တော့မှာလား။”

ကျိုးစွေ့က အလှလေးအား ထွေးပွေ့ထားရင်း စိုးရိမ်စွာ မေးလိုက်သည်။ အဘယ်ကြောင့်ဆိုသော မြို့ထဲတွင် တစ်လတိုင် အနားယူပြီးနောက်၊ ကျိပင်းယွီသည် မြို့မှ ထွက်ခွာကာ ယောင်သားရဲများအား အမဲလိုက်ရန်နှင့် စိတ်ဝိညာဉ်ဆေးဝါးများအား ရှာ‌ဖွေရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။

သိထားရမည်မှာ၊ မီယွင်မြို့သည် တစ်ကိုတော်ကျင့်ကြံသူများ၏ မြို့ ဖြစ်လာရခြင်းသည် မီယွင်မြို့ အပြင်ဘက်တွင် မိုင်သိန်းချီကျယ်ဝန်းကာ၊ ကြီးမားသော တောင်များ အနည်းဆုံး တစ်သိန်းခန့်ရှိသော တိမ်မြူခိုးတောင်တန်းကြီးကြောင့် ဖြစ်၏။

တိမ်မြူခိုးတောင်းတန်းအတွင်း၌ စိတ်ဝိညာဉ်ချီများ ပေါကြွယ်ဝသောကြောင့်၊ မရေမတွက်နိုင်သော ယောင်သားရဲများ ကျက်စားကာ၊ များပြားလှသော စိတ်ဝိညာဉ်ဆေးဝါးများက သဘာဝအတိုင်း ပေါက်ရောက်ပေသည်။

ထို့ကြောင့်ပင်၊ ၎င်း၏ကျော်ကြားမှုကြောင့် မရေမတွက်နိုင်သော တစ်ကိုယ်တော်ကျင့်ကြံသူများသည် အခွင့်အလမ်းများ ရှာဖွေနိုင်ရန် တိမ်မြူခိုးတောင်တန်းဆီသို့ လာရောက်ကြပေသည်။

သို့သော်လည်း တိမ်မြူခိုးတောင်တန်းသည် အလွန်အန္တရာယ်များသည်။ ၎င်းတွင် ပုန်းအောင်းနေသော ယောင်သားရဲများ မည်မျှရှိသည်အား မသိနိုင်သကဲ့သို့၊ အနက်ပိုင်းထဲတွင် မကောင်းသောရည်ရွယ်ချက်ရှိသော ဆိုးသွမ်းကျင့်ကြံသူများနှင့်လည်း ဆုံတွေ့နိုင်ပေသည်။

တိမ်မြူခိုးတောင်တန်းအတွင်း၌ အမှုမဲ့သော အမှားတစ်ချက်က သေခြင်းတရားဆီသို့ ခေါ်ဆောင်သွားပေမည်။

အတိတ်တွင်၊ တိမ်မြူခိုးတောင်တန်းအတွင်းသို့ ရတနာများ သွားရောက်ရှာဖွေခဲ့သော သူ၏မိဘများသည်လည်း ထိုနေရာ၌ပင် သေဆုံးသွားကြခြင်း ဖြစ်လေ၏။

နှစ်စဉ်နှစ်တိုင်း တိမ်မြူတောင်တန်းအတွင်း သေဆုံးသွားခဲ့ကြသော ကျင့်ကြံသူအရေအတွက်မှာ ရေတွက်၍ပင် မရဟု ဆိုနိုင်ပေသည်။

“ဟုတ်တယ်။ ငါ အိမ်မှာ‌ပဲ နေပြီး စုဆောင်းထားတာတွေနဲ့ အသက်ဆက်နေလို့မဖြစ်ဘူးလေ။ ငါ့မှာ ဝိညာဉ်‌ကျောက်တုံး‌တွေ အများကြီး ရှိတယ်ဆိုပေမယ့် အချိန်တန်ရင် ကုန်သွားမှာပဲ။ အဲဒီတော့ ဝိညာဉ်ကျောက်တုံးတွေ ရှာဖို့ စွန့်စားဖို့ လိုတယ်လေ။”

ကျိပင်းယွီက သူ့အား နှစ်သိမ့်လိုက်သည်။ “ငါ့လုံခြုံရေးအတွက် မစိုးရိမ်ပါနဲ့။ ငါက ချီသန့်စင်ခြင်း အဆင့်(၉)တစ်ဦး ဖြစ်သလို၊ ဓားကျင့်ကြံသူလည်း ဖြစ်တယ်လေ။ ပြီးတော့ ငါ့ညီမနှစ်ယောက်ရဲ့ အကူအညီနဲ့ဆိုရင် သေချာပေါက် အဆင်ပြေမှာပါ။”

သူမ၏ကျင့်ကြံမှုလမ်းကြောင်းအတွက် ရှေ့ဆက်နိုင်ဖို့ရန်၊ မြို့ပြင်ထွက်၍ စွန့်စားဖို့ လိုအပ်သေးကြောင်း သူမ ရှင်းပြသည်။

မဟုတ်ပါက၊ မြို့ထဲတွင်ပင် စုဆောင်းထားသည်များနှင့် အေးဆေးသက်သာစွာ နေနေပါက အဆုံးသတ်တွင် သူမ၏အရင်းအမြစ်များ ကုန်ဆုံးသွားပေမည်။

“ကောင်းပါပြီ။ ငါနားလည်ပါတယ်”

ကျိုးစွေ့ ခေါင်းညိတ်လိုက်သည်။ ကျိပင်းယွီ၏အတွေးများအား သူ ကောင်းစွာ နားလည်ပေသည်။ ချီသန့်စင်ခြင်း အဆင့်(၉) ကျင့်ကြံသူတစ်ဦးသည် ငွေရှာရန် နည်းလမ်းများစွာရှိသကဲ့သို့၊ ငွေကုန်ကြေးကျ များစွာလည်း အသုံးပြုရန် လိုအပ်ပေသည်။

တိမ်မြူခိုးတောင်တန်းအတွင်းပိုင်းသို့ ဝင်ရောက်ကာ ယောင်သားရဲများအား အမဲမလိုက်ပါက မည်သို့ ဝိညာဉ်ကျောက်တုံးများ ရှာဖွေနိုင်မည်နည်း။

ကျိပင်းယွီ ပိုင်ဆိုင်ထားသော ဝိညာဉ်ကျောက်တုံးများသည် လေထဲမှ ထွက်ပေါ်လာသည် မဟုတ်၊ မရေမတွက်နိုင်သော စွန့်စားမှုများမှ ရရှိလာခဲ့ခြင်း ဖြစ်၏။

ထို့ကြောင့် သူ့တွင် သူမအား တားဆီးရန် အကြောင်းပြချက် မရှိချေ။

“ကြည့်ရတာ မီယွင်မြို့ထဲမှာ ငွေရှာနိုင်မယ့် နည်းလမ်းတစ်ခုရှာရတော့မယ့်ပုံပဲ။ ဒီလိုဆိုရင် တိမ်မြူခိုးတောင်တန်း အတွင်းပိုင်းထဲ ဝင်ပြီး ငါစွန့်စားနေစရာ မလိုတော့ဘူး။”

ကျိုးစွေ့၏မျက်လုံးများက တောက်ပလာသည်။ သူ၏ ဆွဲဆောင်မှုကောင်းသော တာအိုလက်တွဲဖော်အား တိမ်မြူခိုးတောင်တန်းအတွင်းသို့ သွားရောက်စွန့်စားနေရသည်အား သူ သည်းမခံနိုင်ပေ။

ထို့‌ကြောင့် တည်ငြိမ်သော ဝင်ငွေရင်းမြစ်တစ်ခုအား သူရှာဖွေရပေမည်။

ဤနည်းလမ်းဖြင့်သာ သူ၏ တာအိုလက်တွဲဖော်အား တောရိုင်းထဲမှ အန္တရာယ်များအား ရှောင်ရှားနိုင်စေမည် ဖြစ်သည်။

နတ်ဘုရားကူပန်းကန်ဖြင့် ငွေရှာနိုင်မည့် နည်းလမ်းတစ်ခုအား သူမတွေ့နိုင်ဟု မယုံကြည်ပေ။

ယခင်က ဤသို့ မလုပ်ခဲ့ခြင်းမှာ သူ၏ကျင့်ကြံမှုအဆင့်နှင့် ငွေရှာနိုင်လျှင်တောင်မှ ထိန်းသိမ်းထားနိုင်မည် မဟုတ်ပေ။ ထို့အစား၊ များများ ချမ်းသာလေလေ သူအား မြန်မြန်သေဆုံးနိုင်စေသာ ဖြစ်စေပေလိမ့်မည်။ သူက အရူးမဟုတ်ပေ။

ယခုတွင်တော့ မတူတော့၊ ကျိပင်းယွီ၏’စွမ်းအားဖြင့် များပြားသော ကြွယ်ဝမှုသည် သေခြင်းသို့ ဦးတည်သော လမ်း မဖြစ်နိုင်တော့ချေ။

ထို့ကြောင့်၊ သူ့အတွက် တည်ငြိမ်သော ဝင်ငွေရင်းမြစ်တစ်ခု ဖန်တီးရန် အချိန်တန်ပြီ ဖြစ်၏။

…

ထိုအချိန်တွင် မုဇီယန်နှင့် ရှားကျင်းယန်တို့သည် ခန်းမထဲတွင် စောင့်နေကြသည်။

“သူမက ရူးသွားပြီ၊ အစ်မကြီး လုံးဝကို ရူးသွားပြီ။ ပြီးခဲ့တဲ့တစ်လလုံး ညတိုင်း ပွဲဖြစ်နေတာ။ သူမ အိမ်ပြန်ဖို့တောင် မေ့သွားလောက်ပြီ။”

“မိန်းမနဲ့ ယောက်ျားကြားက ကိစ္စတွေက အဲ့လောက်တောင် လူတွေကို စွဲလမ်းစေတာလား”

ရှားကျင်းယန်၏ လှပသော မျက်နှာလေးက နီးမြန်းနေကာ အံပင်ကြိတ်ထားချေသည်။

ပြီးခဲ့သောလက အဖြစ်အပျက်များအား တွေးကြည့်မိတိုင်း သူမ ဒေါသဖြစ်မိသည်။ အဘယ်ကြောင့် ဆိုသော ထို အရှက်မရှိသော တာအိုစုံတွဲသည် အခြားသူများ သည်းခံနိုင်သည်၊ မခံနိုင်သည်အား ဂရုမစိုက်ပဲ ညဘက်တွင် ကျယ်ကျယ်လောင်လောင် ပြုမူနေကြ၍ ဖြစ်သည်။

သူမသည် အပျိုစင်တစ်ဦးသာ ဖြစ်၍ ဤသို့သော ကိစ္စရပ်များအား အတွေ့အကြုံမရှိသည်အား သိထားရပေမည်။

ဝန်ခံရလျှင် သူတို့၌ ညီအစ်မဆက်ဆံရေးသာ မရှိခဲ့ပါက သူမ မခံနိုင်သောကြောင့် ဟိုးအရင်ကတည်းက ထွက်သွားပြီး ဖြစ်ပေမည်။

နောက်ဆုံးတွင်တော့ ပြဿနာအား ဖြေရှင်းနိုင်ရန် သူမ၏အခန်းထဲတွင် အသံအတားအဆီးတစ်ခု တည်ဆောက်ရန်မှတပါး ရွေးချယ်စရာမရှိခဲ့ပေ။

“ခစ်ခစ်၊ ငါတို့ ဘာမှ မတတ်နိုင်ဘူးလေ။ အစ်မကြီးက အခုမှ အိမ်ထောင်ကျတာဆိုတော့ ကြင်စဦး တစ်တီးတူးတာ ပုံမှန်ပါပဲ။”

မုဇီယန်က တခစ်ခစ်ရယ်ကာ ယင်းသည် သာမန်သာ ဖြစ်ကြောင်း ပြော၏။

“ညီမမု၊ မင်း ဘယ်လိုလုပ် ဒီလောက်များများ သိရတာလဲ?”

ရှားကျင်းယန် အလွန်သိချင်နေမိသည်။ မုဇီယန်သည် သူမထက် ငယ်ရွယ်သော်လည်း သူမထက်ပို၍ များစွာသော အကြောင်းများအား သိရှိသည်အား သူမ အမြဲခံစားရသည်။

“အင်း၊ အဲဒါတွေအားလုံးက ငါ့မိသားစုက သင်ပေးတာပဲ။ ငါ့အဖေက အဲ့ဒီလိုပဲ၊ သူ့မှာ အငယ်အနှောင်းတွေ ရာနဲ့ချီ ရှိတယ်။ အဲ့တော့ မသိပဲ ဘယ်နေပါတော့မလဲ။”

မုဇီယန်က ကူကယ်ရာမဲ့စွာ ပြောလိုက်၏။

ဘာရယ်။

ယင်းအား ကြားရသောအခါ ရှားကျင်းယန်၏ နှုတ်ခမ်းက တုန်ရီသွားပြီး၊ ဘာပြန်ပြေရမှန်း မသိ ဖြစ်သွားလေသည်။ မုဇီယန်၏ မိသားစုနောက်ခံမှာ အလွန်ရှုပ်ထွေးဟန်ရှိပြီး၊ သူမ များစွာ သိရှိနေခြင်းသည် မဆန်းလှပေ။

“အဟွတ်… အဟွတ်၊ မင်းတို့ နှစ်ယောက် ဘာတွေ ပြောနေကြတာလဲ”

ဤအချိန်တွင် သပ်သပ်ရပ်ရပ် ဝတ်စားထားသော ကျိပင်းယွီက အခန်းထဲမှ ထွက်လာကာ သူမ၏ လှပသော မျက်နှာသည် အနည်းငယ် နီမြန်းနေ၏။ သူမ၏ညီမငယ်နှစ်ဦးအား ကြည့်လိုက်ရင်း၊ အတွင်းစိတ်ထဲ၌ အနည်းငယ် အပြစ်ရှိသလို့ ခံစားလိုက်ရသည်။

“အစ်မ၊ ကျွန်မတို့ ထွက်ခွာဖို့ အချိန်နီးပြီ ဆိုတာကိုပဲ ပြောနေကြတာပါ။”

မုဇီယန်က အဖြစ်အပျက်များအား ဖုံးကွယ်ကာ အပြုံးလေးနှင့် ပြောလိုက်သည်။

“ဟုတ်တယ်၊ အစ်မက ငါတို့ကို စောင့်ကြည့်ခိုင်းထားတဲ့လူလည်း မြို့က ထွက်သွားပြီ။ သူ့ကိုပါ တစ်ပါတည်း ဖြေရှင်းလိုက်နိုင်မယ့် အခွင့်ကောင်းပဲ။”

“ငါ သူ့အပေါ်မှာ အမှတ်အသားတစ်ခု ထားခဲ့ပြီးသား၊ သူ ဘယ်ကိုပြေးပြေး အသုံးမဝင်ပါဘူး။”

ရှားကျင်းယန်ကလည်း ချက်ချင်းပင် ဖြည့်ပြောလိုက်သည်။

“အဲ့ဒီလိုလား။ ဒါဆို သိပ်ကောင်းတာပေါ့။ တစ်လ ထပ်ပြီး အသက်ရှင်ခွင့် ရတာ သူ့အတွက် ကံကောင်းခြင်းပဲ။ ကဲ သွားကြစို့။”

ကျိပင်းယွီ၏ လှပသော မျက်လုံးများထဲတွင် နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်က ဖြတ်ကနဲ လက်သွားလေသည်။

All Chapters