အနာဂတ်ပြဿနာများအား သုတ်သင်ခြင်း၊ ပြန်ရှင်လာသော ကျိုးစွေ့၏အလောင်းလော..
Vol. 1 Ch. 11
မီယွင်မြို့အပြင်ဘက်၊ တိမ်မြူခိုးတောင်တန်းအတွင်း။
တိမ်မြူခိုးတောင်တန်း အတွင်းတစ်နေရာတွင် လျိုတုန်သည် သူ၏နံဘေးမှ တစ်ကိုယ်တော်ကျင့်ကြံသူ သုံးဦးနှင့်အတူ ရှိနေ၏။ ၎င်းတို့အားလုံးသည် ချီသန့်စင်ခြင်း အဆင့်(၇) ရှိ ကျင့်ကြံသူများ ဖြစ်ရာ၊ တောင်တန်းအတွင်း မိမိကိုယ်ကို အတိုင်းအတာတစ်ခုအထိ ကာကွယ်နိုင်စွမ်း ရှိသူများ ဖြစ်လေသည်။
“မင်း နှစ်တစ်ရာသက်တမ်းရှိတဲ့ ရွှေဆူးမြက်ကို တွေ့ခဲ့တာ သေချာလား”
လျိုတုန်က မနေနိုင်ပဲ မေးလိုက်သည်။
“တကယ်ပါ။”
မေးစေ့ချွန်ချွန် မျောက်မျက်နှာနှင့်တူသော သက်လတ်ပိုင်း ကျင့်ကြံသူက ခေါင်းညိတ်လိုက်ပြီး “ငါ မင်းကို ဘယ်တုံးက လိမ်ဖူးလို့လဲ။ ငါတို့တွေ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့တာ နှစ်အတော်ကြာနေပြီကို။ အရင်တစ်ခါတုံးက တိမ်မြူခိုးတောင်တန်းထဲက ယောင်သားရဲတစ်ကောင် လိုက်တာ ခံရပြီးတော့ မတော်တဆ ချိုင့်ဝှမ်းတစ်ခုထဲကို ရောက်သွားရင်း အဲ့ဒီ နှစ်တစ်ရာသက်တမ်း စိတ်ဝိညာဉ်ဆေးပင်ကို တွေ့ခဲ့တာပဲ။”
“ကံဆိုးတာက၊ အဲ့ဒီ နှစ်တစ်ရာသက်တမ်း စိတ်ဝိညာဉ်ဆေးပင်ကို ပထမအဆင့် ယောင်သားရဲတွေ အများကြီးက စောင့်ရှောက်နေကြတာပဲ။ ငါ သူတို့ကို မယှဉ်နိုင်တော့ အနားတောင် မကပ်နိုင်ခဲ့ဘူး၊ အဲ့တာကြောင့်ပဲ မင်းတို့နဲ့ အတူတူ သွားဖို့ ဖိတ်လိုက်တာပဲ။”
“မင်းတို့လည်း နှစ်တစ်ရာသက်တမ်းရှိ စိတ်ဝိညာဉ်ဆေးပင်ရဲ့ တန်ဖိုးကို သိမှာပါ။ အဲ့တာ တစ်ခုတည်းကတင် အဆင့်နိမ့်ဝိညာဉ်ကျောက်တုံး ထောင်ကျော်တန်တယ်။ ယောင်သားရဲ အနည်းငယ်ရဲ့ အလောင်းတွေကိုပါ ထည့်တွက်လိုက်ရင် ဒီရိတ်သိမ်းမှုက အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး နှစ်ထောင်ကနေ သုံးထောင်လောက်အထိ တန်ဖိုးရှိလိမ့်မယ်။ ငါတို့လေးယောက် ခွဲကြရင်တောင် အများကြီး ရလိမ့်မယ်။”
သူပြောသမျှသည် မည်သည့်မဟုတ်မမှန်မှ မပါကြောင်း ကောင်းကင်ကိုပင် ကျိန်ဆိုပြလိုက်သည်။
“မဆိုးပါဘူး။ ဒီကိစ္စသာ အမှန်ဆိုလို့ကတော့ မင်းလည်း ရိတ်သိမ်းမှုရဲ့ ဝေစုကို သေချာပေါက် ရစေရမယ်။” ဤသည်အား ကြားလျှင် လျိုတုန် ချက်ချင်းပင် စိတ်သက်သာရာ ရသွားသည်။ တစ်ဘက်လူသည် သူနှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာသော တာအိုရောင်းရင်းတစ်ဦး ဖြစ်၏။ နေ့စဉ်လုပ်ငန်းကိစ္စများတွင် များစွာ အားကိုးရနိုင်ခြင်း မရှိသော်လည်း၊ အနည်းဆုံးတော့ လိမ်ညာလိမ့်မည် မဟုတ်ပေ။
ထို့အပြင် ၎င်းတို့သည် တစ်ဦးနှင့်တစ်ဦး အတွင်းသိ၊အဆင်းသိများ ဖြစ်သောေြာင့်၊ သူ့အား လှည့်စားဝံ့မည် မဟုတ်ပေ။
ဒီတစ်ခေါက် အောင်မြင်ပါက အနည်းဆုံး အဆင့်နိမ့် ကျောက်တုံးရာချီ သူရရှိနိုင်မည်ဟု တွက်ထားသည်။ ယင်းက သူ့အား ချီသန့်စင်ခြင်း အဆင့်(၈)သို့ ချိုးဖြတ်နိုင်စေမည့် ဆေးလုံးများ ဝယ်ယူနိုင်စေမည် ဖြစ်သည်။
ဤသည်က သူ၏ အခြေတည်အဆင့် တည်ဆောက်ရေးလမ်းကြောင်းနှငိ့ သက်ဆိုင်သည် ဖြစ်၍ မည်သည့်အမှားအယွင်းမှ အဖြစ်မခံနိုင်ချေ။
သို့သော်ငြား ထိုအခိုက်အတန့်တွင်၊ သူ၏ မိတ်ဆွေဟောင်း၏သားဖြစ်သူ ကျိုးစွေ့အား ပြန်လည်သတိရသွားကာ ရုတ်တရက် သူ၏မျက်နှာ မဲမှောင်သွားသည်။
ထိုမျက်နှာဖြူကောင်သာ ချီသန့်စင်ခြင်း အဆင့်(၉)ရှိ ကျင့်ကြံသူမိန်းမအား လက်မထပ်ခဲ့ပါက၊ ထိုအိမ်သည် ကြာမြင့်စွာကတည်းက သူ့လက်ထဲသို့ ရောက်နှင့်ပြီးဖြစ်ပေမည်။
ထိုအချိန်တွင်မူ၊ သူသည် မီယွင်မြို့ထဲ၌ ချီသန့်စင်ခြင်း အဆင့်(၉) ထိတိုင် ဘေးကင်းစွာ ကျင့်ကြံနေနိုင်မည် ဖြစ်ပြီး၊ ယခုကဲ့သို့ မြို့အပြင်ထွက်၍ စွန့်စားနေရန် လိုအပ်မည် မဟုတ်ပေ။
ယခုအခါ တစ်လနီးပါး ကြာမြင့်ပြီး ဖြစ်သဖြင့်၊ ထိုကလေး ကျိုးစွေ့သည်ကား ပင့်ကူမလက်ချက်နှင့် စွမ်းအင်ကုန်ခမ်းသည်အထိ စုပ်ယူခံရကာ အခွံသာကျန်ရှိတော့မည် ဖြစ်သည်။
“မကောင်းတော့ဘူး…ရန်သူ…”
ရုတ်တရက်၊ စိတ်ကူးယဉ်နေသည့် လျိုတုန်သည် ဆံပင်များထောင်သွားကာ ကျရောက်လာသော သတ်ဖြတ်လိုစိတ်အား သတိထားမိလိုက်သည်။ ဤသည်ကား တစ်ကိုယ်တော် ကျင့်ကြံသူများ၏ အလိုလိုသိစိတ်ပင် ဖြစ်သည်။
သူ၏မျက်လုံးထောင့်စွန်းမှ မနီးမဝေးမှ လျှပ်တပြက် ထွက်ပေါ်လာသော ငွေရောင် ဓားချီ လေးခုအား တွေ့လိုက်ရသည်။ ၎င်းတို့က မယုံနိုင်လောက်အောင် မြန်ဆန်ပြီး ကြောက်မက်ဖွယ်ကောင်းသော သတ္တုဒြပ်စင်စွမ်းအား ပါဝင်ကာ ဖျက်စီး၍မရနိုင်ပေ။
ထိုအခိုက်အတန့်တွင် သေရေးရှင်ရေး အရေးပေါ် အကျပ်အတည်းအား ခံစားမိကာ ရှောင်တိမ်းလိုသည်။
ကံမကောင်းစွာဖြင့်၊ ဤဓားချီက အလွန်ပင် မြန်ဆန်ကာ၊ သူ၏ကျင့်ကြံမှုအဆင့်ဖြင့်ပင် ရှောင်တိမ်းနိုင်စွမ်း မရှိပေ။
ဖောင်း..!
တဒင်္ဂအတွင်းတွင်၊ ယင်းဓားချီသည် သူ၏ခေါင်းအား ဖောက်ထွင်းသွားကာ ဖရဲသီးတစ်လုံးအား ရိုက်ခွဲလိုက်သကဲ့သို့ သွေးများဖုံးလွှမ်းသွားစေတော့သည်။ အသံတစ်ချက်ပင် မထွက်နိုင်ပဲ သူသေဆုံးသွားလေသည်။
မသေဆုံးမီ သူ့အား မည်သူ သတ်ဖြတ်ခဲ့သည်ကိုပင် မမြင်တွေ့လိုက်ရပေ။
သူသေဆုံသွားသည့် အခိုက်အတန့်တွင်၊ လျိုတုန်သည် ကြီးမားသောနောင်တများဖြင့် ပြည့်နေပေသည်။ မြို့အပြင်ဘက်တွင် ဤမျှ အန္တရာယ်များသည်အား သူသိရှိခဲ့ပါက၊ သေသည့်တိုင် ထွက်လာခဲ့မည် မဟုတ်ပေ။
ကံဆိုးစွာဖြင့်၊ ယခုတွင်မူ အရာအားလုံး နောက်ကျခဲ့ချေပြီ။
လျိုတုန်တစ်ဦးတည်းသာ မဟုတ်ပေ၊ အခြား တစ်ကိုယ်တော် ကျင့်ကြံသူသုံးဦးသည်လည်း တူညီသော ကံကြမ္မာအား ကြုံတွေ့လိုက်ရပြီး၊ ဓားတစ်ချက်တည်းဖြင့် ချက်ချင်းပင် လဲကျသေဆုံးသွားကြသည်။
ဝှစ်…ဝှစ်….ဝှစ်..!
မကြာမီ တင့်တယ်သောပုံရိပ် သုံးခုက တောအုပ်ထဲမှ ထထွက်လာ၏။ ယင်းတို့သည် ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့ ဖြစ်ကြ၏။
“အစ်မ၊ ဒီတစ်လလုံး အစ်မ ကျင့်ကြံတာမပြောနဲ့ ဘာလှုပ်ရှားမှုမှ လုပ်တာ မမြင်မိပါဘူး။ အဲ့တာတောင် အစ်မရဲ့ ဓားချီက အရင်ကထက် စွမ်းအားပိုကြီးလာသလိုပဲ။ ချီသန့်စင်ခြင်း အဆင့်(၇) လေးယောက်ကို ဓားတစ်ချက်တည်းနဲ့ သတ်လိုက်တာ တကယ့်ကို အံ့အားသင့်စရာပဲ။”
မုဇီယန်က ကျိပင်းယွီအား အလွန် လေးစားစွာ ကြည့်လိုက်သည်။
“အမှန်ပဲ။ ဒီဓားချက်မှာ အခြေတည်အဆင့် တစ်ဦးရဲ့ အရိပ်အယောင်တွေ ပါနေသလိုပဲ။”
ရှားကျင်းယန်သည်လည်း အလွန် အံ့အားသင့်သွားသည်။ သူမသည် ယခင်က ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ဓားကျင့်ကြံသူအား တွေ့မြင်ဖူးသော်လည်း၊ ကျိပင်းယွီကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ချီသန့်စင်ခြင်း နှောင်းပိုင်းအဆင့် ဓားကျင့်ကြံသူအား မြင်ဖူးခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်လေသည်။
ယခင်က ကျိပင်းယွီသည် သတ်မှတ်အတိုင်းအတာ အတွင်းတွင် ရှိသော်လည်း၊ ယခု တစ်လကြာပြီးနောက်တွင် ယခင်ထက် နှစ်ဆပို၍ အားကောင်းနေသည်။
ပြဿနာသည်က ဤအမျိုးသမီးသည် ညတိုင်း ပျော်ပါးနေပြီး၊ မိန်းမနှင့်ယောက်ျားကိစ္စများတွင်သာ နစ်မြုပ်နေခဲ့သည် မဟုတ်လော။
တစ်လအကြာတွင် မည်သို့ပြု၍ သူမက ပိုမိုအားကောင်းလာရသနည်း။
သူမတွင် သံသယများ ပြည့်နှက်သွားချေသည်။
“ငါလည်း မသေချာဘူး။ ငါ့ယောက်ျားနဲ့ အတူနေပြီးတိုင်း၊ ငါ့ရဲ့ ဝိညာဉ်စွမ်းအားက အတော်လေးတိုးတက်လာတယ်လို့ အမြဲ ခံစားရတယ်။ အခြေတည်အဆင့်ရဲ့ ဝိညာဉ်အာရုံကိုတောင် မွေးဖွားပေးလိုက်တယ်လို့ ခံစားရတယ်။”
ကျိပင်းယွီက အနည်းငယ် ပြုံးလိုက်ကာ “ဒါကြောင့်ပဲ ငါ့ရဲ့ ဓားတာအိုနယ်ပယ်က ‘ဆေးဦးလေမတိုက်မီ ပုစဉ်းသံအား သိရှိခြင်း’ နယ်ပယ်ကို ခုန်ကျော်ပြီး ရောက်သွားတာပဲ။”
ဤအခိုက်အတန့်တွင် တစ်လအတောအတွင်း ဖြစ်ပျက်ခဲ့သည်များအား ပြန်လည်တွေးမိသွားကာ၊ သူမ၏လှပသော မျက်နှာက နီမြန်းသွားလေ၏။
ခွဲခွာခဲ့သည်မှာ မကြာလှသေးသော်လည်း၊ သူမ၏ခင်ပွန်းအား ထပ်မံလွမ်းဆွတ်လာပုံ ရသည်။
‘တစ်နေ့တာခွဲခွာရခြင်းသည် ဆောင်းဦးရာသီ သုံးခုအား ဖြတ်ကျော်ရသကဲ့သို့ ရှိသည်' ဟူသော ဆိုရိုးအတိုင်းပင်။
သို့သော်လည်း ဤအကြိမ် ထွက်လာရခြင်း၏ အဓိကရည်ရွယ်ချက်သည်၊ တစ်ချိန်က သူမ၏ခင်ပွန်းအား ထိခိုက်စေရန် ကြိုးစားခဲ့သော ဤအရှက်မရှိသော လျိုတုန်အား ဖြေရှင်းရန် ဖြစ်လေသည်။ ယင်းအား မဖယ်ရှားရသေးသရွေ့ သူမ ကောင်းစွာ အိပ်ပျော်နိုင်မည် မဟုတ်ပေ။
“ဒီလိုမျိုး ရှိတယ်လား”
ရှားကျင်းယန် ကြီးစွာ အံ့အားသင့်သွားသည်။ တူနှစ်ကိုယ်ကျင့်ကြံခြင်းက တစ်စုံတစ်ဦး၏ ကျင့်ကြံမှုအား အမှန်တကယ် ဤမျှမြန်မြန်ဆန်ဆန် တိုးမြှင့်ပေးနိုင်သည်လော..။
ထိုယောက်ျားတွင် ထူးခြားသော တစ်စုံတစ်ရာရှိ၍ အမျိုးသမီးကျင့်ကြံသူများအား တိုးတက်စေနိုင်ခြင်း ဖြစ်မည်လော..။
နောက်ဆုံးအချက်သာ ဖြစ်ပါက၊ ဤယောက်ျား၏တန်ဖိုးသည် မရိုးရှင်းတော့ပေ။
သူမ အတွေးနက်နေတော့သည်။
“ကောင်းပြီ၊ တိမ်မြူခိုးတောင်တန်းရဲ့ ပိုနက်တဲ့ အတွင်းပိုင်းကို ဝင်ကြစို့! အထဲက စိတ်ဝိညာဉ်ဆေးပင်တွေကို စုဆောင်းပြီး မီယွင်မြို့ကို မြန်မြန်ပြန်ကြမယ်။” ကျိပင်းယွီက မီယွင်မြို့သို့ ပြန်ရန်သာ စိတ်စောနေလေသည်။ ခဏတာ ဝေးကွာရရုံမျှပင် အလွမ်းစိတ်တက်ကာ မယုံနိုင်လောက်သော မသက်မသာဖြစ်မှုအား ခံစားရလေသည်။
“ကောင်းပါပြီ”
ရှားကျင်းယန်သည် လွန်စွာ ကူကယ်ရာမဲ့နေတော့သည်။ သူမသည် လျိုတုန်နှင့် အခြား ကျင့်ကြံသူများ၏ သိုလှောင်အိတ်များအား ကောက်ယူလိုက်သည်။ ယင်းတို့၏ အလောင်းများသည်ကား များမကြာမီ ယောင်သားရဲများက လာရောက်စားသောက်သွားကြပေလိမ့်မည်။
တိမ်မြူခိုးတောင်တန်းအတွင်းတွင် ထိုကဲ့သို့ သတ်ဖြတ်မှုများက ပုံမှန်သာ ဖြစ်ကာ မည်သူကမျှ အလေးအနက်ထားနေကြမည် မဟုတ်ပေ။
…
အခြားတစ်ဖက်တွင်၊ ကျိုးစွေ့သည်လည်း စတင်ထွက်ခွာလာလေသည်။
အဆုံးသတ်၌ သူသည် တစ်လလုံးလုံး အိမ်တွင်းအောင်းကာ မနားမနေ ကြိုးစားရခဲ့သည် မဟုတ်လော..။ မှန်ပေသည်၊ အဓိက အရေးအကြီးဆုံး အချက်သည် ကူကောင် သန့်စင်ရန် လိုအပ်သော ပစ္စည်းများ သွားရောက်ရှာဖွေရန်၊ အနီးနားက ဆိုင်တချို့ထံ သွားရောက်ရန် လိုအပ်ခြင်းပင် ဖြစ်သည်။
“ကျိုးစွေ့… မင်း မသေသေးဘူးလား..။”
ကျိုးစွေ့ အိမ်မှ ထွက်ခွာရုံသာ ရှိသေးသည်။ သူ၏အိမ်နီးချင်းဖြစ်သော သက်လတ်ပိုင်းကျင့်ကြံသူ တစ်ဦးက စိတ်မထိန်းနိုင်စွာပင် အော်မေးလိုက်သည်။
သူ့အမည်သည် ကျန်းချန် ဖြစ်သည်။ သူသည် ပထမအဆင့် အဆင့်နိမ့် ဆေးဖော်စပ်သူတစ်ဦးဖြစ်ကာ၊ ချီသန့်စင်ခြင်း အဆင့်(၆)ရှိသူဖြစ်သည်။ အသက် လေးဆယ့်ငါးနှစ်ရှိပြီး၊ သူနှင့် အိမ်နီးချင်း ဖြစ်ခဲ့သည်မှာ ကြာလှပြီ ဖြစ်သည်။
“သေရမယ်…။ ဘာကိစ္စ သေရမှာလဲ..။”
ကျိုးစွေ့၏ နှုတ်ခမ်းများ လှုပ်သွားသော်လည်း စကားမဆက်နိုင်တော့ပဲ တစ်ဘက်သူကိုသာ ကြည့်နေလိုက်တော့သည်။
“အဟမ်း..နားလည်မှု လွဲတာပါ၊ နားလည်မှု လွဲသွားတာပါ..။ မင်း အပြင်မထွက်တာ တစ်လလောက်တောင် ကြာသွားတော့ မတော်တဆ တစ်ခုခု ဖြစ်သွားတယ် ထင်လိုက်မိတာ…”
ကျန်းချန်က ရှက်ရွံ့သွားသော အမူအရာဖြင့် သူအား ပုတ်လိုက်သည်။
ဒါပေါ့။ ကျိုးစွေ့သည် ပင့်ကူမလက်ချက်ဖြင့် ကိစ္စချောသွားသောကြောင့်သာ မမြင်ရတာ ကြာသွားသည် ဟု တွေးထားလေသည်။ တစ်လခန့်တောင် ကြာပြီ ဖြစ်ရာ သူ၏ အလောင်းသည်ပင် အေးစက်နေပေမည်။
ထိုကြောင့် ရုတ်တရက် ကျိုးစွေ့ ထွက်လာသည်အား သူမြင်လိုက်ရသောအခါ၊ တစ်စုံတစ်ဦးက ကျိုးစွေ့ အယောင်ဆောင်ထားခြင်း၊ သို့မဟုတ် ကျိုးစွေသည် မကျေချမ်းသောတစ္ဆေဖြစ်လာကာ ပင့်ကူမအား လက်စားချေရန် ပြန်လာခြင်း ဖြစ်မည်ဟု တွေးမိလိုက်ခြင်းပင်။
ဤလူက အကောင်းပကတိ အသက်ရှင်နေမည်ဟု မည်သူက ထင်မည်နည်း။ ယင်းက မယုံနိုင်စရာပင်…။