← Chapters

ဂုဏ်သရေရှိဧည့်သည်တစ်ဦးပေလော

Vol. 169 Ch. 2411

ဂုဏ်သရေရှိဧည့်သည်တစ်ဦးပေလော

Vol. 169 Ch. 2411

ကျင့်ကြံသူများသည် တဖြည်းဖြည်းဖြင့် စံအိမ်အိုကြီးရှေ့တွင် စုဝေးလာကြသည်။ ထိုကျင့်ကြံသူများအားလုံးသည် ထူးကဲသောဟန်ပန်များရှိပြီး ကလန်ကြီးများမှ တပည့်များဖြစ်ကြလေသည်။

မဟာအလင်းကုန်းမြေကို ယခင်က ကောင်းကင်အလင်းကုန်းမြေဟု ခေါ်ခဲ့ကြသည်။ မဟာအလင်းကုန်းမြေ၏ ရွှေခေတ်များသည် အတိတ်တွင်ကျန်ခဲ့ပြီဖြစ်ပြီး ယခုတွင် ကောင်းကင်ဒေသရှိ ကုန်းမြေ(၁၈)ခုတွင် အင်အားအနည်းဆုံးကုန်းမြေများထဲမှ တစ်ခုဖြစ်နေပေပြီ။ ထို့ပြင် ထိုကုန်းမြေတွင် မြို့တော်တစ်ခုသာ ရှိလေသည်။ သို့သော် ၎င်း၏အတိတ်ကကျော်ကြားခဲ့မှုကြောင့် လက်ရှိမဟာလင်းကုန်းမြေတွင် စွမ်းအားကြီးသော အင်အားစုအနည်းငယ် နေထိုင်နေပေသည်။

“မျက်မမြင်ကြီးက သူ့ရဲ့တံခါးတွေကို ဖွင့်လိုက်ပြီ”

တစ်စုံတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။ လမ်းအိုပေါ်တွင် လူအများအပြားသည် ပွင့်နေသောတံခါးများအတွင်းမှ အပြင်သို့ ဖြာထွက်လာသော အလင်းများကို ငေးကြည့်နေကြသည်။ သူတို့ ရင်ခုန်စိတ်လှုပ်ရှားနေကြ၏။ ထိုနှစ်များအတွင်း၌ စံအိမ်အိုကြီး၏တံခါးများသည် အချိန်အများစုတွင် ပိတ်ထားခဲ့သည်ချည်းသာဖြစ်သည်။

ယခုတွင် တံခါးများသည် ပွင့်နေပေပြီ။ မျက်မမြင်ချင်ကြိုဆိုတော့မည့် ဧည့်သည်သည်မည်သူပေနည်း။

ထိုဧည့်သည်သည် လွန်ခဲ့သောနှစ်ပေါင်း(၂၀)ကျော်က သူပြောခဲ့သော ရှေ့ဖြစ်ဟောကိန်းနှင့် သက်ဆိုင်မှုရှိလေသလော။

လမ်းအိုအပေါ်ရှိ ကောင်းကင်ထက်တွင် လူရိပ်အများအပြား ပေါ်ပေါက်လာသည်။ သူတို့၏အကြည့်များသည်လည်း စံအိမ်အိုကြီးပေါ်သို့ ကျရောက်သွားကြသည်။ ထိုရောက်ရှိလာသော ကျင့်ကြံသူများသည် အခြားအဖွဲ့များမှ ဖြစ်သည်။ သူတို့တစ်ဦးချင်းစီသည် ကောင်းကင်ပေါ်တွင် နေရာယူထားလေသည်။

ရီဖူရှင်းတို့လူစုလည်း ရောက်ရှိလာ၏။ သူတို့သည် လမ်းအိုအပေါ်ရှိ ကောင်းကင်ထက်တွင်ရပ်ကာ စံအိမ်အိုကြီးကို လေ့လာနေသည်။ ရီဖူရှင်းသည် သူ့ဘေးရှိချင်ယိကို တစ်ချက်ကြည့်လိုက်သည်။ ချင်ယိ၏တုံ့ပြန်မှုအရဆိုလျှင် သူသည် မျက်မမြင်ချင်နှင့် ရင်းနှီးပုံရလေသည်။ ထို့ပြင် သူတို့၏ ရင်းနှီးမှုသည် သာမန်မဟုတ်နိုင်ပေ။

ထိုစံအိမ်အိုကြီးအတွင်းမှ ထွက်ပေါ်လာသော အလင်းတန်းသည် ချင်ယိနှင့် ပတ်သတ်ပေသလော။

ထင်ထားသကဲ့သို့ပင် ချင်ယိသည် စံအိမ်အိုကြီးအတွင်းသို့ မဝေခွဲနိုင်သည့်ပုံဖြင့် ကြည့်လိုက်သည်။ သူသည် လေသံတိုးတို့ဖြင့်ပြောလိုက်သည်။

“မျက်မမြင်ကြီး ကျွန်တော်ပြန်လာပြီ”

“ဒါ မင်းရဲ့အိမ်လား”

ရီဖူရှင်း နူးညံ့စွာ မေးလိုက်သည်။

ချင်ယိသည် ပဟေဠိဆန်သော မျက်နှားထား,ထားလိုက်သည်။

အိမ်... သူ့တွင်အိမ်ရှိပေသလော။

မည်သူသိနိုင်မည်နည်း။

ချင်ယိသည် သူငယ်စဉ်ကတည်းက မျက်မမြင်ကြီးကို မျက်မမြင်ကြီးဟုသာခေါ်ခဲ့လေသည်။ သို့သော် သူ့ကို ပြုစုပျိုးထောင်းခဲ့သူမှာ အမှန်ပင် မျက်မမြင်ချင်ဖြစ်ပေသည်။

“ငါအရင်ဝင်သွားပြီး ကြည့်လိုက်ဦးမယ်”

ချင်ယိသည် ရီဖူရှင်းနှင့် ကျန်လူများကို ပြောလိုက်သည်။

“သွားပါ”

ရီဖူရှင်း ခေါင်းညိတ်ပြကာပြန်ပြောလိုက်သည်။ ချင်ယိနှင့် ထိုစံအိမ်၏ပိုင်ရှင်သည် အထူးဆက်ဆံရေးရှိကြောင်း သူသိပေသည်။

ချင်ယိသည် တစ်ဦးတည်း ရှေ့သို့လျှောက်သွားကာ တံခါးများအတွင်းသို့ ဝင်သွားလေသည်။ ရုတ်ခြည်းပင် သူ့အပေါ်သို့ မရေမတွက်နိုင်သော အကြည့်များကြရောက်သွားသည်။ ထိုနေရာရှိ လူအုပ်၏မျက်နှာထားများသည် ထူးဆန်းသွားကြသည်။ တစ်စုံတစ်ယောက်သည် ချက်ချင်းပင် မေးလိုက်သည်။

“သူက ဘယ်သူလဲ”

ကျင့်ကြံသူအများအပြားသည်လည်း ဝေခွဲမရသော မျက်နှာထားများရှိနေသည်။ သူတို့သည် ထိုသူမည်သူဖြစ်ကြောင်း မသေချာပေ။ သူတို့သည် ထိုသူကို ယခင်က မမြင်ခဲ့ဖူးချေ။

ချင်ယိသည် စံအိမ်အိုကြီးအတွင်းသို့ ဝင်သွားသည်။ သူဝင်သွားပြီးနောက် မည်သည့်အရာမှ ဖြစ်မလာပေ။ ထို့ကြောင့် လူအုပ်၏မျက်နှာထားသည် ပို၍ပင် ကိုးရိုးကားရားဖြစ်သွားသည်။

မျက်မမြင်ချင်သည် လူတစ်ဦးကို သူ၏စံအိမ်အတွင်းသို့ ထိုကဲ့သို့ အဝင်ခံပေသလော။

“လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက မျက်မမြင်ချင်က လူငယ်လေးတစ်ဦးကို ခေါ်လာခဲ့ဖူးတယ်။ အဲ့လူငယ်က စုတ်စုတ်ပြတ်ပြတ်အဝတ်အစားတွေကိုဝတ်ထားပြီး ညစ်တိညစ်ပတ်လေး။ ဒါပေမဲ့ မျက်မမြင်ချန်ကတော့  သူ့ကိုကောင်းကောင်းဂရုစိုက်ခဲ့တယ်။ မင်းတို့တွေ အဲ့ဒါကို မှတ်မိကြသေးလား”

ထိုအခိုက်တွင် ကောင်းကင်ထက်တွင်ရပ်နေသော အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြောလိုက်လေသည်။

အသက်ကြီးသော ကျင့်ကြံသူတချို့သည် ခေါင်းညိတ်၍ ပြောလိုက်ကြသည်။

“ဟုတ်တယ်... အဲ့တုန်းက အဲ့ညစ်တိညစ်ပတ်လူငယ်လေးရဲ့ ခန္ဓာကိုယ်ကနေပြီး အလင်းတွေထွက်နေတာကို တစ်ယောက်ယောက်ကမြင်ခဲ့တယ်ဆိုတဲ့ ကောလဟာလတွေလည်း ရှိခဲ့သေးတယ်”

“အမှန်ပဲ”

နေရာအသီးသီးမှ လူများသည် တစ်ယောက်ပြီးတစ်ယောက် ထိုကဲ့သို့လူငယ်လေးတစ်ဦး ရှိခဲ့ဖူးကြောင်းကို ပြန်မှတ်မိလာကြလေသည်။

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ကျွန်တော် အဲ့တုန်းက ကျွန်တော့်မျက်လုံးနဲ့ တပ်အပ်မြင်ခဲ့တာ။ အဲ့တုန်းက အဲ့ကောင်လေးရဲ့ခန္ဓာကိုယ်ကနေပြီး အလင်းတွေထွက်နေတာကို ကျွန်တော်မြင်ခဲ့တာကို မှတ်မိနေတုန်းပဲ... ကျွန်တော် အံ့အားသင့်သွားခဲ့တာ။ ပြီးတော့ ကျွန်တော် အဲ့ကောင်လေးကို ထပ်မတွေ့ရတော့ဘူး။ သူ့ကို မျက်မမြင်ချင်က ဖွက်ထားလိုက်သလိုမျိုးပဲ”

အောက်တွင် လင်းကလန်မှလူစုလည်း ရောက်ရှိလာပေပြီ။ လင်းရှီသည် ချင်ယိတစ်ယောက် စံအိမ်အတွင်းသို့ဝင်သွာသည်ကို ကိုယ်တိုင်တွေ့လိုက်ရသည်။ အစောပိုင်းက ချင်ယိတစ်ယောက် အဘယ်ကြောင့် ထိုကဲ့သို့တုံ့ပြန်ခဲ့သည်ကို သူမရုတ်ခြည်းသဘောပေါက်သွားသည်။ သူသည် အမှန်ပင် မျက်မမြင်ချင်ကိုသိ၍ သူ့ကို မျက်မမြင်ချင်က ပြုစုပျိုးထောင်ပေးခဲ့ခြင်းဖြစ်ပေသည်။

အခြေအနေများအရ ထိုစဉ်ကလူငယ်လေးသည် ချင်ယိဖြစ်ကြောင်း သံသယဖြစ်ဖွယ်မရှိချေ။

လင်းရှီသည် ခေါင်းမော့၍ တစ်ဖက်သို့ကြည့်လိုက်သည်။ လင်းကလန်မှ ကျင့်ကြံသူများလည်း ရောက်နေပြီဖြစ်ကြောင်း သူမသိလိုက်သည်။ သူမတို့အုပ်စုသည် ကောင်းကင်ပေါ်သို့ပျံတက်လိုက်ပြီး လင်းကလန်မှကျင့်ကြံသူများရှိနေသောနေရာသို့ သွားလိုက်သည်။ ထို့နောက် သူမသည် အစောပိုင်းက သူမတို့ကြုံတွေ့ခဲ့ရသည်များကို စီနီယာများအား တင်ပြလိုက်သည်။

“အဖေ... မျက်မမြင်ချင်က အလင်းကိုမြင်ရပြီး အနာဂတ်ကိုခန့်မှန်းနိုင်တယ်လို့ ကလန်က တကယ်ပဲယုံနေတာလား”

လင်းရှီသည် မယုံသင်္ကာဟန်ဖြင့် ‌မေးလိုက်သည်။

သူမ၏ဖခင်သည် ခေါင်းခါ၍ ပြန်ဖြေလိုက်၏။

“ဘယ်သူမှမသိပါဘူး။ ဒါပေမယ့် မျက်မမြင်ချင်မြင်နိုင်တာက မျက်လုံးရှိတဲ့လူတွေ မြင်နိုင်တာထက် ပိုတယ်။ သူက မဟာအလင်းမြို့တော်မှာ နှစ်ပေါင်းများစွာနေခဲ့တဲ့သူပဲ။ အဖေငယ်ငယ်တုန်းက မျက်မမြင်ချင်က အခုပုံစံအတိုင်းဖြစ်နေပြီ... ဒီနေ့အထိလည်း သူက အဲ့ပုံစံအတိုင်းပဲရှိသေးတယ်”

“ကျင့်ကြံသူတွေက သက်တမ်းရှည်ကြတာပဲလေ... အဲ့ဒါက ဘာထူးဆန်းလို့လဲ”

လင်းရှီမေးလိုက်သည်။

“ရန်ဟောင်အဆင့်ကို ရောက်သွားပြီဆိုရင် ကောင်းကင်နဲ့ မြေကြီးတို့ရဲ့ သက်တမ်းလောက် ရှင်သန်နိုင်တာပဲ”

“ဟုတ်မှာပါ”

အသက်လတ်ပိုင်းအမျိုးသားသည် သာမန်ကာလျှံကာပြန်ဖြေလိုက်သည်။ လင်းရှီသည် ခေါင်းငုံ့၍ အောက်သို့ကြည့်လိုက်သည်။ ထို့နောက် သူမပြောလိုက်သည်။

“မဟာအလင်းကုန်းမြေက ကျင့်ကြံသူတွေအကုန်လုံးက သူပြောခဲ့တဲ့စကားကြောင့် အချိန်နှစ်ပေါင်း(၂၀)ကျော်ကို ဖြုန်းတီးလိုက်ကြပြီ။ အခုထိ ဘာလို့ဆက်စောင့်နေသေးတာလဲဆိုတာ သမီးနားမလည်နိုင်တော့ဘူး”

အသက်လတ်ပိုင်းအမျိုးသားသည် သူမပြောသည်ကို ကြားလိုက်သောအခါ ဂရုမထားဟန်ဖြင့် စံအိမ်အိုကြီးကို‌ အေးစက်စက်ကြည့်လိုက်သည်။ သူမပြောသည်မှာ မှန်ပေသည်။ နှစ်ပေါင်း(၂၀)ကျော်ကြာခဲ့ပြီဖြစ်သော်လည်း မည်သည့်အလင်း၊ မည်သည့်ကောင်းကင်အမွေအနှစ်မှ မပေါ်လာသေးပေ။

“ဒီနေ့ အဖေတို့ မျက်မမြင်ချင်ဆီက တိုက်ရိုက်အဖြေကို ရမှရမယ်”

သူ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

“ဘာလို့လဲ... လင်းခုန်း ခင်ဗျားက ရှေ့ဖြစ်ဟောဘိုးဘိုးကို မယုံဘူးလား”

အခြားအသက်လတ်ပိုင်းအမျိုးသားတစ်ဦးသည် လင်းရှီ၏ဖခင်ကို ကြည့်၍ ကျယ်လောင်စွာပြောလိုက်သည်။ ထိုသူသည် အပြာရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။ သူသည် အရပ်ရှည်ပြီး ကျင့်ကြံခြင်းအဆင့်မြင့်လေသည်။ သူသည် ထိုနေရာတွင်သာမန်အတိုင်းရပ်နေသော်လည်း ဩဇာအာဏာရှိသောလူတစ်ယောက်၏ အငွေ့အသက်များကို ပေးနေပေသည်။

ထိုသူသည် မဟာအလင်းမြို့တော်၏ ထိပ်သီးအင်အားစုတစ်စုဖြစ်သည့် လန်မိသားစု၏ လက်ရှိမိသားစုအကြီးအကဲဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအစွမ်းသည် စွမ်းအားကြီးပြီး ရန်ဟောင်အထွတ်အထိပ်အဆင့်ရှိသူတစ်ဦးဖြစ်သည်။

“ကျုပ် သူ့ကိုမယုံတာမဟုတ်ပါဘူး။ ဒါပေမဲ့ နှစ်(၂၀)ကျော်ကြာပြီဆိုတော့ ရှေ့ဖြစ်ဟောဘိုးဘိုးက ကျုပ်တို့ကို ရှင်းပြချက်တစ်ခုတော့ပေးသင့်ပြီလို့ ထင်မိလို့ပါ”

လင်းခုန်းသည် အသံဩဩဖြင့် ပြန်ပြောလိုက်သည်။

“နောက်ကျရင် ခင်ဗျား ရှေ့ဖြစ်ဟောဘိုးဘိုးကို ကိုယ်တိုင်မေးလို့ရပါတယ်”

လန်မိသားစုအကြီးအကဲ့သည် ပြုံး၍ ပြန်ဖြေလိုက်သည်။ အခြားတစ်နေရာတွင် ကျင့်ကြံသူတစ်စု ရပ်နေ၏။ သူတို့သည် မီးတောက်များကဲ့သို့ ရဲရဲနီသော ဝတ်ရုံရှည်များကို ဝတ်ဆင်ထားကြသည်။ သူတို့၏ခန္ဓာကိုယ်များပေါ်တွင် အနီရောင်သကြားသီးပင်အရွက်ပုံစံ အမှတ်အသားကိုလည်း ထိုးထားကြသည်။ သူတို့၏ခန္ဓာကိုယ်များမှနေ၍ ဖျော့တော့၍ အလွန်ပူပြင်းသော အပူလှိုင်းများ ထွက်ပေါ်နေသည်ဟု ထင်ရပေသည်။

ထိုအုပ်စု၏ ခေါင်း‌ဆောင်သည် အတန်ငယ်ငယ်ရွယ်ပုံရသော ကျင့်ကြံသူတစ်ဦးဖြစ်သည်။ သူသည် အလွန်ချောမောခံ့ညားပြီး သူ၏မျက်နှာသည်လည်း ပြတ်သားပေါ်လွင်ပေသည်။ သူ၏ခန္ဓာကိုယ်မှနေ၍ အလွန်ပူပြင်းသော အပူလှိုင်းများ ထွက်နေသော်လည်း သူထံမှ အေးစက်စက်၍ ဝံ့ကြွားသော အငွေ့အသက်များကို ရနေပေသည်။

သူသည် ယွီမိသားစုမှ ယွီဟောင်ဖြစ်၏။ သူသည် မိသားစုအတွင်းတွင် ပါရမီအကောင်းဆုံး ကျင့်ကြံသူတစ်ဦးဖြစ်လေသည်။ သူသည် နေမင်းမီးတောက်ပညာရပ်အပြင် အလင်းလမ်းစဉ်ကိုလည်း နားလည်ခဲ့သည်။ ယခုတွင် သူသည် ရန်ဟောင်အဆင့်ရှစ်ရှိသူတစ်ဦးသာဖြစ်သော်လည်း ယွီမိသားစုအကြီးအကဲဖြစ်သော သူ၏ဖခင်သည် ယွီဟောင်ကို မိသားစုကိစ္စများကို စတင်ကိုင်တွယ်ခွင့်ပြုခဲ့ပြီဖြစ်သည်။

အခြားနေရာတစ်ခုတွင် အဖြူရောင်ဝတ်ရုံများကို ဝတ်ဆင်ထားသော ကျင့်ကြံသူတစ်စု ရပ်နေလေသည်။ သူတို့၏ ဟန်ပန်အမူအရာများသည် ခံ့ညားပြီး အခြားလောကမှသူများကဲ့သို့ အငွေ့အသက်များကို ပေးနေလေသည်။ ထိုလူစုသည် အရေးပါသောမိသားစုတစ်စုမှ မဟုတ်ပေ။ သူတို့သည် မဟာအလင်းမြို့တော်၏ တစ်ခုတည်းသောဂိုဏ်းမှဖြစ်သည်။

ခုနစ်စင်ကြယ်ခြံဝင်းကို ထင်ရှားသောပုဂ္ဂိုလ်တစ်ဦးက လွန်ခဲ့သောနှစ်ပေါင်းများစွာက တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ခုနစ်စင်ကြယ်ခြံဝင်း၏ အကြီးအကဲသည် ပြိုင်ဘက်ကင်း ကျင့်ကြံခြင်းအစွမ်းများရှိပြီး လူမြင်ကွင်းတွင် ပေါ်လာခဲသည်။

ယနေ့တွင်ပင် ခုနစ်စင်ကြယ်ခြံဝင်၏အကြီးအကဲသည် ထိုနေရာတွင်မရှိပေ။ ထိုအစား သူ၏တပည့်ခုနစ်ဦးသာ ရောက်လာခဲ့သည်။ သူတို့တစ်ဦးချင်းစီ၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားပေသည်။ သူတို့၏ခေါင်း‌ဆောင်သည် လက်ရှိတွင် ဂိုဏ်းအတွင်း၌ အလားအလာအရှိဆုံးကျင့်ကြံသူဖြစ်ပြီး ခုနစ်စင်ကြယ် ကြယ်သခင်များ၏ခေါင်းဆောင် ညခုနစ်ပါးကြယ်သခင်ဖြစ်ပေသည်။

လင်းကလန်၊ လန်မိသားစု၊ ယွီမိသားစုနှင့် ခုနစ်စင်ကြယ်ခြံဝင်းတို့သည် လက်ရှိတွင် မဟာအလင်းမြို့တော်အတွင်းရှိ အင်အားအကြီးဆုံး အင်အားစုကြီးလေးစုဖြစ်လေသည်။

ထိုနေရာသို့ ၎င်းတို့အပြင် အခြားအင်အားစုများလည်း ရောက်ရှိနေသည်။ ၎င်းတို့သည် ထိုနေရာအနှံ့တွင် ဖြန့်ကျက်နေရာယူထားကြသည်။ သို့သော် ၎င်းတို့သည် အဓိကအင်အားစုကြီးလေးစုကဲ့သို့ ပေါ်ပေါ်ထင်ထင် နေရာမယူထားကြပေ။

“ဒီနေ့ ရှေ့ဖြစ်ဟောဘိုးဘိုးက ဧည့်သည်တစ်ယောက်ကို ကြိုဆိုဖို့ သူ့ရဲ့တံခါးတွေကိုဖွင့်လိုက်ပြီဆိုတော့ လွန်ခဲ့တဲ့နှစ်(၂၀)ကျော်က သူချန်ထားခဲ့တဲ့ ပ‌ဟေဠိကို ဖြေရှင်းတော့မှာပဲ”

ညခုနှစ်ပါးကြယ်သခင်က ပြောလိုက်သည်။ အခြားသူများသည် သူ့ကိုကြည့်လိုက်ပြီး သူ့စကားကို လျစ်လျူရှုလိုက်ကြသည်။ သူတို့သည် စံအိမ်အိုကြီးကို မျက်တောင်မခတ်တန်း ဆက်၍စိုက်ကြည့်နေကြသည်။

ယနေ့တွင် မျက်မမြင်ချင်သည် မဟာအလင်းမြို့တော်တစ်ခုလုံးကို အလင်းများဖြင့် သွန်းလောင်း၍ ဧည့်သည်တစ်ဦးကို ကြိုဆိုခဲ့ပေသည်။ သူတို့အားလုံးသည် မျက်မမြင်ချင်က မည်သူ့ကို ကြိုဆိုရန် စောင့်ဆိုင်းနေကြောင်း သိလိုနေသည်။

လူအုပ်သည် ထိုကိစ္စကို ဆွေးနွေးနေစဉ်တွင် စံအိမ်အိုကြီးအတွင်းမှ လူနှစ်ဦးထွက်လာလေသည်။ ပတ်ဝန်းကျင်သည် ရုတ်ခြည်းပင် တိတ်ဆိတ်သွားသည်။ ထိုနှစ်ဦးထဲမှတစ်ဦးမှာ အစောပိုင်းက စံအိမ်အတွင်းသို့ဝင်သွားသော ချင်ယိဖြစ်ပြီး ကျန်တစ်ဦးသည် မျက်စိကန်းနေပြီး စုတ်ပြဲနေသောအဝတ်အစားများကို ဝတ်ဆင်ထားလေသည်။ သူ၏ညာဘက်လက်တွင်  တုတ်ကောက်တစ်ခုကို ကိုင်ထား၏။ သူ၏ပုံစံသည် မျက်စိမမြင်သော သာမန်အဘိုးအိုတစ်ဦးနှင့် မကွာခြားပေ။ လူအုပ်သည် သူ့ထံမှ မည်သည့်အရှိန်အဝါကိုမှ အာရုံခံ၍မရချေ။ သူသည် နေဝင်ချိန်နီးကပ်နေသော သူတစ်ဦးဖြစ်ပြိး အချိန်မရွေးသေဆုံးသွားနိုင်ပုံ ပေါက်နေလေသည်။

သူ၏ ဖြူစွတ်ရှည်လျားသော ဆံပင်ရှည်ကြီးသည် အတန်ငယ်ကပိုကရိုဖြစ်နေသည်။ ထို့ပြင် သူ့တွင် ရှည်လျားဖြူစွတ်သော မုတ်ဆိတ်မွေးများလည်းရှိပေသည်။ သူသည် သူ၏ဆံပင်များကို မရှင်းလင်းသည်မှာ နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်ပုံရလေသည်။ သူ၏ပုံပန်းသွင်ပြင်အရ သူသည် ပညာကြီးမားသော ဆရာသခင်တစ်ဦးနှင့် တစ်စိုးတစ်စိမျှမတူချေ။ သို့သော် သူ၏အသွင်အပြင်သည် ကပိုကရိုနိုင်သော်လည်း သူ၏ခန္ဓာကိုယ်သည် လွန်စွာသန့်ရှင်းပေသည်။ သူ၏စုတ်ပြဲနေသောအဝတ်အစားများပေါ်တွင် ဖုန်တစ်စက်ပင်မရှိပေ။

“ရှေ့ဖြစ်ဟောဘိုးဘိုးကို နှုတ်ဆက်ပါတယ်”

လင်းကလန်နှင့် လန်မိသားစုတို့၏ ခေါင်းဆောင်များသည် ပို၍ယဉ်ကျေးကြသည်။ သူတို့သည် လေထဲတွင် ရပ်နေခြင်းဖြစ်သော်လည်း မျက်မမြင်ချန် ထွက်ပေါ်လာသောနေရာသို့ အတန်ငယ်ဦးညွှတ်လိုက်ကြသည်။ သို့သော် ယွီဟောင်နှင့် ခုနစ်စင်ကြယ်ခြံဝင်းမှ ခုနစ်စင်ကြယ် ကြယ်သခင်များသည် ထိုမျှမရိုကျိုးကြပေ။ ယွီဟောင်သည် သူ့နေရာတွင် မလှုပ်မရှားရပ်နေပြီး ပြောလိုက်သည်။

“ဆရာသခင်အိုကြီးက နောက်ဆုံးတော့ အခန်းအောင်းနေရာကနေ ထွက်လာပြီပေါ့”

“ငါ ဘယ်လိုလုပ်ထွက်မလာဘဲနေနိုင်မှာလဲ။ ဒီနေ့ ဂုဏ်သရေရှိဧည့်သည့်တစ်ဦး ရောက်လာတာပဲ”

မျက်မမြင်ချင်သည် သူ၏တုတ်ကောက်ကို အားပြု၍ ရှေ့သို့ခြေလှမ်းအနည်းငယ်လှမ်း၍ ပြောလိုက်သည်။ သူ၏အသံသည် မကျယ်သော်လည်း ထိုနေရာပတ်ပတ်လည်ရှိ လူများအားလုံးသည် သူပြောလိုက်သည်ကို ရှင်းရှင်းလင်းလင်းကြားနိုင်လေသည်။

“သူက ဘိုးဘိုး လွန်ခဲ့တဲ့နှစ်(၂၀)ကပြောခဲ့တဲ့ ရှေ့ဖြစ်ဟောကိန်းနဲ့ ပတ်သတ်နေတာလား”

လင်းကလန်၏ခေါင်းဆောင် လင်းခုန်းကမေးလိုက်သည်။

“ဟုတ်တယ်” မျက်မမြင်ချန်က ပြန်ဖြေလိုက်သည်။

သူသည် အမှန်ပင် ချက်ချင်း ဝန်ခံလိုက်ပေသည်။ ထို့ကြောင့် ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် လေးနက်သွားလေတော့သည်။ ထိုဧည့်သည်သည် အမှန်ပင် ရှေ့ဖြစ်ဟောကိန်းနှင့် ပတ်သတ်နေပေသည်။

ထို့ပြင် မျက်မမြင်ချင်သည် ရှေ့ဖြစ်ဟောကိန်းနှင့် ပတ်သတ်သည့်အကြောင်းကို ယခုမှ ပထမဆုံး ထုတ်ပြောခြင်းဖြစ်လေသည်။ ထိုအခြင်းအရာကိုကြည့်လျှင် ထိုထူးခြားသောဧည့်သည့်ရောက်လာသည်နှင့်အတူ အလင်းဘုံကျောင်းသည် ထပ်မံပေါ်လာနိုင်ပေသည်။

“ဘိုးဘိုးပြောတဲ့ ဂုဏ်သရေရှိဧည့်သည်ဆိုတာ ဘယ်သူ့ကိုပြောတာပါလဲ”

လင်းခုန်းက ထပ်၍မေးလိုက်သည်။

မျက်မမြင်ချင်သည် သူ၏တုတ်ကောက်ကို အားပြု၍ ‌ရှေ့ရှိတစ်နေရာသို့ ဦးတည်သွားလိုက်သည်။ လူအားလုံးသည် သူမည်သည့်နေရာသို့ သွားနေကြောင်းကို ကြည့်ရှုနေကြသည်။

ရီဖူရှင်းသည် သူ၏နေရာတွင် တိတ်တဆိတ်ရပ်နေဆဲဖြစ်သည်။ သူသည် မျက်မမြင်ချင်က သူ့ထံသို့လျှောက်လာကြောင်းကို တွေ့လိုက်သောအခါ အံ့အားသင့်သွားလေသည်။

ထိုသူသည် မျက်မမြင်ချင်ပြောသော ဂုဏ်သရေရှိဧည့်သည်ပေလော။

ရီဖူရှင်းသည် ချင်ယိနှင့်အတူရောက်လာခြင်းဖြစ်သော်လည်း သူအနည်းငယ်စုဆောင်းထားသော သတင်းအချက်အလက်များအရ မျက်မမြင်ချင်သည် သာမန်အဘိုးအိုတစ်ဦးမဟုတ်ကြောင်း သူသိလေသည်။ ရန်ဟောင်အထွတ်အထိပ်အဆင့်ကျင့်ကြံသူများပင် မျက်မမြင်ချန်ကို ရှေ့ဖြစ်ဟောသူချင်ဟု အမည်ပေးထားပေသည်။ ထိုကဲ့သို့သော သူတစ်ဦးသည် ချင်ယိ၏သူငယ်ချင်းတစ်ဦးကို ထိုမျှကြီးကြီးကျယ်ကျယ် ကြိုဆိုစရာအကြောင်းမရှိပေ။ သို့သော် မျက်မမြင်ချန်သည် သူ၏အထူးဖော်‌ရွေမှုကိုပြကာ ထိုကဲ့သို့ အုတ်အော်သောင်းတင်းဖြစ်သွားစေလေသည်။

ထို့ပြင် မျက်မမြင်ချင်သည် ထိုဧည်သည့်မှာ ရှေ့ဖြစ်ဟောကိန်းနှင့် သက်ဆိုင်ကြောင်း ပြောခဲ့သည်။

ထို့ကြောင့် ရီဖူရှင်းသည် အတန်ငယ်ထူးဆန်းသလို ခံစားနေရခြင်းဖြစ်သည်။ တစ်ခုခု မှားယွင်းနေပေပြီ။

မျက်မမြင်ချင်သည် သူ့ကို စောင့်နေခဲ့ခြင်းပေလော။

ယခင်က ချင်ယိ သူ့ကိုပြောခဲ့သောစကားများသည် အတော်လေး ပဟေဠိဆန်ပေသည်။ အဘယ်ကြောင့် သူသည် ယခင်က သူနှင့်ချင်ယိတွေ့ဆုံခဲ့ခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ဟု ခံစားနေရလေသနည်း။

All Chapters