← Chapters

သေရမည့်ဘေးဒုက္ခ

Vol. 169 Ch. 2412

သေရမည့်ဘေးဒုက္ခ

Vol. 169 Ch. 2412

မျက်မမြင်ချန်သည် ရီဖူရှင်းထံသို့ လျှောက်သွားလိုက်သည်။ သူသည် တုတ်ကောက်ကို အားပြုထားခြင်းပင်။ သူသည် မျက်စိမမြင်သော်လည်း တစ်နည်းနည်းဖြင့် မြင်နေရပုံရလေသည်။ မျက်မမြင်ချန်သည် လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်သည်။

“မျက်မမြင်ကြီးက မင်းကို ကြိုဆိုပါတယ် မိတ်ဆွေလေး”

ရီဖူရှင်းသည်လည်း ချက်ချင်းပင် အရိုအသေပေး၍ ပြန်နှုတ်ဆက်လိုက်သည်။

“ဘိုးဘိုးက ကြင်နာလွန်းနေတာပါ”

သူသည် အဘယ်ကြောင့် ထိုသို့အထူးအရေးပေးခြင်းကို ခံနေရကြောင်းကို မမေးလိုက်ပေ။ ထိုအခိုက်တွင် လူအားလုံး၏ မျက်လုံးများသည် သူတို့အပေါ်သို့ ကျရောက်နေပေသည်။ ထိုနေရာ၊ ထိုအချိန်သည် မေးခွန်းများမေးရန် မသင့်တော်သေးပေ။

ထိုအချိန်တွင် သူတို့ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအားလုံးသည် သူတို့ကို ကြည့်နေကြသည်။ သို့မဟုတ် သူတို့သည် ရီဖူရှင်းကိုသာ အာရုံစိုက်နေကြသည်။

လူအုပ်ထဲတွင် တချို့အသက်ကြီးသောသူများသည် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးဖြစ်သည်။ မျက်မမြင်ချန်သည် နှစ်ပေါင်းများစွာကြာသည့်တိုင် နဂိုပုံစံအတိုင်းပဲရှိနေလေသည်။ ထို့ပြင် မျက်မမြင်ချန်သည် လူတိုင်းကို အေးစက်စက်ဆက်ဆံခဲ့သည်။ သူသည် အခြားသူတစ်ဦးကို ထိုကဲ့သို့ ကြင်ကြင်နာနာ ဆက်ဆံခဲ့ခြင်း၊ တစ်စုံတစ်ဦးကို ကိုယ်တိုင်ကြိုဆိုခြင်းမျိုးကို မည်သူမှ မမြင်ခဲ့ဖူးချေ။

ယခုတွင် အပြင်လူတစ်ဦးသည် မျက်မမြင်ချန်ကို စံအိမ်အိုကြီးအတွင်းမှ ထွက်ကာ သူ့ကို ဦးညွှတ်၍နှုတ်ဆက်စေနေပြီဖြစ်သည်။ ထိုငွေဖြူရောင်ဆံပင်နှင့် လူငယ်လေးသည် မည်သူနည်း။

ထို့ပြင် မျက်မမြင်ချန်သည် ထိုလူငယ်လေးသည် ရှေ့ဖြစ်ဟောကိန်းနှင့် သက်ဆိုင်သည်ဟုလည်း ပြောထားလေသည်။ ထိုကျင့်ကြံသူသည် အလင်းအမွေအနှစ်ကို ဖွင့်ရန် သော့တစ်ခုပေလော။

ထိုလူငယ်သည် ချန်ယိနှင့်အတူ ပြန်လာပုံရလေသည်။ မျက်မမြင်ချန်သည် အနာဂတ်ကိုကြိုမြင်ပြီးဖြစ်၍ ချန်ယိကို ထိုလူငယ်ကို သွားရှာစေခဲ့သလော။

ထိုအခိုက်တွင် လူအားလုံးသည် ရီဖူရှင်းအကြောင်းကို သိလိုနေကြသည်။

“မိတ်ဆွေလေး... မင်းက အဝေးကလာခဲ့ရတာပဲ။ ငါ့ရဲ့ စံအိမ်အိုလေးထဲဝင်ပြီး ခဏလောက်အနားယူပါဦး”

မျက်မမြင်ချန်သည် ရီဖူရှင်းကို ယဉ်ကျေးဖော်‌ရွေစွာပြောလိုက်သည်။ ရီဖူရှင်းသည် ထိုကဲ့သို့ ဖိတ်ခေါ်မှုကို မငြင်းနိုင်တော့သဖြင့် ခေါင်းညိတ်ကာ ပြောလိုက်ရလေတော့သည်။

“အဲ့လိုဆိုရင် ကျွန်တော် အားနာမနေတော့ပါဘူး”

မျက်မမြင်ချန် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် ဘေးမှကြည့်နေသူများကို ကြေညာလိုက်သကဲ့သို့ ပြောလိုက်သည်။

“ဒီနေ့ ဒီမှာဂုဏ်သရေရှိဧည့်သည့်တွေရှိတယ်ဆိုတော့ ဒီကလူအားလုံးကို ဧည့်ခံမနေနိုင်ပါဘူး... အဲ့ဒါကြောင့် အားလုံးကို ဒီမှာဆက်မဆွဲထားတော့ပါဘူး။ မင်းတို့ရဲ့အိမ်ကို မင်းတို့အဆင်ပြေသလို ပြန်သွားလို့ရပါတယ်”

သူသည် ထိုသို့ပြောပြီးနောက် တုတ်ကောက်၏အကူအညီနှင့် လမ်းရှာ၍ စံအိမ်အိုဆီသို့ လျှောက်သွားလိုက်သည်။ ချန်ယိသည် သူ့နောက်ကိုလိုက်သွား၏။ သို့သော် သူသည် ရီဖူရှင်းကို တစ်ချက်လှည့်ကြည့်လိုက်သည်။

ထိုအချိန်တွင် ရီဖူရှင်း၏ရင်ထဲတွင် မေးခွန်းများနှင့် ပြည့်နှက်နေဆဲဖြစ်သည်။ သို့သော် သူသည် မျက်မမြင်ချန်နောက်သို့ လိုက်သွားပြီး နောက်မှ မေးခွန်းများမေး၍ရကြောင်း တွေးတောလိုက်သည်။

သို့ရာတွင် စုဝေးနေကြသည့် ကျင့်ကြံသူများသည် မျက်မှောင်ကြုတ်လိုက်ကြ၏။ မျက်မမြင်ချန်သည် သူတို့ကို ထိုမျှဖြင့်ပြန်လွှတ်ရန် ကြံနေခြင်းပေလော။

ယနေ့တွင် အဓိကအင်အားစုအားလုံးမှ ကျင့်ကြံသူများသည် ရည်ရွယ်ချက်တစ်ခုဖြင့်လာခဲ့ခြင်းဖြစ်သည်။ ယခုတွင် အလင်းအမွေအနှစ်နှင့် ပတ်သတ်နေနိုင်သော လျှို့ဝှက်ဆန်းကြယ်သည့် လူငယ်လေးတစ်ဦး ပေါ်လာပြီဖြစ်၍ သူတို့သည် ထိုကိစ္စ၏အောက်ခြေအထိသိရန် လိုအပ်သည်ဟု ခံစားမိနေကြသည်။

ထိုအခိုက်တွင် မီးလှိုင်းတစ်ခုကိုသယ်ဆောင်လာသည့် အလင်းတန်းတစ်ခုကျဆင်းလာသည်။ ထိုသူသည် ယွီဟောင်ပင်။ ထိုမမျှော်လင့်ထားသည့်အဖြစ်အပျက်ကြောင့် မျက်မမြင်ချန်နှင့် အခြားသူများသည် ရပ်တန့်လိုက်ကြသည်။ သူတို့သည် ကောင်းကင်ပေါ်သို့ မော့ကြည့်လိုက်ရာ အေးစက်စက်နိုင်ကာ မာန်တက်နေပုံပေါ်သော ယွီဟောင်ကို တွေ့လိုက်ရသည်။ သူသည် အောက်သို့ငုံ့ကြည့်၍ ပြောလိုက်သည်။

“ဒီလူက ဘယ်သူလဲ..ပြီးတော့ သူက အလင်းဘုံကျောင်းရဲ့ အပျက်အစီးတွေနဲ့ ဘယ်လိုပတ်သတ်နေတာလဲ။ ကျွန်တော်တို့က ရှေ့ဖြစ်ဟောကိန်းကို ဘယ်လိုအဓိပ္ပာယ်ကောက်ရမှာလဲ။ ဒီနေ့လို မဟာအလင်းမြို့တော်က ကျင့်ကြံသူတွေအားလုံး စုဝေးကြတာက ကြုံတောင့်ကြုံခဲပဲ။ ဒီအချိန်က ကျွန်တော်တို့ရဲ့ မေးခွန်းတွေကို အဖြေပေးဖို့ အကောင်းဆုံးအချိန်ပဲ”

“ဟုတ်တယ်... ဒီနေ့ လူတိုင်း ဒီမှာရှိတယ်။ ဒီတော့ ဘာတွေဖြစ်နေတာလဲဆိုတာ ကျွန်တော်တို့သိရအောင် ဘိုးဘိုး စကားနည်းနည်းလောက် ပြောပေးပါလား။ ပြီးတော့ ဒီဆံပင်ဖြူနဲ့ လူငယ်လေးကရော ဘယ်သူလဲ”

လင်းမိသားစု၏အကြီးအကဲ လင်းခုန်းကလည်း ထပ်မေးလိုက်သည်။ သူတို့သည် မျက်မမြင်ကြီးဆီမှ အဖြေတစ်ခုမရဘဲ မည်သို့ထွက်သွားနိုင်မည်နည်း။

“မင်းတို့ နောက်ကျရင် နားလည်လာမှာပါ။ လောစရာမရှိပါဘူး”

မျက်မမြင်ချန်သည် အသာအယာပြောလိုက်သည်။ သူသည် အတန်ငယ်ရပ်နေပြီးနောက် ဆက်၍ရပ်ရန် အစီအစဉ်အရှိတော့သကဲ့သို့ ရှေ့သို့ဆက်လျှောက်သွားလိုက်လေသည်။ သူသည် မည်သူ့ကိုမှ မည်သည့်အရာကိုမှ ရှင်းပြရန် အစီအစဉ်မရှိပေ။

မျက်မမြင်ချန်တစ်ယောက် သူ၏စံအိမ်အိုကြီးဆီသို့ လျှောက်သွားနေသည်ကို တွေ့လိုက်ရသောအခါ ထိုနေရာရှိ လူအားလုံးသည် မျက်မှောင်ကြုတ်လိုက်ကြသည်။ သူတို့၏မျက်လုံးများထဲတွင် မကျေနပ်သော အရိပ်အယောင်များရှိနေသည်။

ထိုနေ့တွင် အလင်းပေါ်ပေါက်လာသောအခါ မျက်မမြင်ကြီးသည် စံအိမ်အတွင်းမှထွက်လာပြီး ဧည့်သည်များကို ကြိုဆိုခဲ့သည်။ သို့သော် သူသည် လာရောက်ကြည့်ရှုသူများကို တစ်စုံတစ်ခုပင် မရှင်းပြဘဲ ပြန်လွှတ်နေလေသည်။

ထိုအချိန်တွင် ပုံရိပ်တစ်ခုသည် အလင်းတန်းတစ်ခုနှင့်အတူ ကောင်းကင်ပေါ်မှကျလာကာ စံအိမ်အိုကြီးပေါ်တွင် ဆင်းသက်လိုက်သည်။

သူမသည် ထိုနေရာတွင်ရပ်ကာ မျက်မမြင်ချန်နှင့် အခြားသူများကို ကြည့်နေလေသည်။

“လင်းရှီ... မရိုင်းပြနဲ့”

လင်းမိသားစု၏ကလန်ခေါင်းဆောင်သည် သူမကို ပြစ်တင်ဆုံးမလိုက်သည်။ သို့သော် လင်းရှီ၏ဘေးတွင် နောက်ထပ်လူအနည်းငယ် ထပ်မံဆင်းသက်လာသည်။ ထိုလူစုသည် အပျက်အစီးများရှိရာနေရာတွင် ချန်ယိနှင့် အခြားသူများနှင့် စကားများခဲ့သော လူစုပင်ဖြစ်လေသည်။

သို့သော် ထပ်မံဆင်းသက်လာသော ကျင့်ကြံသူများသည် လင်းရှီကို မတားသည့်အပြင် ထိုနေရာတွင်ရပ်ကာ သူမကိုကြည့်နေပေသည်။ သူတို့တွင်လည်း သူတို့အကြံနှင့်သူတို့ရှိကြောင်း သိသာလေသည်။

ထိုရန်ဟောင်အဆင့် တက်သစ်စလေးများသည် မာနရှိကြပြီး သူတို့ကိုယ်သူတို့ အထင်ကြီးကြသည်။ သူတို့သည် အကြီးအကဲများက မျက်မမြင်တစ်ယောက်ကို သည်းခံနေခြင်းကို နားမလည်နိုင်ကြပေ။

ယနေ့တွင် သူတို့သည် မည်မျှပေးဆပ်ရစေကာမူ ထိုအကြောင်းကို အဖြေရှာရန် စိတ်ဆုံးဖြတ်ထားကြသည်။

လင်းခုန်းသည်ပင် သူတို့ကို အပေါ်ယံတွင်သာ ပြစ်တင်ဆုံးမလိုက်ခြင်းဖြစ်ပြီး သူတို့ကိုတားရန် မည်သူ့ကိုမှ အမိန့်မပေးလိုက်ပေ။ သူသည်လည်း ထိုကိစ္စကိုအဖြေရှာလိုနေကြောင်း သိသာပေသည်။

မျက်မမြင်ချန်သည် စည်းကျော်သွားပြီဖြစ်သည်။ သူသည် နှစ်(၂၀)ကျော်ကြာအောင် သူတို့ကို ရှင်းပြချက်တစ်ခုပင် မ‌ပေးခဲ့ချေ။

“ဘိုးဘိုးက လူတိုင်းသိတဲ့ နာမည်‌ကျော်ကြားသူတစ်ဦးပါ။ ပြီးတော့ ဘိုးဘိုးက အတိတ်နဲ့ အနာဂတ်အပြင် သိတောင်မသိနိုင်သေးတဲ့ ကိစ္စတွေကိုလည်း ခန့်မှန်းနိုင်တယ်လို့ ကျွန်မကြားဖူးပါတယ်... အဲ့ဒါ မှန်မမှန်သိရအောင် ဒီနေ့ ဘိုးဘိုးက ကျွန်မရဲ့အနာဂတ်ကို ခန့်မှန်းပေးနိုင်မလား...”

လင်းရှီသည် မျက်မမြင်ချန်ကိုကြည့်၍ မေးလိုက်သည်။ သူမ၏ စကားများသည် လေးစားမှုပါသည်ဟု ဆိုနိုင်သော်လည်း သူမ၏လေသံသည် အတန်ငယ်မာသည်ဟု ဆိုင်နိုင်ပေသည်။

ထို့ပြင် သူမကိုယ်ထဲတွင် ထက်ရှသော ဓားဝိညာဉ်စွမ်းအားတစ်ခုသည် စီးဆင်းနေပြီး အချိန်မရွေးသူမ၏ခန္ဓာကိုယ်မှ ဖောက်ထွက်ကာ မျက်မမြင်ချန်ကို တိုက်ခိုက်တော့မလို ထင်ရပေသည်။

မျက်မြင်ချန်သည် ခေါင်းအတန်ငယ်မော့လိုက်ပြီး လင်းရှီဘက်သို့ မျက်နှာလှည့်လိုက်သည်။

ချန်ယိသည် ရှေ့သို့ထွက်ကာ အေးစက်စက်ပြောလိုက်သည်။

“နောက်ဆုတ်စမ်း”

“ကောင်းပြီ”

ထိုအခိုက်တွင် မျက်မမြင်ချန်သည် စကားတစ်ခွန်းပြောလိုက်ရာ ချန်ယိတစ်ယောက် နားမလည်နိုင်ဖြစ်သွားသည်။ သူသည် နောက်လှည့်၍ မျက်မမြင်ကြီးကို ကြည့်လိုက်သည်။

ကောင်းပြီဟူသောစကားသည် မည်သည့်အရာကို ဆိုလိုသနည်း။

လင်းရှီသည်လည်း အူကြောင်ကြောင် ဖြစ်သွား၏။ သူမသည် မျက်မမြင်ချန်ကို ကြည့်လိုက်၏။ သူမသည်လည်း ထိုစကား၏ဆိုလိုချက်ကို နားမလည်ပေ။

“မင်း ဒီနေ့ ဘေးဒုက္ခကြုံရမယ်လို့ ရှေ့ဖြစ်ဟောလိုက်မယ်”

မျက်မမြင်ချန်က ပြောလိုက်၏။ သူ၏အသံ တိုးသွားသောအခါ ပတ်ဝန်းကျင်သည်လည်း ရုတ်တရက် တိတ်ဆိတ်သွားသည်။

သူပြောသောစကားထဲတွင် လျှို့ဝှက်အဓိပ္ပာယ်များ ပါနေပုံရလေသည်။

လင်းရှီသည် မျက်မမြင်ချန်ကို ကြည့်လိုက်သည်။ မျက်မမြင်ချန်၏ မျက်လုံးများသည် ယခင်ကထက် ပို၍စူးရှနေသည်။ အေးစက်စက်အသံတစ်ခု ထွက်ပေါ်လာသည်။

“ကျွန်မ မယုံဘူး”

“မင်းမယုံဘူးဆိုတာ ငါသိပါတယ်။ မင်းမယုံကြည်လို့ကို ဘေးဒုက္ခနဲ့ ကြုံရမှာ”

မျက်မမြင်ချန်သည် တည်ငြိမ်သောအသံဖြင့် ဆက်ပြောလိုက်သည်။

“အခုပြန်သွားရင် အဲ့ဘေးဒုက္ခကနေ လွတ်နိုင်တယ်။ ဒါပေမဲ့ မင်းသာ ဒီမှာဆက်ပြီးရှိနေမယ်ဆိုရင် ဒီဘေးဒုက္ခကနေ လွတ်နိုင်‌တော့မှ မဟုတ်ဘူး”

“ဘာဘေးဒုက္ခလဲ”

လင်းရှီသည် ရှေ့သို့တိုးလာ၏။ ဓားဝိညာဉ်စွမ်းအားသည် မျက်မမြင်ချန်ဆီသို့ စီးဆင်းသွားပြီး သူ့ကို ဝန်းရံထားသည်။

“သေရမယ့် ဘေးဒုက္ခ”

မျက်မမြင်ချန်၏ တုံ့ပြန်မှုသည် ရိုးရှင်းပေသည်။

သေရမည့်ဘေးဒုက္ခ...

ထိုအရာသည် ရှေ့ဖြစ်ဟောခြင်းလော၊ ခြိမ်းခြောက်ခြင်းပေလော။

ကောင်းကင်ပေါ်တွင် ရပ်နေသော လင်းမိသားစုမှ အရှိန်အဝါများသည် ရုတ်တရက် အေးစက်သွားသည်။ လင်းမိသားစု၏ ကလန်ခေါင်းဆောင် လင်းခုန်း၏ မျက်ဝန်းများအတွင်းတွင် သူ၏ဓားဝိညာဉ်စွမ်းအားများရှိနေပြီး အောက်ရှိ မျက်မမြင်ချန်ကို ကြည့်နေလေသည်။

သေရမည့် ဘေးဒုက္ခ...

ထိုစကားလုံးများကို ကြားလိုက်သောအခါ သူ၏ရင်ထဲတွင် ဒေါသများထွက်လာသည်။

“ဘိုးဘိုးက ချဲ့ကားပြောနေတာပဲ”

လင်းခုန်း အေးစက်စက် ပြောလိုက်သည်။ ရုတ်တရက် လင်းမိသားစုမှ ကျင့်ကြံသူအများအပြားသည် အောက်သို့ဆင်းသွားပြီး လင်းရှီဘေးပတ်ပတ်လည်တွင် ပေါ်လာလေသည်။ သူတို့သည် သူတို့၏ကလန်ခေါင်းဆောင်၏ စကားကို သဘောပေါက်ကြသည်။

မျက်မမြင်ချန်သည် ရှင်းရှင်းလင်းလင်းမမြင်နိုင်သော်လည်း သူ၏သိမြင်နားလည်မှုသည် အရာအားလုံးကို သိမြင်နိုင်ပုံပေါ်လေသည်။ သူသည် ခပ်ယဲ့ယဲ့ပြုံး၍ ပြောလိုက်သည်။

“အင်း... ကံကြမ္မာကို တကယ်ရှောင်လွှဲလို့မရဘူးပဲ”

ပတ်ဝန်းကျင်မှ ကျင့်ကြံသူများသည် စိတ်ဝင်စားသွားကြသည်။ အကယ်၍ လင်းရှီသေသွားလျှင် ထိုအရာကို ရှေ့ဖြစ်ဟောခြင်းဟု တွက်ရမည်လော။

မျက်မမြင်ချန်၏ ရှေ့ဖြစ်ဟောခြင်းက သူမကို သေခြင်းသို့ တွန်းပို့လေသလော သို့မဟုတ် ထိုအရာသည် ရှေ့ဖြစ်ဟောကိန်းသပ်သပ်ပင်လော။

သို့သော် လင်းမိသားစုမှ ကျင့်ကြံသူများသည် ထိုရှေ့ဖြစ်ဟောကိန်းကို ယုံကြည်ပုံမရပေ။

စွမ်းအားကြီးသော အရှိန်အဝါတစ်ခု ဆင်းသက်လာပြီး ထိုတိတ်ဆိတ်နေသောနေရာသည် အတန်ငယ်မွန်းကြပ်လာသည်။ လင်းရှီသည် မျက်မမြင်ချန်ဆီသို့ ဆက်သွားလိုက်သည်။ သို့သော် မျက်မမြင်ချန်၏အမြင်တွင် ထိုအရာသည် ကံကြမ္မာဖြစ်ပေသည်။

All Chapters