← Chapters

အခန်း (၁၄၄၇)

Vol. 104 Ch. 1447

အခန်း (၁၄၄၇)

Vol. 104 Ch. 1447

“ ဘန်း ”

သူ၏ လှံထိုးချက်က ရပ်တန့်သွားကြောင်း မြင်သောအခါ တာချီလော့က နောက်ထပ် တိုက်ခိုက်ရန် တုံ့ဆိုင်းမနေပေ။ သူက လှံရှည်ကို အကြိမ်ရေတစ်ရာခန့် ချက်ချင်း ထိုးသွင်းလိုက်သည်။ ထိုအခါ အလင်းစီးကြောင်းများက မရေမတွက်နိုင်သော ကြယ်များသဖွယ် ဘေးပတ်ဝန်းကျင်မှာ ပြန့်ကျဲသွားကြသည်။

ကြယ်အလင်းများက မိုးရွာသွန်းလိုက်သကဲ့သို့ ဟန်မူယဲ့ထံ ကျဆင်းလာကြသည်။

ထိုတိုက်ခိုက်မှုက အချင်းမိုင်တစ်ထောင်အတွင်းမှ ကောင်းကင်နှင့် မြေပြင်ကို ပရမ်းပတာ တုန်လှုပ်သွားစေသည်။ တစ်ချိန်တည်းမှာ ခံတပ်တောင်၏ ဘေးပတ်ဝန်းကျင်မှ တိမ်တိုက်များက အတူတကွ စုဝေးသွားကြပြီး မီးပြင်းဖိုသဖွယ် လှည့်ပတ်သွားကြသည်။

ကြောက်မက်ဖွယ်ကောင်းသော ဖိအားက ဟန်မူယဲ့ပေါ်သို့ ဆင်းသက်လာသည်။

မျိုးနွယ်ခြားလက်ရွေးစင် သုံးသိန်းပါဝင်သော မဟာစစ်တပ်ကို ထိန်းချုပ်အမိန့်ပေးနိုင်သည့် ပုဂ္ဂိုလ်တစ်ဦးအနေဖြင့် တာချီလော့၏ ခွန်အားက အမှန်တကယ် ရှိန်လောက်စရာကောင်း၏။

ထိုတိုက်ခိုက်မှု၏ အလွန်အားကောင်းသော စွမ်းအားကြောင့် ဟင်းလင်းပြင်သည်ပင် တိုက်ရိုက် ဆုတ်ဖြဲခံလိုက်ရသည်။ ပေတစ်သောင်းကျယ်ဝန်းသော အနက်ရောင်အက်ကွဲကြောင်းတစ်ခုက ဟင်းလင်းပြင်ထဲမှာ ထွက်ပေါ်လာသည်။

အဝေးတွင် ယုရှောင်ဓားကို ကိုင်ဆွဲလျက် အနောက်ဆုတ်သွားသော ကျူးလဲ့က မျက်နှာသုန်မှုန်သွားသည်။

ထိုလှံထိုးနှက်မှုကို အဝေးသို့ ထွက်ခွာသွားကြသော ဂိုဏ်းထဲမှ ထိပ်တန်းအဆင့် ပုဂ္ဂိုလ်များသာလျှင် ခုခံနိုင်ကြလိမ့်မည်။

အကြီးအကဲဟန်က ထိုတိုက်ခိုက်မှုကို ခုခံနိုင်မည်လော။

ဟန်မူယဲ့၏ အနောက်တွင် မတ်တတ်ရပ်နေသော ချန်းရှောင်တုံ၏ မျက်နှာပေါ်မှာ ကြောက်ရွံ့မှုတစ်စွန်းတစ်စ ထွက်ပေါ်လာသည်။

သေရမည်ကို မကြောက်သောလူ မရှိပေ။

“ အားနည်းလိုက်တာ ”

ဟန်မူယဲ့က ခေါင်းယမ်းလိုက်သည်။

သူက မတော်တဆမှုကြောင့် လင်းရှောင်နယ်မြေထဲမှာ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။

ဟွင်းသွမ်း၏ တည်နေရာပြောင်းရွှေ့မှုအရ သူက လောကတစ်သောင်း၏ အဆင့်မြင့်ဆုံး နယ်မြေဆီသို့ တိုက်ရိုက် ဝင်ရောက်သွားသင့်သည်။

သို့သော်လည်း သူက အဆင့်နိမ့်နယ်မြေဖြစ်သော လင်းရှောင်နယ်မြေထဲမှာ ထွက်ပေါ်လာခဲ့သည်။

ယင်းက သူ့အတွက်တော့ အချိန်အလဟဿ ကုန်ဆုံးခြင်း ဖြစ်သည်။

ကံကောင်းစွာဖြင့် သူက ဤအတောအတွင်းမှာ ရှေးဟောင်းနဂါးမီကျောင်း၏ သွေးစွမ်းအားကို သန့်စင်ရန် တံခါးပိတ်ကျင့်ကြံခဲ့ပြီး ကောင်းကင်ပုတီးစေ့များ ဖွဲ့စည်းသွားမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။

သူလက်မြှောက်လိုက်သည့်အခါ သွေးချီစွမ်းအားက ဟန်မူယဲ့၏ ခန္ဓာကိုယ်ထဲမှ တလိပ်လိပ် မြှောက်တတ်လာသည်။

သွေးနှင့်ချီစွမ်းအားက ဟင်းလင်းပြင်ထဲမှာ တိုက်ရိုက် ပေါက်ကွဲသွားသည်။ ယင်းက သူ့ထံသို့ ဦးတည်လာနေသော တိုက်ခိုက်မှုအားလုံးကို ပြိုကွဲပျက်စီးသွားစေသည်။

ဤတိုက်ခိုက်မှုအတွက် စွမ်းအားပေါင်းစည်းခဲ့ကြသော မျိုးနွယ်ခြားလက်ရွေးစင်အားလုံး ခန္ဓာကိုယ်တုန်ယင်သွားကြသည်။ ထို့နောက် သူတို့က သွေးအန်လိုက်ကြသည်။

တိုက်ခိုက်မှုတစ်ကွက်ကြောင့် မျိုးနွယ်ခြားလက်ရွေးစင် သုံးသိန်းပါဝင်သော စစ်တပ်က အပြင်းအထန် ဒဏ်ရာရရှိသွားကြသည်။

လူတစ်ယောက်တည်း၏ စွမ်းအားက မျိုးနွယ်ခြားလက်ရွေးစင်သုံးသိန်းကို လွှမ်းမိုးဖိနှိပ်စွာ ဆန့်ကျင်တိုက်ခိုက်နိုင်ခဲ့သည်။

ထိုသို့မြင်ကွင်းက လောကတစ်သောင်းယှဉ်ပြိုင်ပွဲမစတင်မီ ထိပ်တန်းကျွမ်းကျင်သူများ တည်ရှိနေသည့်အချိန်မှာပင် ဖြစ်တောင့်ဖြစ်ခဲသည်။ သို့သော်လည်း ဤအခိုက်အတန့်မှာ မယုံကြည်နိုင်စရာကောင်းသော ထိုမြင်ကွင်းက လူတိုင်း၏ မျက်စိအရှေ့မှာ မျက်ဝါးထင်ထင် ထွက်ပေါ်လာသည်။

ယင်းက လူတိုင်းကို မယုံကြည်နိုင်မှုကြောင့် မျက်လုံးပြူးကျယ်သွားစေသည်။

ဘာလို့ ဒီလောက်အစွမ်းထက်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က လင်းရှောင်နယ်မြေထဲမှာ ထွက်ပေါ်လာတာလဲ… ။

ဒီလိုအစွမ်းနဲ့ဆိုရင် ဘယ်သူက သူ့ကို ယှဉ်ပြိုင်နိုင်မှာလဲ… ။

ဟန်မူယဲ့၏ ဦးခေါင်းပေါ်တွင် ပေတစ်သိန်းရှည်လျားသော ရှေးဟောင်းနဂါးမီကျောင်း၏ ပုံရိပ် ထွက်ပေါ်လာသည်။ ထို့နောက် နဂါးမီကျောင်းက ၎င်း၏ အမြှီးရှည်ကို လွှဲယမ်းလိုက်သည်။

ရှေးဟောင်းနဂါးမီကျောင်း ထွက်ပေါ်လာသည့်အခိုက် ကောင်းကင်နှင့်မြေပြင်တစ်ခုလုံး စတင်တုန်လှုပ်သွားသည်။ မရေမတွက်နိုင်သော အလင်းစီးကြောင်းများက တလက်လက် တောက်ပသွားကြသည်။

ယခင်တစ်ခေါက်ကဲ့သို့ပင် လင်းရှောင်နယ်မြေအတွင်းမှ သက်ရှိအားလုံးက ကြောက်ရွံ့မှုကြောင့် တုန်ယင်သွားကြသည်။

အဘယ့်ကြောင့်ဆိုသော် ထိုသွေးမျိုးဆက်စွမ်းအားက အလွန်သန်မာသည်။ ယင်းက အလွန်သန်မာလေရာ ကုန်းမြေတစ်ခုလုံးကို ဖိနှိပ်နိုင်စွမ်း ရှိသည်။

“ ဘန်း ”

နဂါးမီကျောင်း၏ အမြှီးရိုက်ချက်ကြောင့် လင်းရှောင်နယ်မြေထဲဝယ် နှစ်ပေါင်းများစွာ တည်တံ့နေခဲ့သော ခံတပ်တောင်က အပိုင်းပိုင်းအစစ ပြိုကျပျက်စီးသွားသည်။

အမြင်အာရုံကို လှည့်စားနိုင်သော မိုးမြေစွမ်းအားထဲမှ ပုံရိပ်ယောင်များက ချက်ချင်း ပျောက်ကွယ်သွားသည်။

တောင်တန်းနယ်မြေတစ်ခုလုံး ပရမ်းပတာ တုန်လှုပ်သွားသည်။

တောင်တန်းထဲ၌ ပြန့်ကျဲနေကြသော ကျင့်ကြံသူတစ်သိန်းက ဤအခိုက်အတန့်မှာ လေထဲသို့ ပျံတတ်လာကြပြီး အတူတကွ စုဝေးလိုက်ကြသည်။

ချန်းရှောင်တုံ၏ တစ်ကိုယ်လုံး တုန်ယင်သွားသည်။ သူ၏ မျက်နှာက စက္ကူသဖွယ် ဖြူဖျော့နေသည်။

ဟန်မူယဲ့ မည်မျှသန်မာကြောင်း သူစဉ်းစားကြည့်ခဲ့ဖူးသည်။

ထိုနေ့က လင်းရှောင်တောင်ပေါ်မှာ ဟန်မူယဲ့ ထုတ်ဖော်ပြခဲ့သော စွမ်းအားက အကြီးအကဲကူယွဲ့နှင့် တခြားလူများကို ကယ်ဆယ်နိုင်ရန် လုံလောက်သည်ဟု သူခံစားမိသည်။

အကြီးအကဲကူယွဲ့နှင့် ဂိုဏ်းအသီးသီးမှ လက်ရွေးစင်တချို့ကို ကယ်ဆယ်နိုင်ရုံဖြင့် ဤတစ်ခေါက်တာဝန် အောင်မြင်သွားလိမ့်မည်ဟု သူတွေးခဲ့သည်။

သို့သော်လည်း ဟန်မူယဲ့၏ စွမ်းအားက သူ၏ စိတ်ကူးနိုင်စွမ်းထက် လုံးဝ ကျော်လွန်နေမည်ဟု ချန်းရှောင်တုံ မမျှော်လင့်ထားခဲ့ပေ။

အစွမ်းထက် ကျွမ်းကျင်သူများကို ယခင်က တစ်ခါမှ သူမမြင်ဖူးခြင်း မဟုတ်ပေ။

သူက လင်းရှောင်ဓားဂိုဏ်း၏ ဂိုဏ်းသခင်လေးဖြစ်လေရာ သူ့ဖခင်နှင့် ဂိုဏ်းထိန်းအကြီးအကဲများက ဤလောကမှာ အစွမ်းထက်ဆုံး ကျွမ်းကျင်သူများဖြစ်ကြောင်း သူသိသည်။ သူတို့အားလုံးက အင်မော်တယ်ဘုရင်အဆင့်မှာ ဖြစ်ကြပြီး ဓားတာအိုကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ထားကြသည်။

သို့သော်လည်း ထိုဓားဘုရင်များ ထုတ်ဖော်ခဲ့ဖူးသော စွမ်းအားက သူ့အရှေ့မှ အကြီးအကဲဟန်၏ စွမ်းအားနှင့် နှိုင်းယှဉ်လျှင် ပိုးစုန်းကြူးနှင့် လမင်းပမာ အလွန်ခြားနားပေသည်။

သူ့အရှေ့မှ ပုဂ္ဂိုလ်က လင်းရှောင်နယ်မြေကို မည်သည့်ရည်ရွယ်ချက်ဖြင့် ရောက်လာကြောင်း ချန်းရှောင်တုံ မစဉ်းစားဝံ့ချေ။

“ ကျန်တာကို မင်းကိုင်တွယ်နိုင်လား ”

ဟန်မူယဲ့က သူ၏ သွေးအနှစ်သာရကို ဖြည်းညင်းစွာ ပြန်ရုပ်လိုက်ပြီး အနောက်လှည့်ကာ ချန်းရှောင်တုံကို ကြည့်လိုက်သည်။

အစောနက တိုက်ခိုက်မှုက နဂါးမီကျောင်း၏ သတ်ဖြတ်ခြင်းအရှိန်အဝါကို အများအပြား ကုန်ဆုံးစေခဲ့သည်။ သို့ဖြစ်၍ ဟန်မူယဲ့က နောက်ထပ် တိုးတတ်မှုများကို ရှာဖွေရန် တံခါးပိတ်ကျင့်ကြံခြင်းသို့ ဝင်ရောက်၍ နဂါးမီကျောင်း၏ သွေးစွမ်းအားကို ဆက်ပြီး သန့်စင်ချင်သည်။

သူ၏ ရုပ်ခန္ဓာကိုယ်က ယခင်နှင့်နှိုင်းယှဉ်လျှင် သိသိသာသာ ပြောင်းလဲသွားကြောင်း ဟန်မူယဲ့ ခံစားမိသည်။ ထိုပြောင်းလဲမှုက ယခင်က တစ်ခါမှမဖြစ်ပေါ်ဖူးသောအရာ ဖြစ်သည်။

ဖြစ်နိုင်တာက အဲ့ဒါက အဆင့်ခုန်ပျံကျော်လွှားတာလား… ။

ချန်းရှောင်တုံက ခေါင်းညိတ်လိုက်ပြီး အရှေ့သို့ တစ်လှမ်းတိုးကာ အကြီးအကဲကျူးလဲ့နှင့် အကြီးအကဲကူယွဲ့ကို ကြည့်လိုက်သည်။

“ အကြီးအကဲတို့… ကျေးဇူးပြုပြီး ကျူးကျော်လာတဲ့ ရန်သူတွေကို မြန်မြန်ကိုင်တွယ်ပေးပါ ”

မျိုးနွယ်ခြားလက်ရွေးစင်သုံးသိန်းသည် ဟန်မူယဲ့၏ တိုက်ခိုက်မှုကြောင့် အခြေခံအားဖြင့် သူတို့၏ တိုက်ပွဲစွမ်းအားကို ဆုံးရှုံးသွားကြသည်။ သူတို့ထဲမှ တချို့က ကံကောင်းထောက်မ၍ ထိုတိုက်ခိုက်မှုမှ လွတ်မြောက်သွားခဲ့လျှင်ပင် ယခု သူတို့က ကြောက်လန့်တုန်လှုပ်နေကြသည်။

သို့ဖြစ်၍ ယခုအချိန်က လင်းရှောင်ဓားဂိုဏ်းအတွက် တန်ပြန်တိုက်ခိုက်ရန် အကောင်းဆုံးအချိန်အခါ ဖြစ်သည်။

ဒီအချိန်မှ မတိုက်ခိုက်ရင် ဘယ်အချိန်တိုက်ခိုက်မှာလဲ… ။

ကူယွဲ့နှင့် ကျူးလဲ့က အကြည့်ချင်းဖလှယ်လိုက်ကြပြီး ညင်သာစွာ ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် သူတို့က အလယ်အလတ်တန်းစား ဂိုဏ်းတပည့်များကို ဦးဆောင်၍ အဝေး၌ ထွက်ပြေးနေကြသော မျိုးနွယ်ခြားများကို ကျောက်စိမ်းတာအိုဂိုဏ်းနှင့် တိမ်ပျံလွှားဂိုဏ်းမှ ကျင့်ကြံသူများနှင့်အတူ လိုက်လံသုတ်သင်ကြသည်။

အကယ်၍ သူတို့က ဟန်မူယဲ့၏ တိုက်ခိုက်မှုကြောင့် ဒဏ်ရာအပြင်းအထန် မရရှိထားလျှင်ပင် ထိုမျိုးနွယ်ခြားလက်ရွေးစင်များက နောက်ထပ် မတိုက်ခိုက်ဝံ့ကြတော့ချေ။

ပိုပြီးအရေးကြီးသည်မှာ သူတို့ထဲမှ အများစုက ဒဏ်ရာအပြင်းအထန် ရရှိထားကြသည်။

မျိုးနွယ်ခြားလက်ရွေးစင် သုံးသိန်းပါဝင်သော စစ်တပ်သည် သူတို့အသားစီးရရှိထားချိန်မှာ တစ်ပေါင်းတစ်စည်းတည်း ညီညွတ်ခဲ့ကြသည်။ သို့သော်လည်း ယခုအခါမှာတော့ သူတို့က အသက်ရှင်သန်နိုင်ရေးအတွက် အရပ်မျက်နှာအသီးသီးသို့ ထွက်ပြေးနေကြသည်။

တိုက်ပွဲဖွဲ့စည်းပုံ မရှိတော့သည့်အခါ ထိုမျိုးနွယ်ခြားလက်ရွေးစင်များက ရိတ်သိမ်းခံရတော့မည့် စပါးများနှင့် မခြားပေ။

ဟန်မူယဲ့က စောင့်ကြည့်နေစဉ် အသက်တစ်သက်ပြီးတစ်သက်က ငြိမ်းသတ်သွားကြသည်။ ထိုစဉ် သိသာထင်ရှားသော အပြောင်းအလဲတစ်ခုက ဤကုန်းမြေအတွင်းမှာ ထွက်ပေါ်လာသည်။

ဟင်းလင်းပြင်ထဲတွင် ရွှေရောင်အလင်းစက်များက စတင်စုဝေးနေကြသည်။

ယင်းက အနန္တလောကကောင်းကင်ပုတီးစေ့များ ကိန်းအောင်းနေသော ကောင်းကင်မိစ္ဆာသားရဲများ၏ သန္ဓေသားလောင်း မဟုတ်ပေဘူးလား။

ကောင်းကင်မိစ္ဆာသားရဲများသည် လောကတစ်သောင်း၏ မိုးမြေစိတ်ဆန္ဒကို သယ်ဆောင်ထားသော မရေမတွက်နိုင်သည့် သက်ရှိများထံမှ မွေးဖွားလာကြသည်။

ယင်းက အလုံးစုံသတ်ဖြတ်ခြင်းကို မရည်ရွယ်ပေ။

သို့ပေသိ တစ်စုံတစ်ယောက်က အနည်းဆုံး ကုန်းမြေအတွင်းမှ အင်အားစုအားလုံးကို စုစည်းနိုင်ရမည်။ သို့မှသာ ထိုနယ်မြေထဲမှ မိုးမြေစွမ်းအားက လှုံ့ဆော်ခံရပြီး ကောင်းကင်ပုတီးစေ့များ ကိန်းအောင်းနေသော ကောင်းကင်မိစ္ဆာသားရဲများကို မွေးဖွားပေးလိမ့်မည်။

ထို့နောက် ကောင်းကင်မိစ္ဆာသားရဲများကို သုတ်သင်ပြီး ကုန်းမြေအတွက် ကုသိုလ်ပြုပေးကာ ကောင်းကင်ပုတီးစေ့များကို စုဆောင်းနိုင်လိမ့်မည်။

အကယ်၍ ထိုအတိုင်းဆိုလျှင် တစ်စုံတစ်ယောက်က ကောင်းကင်ပုတီးစေ့များကို ကြိုတင်ရရှိနိုင်ပြီး အဆင့်တတ်နိုင်ပါသလား။

တစ်စုံတစ်ယောက်မှာ ထိုသို့အတွေးရှိလျှင် ကြိုးစားကြည့်သင့်သည်။

ဟန်မူယဲ့က နေရာမှာ တည်ငြိမ်စွာ မတ်တတ်ရပ်နေရင်း ချန်းရှောင်တုံနှင့် တခြားလူများ သူ့ဘေးသို့ ပြန်ရောက်လာသည်ကို စောင့်ဆိုင်းသည်။ ယခု သူတို့တစ်ယောက်ချင်းစီမှာ သတ်ဖြတ်ခြင်းအရှိန်အဝါတစ်စွန်းတစ်စ ကိန်းအောင်းနေကြသည်။

ယင်းက သတ်ဖြတ်ခြင်းအရှိန်အဝါချည်းသာ မဟုတ်ပေ။ ယင်းထဲမှာ မိုးမြေစွမ်းအား၏ ရစ်ပတ်နှောင်ဖွဲ့မှုတစ်စွန်းတစ်စလည်း ရှိ၏။

ယင်းက မိုးမြေစွမ်းအား၏ အသိအမှတ်ပြုမှု ဖြစ်သည်။ တစ်နည်းဆိုရသော် မိုးမြေက ဤသတ်ဖြတ်မှုအပေါ် အသိအမှတ်ပြုသည်။

မျိုးနွယ်ခြားလက်ရွေးစင် သုံးသိန်းပါဝင်သော စစ်တပ်တွင် သုံးပုံတစ်ပုံသာ လွတ်မြောက်သွားခဲ့သည်။

ကျန်လူများထဲမှ တချို့တဝက်က အမြစ်ဖြတ်သုတ်သင်ခံလိုက်ကြရပြီး တချို့တဝက်က အညံ့ခံလိုက်ကြသည်။

ဥပမာ အစွမ်းထက် ကျွမ်းကျင်သူတစ်ယောက်ဖြစ်သော တာချီလော့က အကျဉ်းချခံလိုက်ရသည်။

“ မင်းရဲ့ အသက်နဲ့ အလဲအလှယ်လုပ်နိုင်မယ့် လျှို့ဝှက်ချက်က ဘာလဲ ငါ့ကို ပြောပြစမ်း ”

ချန်းရှောင်တုံက တာချီလော့ကို စိုက်ကြည့်လိုက်ပြီး လေးနက်စွာ ပြောသည်။

အစက သူက တစ်ဖက်လူကို နေရာမှာတင် သုတ်သင်ရန် စဉ်းစားခဲ့သည်။

သို့သော်လည်း တာချီလော့က သူ့မှာ သူ့အသက်နှင့် လဲလှယ်နိုင်မည့် လျှို့ဝှက်ချက်ကြီးတစ်ခုရှိသည်ဟု ပြောခဲ့သည်။

အကယ်၍ ချန်းရှောင်တုံက သူတစ်ယောက်တည်းဆိုလျှင် သို့မဟုတ် ယခင်လင်းရှောင်ဓားဂိုဏ်းဆိုလျှင် သူက ထိုလျှို့ဝှက်ချက်ကို ဂရုစိုက်လိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ယခု ဟန်မူယဲ့က သူ၏ ဘေးမှာ တည်ရှိနေလေရာ ထိုလျှို့ဝှက်ချက်က ကံကြမ္မာကောင်းတစ်ခု ဖြစ်လာနိုင်သည်။

တာချီလော့က ဟန်မူယဲ့ထံ အကြည့်ရွှေ့ပြောင်းလိုက်သည်။ သူက ခန္ဓာကိုယ်တုန်ယင်သွားပြီးနောက် တိုးညင်းစွာ ပြောသည်။

“ တကယ်တော့ အဲ့ဒါက ကုန်းမြေစွမ်းအားကို တိုးမြှင့်ပြီး ကောင်းကင်ပုတီးစေ့တွေကို မြန်မြန်ကျင့်ကြံနိုင်စေမယ့် နည်းလမ်းပါ ”

ကောင်းကင်ပုတီးစေ့တွေကို မြန်မြန်ကျင့်ကြံနိုင်စေမှာလား… ။

တာချီလော့၏ စကားက ဟန်မူယဲ့၏ စိတ်ဝင်စားမှုကို ရရှိသွားသည်။

ဟန်မူယဲ့က သူ့ကို လှည့်ကြည့်လာကြောင်း မြင်သောအခါ တာချီလော့က နောက်ထပ် တုံ့ဆိုင်းမနေဘဲ သူ့မျိုးနွယ်စုသိထားသော ကောင်းကင်ပုတီးစေ့များနှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များကို စိတ်အားထက်သန်စွာ ပြောသည်။

အမှန်မှာ ယင်းက ဟန်မူယဲ့ တွေးထားသောအရာနှင့် ဆင်တူပေသည်။ သို့သော်လည်း ယင်းတို့ကြားမှာ ကွဲပြားခြားနားမှုတချို့ ရှိသည်။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲတွင် မတူညီသော ကုန်းမြေအသီးသီးမှ လက်ရွေးစင်များက အပြန်အလှန် တိုက်ခိုက်ကြလိမ့်မည်။ သူတို့၏ ကျဆုံးမှုနှင့် ဒဏ်ရာအပြင်းအထန်ရရှိမှုက နောက်ဆုံးတွင် ကောင်းကင်နှင့်မြေပြင်ကြား၌ စုဝေးသွားပြီး ကောင်းကင်ပုတီးစေ့များအဖြစ် ပြောင်းလဲသွားလိမ့်မည်။

သို့သော်လည်း ထိုသို့ကောင်းကင်ပုတီးစေ့များက အရေအတွက် အကန့်အသတ်ရှိသည်။ ထို့ပြင် ပုတီးစေ့များ ဖွဲ့စည်းသွားရန် အချိန်က အလွန်ကြာညောင်းသည်။

တာချီလော့၏ မျိုးနွယ်စုက လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ အကြိမ်ပေါင်းများစွာ ပါဝင်ခဲ့ဖူးသည်။ သို့ဖြစ်၍ သူတို့မျိုးနွယ်စု၏ အစွမ်းထက် ကျွမ်းကျင်သူများက သုတေသနအမျိုးမျိုးကို ပြုလုပ်ခဲ့ကြသည်။

နောက်ဆုံးမှာ သူတို့က ကောင်းကင်ပုတီးစေ့များကို ကျင့်ကြံနိုင်မည့် အကောင်းဆုံးနည်းလမ်းကို ရှာတွေ့သွားကြသည်။

ယင်းက နယ်မြေတစ်ခုကို ထိန်းချုပ်ပြီး တခြားကုန်းမြေများကို ကျူးကျော်သိမ်းပိုက်ခြင်း ဖြစ်သည်။

ယင်းက တတ်လှမ်းခြင်း မဟုတ်ပေ။ ယင်းအစား ကျူးကျော်သိမ်းပိုက်ခြင်း ဖြစ်သည်။

တတ်လှမ်းခြင်းက ကုန်းမြေ၏ စွမ်းအားကို နောက်တစ်ဆင့်သို့ ရောက်ရှိစေရန် ခွင့်ပြုပေးနိုင်သည်။ သို့သော်လည်း ယင်းက အနိမ့်ဆုံး လိုအပ်ချက်မျှသာ ဖြစ်လိမ့်မည်။

အခြားတစ်ဖက်မှာတော့ ကျူးကျော်သိမ်းပိုက်ခြင်းက ကုန်းမြေ၏ စွမ်းအားကို နောက်တစ်ဆင့်သို့ ရောက်သည့်အခါ အမြင့်ဆုံး ဖြစ်စေလိမ့်မည်။

ကျူးကျော်သိမ်းပိုက်ခံလိုက်ရသော ကုန်းမြေများ၏ စွမ်းအားက အလွန်များပြားလာသည့်အခါ ယင်းတို့အားလုံးက ကောင်းကင်ပုတီးစေ့များအဖြစ် ဖွဲ့စည်းသွားလိမ့်မည်။

တာချီလော့၏ ဘိုးဘေးများထဲတွင် ကံကောင်းသော တစ်စုံတစ်ယောက်က နယ်မြေနှစ်ခုကို တစ်ကြိမ်တည်း ကျူးကျော်သိမ်းပိုက်နိုင်ခဲ့သည်။

တတ်လှမ်းမည့်အချိန်သို့ ရောက်လာသည့်အခါ ပိုလျှံသော စွမ်းအင်အားလုံးက ကောင်းကင်မိစ္ဆာသားရဲများအဖြစ် ပြောင်းလဲသွားကြသည်။

ထိုကောင်းကင်မိစ္ဆာသားရဲအားလုံးကို အမြစ်ဖြတ်သုတ်သင်လိုက်သည့်အခါ ထိုကုန်းမြေထဲ၌ ကောင်းကင်ပုတီးစေ့အပိုတစ်သန်း ရှိလာသည်။

အကယ်၍ ယင်းတို့က အဆင့်အနိမ့်ဆုံး ကောင်းကင်ပုတီးစေ့များဖြစ်လျှင်ပင် အရေအတွက် သန်းပေါင်းများစွာက အင်မော်တယ်အရှင်သခင်အဆင့်အောက်မှ လက်ရွေးစင်အများကြီးကို အဆင့်ချိုးဖြတ်နိုင်စေလိမ့်မည်။

ထိုအချိန်တုန်းက တာချီလော့၏ ဘိုးဘေးက လောကတစ်သောင်းယှဉ်ပြိုင်ပွဲအတွင်းမှာ မယုံကြည်နိုင်စရာကောင်းသော အခွင့်အလမ်းများကို ရရှိခဲ့သည်။ နောက်ပိုင်းမှာ သူက သူ့ကိုယ်ပိုင်စကြာဝဠာဆီသို့ ပြန်ရောက်သွားသည့်အခါ မိုးမြေနှင့်အတူ အဆင့်တတ်သွားခဲ့ပြီး အစွမ်းထက်ကျွမ်းကျင်သူတစ်ယောက် ဖြစ်လာခဲ့သည်။

ကောင်းကင်မိစ္ဆာသားရဲများကို ပျိုးထောင်ရန် ကုန်းမြေများကို ကျူးကျော်သိမ်းပိုက်ခြင်းက အနှစ်သာရအားဖြင့် ဟန်မူယဲ့ စဉ်းစားထားသောအရာနှင့် ဆင်တူပေသည်။

“ အဲ့ဒါဆို တခြားကုန်းမြေတွေဆီ မင်းဘယ်လိုကျူးကျော်မလဲ ”

ဟန်မူယဲ့က မေးသည်။

ယင်းက အဓိကသော့ချက် ဖြစ်သည်။

ဤကုန်းမြေကို ထိန်းသိမ်းထားသော ဘေးပတ်ဝန်းကျင်မှ လေဟာနယ်က အလွန်အမင်း မသန်မာပေ။ အထူးသဖြင့် ဟန်မူယဲ့ကဲ့သို့ အစွမ်းထက် ကျွမ်းကျင်သူများက ယင်းကို အလွယ်တကူ ဆုတ်ဖြဲဖွင့်လှစ်နိုင်ကြသည်။

သို့သော်လည်း ဤကုန်းမြေ၏ လေဟာနယ်ကို ဆုတ်ဖြဲပစ်လျှင်ပင် ဤလောက၏ အပြင်ဘက်မှာ အမှောင်ဟင်းလင်းပြင်မှလွဲ၍ တခြားဘာမှရှိလိမ့်မည် မဟုတ်ချေ။

လောကတစ်သောင်းယှဉ်ပြိုင်ပွဲမှာ တစ်စုံတစ်ယောက်က ကုန်းမြေအတွင်း အဆင့်မတတ်လှမ်းမီ မိုးမြေစွမ်းအား စုဝေးသွားမည်ကို စောင့်ဆိုင်းရလိမ့်မည်။

သို့မှသာလျှင် နောက်တစ်ဆင့်ဖြစ်သော မိုးမြေက ထင်ရှားစွာ ထွက်ပေါ်လာလိမ့်မည်။

All Chapters