← Chapters

အခန်း (၁၄၄၄)

Vol. 104 Ch. 1444

အခန်း (၁၄၄၄)

Vol. 104 Ch. 1444

လင်းရှောင်ဓားဂိုဏ်းမှ ကျင့်ကြံသူအားလုံးက အတူတကွ စုဝေးလိုက်ကြသည်။ သူတို့၏ ဓားချီများက အတူတကွ ပေါင်းစည်းသွားပြီး ပေတစ်ရာရှည်လျားသော ဧရာမဓားပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။ ဓားက ကောင်းကင်ပေါ်ထိ ဆန့်တန်းသွားသည်။

ထိုဓားမှ ထုတ်လွှတ်နေသော စွမ်းအားက ဤကုန်းမြေ၏ လက်ခံနိုင်သော အဆင့်ထက် သိသိသာသာ ကျော်လွန်နေသည်။

ဓားကိုယ်ထည်ပေါ်မှ စွမ်းအားက ထွန်းလင်းတောက်ပလာသည့်အခါ ဟင်းလင်းပြင်က တုန်ခါသွားသည်။ ဤသည်မှာ ဓားက ဤကုန်းမြေ၏ ကန့်သတ်ချုပ်နှောင်မှုများကို တိုက်ရိုက် ချိုးဖြတ်နေသည့်အလားပင်။

ကံမကောင်းစွာပင် ယခုအချိန်က ကောင်းကင်ပုတီးစေ့များ ဖွဲ့စည်းသည့်အချိန် မဟုတ်သေးသလို သူတို့ဆီမှာ ကောင်းကင်ပုတီးစေ့များ၏ အစွမ်း မရှိသေးပေ။ ထို့ကြောင့် အကယ်၍ သူတို့ဆီမှာ ဟင်းလင်းပြင်ကို ချိုးဖြတ်နိုင်သော စွမ်းအားရှိလျှင်ပင် သူတို့က တခြားကုန်းမြေဆီသို့ မသွားရောက်နိုင်ပေ။

သို့မဟုတ်လျှင် ဟန်မူယဲ့က မည်သို့ကြောင့် ဤကုန်းမြေမှာ ဆက်ပြီး ရှိနေမည်နည်း။ သူက အစောကြီးကတည်းက အထက်နယ်မြေဆီသို့ တတ်လှမ်းသွားလောက်ချေ၏။

“ လင်းရှောင်ဓားနန်းတော်ကို ကာကွယ်ကြ ”

အသံက လင်းရှောင်ဓားဂိုဏ်းထဲမှ နောက်တစ်ကြိမ် ပဲ့တင်ထပ်လာသည်။ ထို့နောက် ဧရာမဓားပုံရိပ်က အလျားလိုက် လွှဲခုတ်လိုက်သည်။ ဓားက ဘေးပတ်ဝန်းကျင်မှ အနှောင့်အယှက်များနှင့် ရန်သူများကို ဖျက်ဆီးပစ်လိုက်သည်။ ထို့နောက် ဓားက ရွှေရောင်နန်းတော်တစ်ခုဆီသို့ ဆင်းသက်သွားသည်။

တပည့်ထောင်သောင်းချီက ဓားနန်းတော်၏ ဘေးပတ်ဝန်းကျင်မှာ စုဝေးရှိနေကြသည်။ သူတို့က သူတို့၏ ဓားဆန္ဒနှင့် ဓားချီကို ဧရာမဓားပုံရိပ်အတွင်းသို့ ပို့လွှတ်နေကြသည်။

“ အဲ့ဒီလူက အရည်အချင်းရှိသားပဲ… ဒီလိုအခြေအနေမှာ ဂိုဏ်းရဲ့ တိုက်ပွဲစွမ်းအားကို ခွဲထုတ်လို့ မရဘူးဆိုတာ သူသိတယ် ”

ဟန်မူယဲ့က ပြုံးလိုက်ပြီး ပြောသည်။

“ မြေကို လက်လွှတ်ပြီး လူတွေကို ကယ်တင်မယ်ဆိုရင် နှစ်ခုစလုံးကို ထိန်းသိမ်းနိုင်လိမ့်မယ်… အဲ့ဒီလိုမဟုတ်ဘဲ လူတွေကို လက်လွှတ်ပြီး မြေကို ကယ်တင်မယ်ဆိုရင် နှစ်ခုစလုံးကို ဆုံးရှုံးသွားလိမ့်မယ် ”

ထိုသို့ပြောပြီးနောက် သူက ခေါင်းယမ်းလိုက်သည်။

“ ဒါပေမဲ့ သူက အရမ်းသတိကြီးလွန်းတယ် ”

ဟန်မူယဲ့က စုရှင်းကို ကြည့်လိုက်ပြီး မထူးမခြားနား မေးသည်။

“ မင်း ငါနဲ့အတူ တိုက်ခိုက်ရဲလား ”

တိုက်ခိုက်ရမှာလား… ။

စုရှင်းက ဆွံ့အသွားသည်။ သူသတိပြန်ဝင်လာသည့်အချိန် ဟန်မူယဲ့က ကောင်းကင်ပေါ်သို့ ပျံသန်းသွားနှင့်လေပြီ။

သူ၏ လက်ထဲမှ ဓားက သုံးပေရှည်လျားသော ဓားအလင်းကို ထုတ်လွှတ်လိုက်သည်။ ဓားအလင်းက အလွန်တောက်ပပြီး ကောင်းကင်ဘုံကိုးခုအထိ ပျံတတ်သွားသည်။

ဓားအလင်း ပေါက်ကွဲသွားသည့်အခါ အသက်ရှင်ကျန်ရစ်သော မျိုးနွယ်ခြားစစ်သည်သုံးဦးက အသတ်ခံလိုက်ကြရသည်။

ထို့နောက် ဟန်မူယဲ့က ဓားအလင်းနောက်သို့ လိုက်သွားပြီး ဘေးပတ်ဝန်းကျင်မှ မျိုးနွယ်ခြားများကို သုတ်သင်လိုက်သည်။

သူ၏ ဓားသွားက အလွန်မြန်ဆန်လေရာ ထိုမျိုးနွယ်ခြားစစ်သည်တော်များက ဟန်မူယဲ့၏ တိုက်ခိုက်မှုကို အာရုံမခံနိုင်ကြပေ။

ဓားက အချုပ်အနှောင်ကင်းမဲ့စွာ ရွေ့လျားနေသည်။

မနာလိုမှုအရိပ်အယောင်က စုရှင်း၏ မျက်နှာပေါ်မှာ ထွက်ပေါ်လာသည်။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဓားထုတ်လိုက်သည်။ ထို့နောက် သူက ကောင်းကင်ပေါ်သို့ ပျံတတ်သွားသည်။

သူ၏ အလျင်က ဟန်မူယဲ့နှင့် မယှဉ်နိုင်သော်လည်း သူ၏ ဓားအလင်းက ဟန်မူယဲ့ကဲ့သို့ ရက်စက်ကြမ်းတမ်းသည်။

ဟင်းလင်းပြင်ထဲမှာ စုရှင်းက သူ့ထက် ပိုပြီးနှေးကွေးပြီး ပိုပြီးအားနည်းသော မျိုးနွယ်ခြားစစ်သည်တော်များကိုသာ အထူးပစ်မှတ်ထားသည်။

ဓားအလင်းနှစ်ခုက ဟင်းလင်းပြင်ထဲမှာ လှည့်ပတ်ပျံသန်းနေလေရာ မြေပြင်ပေါ်မှ ကြည့်လျှင် ဥက္ကာပျံနှစ်စင်းက ကောင်းကင်ပေါ်မှာ မြန်ဆန်စွာ လွင့်မျောနေဟန် ရ၏။

မျိုးနွယ်ခြားစစ်သည်တော်များက တစ်ယောက်ပြီးတစ်ယောက် အသတ်ခံလိုက်ရပြီး သူတို့၏ သွေးက ကောင်းကင်ပေါ်မှာ ပြန့်ကျဲသွားသည်။

ထိုမြင်ကွင်းက လင်းရှောင်ဓားဂိုဏ်းကို ဝိုင်းရံထားကြသော မျိုးနွယ်ခြားစစ်သည်တော်များကို တုန်လှုပ်ချောက်ချားသွားစေပြီး အမြန်အနောက်ဆုတ်သွားစေသည်။

“ ဓားအင်မော်တယ်အားလုံး… တိုက်ခိုက်ဖို့ ငါ့နောက်ကနေ လိုက်ခဲ့ကြ ”

မြေပြင်ပေါ်မှ လင်းရှောင်ဓားနန်းတော်အတွင်း အော်သံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် အစိမ်းရောင်ဓားအလင်းတန်းတစ်ခုက အပေါ်သို့ ပျံတတ်သွားသည်။ ယင်း၏ အနောက်တွင် အနည်းဆုံး အရေအတွက်တစ်ရာခန့်ရှိသော ဓားအလင်းတန်းများက လိုက်ပါလာကြသည်။

ဤတစ်ကြိမ်တွင် ကျင့်ကြံသူများက ဓားဝင်္ကပါတစ်ခုကို ဖွဲ့စည်းလိုက်ကြပြီး အစီအစဉ်တကျ ရှေ့တိုးနောက်ဆုတ် ရွေ့လျားသွားကြကာ တောင်တန်း၏ ဘေးပတ်ပတ်လည်မှ မျိုးနွယ်ခြားစစ်သည်တော်များ၏ ကျူးကျော်မှုကို တိုက်ထုတ်လိုက်ကြသည်။

သူတို့ထဲတွင် ရှိန်လောက်စရာကောင်းသော တိုက်ပွဲစွမ်းအားရှိသည့် ဓားကျင့်ကြံသူတချို့က ဓားဝင်္ကပါမှ ခွဲထွက်သွားကြပြီး ရန်သူများကို လက်ဦးမှုယူကာ လိုက်လံတိုက်ခိုက်ကြသည်။

မျိုးနွယ်ခြားအသီးသီးမှ အင်အားစုများသည် အစတွင် လင်းရှောင်ဓားဂိုဏ်းအပေါ် ကြောက်ရွံ့မှုကို မခံစားမိကြချေ။ သို့သော်လည်း ယခု သူတို့က ထိုအခြေအနေကို မြင်သွားသောအခါ ဤနေရာမှာ ဆက်မနေဝံ့တော့ဘဲ အဝေးသို့ ထွက်ပြေးသွားကြသည်။

မကြာမီ လေထဲမှ ဓားအလင်းက တဖြည်းဖြည်း လွင့်ပြယ်သွားသည်။ ဓားအလင်းပျောက်ကွယ်သွားသည့်အခါ အနက်ရောင်ဓားရှည်တစ်လက်ကို ကိုင်ဆွဲထားသော ဝတ်စုံစိမ်းဝတ်ပုဂ္ဂိုလ်တစ်ဦးက ထွက်ပေါ်လာသည်။ ထို့နောက် သူက တစ်ချက်ရွေ့လျားလိုက်ပြီး ဟန်မူယဲ့၏ အရှေ့မှာ ရပ်လိုက်သည်။

“ လင်းရှောင်ဓားဂိုဏ်းက ချန်းရှောင်တုံ… စီနီယာကို အရိုအသေပေးပါတယ် ”

သူ၏ အနောက်တွင် လင်းရှောင်ဓားဂိုဏ်းမှ တခြားဓားကျင့်ကြံသူများက စုဝေးနေကြပြီး ဟန်မူယဲ့ကို စူးစမ်းသိလိုစွာ ကြည့်လိုက်ကြသည်။

စုရှင်း၏ မျက်နှာပေါ်မှာ စိတ်ပူပန်သော အရိပ်အယောင် ထွက်ပေါ်လာသည်။ သူက အရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီး ချန်းရှောင်တုံ၏ ဘေးမှာ ရပ်လိုက်သည်။

သူက ဟန်မူယဲ့၏ စွမ်းအားနှင့် သရုပ်ကို ချန်းရှောင်တုံဆီသို့ သတင်းပို့ထားပြီးပြီ ဖြစ်၏။

ဤအခိုက်အတန့်မှာ ဟန်မူယဲ့က ချန်းရှောင်တုံနှင့် လင်းရှောင်ဓားဂိုဏ်းအပေါ် မည်သည့်တုံ့ပြန်မည်ကို သူမသိပေ။

“ အချိန်တိုလေးအတွင်းမှာ တိုက်ပွဲစွမ်းအားကို စုစည်းဖို့ဆိုတာ ကျုပ်တို့အတွက် မလွယ်ကူလှပါဘူး ”

“ ပြီးတော့… ကျုပ်တို့ရဲ့ အခြေခံအုတ်မြစ် ထိခိုက်ဆုံးရှုံးမယ်ဆိုရင်တောင် တိုက်ပွဲစွမ်းအားကို ဆက်ပြီး ထိန်းသိမ်းချင်ပါတယ် ”

ဟန်မူယဲ့က ညင်သာစွာ ပြုံးလိုက်ပြီး ချန်းရှောင်တုံကို ကြည့်လိုက်သည်။ သူက ပြောသည်။

“ တကယ်လို့ အဲ့ဒီမျိုးနွယ်ခြားတွေက လင်းရှောင်ဓားဂိုဏ်းကို သိမ်းပိုက်ဖို့ လုံးဝ စိတ်ဆုံးဖြတ်ထားတယ်ဆိုရင် မင်းဘာကို ရွေးချယ်မလဲ ”

ချန်းရှောင်တုံက လက်နှစ်ဖက်ဆုပ်ဂါရဝပြု၍ ကျယ်လောင်စွာ ပြောသည်။

“ ကျုပ်ရဲ့ လင်းရှောင်ဓားဂိုဏ်းရဲ့ အခြေခံအုတ်မြစ်က အရေးကြီးတယ်ဆိုပေမဲ့ အဲ့ဒါက ဂိုဏ်းသားတွေရဲ့ အသက်ကိုတော့ မနှိုင်းယှဉ်နိုင်ပါဘူး ”

“ တကယ်လို့ ရန်သူက သေတဲ့အထိ တိုက်ခိုက်မယ်ဆိုရင် ကျုပ်က လင်းရှောင်ဂိုဏ်းသားတွေကို ဦးဆောင်ပြီး လင်းရှောင်တောင်ကနေ ဆုတ်ခွာသွားပါမယ် ”

ထိုသို့ပြောပြီးနောက် ချန်းရှောင်တုံက ခေါင်းမော့လိုက်သည်။ ဟန်မူယဲ့၏ အပြုံးကို သူမြင်သောအခါ ချန်းရှောင်တုံက အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး‌ လေးနက်စွာ ဆက်ပြောသည်။

“ တကယ်လို့ မျိုးနွယ်ခြားရဲ့ အင်အားက အရမ်းသန်မာနေမယ်ဆိုရင် ကျုပ်တို့ အညံ့ခံပါမယ် ”

“ လောကတစ်သောင်းယှဉ်ပြိုင်ပွဲက အန္တရာယ်များတယ်ဆိုပေမဲ့ အဲ့ဒါက အခွင့်အရေးတစ်ခုလည်း ဟုတ်ပါတယ်… ကျုပ်တို့က ကံကောင်းလို့ ဒီယှဉ်ပြိုင်ပွဲမှာ ပါဝင်ခွင့်ရခဲ့ပါတယ်… ဒီတော့ ဘာလို့ အသက်ဆက်ရှင်ဖို့ မကြိုးစားရမှာလဲ… ဒီအခွင့်အရေးကို အသုံးချပြီး ဘာလို့ ကံကြမ္မာကောင်းတွေကို မရှာဖွေရမှာလဲ ”

ချန်းရှောင်တုံက စကားဆုံးအောင် ပြောပြီးနောက် နေရာမှာ မလှုပ်မယှက် ဆက်ပြီး ရပ်နေလိုက်သည်။

သူ၏ အနောက်တွင် လင်းရှောင်ဓားဂိုဏ်းမှ ကျင့်ကြံသူများက မျက်နှာတောင့်တင်းသွားသည်။

“ ဓားကျင့်ကြံသူတွေဟာ ဓားနဲ့ နှလုံးသား တစ်သားတည်းဖြစ်ဖို့ အလေးထားပြီး ထက်ရှမှုကို ရှာဖွေကြတယ် ”

ဟန်မူယဲ့က သူ့အရှေ့မှ ချန်းရှောင်တုံကို ကြည့်လိုက်ပြီး နူးညံ့စွာ ပြောသည်။

“ မင်းလိုလူကို လင်းရှောင်ဓားဂိုဏ်းကို ကာကွယ်ဖို့ တာဝန်ပေးအပ်ရဲတဲ့ ဂိုဏ်းခေါင်းဆောင်ကို ငါနည်းနည်း လေးစားမိတယ် ”

ဓားနှင့် နှလုံးသား တစ်သားတည်း… ။

နှလုံးသားက ဓားကဲ့သို့ ထက်ရှခြင်း… ။

အညံ့ခံခြင်းနှင့် ထွက်ပြေးခြင်းကို အလွယ်တကူ ထုတ်ပြောဝံ့သော ချန်းရှောင်တုံကဲ့သို့ လူထံမှာ ဓားကျင့်ကြံသူတစ်ယောက်၏ အကျင့်စရိုက်ကို မမြင်ရချေ။

ထိုသို့လူတစ်ယောက်က မည်သို့ကြောင့် လင်းရှောင်ဓားဂိုဏ်းကို ဦးဆောင်နေသနည်း။ မည်သို့ကြောင့် ဂိုဏ်းထိန်းအကြီးအကဲများက သူ့ကို လက်ခံထားခဲ့သနည်း။

“ ကျုပ်အဖေကလည်း အဲ့လိုပြောဖူးပါတယ်… လောကတစ်သောင်းယှဉ်ပြိုင်ပွဲကြောင့်မဟုတ်ရင် ကျုပ်က ဂိုဏ်းကနေ အနှေးနဲ့အမြန် ထုတ်ပယ်ခံရလိမ့်မယ်တဲ့ ”

ချန်းရှောင်တုံက ခေါင်းယမ်းလိုက်သည်။ ထို့နောက် သူက ဟန်မူယဲ့ကို မော့ကြည့်လိုက်သည်။

“ စီနီယာ… ကျုပ်တို့နှစ်ယောက်စလုံးက ဓားကျင့်ကြံသူတွေပါ… အဲ့ဒီတော့ ဘာလို့ ကျုပ်ရဲ့ လင်းရှောင်ဓားဂိုဏ်းထဲမှာ ခဏဝင်မနားတာပါလဲ ”

“ တကယ်လို့ စီနီယာသာ လာဖို့ ဆန္ဒရှိမယ်ဆိုရင် ကျုပ်က ဂိုဏ်းရဲ့ ဧည့်ခေါင်းဆောင်ရာထူးကို ဂုဏ်ယူဝမ်းမြောက်စွာ ပေးအပ်ပါမယ် ”

ချန်းရှောင်တုံက ထပ်ပေါင်း ပြောသည်။

ဟန်မူယဲ့က သဘောကျစွာ ရယ်လိုက်ပြီး ချန်းရှောင်တုံကို ကြည့်လိုက်သည်။

“ ကောင်းတယ် ”

ဟန်မူယဲ့က ထိုသို့ပြောလိုက်သည့်အခိုက် သူ့အပေါ်သို့ ကျရောက်နေသော ဤကုန်းမြေမှ မိုးမြေဖိအားက ချက်ချင်း ပျောက်ကွယ်သွားသည်။

သူက အရင်ဦးဆုံး ဤလောကနှင့် လိုက်လျောညီထွေဖြစ်ရန် ဆောင်ရွက်ရမည်။ ထို့နောက် သူက ယင်းကို အခြေခံအုတ်မြစ်အဖြစ် သဘောထား၍ လောကတစ်သောင်းယှဉ်ပြိုင်ပွဲ၏ နောက်ဆုံးအဆင့်ဆီသို့ တစ်ဆင့်ချင်း တတ်လှမ်းသွားမည်။

မိုးမြေဖိအား ပျောက်ကွယ်သွားသည့်အခါ ဟန်မူယဲ့ထံမှ စွမ်းအားက အချုပ်အနှောင်မဲ့စွာ ထွက်ပေါ်လာသည်။

“ ဝုန်း ”

အဆုံးမဲ့သော တိမ်တိုက်များက တလိပ်လိပ် စုဝေးသွားကြပြီး သူ၏ အနောက်တွင် ဧရာမသွေးနီရောင်ပုံရိပ်တစ်ခုကို ဖွဲ့စည်းလိုက်သည်။

ရှေးဟောင်းနဂါးမီကျောင်းပုံရိပ် ထွက်ပေါ်လာသည့်အခါ အလွန်အားကောင်းသော သတ်ဖြတ်ခြင်းအရှိန်အဝါက ကောင်းကင်ပေါ်ထိ မြှောက်တတ်သွားသည်။

ထိုအရှိန်အဝါကြောင့် ကောင်းကင်နှင့် မြေပြင်တစ်ခုလုံး တုန်ယင်သွားသည်။

မကြာသေးခင်က သူစုပ်ယူခဲ့ပြီး အပြည့်အဝ မသန့်စင်ရသေးသော နဂါးမီကျောင်းဦးခေါင်းခွံထံမှ စွမ်းအားက အတားအဆီးမဲ့စွာ ပေါ်လျှိုးလာသည်။ ရက်စက်ကြမ်းကြုတ်သော သွေးစွမ်းအားက အရပ်မျက်နှာအသီးသီးသို့ ပျံ့လွင့်သွားသည်။

“ အခု ငါတံခါးပိတ်ကျင့်ကြံတော့မယ်… အရေးကြီးကိစ္စမရှိရင် ငါ့ကို လာမနှောင့်ယှက်နဲ့ ”

ဟန်မူယဲ့က မထူးမခြားနား ပြောပြီး ချန်းရှောင်တုံ၏ ပခုံးကို ပုတ်လိုက်သည်။

ချန်းရှောင်တုံက တုန်ယင်သွားပြီး သဘောတူညီစွာ အမြန်ခေါင်းညိတ်လိုက်သည်။

ဒီလူက ဓားကျင့်ကြံသူရော ဟုတ်ရဲ့လား… ။

သူက ရှေးဟောင်းနတ်မိစ္ဆာတစ်ကောင် မဟုတ်ဘူးလား… ။

သွေးနီရောင်အလင်းက လင်းရှောင်နယ်မြေတစ်ခုလုံးကို ပရမ်းပတာ တုန်လှုပ်သွားစေပြီး ယင်းက သုံးရက်ကြာပြီးမှသာ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်။

လင်းရှောင်ဂိုဏ်းထဲတွင် နတ်မိစ္ဆာတစ်ကောင်နှင့် ဆင်တူသော ဟန်မူယဲ့ကို ဂိုဏ်းထဲသို့ ခေါ်ဆောင်လာခြင်းနှင့်ပတ်သက်၍ လူအများစုက လက်မခံကြချေ။

သို့သော်လည်း ချန်းရှောင်တုံက ထိုလူများကို စကားတစ်ခွန်းသာ ပြောခဲ့သည်။

“ မင်းတို့ သူ့ကို အနိုင်ယူနိုင်လို့လား ”

ထိုစကားက ဂိုဏ်းထဲမှ လူများ၏ ငြင်းဆန်မှုများကို ပပျောက်သွားစေသည်။

မည်သို့ဖြစ်ပါစေ သူတို့ဂိုဏ်းထဲမှာ ဟန်မူယဲ့အား အနိုင်ယူနိုင်သူ မရှိပေ။ ထိုသို့ဆိုမှတော့ သူ့ကို တခြားအင်အားစုဆီ ဝင်ရောက်စေမည့်အစား မည်သို့ကြောင့် လင်းရှောင်ဂိုဏ်းထဲသို့ မဖိတ်ခေါ်ရမည်နည်း။

ယင်းက အဓိပ္ပာယ်ရှိသည်။

ယခင်တိုက်ပွဲတွင် ဟန်မူယဲ့ ထုတ်လွှတ်ခဲ့သော သွေးချီအရှိန်အဝါ၏ ခြိမ်းခြောက်မှုကြောင့် နောက်လာမည့် လများတွင် ပြင်ပဘုံများမှ မျိုးနွယ်ခြားများက လင်းရှောင်ဓားဂိုဏ်းထဲသို့ ခြေမချဝံ့ကြတော့ချေ။

ဆန့်ကျင်ဘက်အနေဖြင့် တိုက်ပွဲများက လင်းရှောင်နယ်မြေအတွင်းမှ နေရာတိုင်းမှာ ဖြစ်ပွားနေသည်။

လောကတစ်သောင်းမှ မျိုးနွယ်ခြားများက လင်းရှောင်နယ်မြေအတွင်းမှ အင်အားစုကြီးများနှင့် အင်အားစုငယ်များကို တိုက်ခိုက်နေကြသည်။ သူတို့က ကျင့်ကြံသူများကို သတ်ဖြတ်ပြီး ရတနာများနှင့် ဝိညာဉ်သတ္ထုများကို ရှာဖွေကြသည်။ ထို့ပြင် သူတို့က ပိုမိုများပြားသော လူများကို သူတို့၏ လက်အောက်ခံအဖြစ် သိမ်းသွင်းကြသည်။

ထိုသို့ သုံးလကြာ ဆက်တိုက်ဖြစ်ပွားပြီးနောက် လင်းရှောင်ဓားဂိုဏ်းက ဤကိစ္စထဲမှာ ပါဝင်လာရန် ဖိအားပေးခြင်းခံလိုက်ရသည်။

မဟာမိတ်ဂိုဏ်းအများစုက လင်းရှောင်ဓားဂိုဏ်းထံ အကူအညီတောင်းခံလာကြပြီး ယခင်က လင်းရှောင်ဓားဂိုဏ်းနှင့် အဆက်အသွယ်ကောင်းရှိခဲ့ကြသော အင်အားစုများက ပြင်ပဘုံများမှ မျိုးနွယ်ခြားများ၏ ဖိနှိပ်ခံလိုက်ကြရသည်။

သို့ဖြစ်၍ လင်းရှောင်နယ်မြေအတွင်း၌ လင်းရှောင်ဓားဂိုဏ်း၏ အခွင့်အာဏာက မေးခွန်းထုတ်စရာဖြစ်လာသည်။

ချန်းရှောင်တုံက ဓားကျင့်ကြံသူ(၁၃)ဖွဲ့ကို ဖွဲ့စည်းလိုက်သည်။ အဖွဲ့တစ်ဖွဲ့တွင် လူတစ်သောင်းပါဝင်ကြပြီး ဓားအင်မော်တယ်ဆယ်ပါးက သူတို့ကို ဦးဆောင်လိမ့်မည်။ ထိုအဖွဲ့(၁၃)ဖွဲ့က တပ်ကူပေးရန် လင်းရှောင်နယ်မြေအတွင်းမှ အရပ်မျက်နှာအသီးသီးဆီသို့ ထွက်ခွာသွားကြသည်။

ချန်းရှောင်တုံ၏ အစီအစဉ်အရ ထိုဓားကျင့်ကြံသူ(၁၃)ဖွဲ့က လူတိုင်း၏ အခက်အခဲအားလုံးကို ကူညီဖြေရှင်းပေးနိုင်လိမ့်မည် မဟုတ်သော်လည်း ယင်းက လင်းရှောင်ဓားဂိုဏ်း၏ ခွန်အားနှင့် စိတ်ရင်းစေတနာကို ဖော်ပြပေးနိုင်လိမ့်မည်။

အကယ်၍ မဟာမိတ်ဂိုဏ်းများက ဆန္ဒရှိမည်ဆိုလျှင် သူတို့က လင်းရှောင်တောင်ဆီမှာ လာရောက်ခိုလှုံနိုင်သည်။

အမှန်တကယ် အခြားနည်းလမ်း မရှိပေ။ အကယ်၍ လင်းရှောင်ဓားဂိုဏ်းက လူတိုင်းကို အပြည့်အဝ ကူညီပေးချင်သည်ဆိုလျှင်ပင် ထိုဂိုဏ်းများကို သူတို့၏ နယ်မြေအား ကာကွယ်နိုင်စေရန် ထောက်ပံ့ပေးနိုင်လိမ့်မည် မဟုတ်ချေ။

ဟန်မူယဲ့၏ တည်ရှိမှုကြောင့် မဟုတ်လျှင် လင်းရှောင်ဓားဂိုဏ်းသည်ပင် သူတို့၏ ဌာနချုပ်ကို အစောကြီးကတည်းက စွန့်ခွာသွားရလောက်ချေ၏။

နယ်မြေအစား လူများကို ကယ်တင်ခြင်းက အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်။

လင်းရှောင်ဓားဂိုဏ်း၏ ကယ်တင်ခံလိုက်ရသော ဂိုဏ်းအများစုသည် နောက်ဆုံး တခြားရွေးချယ်စရာမရှိတော့သည့်အခါ သူတို့၏ နယ်မြေများကို စွန့်လွှတ်လိုက်ကြပြီး လင်းရှောင်တောင်အောက်မှာ ခိုလှုံသွားကြသည်။

ယင်းက သူတို့ကို လင်းရှောင်ဓားဂိုဏ်း၏ ထိန်းချုပ်မှုအောက်သို့ တိုက်ရိုက် ကျရောက်သွားစေပြီး ပြင်ပဘုံများမှ မျိုးနွယ်ခြားများ၏ ကျူးကျော်မှုကို လင်းရှောင်ဓားဂိုဏ်းခုခံသည့်အခါ သူတို့က အကာအကွယ်အလွှာများ ဖြစ်လာကြလိမ့်မည်။ ထိုအချက်ကို သူတို့အားလုံး နားလည်ထားကြသော်လည်း သူတို့မှာ တခြားရွေးချယ်စရာ မရှိပေ။

လင်းရှောင်ဓားဂိုဏ်း၏ ထိန်းချုပ်ခံမလား သို့မဟုတ် အပြင်လူများ၏ အသတ်ခံမလား။

All Chapters