← Chapters

အလင်းဘုံကျောင်းအလင်းဘုံကျောင်း

Vol. 169 Ch. 2420

အလင်းဘုံကျောင်းအလင်းဘုံကျောင်း

Vol. 169 Ch. 2420

မျှောလင့်ထားသကဲ့သို့ပင် မျက်မမြင်ချန်သည် ထိုအကြောင်းကိုသိလေသည်။ အလင်းဘုံကျောင်းအစစ်အမှန်သည် အလင်းတံခါးထဲတွင် ပုန်းကွယ်နေကြောင်း သူသိပေသည်။ သူသည် ဤနေ့ကို နှစ်ပေါင်းများစွာ စောင့်ဆိုင်းနေခဲ့ခြင်းပင်။

မျက်မမြင်ချန်... သူသည် အမှန်ပင် မည်သူနည်း။

မျက်မမြင်ချန်သည် အစောပိုင်းက သူတို့ကို အမှန်တရား၏တစ်စိတ်တစ်ပိုင်းကိုသာ ပြောလိုက်သော်လည်း အင်အားစုအသီးအသီးမှ ကျင့်ကြံသူများအားလုံးသည် သူတို့ရှေ့တွင် အလင်းဘုံကျောင်း၏ရှေးဟောင်းအမွေအနှစ်ရှိသည်ဟု ယုံကြည်သွားကြလေသည်။

သူတို့သည် မည်သည့်အရာကိုမှ မမြင်နိုင်သော်လည်း ထိုအကြောင်းနှင့်ပတ်သတ်၍ သံသယမဖြစ်ကြပေ။ သူတို့ ဤနေရာကိုကျော်ဖြတ်ပြီးသွားလျှင် အလင်းဘုံကျောင်း၏အရိပ်အယောင်အချို့ကို မြင်ရနိုင်ပေသည်။

“ရှေ့ဆက်သွားကြ”

အကြီးအကဲလင်း အမိန့်ပေးလိုက်သည်။ သူသည် သူ၏ကလန်မှလူများကို ရှေ့ဆက်သွားခိုင်းရန် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်သည်။

“ဂရုစိုက်ကြ... အန္တရာယ်ကိုရှောင်ရှားနိုင်ဖို့ အကောင်းဆုံးကြိုးစားကြ”

အကြီးအကဲလန်ကလည်း ပြောလိုက်သည်။ သို့သော် သူ၏သတိပေးချက်သည် ရိုးသားမှုမရှိပေ။ သူသာ ထိုသူများ၏အန္တရာယ်ကို အမှန်ပင်စိုးရိမ်ပါက အဘယ်ကြောင့် သူကိုယ်တိုင်ရှေ့ကမသွားသနည်း။

ထိုကလန်အကြီးအကဲများသည် ကျင့်ကြံသူများအကြားတွင် အသန်မာဆုံးသူများဖြစ်သဖြင့် အန္တရာယ်နှင့်ကြုံခဲ့လျှင်လည်း ရှောင်ရှားနိုင်ရန် အခွင့်အရေးအများဆုံးရှိသောသူများ မဟုတ်ပေလော။

သို့သော် သူတို့သည် အန္တရာယ်များသောအခြေအနေအတွင်းသို့ ရောက်ရှိသွားမည်စိုးသဖြင့် ရှေ့မှမသွားကြပေ။

ကျင့်ကြံသူများသည် သူတို့၏အမိန့်ကို မလွန်ဆန်ဝံ့ကြချေ။ ထို့ကြောင့် သူတို့သည် မတတ်သာတော့သဖြင့် ရှေ့သို့ဆက်သွားကာ သူတို့နောက်ရှိလူများအတွက် လမ်းရှင်းပေးနေရလေသည်။

ရီဖူရှင်းထံမှ အရှိန်အဝါများ ဆက်လက်ထွက်နေသည်။ သူရှေ့သို့ဆက်လျှောက်နေရာ သူအာရုံခံနိုင်သည့်နေရာအဝန်းအဝိုင်းသည် တစ်စထက်တစ်စ ပို၍ကြီးလာသည်။ သူသည် သူတို့အထက်ရှိ သတ်ဖြတ်အလင်းကွန်ရက်ကို ဝိုးတိုးဝါးတားအာရုံခံနိုင်လာ၏။ ထို့ပြင် ကွန်ရက်၏ဗဟိုသည် ရှေ့တွင်ရှိနေကြောင်းကိုလည်း အာရုံခံမိလိုက်သည်။

“အား...”

ထိုအခိုက်တွင် သူတို့ရှေ့ရှိအမှောင်ထုထဲမှ ကြောက်လန့်ဖွယ်ကောင်းသော အော်သံကြီးတစ်ခုထွက်ပေါ်လာသည်။ ထို့နောက် အော်သံအများအပြား ထပ်မံထွက်ပေါ်လာသည်။ ရှေ့သို့လျှောက်သွားသော ကျင့်ကြံသူတစ်ဦးမှ လွတ်မြောက်သွားပုံမရပေ။

“အဲ့မှာ ဘာတွေဖြစ်နေတာလဲ”

တစ်စုံတစ်ယောက် ‌မေးလိုက်သည်။ ရုတ်ခြည်းပင် လူအုပ်အတွင်း၌ ထိတ်လန့်မှုများ စတင်ဖြစ်ပေါ်လာလေသည်။ ရှေ့မှဦးဆောင်သွားနေသော ကျင့်ကြံသူများသည်လည်း တုံ့ဆိုင်းသွားသည်။

ရီဖူရှင်း၏အမြင်တွင် သူတို့အရှေ့၌ အထက်ရှိဟင်းလင်းပြင်မှနေ၍ အလင်းတန်းများကျဆင်းနေရာ အပျက်အစီးများအပေါ်တွင် ဒုလုံးရှည်ပုံစံအလင်းတန်းကြီးတစ်ခုရှိနေလေသည်။ ထိုအလင်းတန်းကြီး၏ အလယ်တွင် ဖျက်ဆီးအလင်းသည် ဖြာကျနေပြီး ၎င်းထဲသို့ဝင်လာသည့်ကျင့်ကြံသူမှန်သမျှကို ဖျက်ဆီးပစ်နေ၏။

ထို့ပြင် ယခုတွင် ထိုအလင်းတန်းကြီးများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်နေကြသည်။ ၎င်းတို့သည် ယခင်ကကဲ့သို့မဟုတ်တော့ဘဲ နေရာတစ်ခုလုံးတွင် ၎င်းတို့၏သေစေနိုင်သည့် တိုက်ခိုက်မှုများကို ဖြန့်ကျန်ထားလေသည်။

“ရှေ့ကိုဆက်လျှောက်နေကြ... မရပ်လိုက်ကြနဲ့”

အကြီးအကဲလင်းက ဟောက်လိုက်သည်။ လင်းကလန်မှ ကျင့်ကြံသူများ မျက်နှာပျက်သွားကြသည်။ အကြီးအကဲများသည် သူတို့၏အသက်ကို အမှန်ပင် ဂရုမစိုက်ပုံပင်။ သို့သော် အကြီးအကဲများသည် ကလန်အတွင်းတွင်ဖြစ်ပျက်နေသော ကိစ္စများကို မည်သည့်အခါကမှဂရုမစိုက်ကြပေ။ ထို့ပြင် သူတို့သည် ကလန်မှလူများနှင့် အဆက်အဆံသိပ်ရှိဘဲ ကလန်မှလူအကုန်လုံးကိုလည်း မသိကြချေ။ ထို့ကြောင့် အကြီးအကဲများသည် သူတို့၏အသက်ကို ဂရုမစိုက်ခြင်းကို အံ့ဩစရာမရှိပေ။

သူတို့သည် ထိုလောကအသေးလေးအတွင်းတွင် မည်သည့်အကျိုးကျေးဇူးရမည်ကိုသာ ပို၍စိတ်ဝင်စားနေကြသည်။

“ရှေ့ကလမ်းအဆုံးပဲ”

ရီဖူရှင်းပြောလိုက်သည်။ ကျင့်ကြံသူများအားလုံးသည် ရုတ်ခြည်း ရပ်တန့်သွားကြပြီး ရှေ့ဆက်သွားရ၊ မသွားရကိုဝေခွဲမရဘဲ တုံ့ဆိုင်းသွားကြသည်။ သူတို့ကို အမိန့်ပေးထားသော်လည်း ရှေ့ဆက်သွားလျှင် သူတို့သေသွားနိုင်ချေအများကြီးရှိကြောင်း သူတို့သိပေသည်။ ထို့ကြောင့် သူတို့အများစုသည် ရှေ့ဆက်မသွားလိုကြပေ။

သူတို့သည် ယခုတွင် ဒွိဟဖြစ်နေလေသည်။

သူတို့အရှေ့တွင် သေခြင်းတရားကစောင့်ကြိုနေပေသည်။ ယခင်က အလင်းဂိတ်တံခါးအတွင်းသို့ ဝင်ခဲ့သည် ကျင့်ကြံသူများသည် မည်သူမှ အသက်ရှင်လျှက်ပြန်ထွက်မလာနိုင်ကြပေ။

ယခုတွင် သူတို့ရှေ့သို့ဆက်လျှောက်သွားပါက သေသွားနိုင်ပေသည်။

ထိုကဲ့သို့သော အခြေအနေတွင် လူတိုင်းချီတုံချတုံဖြစ်နေကြသည်မှာ မဆန်းပေ။

“ရှေ့ဖြစ်ဟောဘိုးဘိုး... ဒီကမိတ်ဆွေလေးပြောတာ ဘာအဓိပ္ပာယ်လဲ”

အကြီးအကဲလင်းက မထုံတက်သေးမေးလိုက်သည်။ ရီဖူရှင်းသည် ရှေ့တွင်လမ်းဆုံးပြီဟုပြောကာ သူတို့ကိုရှေ့သို့ ဆက်မသွားရန် အကြံပေးလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

အစောကပင် အလင်းဘုံကျောင်း၏ရှေ့ဟောင်းအမွေအနှစ်သည် သူတို့ရှေ့ ခပ်လှမ်းလှမ်းတွင် ရှိနေကြောင်း သိခဲ့ရသည်မဟုတ်ပေလော။

“စေတနာနဲ့ပြောတယ်ဆိုတာ သေချာနေတာပဲလေ...”

မျက်မမြင်ချန်က ပြန်ဖြေလိုက်သည်။

“ရှေ့မှာ လမ်းဆုံးသွားတယ်ဆိုတာ မင်းအာရုံမခံနိုင်ဘူးလား”

“လမ်းဆုံးဟုတ်လား...”

ကျင့်ကြံသူများသည် သူတို့၏မျက်စိများကို ပိတ်ထားသော်လည်း မျက်ခုံးများပင့်ကာ စိတ်ဝင်စားသွားကြ၏။

“ရှေ့ဖြစ်ဟောဘိုးဘိုး... အဲ့ဒါက လမ်းဆုံးဆိုရင် ကျုပ်တို့ဘာလုပ်ကြမလဲ”

အကြီးအကဲလင်းက မေးလိုက်သည်။ မျက်မမြင်ချန်သည် တိတ်တဆိတ်သာနေ,နေလေသည်။ သူသည် သူတို့ရှေ့ရှိ အန္တရာယ်ကို သိရှိထားပြီးပုံရလေသည်။

ထိုအချိန်တွင် ရီဖူရှင်းသည်‌ ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်လာရာ ချက်ချင်းပင် ပို၍ရှင်းရှင်းလင်းလင်း မြင်လာရသည်။ သူသည် ဒုလုံးရှည်ပုံစံ သတ်ဖြတ်အလင်းကွန်ရက်အစွန်းနားသို့ လျှောက်သွားလိုက်ရာ မျက်မမြင်ချန်က သူ့ကိုသတိပေးလိုက်သည်။

“ဂရုစိုက်”

“ကိစ္စမရှိပါဘူး...”

ရီဖူရှင်းပြောလိုက်သည်။

“ချန်ယိ ဒီကိုလာခဲ့”

ချန်ယိသည် ရီဖူရှင်း၏စကားကို ကြားသောအခါ ရှေ့သို့လျှောက်သွားသည်။ သူသည် တည်တည်ငြိမ်ငြိမ်ရပ်နေပြီး ရီဖူရှင်းဆက်လုပ်မည့်အရာကို စောင့်ဆိုင်းနေသည်။

“မင်း ငါ့ကိုယုံလား”

ရီဖူရှင်း‌မေးလိုက်သည်။

“အင်း...” ချန်ယိခေါင်းညိတ်ပြလိုက်၏။

ထိုနှစ်များအတွင်းတွင် ချန်ယိသည် ရီဖူရှင်းအကြောင်းကို ကောင်းကောင်းသိခဲ့သည်။ ထို့ပြင် သူတို့သည် အလင်းဂိတ်တံခါးအတွင်းသို့ ရောက်နေပြီဖြစ်၍ သူ့တွင် ရီဖူရှင်းကို မယုံစရာ မည်သည့်အကြောင်းရှိမည်နည်း။

“အဲ့ထဲကို လျှောက်ဝင်သွားလိုက်... ပြီးတော့ မင်းကိုယ်ပေါ်မှာ အလင်းအရှိန်အဝါကလွဲလို့ တခြားဘာအရှိန်အဝါမှ ရှိမနေစေနဲ့... မြူတစ်မှုန်စာတောင် ရှိနေလို့မရဘူး။ မင်းရဲ့ကိုယ်ပေါ်မှာ အသန့်စင်ဆုံးအလင်းပဲရှိနေရမယ်”

ရီဖူရှင်းပြောလိုက်သည်။ ထိုသတ်ဖြတ်အလင်းကွန်ရက်ကို ရှောင်လွှဲသွားရန် လမ်းမရှိပေ။ တစ်ခုတည်းသောနည်းလမ်းမှာ ၎င်းကို ဖြတ်လျှောက်သွားရန်သာဖြစ်သည်။

သူတို့အရှေ့ရှိ အလင်းတန်းများသည် မဟာအလင်းလမ်းစဉ်မှလွဲ၍ မည်သည့်မဟာလမ်းစဉ်၏စွမ်းအားကိုမဆို သတ်ပစ်နိုင်ကြောင်း သူခံစားမိနေလေသည်။ တစ်နည်းဆိုရလျှင် မဟာအလင်းလမ်းစဉ်သည်သာ ထိုသတ်ဖြတ်အလင်းကွန်ရက်ကို ဖြတ်ကျော်ရှင်သန်နိုင်ပေသည်။

အသန့်စင်ဆုံး မဟာအလင်းလမ်းစဉ်ကို ပိုင်ဆိုင်သူများသာ အလင်းသန့်စင်ခြင်းကို ရရှိမည်ဖြစ်ပြီး ထိုကွန်ရက်ကို ဖြတ်ကျော်နိုင်မည်ဖြစ်သည်။

“ကောင်းပြီ”

ချန်ယိသည် ခေါင်းညိတ်ပြလိုက်ပြီး ရီဖူရှင်း၏ညွှန်ကြားချက်အတိုင်း ရှေ့သို့လျှောက်သွားလိုက်သည်။ သူသည် သူ့ကိုယ်ပေါ်ရှိ မဟာလမ်းစဉ်များ၏ အရှိန်အဝါအားလုံးကို ရုတ်သိမ်းလိုက်သည်။ ထို့နောက် သူ့ခန္ဓာကိုယ်ပေါ်တွင် အလင်းစွမ်းအားများသာ စီးဆင်းနေလေတော့သည်။ သူသည် မျက်စိမှိတ်ကာ အသက်ပြင်းပြင်းရှူ၍ ရှေ့သို့လျှောက်သွားလိုက်သည်။ သူသည် အတန်ငယ် စိတ်လှုပ်ရှားနေပေသည်။

သို့သော် မကြာခင်မှာပင် သူသည် ဈန်ဝင်စားခြင်းအခိုက်အတန့်အတွင်းသို့ ရောက်ရှိသွားသည်။ သူ အလင်းတန်းအောက်သို့ရောက်နေစဉ်၌ သူ့ကိုယ်ပေါ်တွင် အလင်းမှလွဲ၍ အခြားမည်သည့်အရှိန်အဝါမှမရှိပေ။ သူသည် ပြီးပြည့်စုံဆုံး အပြစ်ကင်းစင်သည့် အလင်းမဟာလမ်းစဉ်ခန္ဓာအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ပင်။

ချန်ယိသည် အံ့ဖွယ်ထူးကဲသော ခံစားချက်ကို ခံစားနေရ၏။ သူရှေ့သို့ဆက်လျှောက်သွားရာ သူ၏ခြေလှမ်းများနှေးကွေးလာသည်။ သူသည် ခြေလှမ်းတိုင်းကို ကျေနပ်ခံစားနေသကဲ့သိုပင်။ သူသည် ဒုလုံးရှည်ပုံစံ အလင်းတန်းကြီးများကို ဖြတ်သန်းသွားရင်း အလင်းသန့်စင်ခြင်းကို လောဘတကြီးကျေနပ်ခံစားနေလေသည်။

“ငါသိသားပဲ... အဲ့ဒါက ရန်လိုမနေဘူး...”

ရီဖူရှင်း ညင်ညင်သာသာပြောလိုက်သည်။ အထက်ဟင်းလင်းပြင်မှနေ၍ မရေမတွက်နိုင်အောင်များပြားသော အလင်းတန်းများသည် ချန်ယိအပေါ်သို့ ဖြာကျနေပေသည်။ ထို့နောက် ကွန်ရက်တစ်ခုလုံးသည် အသွင်ပြောင်းသွားပြီး လမ်းကြောင်းတစ်ခုကို ဖွင့်ပေးလိုက်လေသည်။ ရီဖူရှင်းသည် သူ့ရှေ့တွင်ဖြစ်ပျက်သွားသောအရာများကို အံ့ဩတကြီးကြည့်နေကြသည်။ ထိုကြီးကျယ်ခမ်းနားသော မြင်ကွင်းကြောင့် ရီဖူရှင်း ရင်ခုန်စိတ်လှုပ်ရှားသွားသည်။

သူတို့ရှေ့တွင် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုပေါ်ပေါက်လာသည်။ ထိုအရာကား လွန်စွာမြင့်မားသော အလင်းဘုံကျောင်းပင်။ ဘုံကျောင်းထိပ်တွင် မြူခိုးများ၊ တိမ်များ ရစ်သိုင်းနေသည်။ ဘုံကျောင်းတစ်ခုလုံးကို အထက်ရှိ ကောင်းကင်အလင်းများက အလင်းပေးထားသည်။ ထိုဘုံကျောင်းသည် မြင့်မြတ်သောအမွေအနှစ်တစ်ခုကဲ့သို့ပင်။

“အလင်းဘုံကျောင်း”

ရီဖူရှင်း ရင်ခုန်သွား၏။ အလင်းဘုံကျောင်းသည် အလင်းဂိတ်တံခါး၏ လောကအသေးလေးထဲတွင် ပုန်းကွယ်နေသည်ကို သူမယုံနိုင်ဖြစ်နေသည်။ ထိုဘုံကျောင်းသည် နှစ်ပေါင်းများစွာ လက်ဆင့်ကမ်းလာသော ရှေးဟောင်းဒဏ္ဍာရီတစ်ခုဖြစ်သည်။ ရှေးခေတ်အချိန်များတွင် မဟာအလင်းအင်ပါယာသည် အလင်းဘုံကျောင်းကို ဖန်ဆင်းခဲ့ပြီး ထိုနေရာတွင် ထား,ထားသည်ဟု ဒဏ္ဍာရီများကို ဆိုကြသည်။

ထိုအချိန်သည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် ကြာခဲ့ပြီဖြစ်သည်။ လူများသည် ထိုဒဏ္ဍာရီကို မှတ်မိနေဆဲဖြစ်ပြီး အလင်းနယ်မြေသည်လည်း ၎င်း၏အမည်ကို ဆက်လက်ထိန်းသိမ်းထားခဲ့လေသည်။ ထိုမျှနှစ်ပေါင်းများစွာ ကြာခဲ့ပြီးမှ ထိုလောကအသေးလေးအတွင်း၌ အလင်းများဖြာကျနေသည့် မြင့်မြတ်သောနယ်မြေကို တွေ့ရလိမ့်မည်ဟု သူမထင်ခဲ့ပေ။

အလင်းတန်းများ များစွာထပ်မံဖြာကျလာရာ အလင်းသည် ပို၍ခမ်းနားထည်ဝါလာသည်။ ထိုအလင်းသည် ရီဖူရှင်း၏အမြင်အာရုံမှလွဲ၍ လူတိုင်း၏အမြင်အာရုံကို ကျိန်းစပ်နေစေလေသည်။ သူသည် မျက်လုံးကျယ်များဖြင့် သူ့ရှေ့ရှိ မြင်ကွင်းကိုငေးကြည့်နေလေတော့သည်။

All Chapters